တစ္ဆေ ... ။
Vol. 114 Ch. 1591
ကောင်းကင်၌ ငွေလမင်းကြီး ထွက်ပေါ် လာသလို၊ တောက်ပ လွန်းသော အလင်းရောင် ကြောင့်၊ ကျန်းတောင်တို့ လေးဦး ထိတ်လန့် သွားသည်။
၎င်း၏ သွေးသား စွမ်းအင်မှ၊ ဖိအားသည် ကောင်းကင် တော်ဝင် နတ်လိပ်ထက် များစွာ ပြင်းထန်ပြီး၊ လေးယောက် လုံးကို ဖိနှိပ်ရန် လုံလောက် ပေ၏။
“ ငါတို့ ဘာလုပ် သင့်လဲ။ ”
ချောင်ယုက လျှပ်စီး နဂါးကို ဆင့်ခေါ် ထားလျက်မှ၊ တိုးတိုးလေး မေးသည်။
“ စောင့်ကြည့် ရအောင်၊ ဒီလူက မိတ်ဆွေလား၊ ရန်သူလား မသိ သေးဘူး။ ”
ကျန်းတောင်က ပြန်ဖြေ၏။ ကျန် လူများ မှလည်း သူနှင့် အတွေးတူ လေသည်။ အသစ် ရောက်ရှိလာ သူနှင့်၊ လင်းယွန် ပတ်သတ်မှု ရှိမည်ဟု မထင်ထားချေ။
လူတိုင်း စိတ်ရှုပ်ထွေး နေရစဉ်၊ ပလွေသံ ထွက်ပေါ် လာသည်။ နတ်ကျောက်စိမ်း ပလွေ သံက၊ အရိုး ပလွေသံကို ဓားသွားများ ကဲ့သို့ ထိုးနှက် တော့သည်။
“ ဖီးနစ် သီချင်း ... ။ ”
လင်းယွန်က တေးသွားကို ချက်ချင်း မှတ်မိသည်။ ခရမ်းငယ်မှ သူ့အား တစ်ခါက သင်ပေး ခဲ့ဖူး၏။
ဖီးနစ် သီချင်းကြောင့် အရိုး ပလွေရှင် လူငယ်၏ မျက်နှာ ပျက်ယွင်း သွားလေသည်။ နဂါးလေး အပေါ် ရည်ရွယ်သော ဖိအားများ လျော့ပါး သွားသည်။
“ ဒီကောင့်ကို အရင် သတ်စမ်း ... ။ ”
မိတ်ဆွေ မဟုတ်မှန်း သိသဖြင့်၊ ကျန်းတောင်မှ ပြတ်ပြတ် သားသား တုံ့ပြန် လိုက်သည်။ ပြဿနာ အစမှာ၊ လင်းယွန် ဖြစ်သည်။ ၎င်းအား သတ်နိုင် ပါက အရာ အားလုံး အဆင် ပြေပေမည်။
“ သွေးသောက် နတ်မိစ္ဆာ ဓားမော့ ... ။ ”
“ စစ်မှန်သော နဂါး လွှမ်းမိုးခြင်း ... ။ ”
“ ကောင်းကင် နေမင်း ... ။ ”
“ ကောင်းကင် ပိုက်ကွန် ... ။ ”
လေးယောက်သား သူတော်စင် လက်နက် များကို အသက်သွင်း ပစ်လိုက်ရာ၊ ရောင်ဝါများ တစ်ဟုန်ထိုး မြင့်တက် လာသည်။
“ လာ ခဲ့ ... ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းပြီး၊ သူ၏ မိုးပြာနဂါး နေ-လ ထီးအား ထုတ်ယူ သည်။ ထို့နောက် နဂါးပြာ အစွမ်းကို ထီးနှင့် ပေါင်းစပ်သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်သော်မှ၊ ဤဘုန်း သူတော်စင် လက်ရာ ကို သုံးရန်၊ ခက်ခဲ နေဆဲ ဖြစ်၏။
