← Chapters

မဟာမိတ် ... ။

Vol. 114 Ch. 1589

မဟာမိတ် ... ။

Vol. 114 Ch. 1589

“ ကြောက်စရာ ကောင်းလိုက်တာ။ ”

နတ်မိစ္ဆာ အဆင့်ဝင် ကြယ်ပွင့် များ၏ စွမ်းအားကြောင့် ချန်လင်းမှာ ထိတ်လန့် အံသြ သွားသည်။

၎င်းတို့၏ တိုက်ပွဲ များမှ လာသော ကြောက်မက်ဖွယ် ဖြစ်စဉ် များက၊ ဤဒေသကို လွှမ်းခြုံ ထား၏။

လျှပ်စီး နဂါး ကျောက်ပြား၊ မိုးကြိုး မီးလျှံ ကြာပွတ်၊ သွေး ဝါးမျိုခြင်း ကျမ်း စသည့် အရာ များမှ၊ ဖြစ်စဉ် များသည် မယုံနိုင် စရာ ပေပင်။

လင်းယွန်က စကား တစ်ခွန်းမျှ မပြော သေးဘဲ၊ ယခု အချိန်ထိ ဝှက်ဖဲ မသုံး သေးသော ကျန်းတောင်ထံ လှမ်းကြည့်သည်။

ကြည့်နေစဉ် မှာပင်၊ ၎င်းက သတ္တု လက်အိတ် တစ်စုံကို ထုတ်ယူ လိုက်တော့၏။ လက်အိတ်၌ ဆူးများပါ ရှိသည်။

ထို့ထက် ပို၍ ကြောက်စရာ ကောင်း သည့်၊ အရာမှာ၊ သွေးစများ စွန်းထင်း နေသည့်၊ သားရဲ ပါးစပ် အသွင်၊ လက်ဖဝါး နေရာရှိ အက်ကွဲရာ ဖြစ်သည်။

“ သားရဲ အစွယ် ... ။ ”

၎င်းကို မြင်ဖူး သူတိုင်းမှာ၊ မျက်နှာ ပြောင်းလဲ သွားပြီး၊ ဦးရေ ပြားများ ယားယံ လာ တော့သည်။

ယင်းက ကြက်သွေးရောင် နတ်မိစ္ဆာ ဆူးသတ္တု ပန်းပင်ဖြင့်၊ သွန်းလုပ် ထားကြောင်း၊ သိကြသည်။

သူတော်စင် လက်ရာ ပစ္စည်းမျိုး ဖြစ်ပြီး၊ ဝိညာဉ် ရှိသည့် အလွန် ထူးခြားသော ရတနာ တစ်ပါး ပေပင်။

“ နတ်မိစ္ဆာ မှော်ကျား ... ၊ အစ်ကို ချန်ကို ခေါ်ပြီး၊ ဒီက ထွက်သွားတော့ ... ။ ”

လင်းယွန်မှ ပြော လိုက်သည်။ နတ်မိစ္ဆာ မှော်ကျားက နာခံမှု ရှိစွာဖြင့်၊ ခေါင်းညိတ် ပြ လာ၏။

ချန်လင်းမှာ ချီတုံ ချတုံ ဖြစ်နေ သော်ငြားလည်း နောက်ဆုံးတွင်၊ ‘ညီအစ်ကို လင်း၊ သတိ ထားပါ၊’ -ဟု ပြောလျက် လိုက် သွား တော့သည်။

“ စိတ်မပူနဲ့ ။ ”

ချန်လင်း ထွက်သွား ပြီးနောက် အန္တရာယ် များသော အတွေး တစ်ခုကို အကောင် အထည် ဖော်ရန်၊ ပြင်၏။

ယင်းအကြံ အစည်သည် ရဲရင့်လှ သော်လည်း၊ အောင်မြင် ပါက ပြဿနာကို ဖြေရှင်း နိုင်ပေမည်။

“ ကစားပွဲ စရအောင် ... ။ ”

ကျန်းတောင်က နေမင်းကို ဆင့်ခေါ်ပြီး၊ ကောင်းကင် တော်ဝင် နတ်လိပ်ထံ လျင်မြန် သော အဟုန်ဖြင့်၊ ဝင်ရောက် လိုက်၏။

