← Chapters

ကောင်းကင် မတိုင်မီ ... ၊ ငါ့ကို မွေးတယ်။

Vol. 114 Ch. 1590

ကောင်းကင် မတိုင်မီ ... ၊ ငါ့ကို မွေးတယ်။

Vol. 114 Ch. 1590

၎င်းတို့ လေးယောက်၏၊ ခွန်အားကို မြင်ပြီးနောက်၊ အထူး သဖြင့် တစ်ယောက် ချင်း စီတိုင်း၏၊ ထူးခြားသော လက်နက် များမှာ၊ လင်းယွန်အား အခက်တွေ့ စေမည်။

တစ်ယောက်ချင်း ဆိုက ‘မှု’ လောက်စရာ မရှိ သော်လည်း၊ လေးယောက် ပေါင်း ခဲ့သော်၊ အနိုင် ရရန်၊ အလား အလာ နည်း၏။

တစ်ဖက်တွင် ကောင်းကင် တော်ဝင် နတ်လိပ် သည်သာ၊ သူနှင့် လက်တွဲ ချင်က၊ အဆင်ပြေ နိုင်၏။

သို့သော် နတ်လိပ် ငယ်၌၊ ထိုဆန္ဒရှိ-မရှိ မသိချေ။ အန္တရာယ် များသော လုပ်ရပ် ဖြစ်လေ သည်။

နတ်လိပ် ငယ်က အားလုံးကို ကြားသိ နေသဖြင့်၊ လင်းယွန်နှင့် ပူးပေါင်းကာ လက်စား ချေရန်၊ ဆုံးဖြတ် ထားသည်။

ထို့ကြောင့် ရေခဲ ရည်ရွယ်ချက်အား လွှတ်လျက်၊ တုပ်နှောင်မှု များအား၊ ဖြတ်ပစ် တော့သည်။

“ နောက်ဆုတ် ... ။ ”

လေးယောက်သာ အမြန် ပြန်၍ ဆုတ်ခွာ မိသည်။ ရန်ကျိုးက မိုးကြိုး မီးလျှံ ကြာပွတ်ကို ပြန်သိမ်းပြီး၊ ရေခဲ ရည်ရွယ်ချက် အား၊ ဟန့်တား လိုက်ရ၏။

သို့သော် ငြားလည်း၊ နှင်းမုန် တိုင်းများ သူ့အပေါ် ကျရောက်လာ သဖြင့်၊ မေးရိုးများ တဆက်ဆက် တုန်ယင် သွားသည်။

ထိုစွမ်းအားသည် တတိယ သွေးလွှတ်ကြော နယ်ပယ်၊ အထွတ် အထိပ် ကျွမ်းကျင်သူ မျိုးနှင့် ယှဉ်နိုင်၏။

ကျန် သုံးယောက် မှလည်း၊ အခြေ အနေ မကောင်း လှချေ။ နှင်းမုန်တိုင်းက တဟုန်းဟုန်း တိုက်ခတ် နေ သဖြင့်၊ မျက်နှာများ ဖြူဖျော့ လျက်၊ ချေဖြတ် နေရသည်။

“ လင်းယွန် ... ၊ မင်းကို လွယ်လွယ်နဲ့ သေခွင့် မပေး ဖူးလို့၊ ငါ ကတိ ပြုတယ်။ ”

ကျန်းတောင်မှ ကျိန်ဆဲ လိုက်၏။

“ စကားများ မနေနဲ့၊ တိုက် ... ။ ”

ချင်ကန်မှ အေးစက်စွာ ပြောသည်။

“ ညီအစ်ကို ချောင်နဲ့၊ ညီအစ်ကို ရန် မင်းတို့က ... ၊ နတ်လိပ်ငယ်ကို ဖမ်းပါ။ ”

ချင်ကန်မှ ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး၊ ကြက်သွေးရောင် ဓားရောင်ခြည်ဖြင့် လင်းယွန် ထံ ပစ်လိုက်သည်။

ယင်းက သရဲ တစ္ဆေ တစ်ကောင် ကဲ့သို့၊ အသက်ရှိသည့် အလား၊ လေထဲ တွန့်လိမ်လာ လေသည်။

လင်းယွန်မှ ထိုဓား ရောင်ခြည်ကို ခွဲရန် နဂါးရူရ်များ အသက် သွင်းလျက်၊ အဓိပတိ နဂါး တံဆိပ်အား၊ ဖွဲ့စည်း သည်။