နဂါး ရူရ် (၄၀၀၀၀) ထီးထဲ ဝင်မှသာ ပွင့်လာသည်။ ထီးပွင့် လာသော အခါ၊ ပြိုင်ဘက် များ၏ တိုက်ခိုက်မှု တိုင်းကို၊ ဖန်သားပြင် တစ်ခုလို၊ ခံယူ ပေး၏။
လျှပ်စီး နဂါး၊ မီးပင်လယ်၊ လျှပ်စီး ပိုက်ကွန်နှင့်၊ အနက်ရောင် ဓားမော့ တို့က၊ ဝင် လာသည့် အရှိန် အတိုင်း၊ ပြန်ကန် ထွက်ကုန် သည်။
“ ဘာလဲဟ။ ”
လေးယောက် သား ထိတ်လန့် သွားပြီး မိုးပြာ နဂါး နေ-လ ထီးကို ပြန်ကြည့် မိသည်။ ဤကဲ့သို့ ရတနာမျိုး မည်သို့ ပိုင်ဆိုင် ထား သည်အား၊ တွေးတော လာမိ စေ၏။
“ ဘုန်း သူတော်စင် လက်ရာ။ ”
ချောင်ယုက အံ့သြ တကြီး အော်သည်။
“ မင်းမှာ အမြင် ရှိတယ်၊ ဒါပေမယ့် နောက်ကျ သွားပြီ။ ”
ဤသည်မှာ ထီး၏ စွမ်းအား အပြည့် မဟုတ်ချေ။ ၎င်းမှ စစ်မှန်သော နဂါး သို့မဟုတ် မိုးပြာ နဂါး နက္ခတ်ကို ခေါ်ယူ နိုင်သည်။
“ ဝှစ် ... ။ ”
ထီးကို ပြန်ပိတ် ပြီး၊ လင်းယွန်က ရှေ့ ခုန်တက်ကာ ချောင်ယုအား ထီးဖြင့် ရိုက်ချ လိုက်သည်။
ချောင်ယုမှ ကျောက်ပြားကို မြှောက်ကာ တားဆီး လာသည်။ သို့သော် လှိုင်းများ ရိုက်ခံ ရပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
“ ဘုန်း ... ဘုန်း ဘုန်း ။ ”
ထီးဖြင့် သုံးကြိမ် တိုင်တိုင်၊ အခုတ်ခံ ရပြီးနောက်၊ ကျောက်ပြား ကွဲအက် လာကာ၊ အကြွင်း အကျန် နဂါး ဝိညာဉ် ပျံထွက် သွား တော့သည်။
“ အဲဒီမှာ နေ ... ။ ”
နဂါးလေးက ဝါးမျိုခြင်း သူတော်စင် ရူရ်ကို အသက် သွင်းလျက်၊ လျှပ်စီး နဂါး ဝိညာဉ်အား၊ စုပ်ယူ စားသုံး ပစ်သည်။
“ ဂါး ... ။ ”
ချက်ချင်းပင် နဂါး မျောက်ဝံမှာ၊ ပို၍ ပြင်းထန်သော အငွေ့ အသက်များ ထုတ်လွှတ် လာတော့၏။
ထိုအချိန်တွင် ဖီးနစ် သီချင်းကြောင့်၊ အရိုးပလွေ ကွဲသွားပြီး၊ ပလွေရှင် လူငယ် ခမျာ၊ သွေး တစ်လုတ် အန်သွားသည်။
“ ဂါး ... ။ ”
၎င်းကို မြင်ချိန်၌၊ နဂါးလေးက ကျယ်လောင်စွာ ဟိန်းဟောက်လျက်၊ လက်ကိုင် တုတ်ဖြင့်၊ အားကုန် ရိုက်ချ ပစ်သည်။ ဤလူမှ သူ့အား ဒုက္ခ ပေးနေ သည်မှာ ကြာပြီ ဖြစ်၏။
“ မ လုပ် နဲ့ ... ၊ ကျန်းတောင် ငါ့ကို ကယ်ပါ။ ”