“ ခရစ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ အရိုး ပလွေရှင် လူငယ်ကို ဖုံးအုပ် ထားသော ရေခဲ အလွှာ ကွဲ လျက်၊ ပလွေသံ ထွက်ပေါ် လာသည်။

“ ထန် ... ။ ”

မိုးကြိုး မီးလျှံ ကြာပွတ်က ပထမ ဦးစွာ လိပ်ခွံပေါ်၊ ကျရောက် သွား၏။ ထို့ကြောင့် အခွံ ၌၊ မီးတောက်များ စွဲလောင် လာသည်။

နတ်လိပ်ငယ်က အခွံ မျက်နှာပြင်၌ ရေခဲ အလွှာများ ဖြစ်ပေါ် စေလျက်၊ မီး ရည်ရွယ်ချက် ကို ချေဖြတ် သည်။

သို့သော် မီးလျှံ အတွင်းမှ လျှပ်စီး ရည်ရွယ်ချက်က၊ ရေခဲ အလွှာအား ထိုးဖောက် ဝင်ရောက် လာ၏။

“ ..... ။ ”

တိုက်ပွဲ တစ်လျှောက်၊ နတ်လိပ်ငယ်၏ နာကျင်စွာ အော်ဟစ်သံကို ပထမဆုံး ကြားလာ ရ တော့သည်။

“ သွေး ဝိညာဉ် ဓား ... ။ ”

ထိုအချိန်တွင် ချင်ကန်က ရက်စက် ကောက်ကျစ်သော အပြုံးဖြင့်၊ ဓားမော့ကို လိပ်ခွံထံ ထိုးသွင်း လိုက်သည်။

“ ခရစ် ... ။ ”

ဤတစ်ကြိမ်တွင် မာကျောသော လိပ်ခွံ၌ ကြီးမားသော အက်ကွဲ ကြောင်းများ ပေါ်လာ တော့၏။

အက်ကွဲ ရာသည် သေးငယ်လှ သော်ငြားလည်း၊ လူတိုင်းကို မျှော်လင့်ချက်များ ဖြစ်ပေါ် လာစေသည်။

“ ဟိတ် ... ။ ”

ချန်ယုက နဂါး ဝိညာဉ် ကျောက်ပြားကို ကိုင်လျက်၊ ကျယ်လောင်သော ဟောက်သံအား ပြု၏။

ဆံပင်များ လေထဲ တဖျပ်ဖျပ် လှုပ်ခတ် လာကာ၊ ကြောက်မက်ဖွယ် ကောင်းသော နဂါး ကြီးက၊ ကောင်းကင် တတိယ အလွှာကို ခွဲပြီး၊ ဆင်းသက် လာသည်။ ၎င်း၌ လျှပ်စီးများ ပြည့်နှက် နေ၏။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

လျှပ်စီး နဂါး ပေါ်လာသော အခါ၊ နတ်လိပ်ငယ်၏ သွေးသား စွမ်းအင်မှာ ဖိနှိမ်ခံ လိုက်ရ၏။

ဤကျောက်ပြား အတွင်းရှိ အရာမှာ၊ စစ်မှန်သော လျှပ်စီး နဂါး၏ အကြွင်း အကျန် ဝိညာဉ် ဖြစ်ကြောင်း သိလိုက် ရသည်။

ထို့ကြောင့် ချန်ယုကို မြကျောက်စိမ်း စံအိမ်မှ၊ အပြစ်သား အဖြစ် ဆုကြေးထုတ်ထား သည်မှာ၊ အံ့ဩ စရာ မရှိ တော့ချေ။

လျှပ်စီး နဂါး၏ အစွမ်း အောက်တွင်၊ လိပ်ခွံပေါ်ရှိ သူတော်စင် ရူရ်များ ပြိုပျက် သွား ရပြီး၊ ပြန်လည် ပြုပြင် နိုင်နှုန်းမှာ၊ လိုက်မမီ ဖြစ်လာသည်။

“ သေ လိုက် စမ်း ... ။ ”