ဤအချိန် အတွင်း၌၊ ရန်ကျိုးနှင့် ချင်ကန် တို့မှာ နတ်လိပ် ငယ်နှင့် လှုပ်ရှားမှု ဆယ်ကြိမ် ခန့် ဖလှယ်ပြီး ဖြစ်သည်။

“ ဟိတ် ... ။ ”

လင်းယွန် သည်လည်း ဓား မဆွဲဘဲ၊ တိုက်ခိုက်မှု များကို လက်ဗလာဖြင့် တုန့်ပြန် နေ၏။

သ်ည့နောက် အရိယာ ဓားသုတ္တန်နှင့်၊ နဂါးဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကာ၊ ပေါင်းစည်း ပစ် လိုက်သည်။

“ ညီအစ်ကို လိပ်၊ ငါ အကူအညီ လိုတယ်။ ”

ထိုအချိန်တွင် နတ်လိပ် ငယ်မှာ တိုက်ပွဲမှ စွန့်ခွာရန် ပြင်နေသဖြင့်၊ လင်းယွန်မှ စိုးရိမ်သွား လေသည်။

“ နည်းနည်း လောက် အနား ယူရမယ်၊ အစောပိုင်း ရုန်းထွက်မှုက၊ ငါ့ကို အများကြီး ပင်ပန်း စေတယ်၊ လူသား ငါ့ကို တစ်နာရီ လောက် အချိန် ပေးပါ။ ”

စိမ့်ရေကန်ထဲ ခုန်ဆင်းလျက် နတ်လိပ်က ပြန်ဖြေ သွားသည်။ ယင်းကြောင့် လင်းယွန်မှာ ထိတ်လန့် သွားပြီး၊

“ ညီအစ်ကို လိပ် ရေကန်ကို အဆိပ်ခတ် ထားတယ်။ ”

-ဟု သတိ ပေးလိုက်သည်။

“ ပြဿနာ မရှိဘူး ၊ ငါ့ ခန္ဓာကိုယ် ထဲမှာ ရှိသေးတဲ့၊ မင်းရဲ့ နဂါးပြာ စွမ်းအင်က အဆိပ်ကို တွန်းလှန် နိုင်တယ်၊ ပြီးတော့ ...

... ငါ အဆိပ်ကို သန့်စင်ဖို့ ... ၊ ဒီအချိန်ကို အရ ယူရမယ်၊ ဒါကြောင့် ... တစ်နာရီ လောက် ထိန်းထားပါ၊ ငါ ပြန်လာမယ်။ ”

နတ်လိပ်ငယ်မှာ လုံးဝ ပျောက်ကွယ် သွားတော့သည်။ ယင်းကြောင့် နတ်လိပ်ကို ကိုင်တွယ်ရန် ပြင်ဆင် နေသော ခေျာင်ယုနှင့် ရန်ကျိုးမှာ၊ အံ့အားသင့် သွား၏။

ရေကန်မှာ ပြန်လည် ငြိမ်သက် သွား ပြီးနောက်၊ လင်းယွန် တစ်ယောက် တည်း ရပ်လျက် ကျန်ရစ် ခဲ့ လေသည်။

ဤအရာက လင်းယွန်ကို ကူကယ်ရာမဲ့ သွားစေ၏။

“ နတ်လိပ်က ဘယ်လိုလုပ် ရေကန်ထဲ ဆင်းသွား ရတာလဲ။ ”

“ ထားလိုက်ပါ ... ၊ လောလောဆယ် ဒီကောင့်ကို အရင် သတ်ရအောင်။ ”

ကောင်းကင်ကို အံတု နေ လျှင်ပင်၊ လေးယောက်- တစ်ယောက် ဖြစ်နေ သဖြင့်၊ လင်းယွန် သေရ ပေမည်။

အခါ အခွင့်သင့် ချိန်၌ သက်တံဓား သူတော်စင် တပည့်အား၊ သင်ခန်းစာ တစ်ခု ပေးနိုင် တော့မည် ဖြစ်၏။

“ သွေး ဝိညာဉ် နတ်မိစ္ဆာ ဓား ... ။ ”

