← Chapters

ဝှက်ဖဲများ ... ။

Vol. 114 Ch. 1588

ဝှက်ဖဲများ ... ။

Vol. 114 Ch. 1588

နတ်လိပ်၏ သတ်ဖြတ်ခြင်း ရောင်ဝါမှာ၊ ပြင်းထန် နီရဲပြီး၊ မည်မျှ ဒေါသ အမျက် ထွက် နေသည်ကို၊ မည်သူ မဆို ခံစား နိုင်သည်။

သို့သော် ၎င်းအသံမှာ ကြောက်စရာ ကောင်းအောင် တမင် လုပ်ပြော နေသော ကလေးငယ် တစ်ယောက်နှင့် တူ၏။

ယင်းက နတ်လိပ်သည် အရွယ် မရောက် သေးသည့်၊ နို့စို့ မျှသာ ဖြစ်ကြောင်း သေချာ သွား စေသည်။

“ မင်းတို့ အားလုံး ဒီမှာ သေရမယ်။ ”

နတ်လိပ် ထံမှ အအေး ဓာတ်နှင့် အတူ၊ နှင်းမုန်တိုင်းများ တိုက်ခတ် လာတော့သည်။ ထို့ကြောင့် လေထုက ဓားသွားများ အလား လမ်း တစ်လျှောက်ရှိ၊ အရာ အားလုံးကို ဖြတ်တောက် ပစ်၏။

၎င်းသည် ပထမ သွေးလွှတ် ကြောတွင် ဆိုသော်မှ၊ လိပ်နက်၏ မျိုးဆက် သွေးကြောင့်၊ အစွမ်း ထက် ချေပြီ။

“ ဟား ဟား ဟား ... ၊ မင်း သေချာလား၊ နောက်မှ ပြေးဖို့ မစဉ်း စားနဲ့။ ”

သို့သော် ကျန်းတောင်က ရယ်မော လိုက်ပြီး၊ လူအုပ်ထံ လှည့်ကြည့်ကာ၊

“ တတိယ သွေးလွှတ်ကြော ဒုက္ခက ဘယ်လောက် အထိ၊ ကြောက်စရာ ကောင်းလဲ ဆိုတာ၊ မင်းတို့ အားလုံးလည်း သိမယ်လို့၊ ငါ ယုံကြည်တယ်၊ ...

... ငါတောင် အထွတ် အထိပ်မှာ၊ ပိတ်မိ နေတာ တစ်နှစ် ကြာနေပြီ၊ ဒါကြောင့် ... ငါတို့ လက်တွဲ ရအောင်။ ”

နို့စို့ အရွယ် လိပ်ငယ် မျှသာ ဖြစ်သဖြင့် အစပိုင်းတွင် အထင် သေးခဲ့ သော်လည်း၊ နှင်း မုန်တိုင်းကို တွေ့ ပြီးနောက်၊ ကျန်းတောင်မှ စိုးရိမ်စိတ် ဝင်လာ သည်။

“ ဟုတ်တယ် ပူးပေါင်းကြ ရအောင်၊ ဒီနတ်လိပ်ရဲ့ အစိတ် အပိုင်း တိုင်းက ရတနာ တွေပဲ။ ”

ချင်ကန်မှ ဝင်ပြောသည်။ သူ စကား များတွင်၊ သွေးဆာ နေသော ဆန္ဒများ ကပ်ညိ ပါဝင် နေ၏။

ကောင်းကင် ဓားမော့ ခန်းမ၏ ပါရမီရှင် တစ်ဦး အနေဖြင့်၊ သူ စကား ဝင်ပြော လာသော အခါတွင်၊ လူတိုင်း အာရုံစိုက်သည်။

ပို၍ အရေးကြီး သည်မှာ၊ သူ့ ဆရာသည် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ ဖြစ်၏။ ယင်းကြောင့် စစ်မှန်သော မိစ္ဆာ ကျင့်ကြံသူ အဖြစ်၊ နေရာ ပေးကြ ရလေသည်။

“ ငါလည်း သဘော တူတယ်။ ”

ချောင်ယုမှ ပြုံးပြီး လက်ခံသည်။ သူသည် မြကျောက်စိမ်း စံအိမ်မှ၊ မြင့်မြတ်သော ရတနာ တစ်ပါးကို ခိုးယူ သွားသည် ဟုလည်း၊ သတင်း ပြေးနေ၏။