ကျန်းတောင်က နဂါး မူလကို နှိုးစွလျက်၊ လက်သီးမိုး ရွာချ လိုက်တော့၏။ လက်သီးတိုင်း နေမင်းကြီး အလား၊ တိုးဝင် သွားသည်။

အားလုံးသည် လားရာ တစ်ရပ် သို့သာ ဦးတည်နေသည်။ တစ်ချက် ထိရုံနှင့် အတွဲလိုက် ထိမှန် ခံရမည် ဖြစ်၏။

နတ်လိပ် ခမျာ ညည်းတွားသံ ပြုပြီး၊ ကြောက်လန့် တကြားဖြင့်၊ အခွံ ထဲမှ လုံးဝ မထွက်ရဲ တော့ချေ။

ထို့ကြောင့် ဘေးဘယ်ညာ ယိမ်းကာ ထွက်ပြေးရန် ကြိုးစား တော့သည်။ သို့သော် ကျန်းတောင် တို့မှ ခွင့်မပြုနိုင်။

ထို့ကြောင့် နတ်လိပ်ငယ် ခမျာ၊ အန္တရာယ် ရှိသော အနေ အထားသို့၊ ချက်ချင်း ကျရောက် သွားသည်။

ရေခဲ ရည်ရွယ်ချက် ထုတ်လွှတ်ကာ၊ စိမ့်ရေကန် တစ်ခုလုံးကို ချက်ချင်း ခဲပစ် လိုက် သည်။ အေးစက်မှုသည် ကြောက်စရာ ကောင်း သဖြင့်၊ လူတိုင်း လေးလံ လာ၏။

ထို့သို့ အအေး ဓာတ်ကို ဖြန့်ကျက်ကာ၊ ဖြစ်စဉ်များကို ဖျက်ဆီး လိုက်သဖြင့်၊ နတ်လိပ် ရောင်ဝါမှာ ပို၍ ကျဆင်း သွားသည်။

ရန်ကျိုးက ကြာပွတ်ကို လွှဲလျက်၊ ပိုက်ကွန် တစ်ခုကို ဖန်တီးသည်။ ယင်းက နတ်လိပ် ငယ် အပေါ်၊ ဖုံးအုပ် သွား၏။

သို့သော် နတ်လိပ် ငယ်၏ ရုန်းကန် အားကြောင့်၊ ရန်ကျိုး ခမျာ ချက်ချင်း ချွေးများ ရွဲနစ် လာရသည်။

“ ကောင်းကင် နေမင်း ... ။ ”

ကျန်းတောင်က နေမင်းဖြင့် စွမ်းအား ဖြည့်ထားသော လက်သီးကို၊ ချက်ချင်း ပစ်ထုတ် ကာ၊ ပိုက်ကွန် အတွင်းရှိ နတ်လိပ်ကို ငြိမ်သက် စေလိုက်သည်။

“ ကြယ်တာရာ စားသုံးသော သွေး တစ္ဆေ .... ။ ”

“ လျှပ်စီး နဂါး ပိတ်လှောင်ခြင်း ... ။ ”

ချင်ကန်မှ တိုက်ခိုက်မှုကို ထုတ်လွှတ် လာသော အခါ၊ ချောင်ယု ကလည်း နတ်လိပ် ငယ်အား တုပ်နှောင်ရန်၊ လျှပ်စီး နဂါးဖြင့် ကြိုးအလား စေခိုင်း လိုက်သည်။

“ ထန် ... ။ ”

ထိုအချိန်တွင် အနက်ရောင် ဓားမော့က၊ လိပ်ခွံပေါ်သို့ ကျရောက် သွားပြီး၊ နတ်လိပ်၏ သွေးသား စွမ်းအင်ကို ဝါးမျို တော့၏။

ယင်းကြောင့် ချင်ကန် တစ်ယောက် စိတ်လှုပ်ရှား လာသည်။ ထိုအချိန်တွင် ပလွေ သံ က အခွံကို ထိုးဖောက်ကာ၊ ရုန်းကန် နေသော နတ်လိပ်အား၊ ဒုက္ခ ပေး တော့သည်။

“ ဒီကောင်းကင် တော်ဝင် နတ်လိပ်ငယ် လေးက၊ ကလေး လေးမို့၊ လူ နှစ်ဦးစာ အတွက် ပဲ၊ လုံလောက် ပါတယ်၊ ဒီတော့ တစ်ယောက် စာ ခွဲတမ်းကို၊ ငါ ယူလိုက်မယ်။ ”