“ စစ်မှန်သော နဂါး ... ။ ”

ကျန်းတောင်နှင့် ချင်ကန်က လင်းယွန်၏ ဆုတ်ခွာရာ လမ်းကြောင်းကို ပိတ်လှောင် စဉ်၊ ချောင်ယုနှင့် ရန်ကျိုးမှာ တိုက်ခိုက် လာ၏။

နတ်လိပ် အတွက်၊ ရည်ရွယ်သော တိုက်ခိုက်မှု အားလုံး၊ လင်းယွန် အပေါ် ကျရောက် သွားသည်။

တိုက်ခိုက်မှုမှ ဖြစ်ပေါ် လာသော ဖြစ်စဉ် များသည် ကြောက်မက်ဖွယ် ကောင်းလှ လေ သည်။

သူ့ကိုယ် သူသာ၊ အားကိုး ရမည်မှန်း သိလာရ သောကြောင့်၊ လင်းယွန်မှ ပန်းသင်္ချိုင်း ဓားအား၊ ဆွဲထုတ် လိုက်၏။

ထို့နောက် ကောင်းကင် ဓားပုံစံကို ထုတ်ဖော်ပြီး၊ အမည်ခံ ကောင်းကင် အမိုးဓား နှင့် အားဖြည့် ပေးသည်။

ထက်ရှသော ဓားအာရုံက၊ သူ့ထံ ရည်ရွယ်သော တိုက်ခိုက်မှု အားလုံး အပေါ်၊ ပြတ်ထင်စွာ တွေ့မြင် လာ၏။

“ ရွှပ် ... ။ ”

ထို့ကြောင့် ရန်သူများ အနား မရောက်မီ၊ ပန်းသင်္ချိုင်း ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက် တော့သည်။ ဦးစွာ မိုးကြိုး မီးလျှံ ကြာပွတ် ပြုတ်ကျ သွား၏။

သူ့ခေါင်း နောက်၌ မျက်ဝန်း တစ်စုံ ရှိနေ သကဲ့သို့၊ ကောင်းကင်မှ ဆင်းသက် လာ သော၊ လျှပ်စီး နဂါးအား လှည့်၍ တားဆီး ပစ်သည်။

“ သတ် ... ။ ”

ချင်ကန်နှင့် ကျန်းတောင်မှာ ဆုတ်ခွာမှု လမ်းကြောင်းကို ပိတ်ထားရာမှ တိုက်ပွဲ အတွင်း ဝင်လာသည်။

“ မင်း ... ဒါကို ဘယ်လို ရှောင်မလဲ ကြည့်ရအောင်။ ”

ကျန်းတောင်က နဂါး မူလကို လက်အိတ်ထဲ လောင်းထည့် လိုက်သဖြင့်၊ ကြက်သွေးရောင်နှင့် ရွှေရောင် အလင်းများ ဖြာထွက် လာ၏။

ထိုအတော အတွင်း ချင်ကန်၏၊ ဓားချက် (၁၈)ချက်က လင်းယွန်ထံ ပြေးဝင် သွားခဲ့ပြီ ဖြစ် သည်။

သို့သော် ‘ကောင်းကင်’နှင့်၊ ‘မြေကြီး’ ဟူသော စကားလုံး များက၊ လင်းယွန်ကို ဝိုင်းရံ ထား သဖြင့်၊ ထိုဓားများက နှေးကွေး ကုန်၏။

“ ရွှပ် ... ။ ”

ထိုကြောင့် လင်းယွန်၏ ဓားချက် (၁၀၈) ချက်မှာ၊ ချင်ကန်၏ ချို့ယွင်းချက် များ ထံသို့ ဦးစွာ ဝင်ရောက် သွားသည်။

“ ဘောင်း ... ။ ”

ထို့ကြောင့် ချင်ကန်၏ ဓားရောင်ခြည် (၁၈)စင်းမှာ၊ လမ်း၌ပင် မီးရှူး မီးပန်းများ ကဲ့သို့၊ ပေါက်ကွဲ ကုန်သည်။

သူတို့ လေးယောက်၏ ဝိုင်းရံမှု အတွင်း၊ ချို့ယွင်းချက်ကို၊ ရှာနိုင် လိမ့် မည်ဟု မည်သူမျှ မထင် သဖြင့်၊ အံ့ဩ သွားကြသည်။