ရန်ကျိုးက နှုတ်ဆိတ် နေခြင်းဖြင့် သဘော တူကြောင်း ပြသ လိုက်သည်။

“ စကြ ရအောင် ... ။ ”

ချင်ကန်မှ ဦးစွာ လှုပ်ရှားမှုကို ပြုလုပ် တော့သည်။ ဓား ရောင်ခြည်ဖြင့် နတ်လိပ်ထံ ပစ်ခတ် လိုက်ခြင်း ဖြစ်၏။

ဓားရောင်ခြည်က နတ်လိပ်၏ အခွံပေါ်ရှိ သူတော်စင် ရူရ်များ ခွဲကာ၊ တိုးဝင် သွားသည်။ သို့သော် နတ်လိပ်မှာ မဖြုံချေ။

“ မြန်လိုက်တဲ့ ဓား ... ။ ”

လင်းယွန်က ထိုဓါး ရောင်ခြည်၏ ကြောက်မက်ဖွယ် ထက်ရှမှုကို ခံစား နိုင်သည်။

“ မင်းတို့ သေမင်းကို ဖိတ်ခေါ် မိပြီ။ ”

နတ်လိပ် ငယ်က ဒေါသ ထွက်လာပြီး၊ ပါးစပ်မှ ရေပန်း များဖြင့်၊ ဓား ရောင်ခြည်ထံ မှုတ်ထုတ် ပစ်၏။

ရေပန်း အတွင်း ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ် ပါ၀င် လေရာ၊ ချင်ကန် ဓား ရောင်ခြည်မှာ၊ အနား မရောက်မီ အေးခဲ သွား တော့သည်။

ယင်းက ချင်ကန် သို့ပင်၊ ကူးစက် သွားရာ၊ နဂါး သွေးကြော (၃) ကြောကို အသက် သွင်းပြီး ချေဖျက် လိုက် ရသည်။

နဂါး သုံးကောင် ပေါ်လာကာ၊ သူ့အပေါ် ဖုံးလွှမ်း လာသော ရေခဲ များကို ကွဲကြေ သွား စေ၏။

တစ်ဖက်တွင် အခြား လူများ မှလည်း၊ သူတို့၏ တိုက်ခိုက်မှု လှိုင်းများကို၊ နတ်လိပ်ထံ ပို့ဆောင် လိုက်ပြီ ဖြစ်သည်။

“ အချိန် ကျပြီ ... ။ ”

ကျန်းတောင်က သူ့ဘေးရှိ အရိုး ပလွေ ကိုင်ထားသော လူငယ်ထံ လှည့်ကြည့် လိုက် လေသည်။

အရိုး ပလွေရှင် လူငယ်က ယခု အချိန်၌ မလှုပ်ရှားသော်၊ လူတိုင်း၏ ဘုံရန်သူ ဖြစ်လာ မည်ကို သိသဖြင့်၊ ခေါင်းညိတ် မိ၏။

ထိုစဉ် ရန်ကျိုး၏ လက်ဖဝါးမှာ၊ နတ်လိပ်ငယ်၏ အခွံပေါ် ကျရောက်သွား ပြန်သည်။

လက်ဖဝါးက အဆိပ် ရှိသော စပါးအုံး မြွေ တစ်ကောင် အဖြစ် ထင်ရှား လာခဲ့ သော်လည်း၊ သူတော်စင် ရူရ် များကို အလုံးစုံ ဖြိုခွဲ နိုင်ခြင်း မရှိချေ။

“ သေ စမ်း ... ။ ”

အကျိုးဆက် အနေဖြင့် ပြင်းထန်သော ဒဏ်ရာ များပင် ရရှိနိုင် သဖြင့်၊ ကျိန်ဆဲပြီး သူ့ လက်ကို ပြန်ရုတ် လိုက်ရသည်။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ကာကွယ်ရေး အခွံလဲ။ ”

လူတိုင်းက အကြပ်ရိုက် သွားသည်။ တိုက်ခိုက်မှုတိုင်း ပြင်းထန် လှသော်လည်း နတ်လိပ်အား ဒဏ်ရာ မပေးနိုင် ခဲ့ချေ။