နတ်လိပ်ငယ် ငြိမ်သက် သွားသည်နှင့်၊ ကျန်းတောင်မှ ပြုံးလျက်၊ ဝေခွဲရေး စတင်တော့ သည်။

“ ငါ လိပ်ခွံ ယူမယ်။ ”

ရန်ကျိုးမှ ကြေငြာ၏။

“ ငါ ကတော့ နတ်လိပ်ရဲ့ သွေးပဲ။ ”

ချင်ကန်က ပြောသည်။

“ ဒါဆို ငါကရော ... ။ ”

ချောင်ယုက အံသြဟန် လုပ်ပြကာ၊ ပြုံးပြီး မေးသည်။ ၎င်းတို့ သုံးဦးသည် တန်ဖိုး အရှိဆုံး အစိတ် အပိုင်း များကို လိုချင် နေ၏။ သူ့အား ထည့်တွက်ပုံ မရချေ။

“ ဒီနတ်လိပ်က နတ်သားရဲရဲ့ မျိုးဆက် ဖြစ်လို့၊ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်း တိုင်းက၊ ရတနာ တွေပါ၊ အသားက ...

... အရသာ ရှိရုံတင် မကဖူး၊ ခန္ဓာကိုယ် အတွက်လည်း၊ အာဟာရ ဖြစ်စေတယ်၊ မင်း ပြုတ် စားလိုက် ... ။ ”

ရန်ကျိုးမှ ပြုံးကာ ပြန်ပြော၏။

“ မင်း ... ၊ သေချင် နေတာလား။ ”

ချောင်ယုက ရန်ကျိုးထံ ဒေါသတကြီး ပြေးဝင် လေသည်။ ထိုမြင်ကွင်းကြောင့် ချင်ကန် နှင့် ကျန်းတောင်က၊ အကြည့်ချင်း ဖလှယ်ပြီး၊ လျစ်လျူရှု လိုက်၏။

သူတို့ နှစ်ဦးသည် နတ်လိပ်ငယ် သွေး အတွက် လက်တွဲရန်၊ စိတ်ကူးထားပြီး ဖြစ်လေ သည်။ ထို့ကြောင့် ကျန်အရာများကို စိတ်မဝင် စားချေ။

“ ငါ့ကိုလည်း ထည့်တွက် ပါဦး၊ အစ်ကို ချောင်က လိပ်သား မစား ချင်ရင်၊ ငါပဲ ယူလိုက် တော့မယ်။ ”

ထိုစဉ် လှောင်ပြောင် ရယ်မော လိုသော အသံနှင့်၊ ပုံရိပ် တစ်ရိပ် လှမ်းထွက် လာတော့ သည်။

ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အပြာရောင် ဝတ်ရုံနှင့် ဓားသမား လူငယ်လေး တစ်ယောက် ဖြစ်၏။

၎င်းသည် ပထမ သွေးလွှတ်ကြော ၌သာ ရှိနေသေး သော်လည်း၊ တည်ငြိမ်သော အသွင် ဖြင့် ပြုံးပြီး၊ လျှောက်လှမ်း လာသည်။

ထို့ကြောင့် လူတိုင်း အံဩ သွားသည်။ အားနည်းသော ရောင်ဝါ တစ်ခု ပုန်းအောင်း နေ သည်ကို၊ ရှေးမစွ ကပင် သူတို့ ခံစား မိ၏။

သို့သော် ဤသို့ ရဲဝံ့စွာ ထွက်လာရဲ လိမ့် မည်ဟု မထင် မိချေ။ သူတို့ တိုက်ပွဲကို ကြည့်ပြီး၊ ဆုတ်ခွာ ပြေးလိမ့် မည်ဟု၊ ထင်ခဲ့သည်။

“ ဓားဂိုဏ်းရဲ့ တပည့် ... ၊ မင်း တကယ် ပြန်လာ ရဲတာပဲ။ ”