အရိုး ပလွေရှင် လူငယ်မှာ၊ ထိတ်လန့် တုန်ယင် စွာဖြင့်၊ အကူ အညီ လှည့်တောင်း တော့သည်။
“ ဟိတ် ... ။ ”
ကျန်းတောင် သည်လည်း၊ သူ့ အဖော်ကို ကယ်တင်လို စိတ်နှင့်၊ ရေကန် မျက်နှာ ပြင်ပေါ် နင်းလျက်၊ အားယူ ပျံသန်း လိုက်သည်။
သို့သော် လင်းယွန်မှ ခွင့် မပြုချေ။ ကျန်းတောင် အထက် လေထုတွင် ရုတ်ချည်း ပေါ်လာပြီး၊
“ ဆင်း သွား ... ။ ”
-ဟု အော်ဟစ် လိုက်သည်။
မိုးပြာ နဂါး နေ-လ ထီးမှ၊ အလင်းများ ဖြာထွက် လာပြီး၊ နဂါး ရူရ် (၄၀၀၀၀)က နဂါး အဖြစ်၊ ပေါ်လွင် လာသည်။
“ အွတ် ... ။ ”
ကျန်းတောင် ခမျာ ထိုနဂါးနှင့် ခေါင်းချင်းဆိုင် တိုက်မိပြီး၊ ရေကန် ထဲသို့ ပက်လက်လန် ကျ သွားတော့၏။
“ ဘုန်း ... ။ ”
ထိုအချိန်တွင် ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်သည်၊ အနက်နှင့် ရွှေရောင် အလင်းများ ဖြာလျက်၊ အရိုး ပလွေရှင် လူငယ်ကို ကြေမွသွား စေခဲ့သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း၏ ဦးရေပြားများ ကျိန်းတွ သွားလေသည်။ အသား ပုံ ကြီးကို တစ်ချက် ကြည့်ပြီး၊ အာခေါင်များ ခြောက်ကုန်၏။
မိုးပြာ နဂါး နေ-လ ထီးကို စွမ်းအား အပြည့်ဖြင့်၊ သုံးကြိမ် သုံးပြီးနောက် လင်းယွန် သည်လည်း၊ အသက်ရှူ မဝ သလို ခံစား လာရသည်။
တိုက်ပွဲ အတွင်း သူ့ကျောက်ပြား ကွဲအက်သွား သဖြင့်၊ ချောင်ယုက ဆုတ်ခွာ ထွက်ပြေး သွားတော့သည်။
ချင်ကန်နှင့် ရန်ကျိုးကို ခရမ်းငယ်မှ တေးသွားဖြင့် ထိန်းထား၏။ ဖီးနစ် သီချင်းက အထွတ် အထိပ်သို့ ရောက်သော အခါ၊ လရောင်ခြည်များ ဆင်းလာသည်။
ထို့ကြောင့် ကျန်းတောင်၊ ချင်ကန်နှင့် ရန်ကျိုးတို့ သုံးယောက် ခမျာ၊ ဒူးထောက်ကျ သွားတော့၏။
ခရမ်းငယ် နောက်၌ ပေ တစ်ထောင်ခန့် မြင့်သော ဖီးနစ် သစ်ပင်ကြီး ပေါ်လာ ပြီးနောက် ကောင်းကင်မှ ဆင်းလာ သည်။
ဤသစ်ပင်သည် ရေခဲ ဖီးနစ် ကိန်းဝပ်ရာ အရပ် ဖြစ်သည်။ ထို့ကြောင့် ငှက်များ အားလုံး၊ ထိုသစ်ပင် ဆီသို့ အရို အသေ ပေးရ၏။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ခမ်းနားသော ဖြစ်စဉ် ကြီးနှင့်အတူ၊ ခရမ်းငယ်က ရေမျက်နှာပြင်ပေါ် ခြေချမိ ချိန်၌ ကျန်တောင်၊ ချင်ကန်နှင့်၊ ရန်ကျိုးတို့ သုံးဦး၏ ခန္ဓာကိုယ် ပေါက်ကွဲ သွားတော့သည်။