“ ငါ မင်းကို ဓား တစ်ချက်၊ ပြန်ပေးမယ်။ ”

‘ကောင်းကင်’နှင့် ‘မြေကြီး’ ဟူသော စာလုံးများ၊ ချင်ကန် ဆီသို့ ပစ်လွှတ်လျက်မှ လင်းယွန်က ပြော လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး လည်နေပြီး၊ ထိုတိုက်ခိုက် မှုကို ချင်ကန် တစ်ယောက်၊ မတားဆီး နိုင်ခဲ့ချေ။

“ ဝှစ် ... ။ ”

ယင်းကို ကျေနပ်ချိန် မရ သေးဘဲ၊ ခန္ဓာကိုယ်ကို ဘေးသို့ စောင်းပြီး၊ ကျန်းတောင် လက်သီးအား လင်းယွန်မှ ရှောင်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော လက်သီးသည် လင်းယွန် ပါးပြင် ဘေးနားမှ၊ ဖြတ်ကျော် သွား၏။

လွဲချော်မှန်း သိသည်နှင့်၊ လက်သီးကို ဖွင့်ကာ၊ လင်းယွန် ဦးခေါင်းအား၊ လှည့်ပြီး ဖမ်း ကုပ် လိုက်သည်။

ထို့ကြောင့် ကျန်းတောင် လက် ဖဝါးရှိ သွေးစွန်း နေသော အက်ကြောင်းက၊ ပွင့်လာ တော့သည်။

အကယ်၍ တစ်စုံ တစ်ယောက်သည် ဤတိုက်ခိုက်မှု မျိုးနှင့်၊ ရင်ဆိုင် ရပါက အချိန်မီ တုံ့ပြန် နိုင်မည် မဟုတ်ချေ။

သို့သော် လင်းယွန်မှာ တွက်ဆ ထားပြီး ဖြစ်သဖြင့်၊ ထိုဆုပ်ကိုင် မှုကို ထပ်မံ ရှောင်ရှား နိုင်ခဲ့သည်။

“ ဖပ် ... ။ ”

ခန္ဓာကိုယ်ကို နောက်သို့ ယို့လိုက်ပြီး၊ ရေကန်ပေါ် လှဲချ ပစ်၏။ ကျောပြင်မှာ ရေကန် မျက်နှာ ပြင်နှင့်၊ ထိလု မတတ် နီးကပ် သွား လေသည်။

“ ဟိတ် ... ။ ”

သည့်နောက် ရေကန် မျက်နှာပြင်ပေါ် လက်ဖဝါးကို ရိုက်ချပြီး၊ လေထု အလယ်သို့ ပျံတက် လိုက်၏။

“ သေ လိုက် စမ်း ... ။ ”

ချောင်ယုနှင့် ရန်ကျိုးက၊ လင်းယွန်ကို ထွက်ခွာခွင့် မပေးဘဲ၊ ကောင်းကင်သို့ လိုက်ပါ တိုက်ခိုက် တော့သည်။

“ မင်းတို့ ... ၊ ငါ့အစ်ကို ကြီးကို ဒုက္ခ ပေးခွင့် မရှိဘူး။ ”

ထိုအချိန်တွင် နဂါး မျောက်ဝံက ၊ ကောင်းကင်မှ ဆင်းလာ ပြီးနောက်၊ တိုက်ခိုက်မှု နှစ်ခုကို၊ သူ့ကျောဖြင့် ခံယူ သွား၏။

သွေးများ ဖြာကျလျက်၊ ကြောက်စရာ ကောင်းသော၊ ဒဏ်ရာ နှစ်ချက် ရရှိ သွားတော့ သည်။

“ ဒီသားရဲရဲ့ အရေပြားက တကယ် မာတယ်။ ”

မိုးကြိုး မီးလျှံ ကြာပွတ်သည် ပြတ်ရှရာ မျှသာ ချန်ရစ် နိုင်သဖြင့်၊ ရန်ကျိုးမှ မှတ်ချက်ပြု လိုက်၏။

“ ဒါဆို ငါတို့ နောက်ထပ် နည်းနည်း အားစိုက် လိုက် ရအောင် ... ၊ ဒါက အိမ်မွေး တိရစ္ဆာန်လေး တစ်ကောင်ပါ။ ”