ကျန်းတောင်က လူသတ် လိုသော အသွင်ဖြင့်၊ ကြည့်ကာ ပြောလိုက် တော့သည်။

“ ဟား ... ဟား ... ဟား ... ၊ မင်း ခေါင်း မပါဘဲ၊ ငါ ဘယ်လိုလုပ် ထွက်သွား နိုင်မှာလဲ၊ ငါ့ ဓားဂိုဏ်းရဲ့ တပည့် တွေကို သတ်ရဲ မှတော့၊ မင်းနောက် ငါလိုက်လာ ရတာပေါ့။ ”

လင်းယွန် ပြောပြီး ရုတ်တရက် ပျောက် သွားသည်။ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း (၉) မျိုးကို၊ ကန့်သတ်ချက် အထိ တွန်းထုတ် ကာ၊ ကန့်သတ် ခံထား ရသော၊ နတ်လိပ် ကျောပေါ်၊ ရွေ့လျား လိုက်၏။

မြန်လွန်းသော အဟုန်ကြောင့်၊ လူတိုင်း မျက်လုံးပြူး သွားသည်။ နတ်လိပ်ကျောပေါ် ရောက် သည်နှင့်၊ လင်းယွန်က ထိုင်ချ လိုက်ပြီး၊ လက်ဖဝါးကို အခွံပေါ် တင်ကာ ပြုံးလိုက်၏။

လိပ်ခွံပေါ် ဆင်းသက် လိုက်သဖြင့်၊ သတ်ဖြတ် လိုသော ရောင်ဝါ လေးခု၏ ဖိအား အောက်သို့၊ ရောက်ရှိ သွားသည်။ နဂါး မူလပင် လည်ပတ်မှု နှေးကွေး လာ၏။

“ ဒါဆို ကျန်းတောင်နဲ့ တိုက်ခိုက် ခဲ့တဲ့၊ ဓားသမားက မင်းပေါ့။ ”

ချောင်ယုမှ ပြုံးပြီး မေးလာသည်။

“ ငါ့ အပြင် ဘယ်သူများ ရှိဦး မှာလဲ။ ”

လင်းယွန်မှ မငြင်းချေ။ ထိုစဉ်က တိုက်ပွဲကြောင့် ဖြစ်ပေါ် လာသော ရုန်းရင်း ဆန်ခတ် မှုသည်၊ ဤလူ များကို စွဲဆောင် ခဲ့သည်မှာ၊ သေချာ နေ၏။

“ ငါ ... ဒီကောင်နဲ့ ရန်ငြိုး ရှိတယ်။ ”

ကျန်းတောင်က လက်အိတ်ကို ထုတ်ပြီး စွပ်လိုက်သည်။

“ ဟား ဟား ဟား ... မင်း လာခဲ့၊ မင်းကို သတ်ပြီးရင် နတ်လိပ် သွေး အတွက် ... ၊ ခွဲတမ်း တစ်ခု ပိုလာ လိမ့်မယ်။ ”

လင်းယွန် စကားကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ ကုန်သည်။ အထူးသဖြင့် လျှပ်စီး နဂါး ကျောက်ပြားကို ကိုင်ထားသည့်၊ ချောင်ယု ဖြစ်၏။

“ မင်း ... ဉာဏ်ကောင်းတယ်၊ ဒါပေမယ့် မိစ္ဆာ ကျင့်ကြံ သူတွေ ကြားက ... ၊ စည်းမျဉ်းကို မသိတာ စိတ်မကောင်း ပါဘူး၊ ငါတို့ အချင်းချင်း တိုက်ကောင်း တိုက်နိုင် ပေမယ့်၊ မင်းလို ...

... ဓားဂိုဏ်းရဲ့ တပည့် ကြောင့်တော့ မဟုတ်တာ သေချာတယ်၊ ညီအစ်ကို ချောင်၊ သူ့ရဲ့ သိုလှောင် လက်ကောက် ထဲမှာ ရှိတဲ့ ရတနာ တွေကို၊ မင်း ယူနိုင်တယ်။ ”

ကျန်းတောင်က ချောင်ယုအား လှည့်ကြည့်ကာ ပြောလိုက်သည်။

“ ငယ်ငယ် ရွယ်ရွယ်နဲ့ ... ၊ ဒီလောက် သန်မာနေ မှတော့ ဓားဂိုဏ်းမှာ၊ မင်းရဲ့ ရာထူး မြင့်မားတယ် မဟုတ်လား။ ”