အရိုး ပလွေ အသံ သည်သာ အနည်းငယ် သက်ရောက်မှု အချို့ ရှိခဲ့သည်။ သို့သော် အမြီး က တြိဂံပုံ ရစ်ခွေလျက်၊ စပါးအုံး မြွေကဲ့သို့ ပလွေရှင်ကို ကန့်သတ် ပစ်သည်။

“ အစ်ကိုကြီး၊ ဒီလိပ်ခွံက ရတနာပဲ။ ”

နဂါးလေးက လောဘ တကြီးနှင့်၊ လိပ်ခွံထံ ကြည့်ကာ ပြောသည်။ လင်းယွန်မှာ တိုက်ပွဲကို စောင့်ကြည့် နေသဖြင့်၊ ပြန် မဖြေ နိုင်ချေ။

နတ်လိပ်ငယ်သည် ကောင်းကင်ကို အံတုလွန်း ပေ၏။ လူတိုင်းက တစ္ဆေ ဝိညာဉ် ပညာရပ် များကို အသုံးပြု ထား သော်လည်း၊ သူ့ကို မထိ နိုင်ချေ။

အခွံ ပေါ်ရှိ အက်ကွဲကြောင်း များသည်၊ သူ့နဂါး ရူရ်များ ကဲ့သို့ အလိုလို ပြန်လည် ပြုပြင် နေခဲ့သည်။

ထို့ကြောင့် ဤနတ်လိပ် ငယ်၌ မွေးရာပါ နတ်ဘုရား ရူရ် တစ်လုံး ရှိရ မည်ကို သတိ ပြုမိ လိုက်သည်။

“ ညီအစ်ကို လင်း ... ၊ ဒီလူတွေ အနိုင် ရပါ့ မလား။ ”

ချန်လင်းမှ တိုးတိုးလေး ဆိုသည်။ သူ့လေသံ၌ စိတ် လှုပ်ရှားမှုများ ပြည့်နှက် နေ၏။

“ စောင့်ကြည့် ရအောင်။ ”

သူတို့ နှစ်ဦး စကားပြော နေစဉ်၊ နတ်လိပ်ငယ်မှာ၊ ၎င်းအခွံ အတွင်း ဝင်လိုက် ထွက်လိုက်နှင့်၊ တိုက်ပွဲဝင် နေသည်။

အခွံ အတွင်း ဝင်ရောက် ချိန်၌ စက်လုံး တစ်လုံးကဲ့သို့ အရှိန် အဟုန်ဖြင့် လည်ပတ်ကာ၊ နီးစပ်ရာ လူများထံ ဝင်တိုက် တော့သည်။

ယင်းကြောင့် အတိုက် ခံရသူ များမှာ သွေးအလိမ်းလိမ်း ဖြစ်လာကုန် လေသည်။ ထို့ကြောင့် နက္ခတ်များ ခေါ်ကာ၊ အခွံ အတွင်းမှ ထွက်လာရန်၊ ကြိုးစား မိကြသည်။

သို့သော် မအောင်မြင်ချေ။ ထိုအချိန်၌ အရိုး ပလွေ သံက အလုပ် ဖြစ်လာသည်။

“ တကယ့် ယင်ကောင်ပဲ၊ ဆူညံ နေတာပဲ။ ”

နတ်လိပ်ငယ်က အခွံ ထဲမှ ထွက်လာပြီး နီးစပ်ရာ လူအချို့ကို ဖမ်းယူလျက်၊ ပစ်ပေါက် ဟန့်တား တော့သည်။

ပျံဝဲ လာသော လူ သုံးယောက်ကို ကြည့်ပြီး၊ အရိုး ပလွေရှင် လူငယ်မှ၊ ပလေွသံ ရပ်လိုက်ရ သဖြင့် အအေး ဓာတ်က သူ့အပေါ်၊ ကျဆင်း လာကာ၊ ရေခဲ မြူ အဖြစ် ဖုံးအုပ် သွားသည်။

“ အခွင့် အရေး ပဲ ... ။ ”

နတ်လိပ် ထွက်လာ သဖြင့်၊ လူတိုင်းက လိပ်ခေါင်းထံ ဦးတည်ကာ၊ တိုက်ခိုက်မှုများ ထုတ်လွှတ် လိုက်ကြသည်။

“ ထန် ... ။ ”

သို့သော် နတ်လိပ်ငယ်က အခွံ အတွင်း၊ ပြန်၍ ဝင်ရောက် သွားပြန် သဖြင့်၊ ချင်ကန်၏ ဓားမော့မှာ အခွံ ကိုသာ ထိပြီး၊ မီးပွားများ ပွင့်ထွက် သွားရသည်။