ချောင်ယုက လျှပ်စီး နဂါးကို နောက်တစ်ကြိမ် ဆင့်ခေါ်ပြီး၊ ပြောလိုက် လေသည်။

“ အစ်ကိုကြီး ငါ အဆင်ပြေတယ်။ ”

နဂါးလေးက လင်းယွန်ကို နှစ်သိမ့် လာသည်။ သို့သော် သူ့ အပြုံးသည် မည်မျှ နာကျင် သည်ကို၊ မြင်သာ စေ၏။

လင်းယွန် ရင်ဘတ် တစ်ခုလုံး ဒေါသနှင့် ပြည့်နှက် သွားသည်။ ဤသို့ဖြင့် နဂါး လေးက မကြာ-မကြာ၊ ကျောဖြင့် ခံယူကာ၊ သူ့ကို ကာကွယ် ပေးနေသည်။

နဂါးလေးက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ထုတ်ကာ၊ တိုက်ပွဲဝင် မှ သာလျှင်၊ အနည်းငယ် သက်သာ လာ၏။

ယင်းက ခဏ မျှသာ ဖြစ်ပြီး၊ ပုလွေသံ ထွက်ပေါ် လာပြန်ရာ၊ နဂါးလေးနှင့် လင်းယွန် ခမျာ မျက်လုံး ပြူးသွားသည်။

“ သူ့ကို သတ် ... ။ ”

ချောင်ယုနှင့် ကျန်းတောင် အခွင့် အရေးကို အမိအရ ယူ၏။ အချိန် ကြာလာ သည်နှင့် အမျှ၊ ကျင့်ကြံမှု ကွာဟ ချက်မှာ၊ သိသာ လာတော့ သည်။

ဓား ရည်ရွယ် ချက်နှင့်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကြောင့် သာလျှင်၊ တတိယ သွေးလွှတ်ကြော၊ အထွတ် အထိပ် ပါရမီရှင် နှစ်ဦးအား၊ ရင်ဆိုင် နိုင်ခြင်း ဖြစ်သည်။

“ သက်တံဓား သူတော်စင် တပည့် ... ၊ မင်းမှာ ဝှက်ဖဲတွေ ရှိရင် ထုတ်ပါ။ ”

ကျန်းတောင်မှ အော်ငေါက် လာသည်။ လင်းယွန်၏ ဓားကြောင့် သူ့ခန္ဓာ၌ သွေးများ ဖုံးလွှမ်း နေသည်။

ပထမ သွေးလွှတ်ကြော နယ်ပယ်မှ ဓားသမား တစ်ဦးကြောင့်၊ ဤအခြေ အနေ စိုက်ရောက် နေသည်မှာ၊ ရှက်စရာ ပေပင်။

လင်းယွန်က မိုးပြာ နဂါး နေ-လ ထီးကို ထုတ်ယူရန် ပြင်လိုက်စဉ်၊ ငွေရောင် အလင်းများ တောက်ပ လာတော့သည်။

နတ်ဘုရား တစ်ပါး အလား၊ ငယ်ရွယ် နုပျိုသော မိန်းကလေး တစ်ဦး ကောင်းကင်မှ ဆင်းသက် လာ၏။

“ ငါ့ အသက် (၁၈)နှစ် ... ၊ နှစ် တစ်နှစ်ကို ခေတ်တစ်ခေတ် ကြာတယ်၊ ငါ့ကို ကောင်းကင် မတိုင်မီ မွေးပြီး၊ ကမ္ဘာ မြေကြီး ပျက်စီးသွား ရင်တောင်၊ ငါ အသက်ရှင် နေမယ်။ ”

ရုတ်တရက် ကောင်းကင်၌ ပဲ့တင်ထပ် လာသော အသံကြောင့်၊ ကျန်းတောင် နှင့်အဖွဲ့ မှာ၊ မော့ကြည့် လိုက်မိသည်။

သို့သော်လည်း တောက်ပ လွန်းသော အလင်းဖြင့် ဆုံသဖြင့်၊ မျက်ဝန်းများ ချက်ချင်း၊ မှိတ်ချ လိုက်ရ တော့သည်။

***

All Chapters