ချောင်ယုက ကျန်းတောင် စကားကြောင့် လင်းယွန် အပေါ် စိတ်ဝင်စား သွားသည်။

“ လူမိုက် တွေကို မြင်ဖူး ပေမယ့် ... ၊ မင်းလောက် တုံးအတဲ့ လူမိုက်မျိုး ... ၊ မမြင်ဖူး သေးဘူး၊ ငါတို့လို နတ်မိစ္ဆာ အဆင့် ဝင် တွေကို၊ ငတုံး တွေများ ထင်နေ သလား၊ ဟမ့် ... ။ ”

ရန်ကျိုးက လင်းယွန်ကို လှောင်ပြောင် လိုသော အပြုံးဖြင့် ပြောလာသည်။

“ သွားပြီးတော့ သတ်လိုက် ရအောင်၊ မဟုတ်ရင် သူ့လို ပုရွက်ဆိတ် တစ်ကောင်က ကြီးမြတ်သူ တစ်ယောက်လို့ ထင်နေမယ်။ ”

ချင်ကန်က အေးစက်စွာ ပြောသည်။ ကောင်းကင် ဓားမော့ ခန်းမမှ နှင်ထုတ် ခံရပြီး ချိန်မှ စကာ၊ ဂိုဏ်း၏ တပည့်များ အပေါ်၊ အလိုလို မုန်းတီး နေခဲ့သည်။

လင်းယွန် ရောက်လာ သဖြင့်၊ ငြင်းခုံ နေသော လူ လေးယောက်မှာ၊ ရုတ်တရက် စည်းလုံး သွားတော့သည်။

“ ဟား ... ဟား ... ဟား ... ၊ မင်းရဲ့ သတ္တိ ကိုတော့၊ ငါလေးစား ပါတယ် ဓားဂိုဏ်း တပည့်၊ ဒါပေမယ့် မင်း တစ်ယောက် တည်း၊ ငါ့ဆီ လာတဲ့ အတွက်၊ စိတ်မကောင်း ပါဘူး။ ”

လေးယောက်သား လင်းယွန်ကို ကန့်သတ်ရန်၊ နဂါး သွေးလွှတ်ကြော များအား၊ အသက် သွင်းလိုက် တော့သည်။

“ မင်းတို့ ကောင်တွေကို ... ၊ ထက်မြက် တယ်လို့၊ ငါ ထင်မိ ခဲ့တာ အလကား ပါဘဲ၊ အခု ငါ ဘာလို့ စကားများ နေရ တာလဲ သိလား။ ”

“ မင်း ... ဒီကောင် နတ်လိပ်ကို ကယ်နေ တယ်။ ”

နတ်လိပ် ထံမှ ပြောင်းလဲမှု အချို့ကို၊ ခံစားလာ မိသဖြင့်၊ ရန်ကျိုးက လင်းယွန် ရည်ရွယ်ချက် အပေါ်၊ ရိပ်မိ သွားသည်။

ကျန်သုံးဦး မှလည်း၊ မျက်နှာများ ပျက်ယွင်းကုန်၏။ အဘယ်ကြောင့် ဆိုသော် ဤနတ်လိပ်သည် အနည်းငယ် သန်မာ လွန်း သောကြောင့် ဖြစ်သည်။

“ သူ့ကို တား ... ။ ”

လေးယောက်သား လင်းယွန်ကို လိပ်ခွံ အပေါ်မှ ဆင်းစေရန် ကြုံရွယ် လိုက်ကြ လေ သည်။

“ နောက်ကျ သွားပြီ။ ”

လင်းယွန်က လက်ဖဝါး အတွင်းမှ အပြာရောင် အလင်း များကို ပြန်ရုတ်လျက်၊ လိပ်ခွံမှ သူ့လက်အား ခွာ၏။

ပြီးနောက် ဖြည်းညှင်းစွာ ထရပ် မိစဉ်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ၊ နတ်လိပ်ငယ် ထံမှ ပေါက်ကွဲ လာတော့သည်။

***

All Chapters