“ ခရစ် ... ။ ”

နောက်ဆက်တွဲ ရလဒ် အနေနှင့်၊ ပြန်လည် တွန်းကန် အားကြောင့်၊ ဓားပေါ်ရှိ သူတော်စင် ရူရ်များ အက်ကွဲ ကုန်သည်။

“ သေစမ်း ... ၊ ဒီလိပ်ခွံက အရမ်း မာတယ်။ ”

“ ငါတို့ ... ၊ နည်းလမ်း ရှာရအောင်။ ”

“ ဝှီး ... ။ ”

လူတိုင်း ဆွေးနွေးလာ ကြသည်။ ထိုစဉ် အခွံမှာ နောက် တစ်ကြိမ် လှည့်ပတ် လာပြန် သဖြင့်၊ လူတိုင်း မျက်နှာများ ပြောင်းလဲ ကုန်၏။

“ မင်းတို့မှာ ရှိတဲ့ ဝှက်ဖဲ တွေကို အကုန် ထုတ်ပါ၊ ဖုံးကွယ် မထားနဲ့။ ”

ကျန်းတောင်မှ ဒေါသဖြင့် ပြောလိုက်သည်။

“ ဒါက လိပ်လေး တစ်ကောင်ပါ။ ”

ရန်ကျိုးက ကြာပွတ်ကို ထုတ်ယူ ၏။ ၎င်းသည် အနန္တ သူတော်စင် ရူရ် လက်ရာ ဖြစ် လေသည်။ လျှပ်စီးနှင့် မီး သဘာဝကို ပိုင်ဆိုင် ထား ချေ၏။

နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ လက်တွင်၊ ထိုအဆင့် လက်နက် ၏ စွမ်းအားမှာ၊ လုံးဝ ကွဲပြား ပေသည်။

“ ဒီအခွံကို ငါ ယူမယ် ... ၊ ကျန်တာကို မင်းတို့ ယူကြ။ ”

ကြာပွတ်ကို လေထဲ ရိုက်ထုတ်လျက်၊ လျှပ်စီးနှင့် မီးတောက် များကို ထုတ်ဖော်ကာ၊ ရန်ကျိုးမှ လောဘဖြင့် ဆိုသည်။

“ ဒီကောင် ... ။ ”

ချောင်ယုက ကြိတ်ရယ်၏။ ဤလိပ်ခွံသည် ရတနာ တစ်ပါး ဖြစ်သည်ကို မည်သူ မဆို သိကြ သည်။ သို့သော် ငြင်းခုန်ခြင်း မပြု တော့ဘဲ ကျောက်ပြား တစ်ချပ် ထုတ်ယူ လိုက်၏။

“ ခရစ် ... ။ ”

ဤကျောက်ပြားသည် (၄)ပေခန့် ရှိကာ၊ ကမ္ပည်းများ ရေးထိုး ထားသည်။ ၎င်း အသက် ဝင်လာ ချိန်၌၊ ကောင်းကင် ပထမ အလွှာနှင့် ဒုတိယ အလွှာ အက်ကွဲပြီး၊ လျှပ်စီး နဂါး ဆင်းသက် လာ၏။

ဤသည်မှာ မြကျောက်စိမ်း စံအိမ်မှ၊ ခိုးယူခဲ့သော မြင့်မြတ်သည့် ရတနာ ဖြစ်သည်။ စစ်မှန်သော အကြွင်း အကျန် နဂါး ဝိညာဉ် ပါရှိ ချေ၏။

တစ်ဖက်တွင် ချင်ကန်၏ မျက်လုံးများ နီရဲလာပြီး၊ အရိယာ ကောင်းကင် ဓားမော့ သိပ်သည်း လာသည်။

ထို့ကြောင့် အနက်ရောင် ဓားမော့မှာ၊ သွေးဆာ နေသော သားရဲ ကဲ့သို့၊ တဆက်ဆက် တုန်ယင် လာလေသည်။

ဤသည်မှာ ‘ကြယ်တာရာ ဝါးမျိုခြင်း ဓားမော့ကျမ်း’ ကို၊ ခင်းကျင်း လိုက်ခြင်း ဖြစ်ချေ ပြီ။

***

All Chapters