နတ်မိစ္ဆာ အဆင့်ဝင် ကြယ်ပွင့် များသည်၊ ဖီးနစ်သီချင်း ရှေ့၌၊ မြူမှုန်မျှသာ ဖြစ်နေသဖြင့်၊ လင်းယွန် တစ်ယောက် အံသြ သွားသည်။
ခရမ်းငယ်သည် နဂါး သွေးရည်ကြည် ကီလိုဂရမ် (၆၀၀၀၀)ကို သန့်စင် ပြီးနောက်၊ မယုံ နိုင်ဖွယ် သန်မာ လာပေ၏။
နဂါး လေးက ကြောင်ပုံစံ ပြောင်းလျက်၊ ခရမ်းငယ်ထံ ပြေးလွှားကာ၊ ငိုကြွေး ပြသည်။ တိုက်ပွဲမှာ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ သူမကို ထပ်မံ မတွေ့ နိုင်ဟု ထင်ခဲ့၏။
ထို့ကြောင့် ခရမ်းငယ်ကို ပြန်မြင် ချိန်၌ ခံစားချက် များအား၊ မထိန်းနိုင် ခဲ့တော့ချေ။
“ မငို နဲ့တော့ ... ၊ ငါ ထွက်သွား မယ်လို့ ပြောဖူး လို့လား။ ”
နဂါးလေးကို ကောက်ပွေ့ပြီး ခေါင်းကို ပွတ်သပ်လျက်၊ လရမ်းငယ်မှ ပြုံးလာ သည်။ ထို့နောက် လင်းယွန်ထံ နတ်ကျောက်စိမ်း ဝါး ပလွေကို ပစ်ပေး လိုက်ပြီး၊
“ နင် ... ပြန်ယူ ထားလို့ ရပြီ။ ”
-ဟု ပြော၏။
“ မင်း ... ၊ စိတ်ပြေ ပြီလား။ ”
နတ်ကျောက်စိမ်း ဝါးပလွေကို ဖမ်းလျက်မှ လင်းယွန်က မေးမိသည်။
“ ဟမ့် ... ၊ ငါ ဘယ်တုန်း ကမှ ... စိတ် မဆိုးဘူး၊ နင့်ဘာသာ အသေခံတာ၊ ငါနဲ့ ဘာ ဆိုင်လို့လဲ၊ နဂါးလေးကို စိတ်ပူ လို့သာ လိုက်လာတာ။ ”
ခရမ်းငယ် အဖြေကြောင့် လင်းယွန်မှာ ပါးစပ်ပိတ် ထားမိ၏။ သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး၊
“ လိပ်စုတ် ဘယ်မှာလဲ။ ”
-ဟု မေးလာသည်။
“ အိုး ဟုတ်သား ... ၊ ငါတောင် သူ့ကို မေ့သွားတယ်၊ နေဦး ခေါ်လိုက်မယ်။ ”
လင်းယွန်က ရေကန် ဘက်သို့ လှည့်ပြီး၊
“ ညီအစ်ကို လိပ် ... ၊ ထွက်လာလို့ ရပြီ၊ ရန်သူတွေ မရှိတော့ ပါဘူး။ ”
-ဟု အော်ပြော လိုက်၏။
သို့သော် ရေကန် မျက်နှာပြင်၊ ငြိမ်သက် နေပြီး မည်သည့် တုန့်ပြန်မှုမှ မပြချေ။ ယင်းက လင်းယွန်ကို အဆင် မပြေသည့် အနေ အထားသို့၊ ကျရောက် သွားစေသည်။
“ ဘာ ဖြစ် လို့ လဲ။ ”
ခရမ်းငယ်မှ မေး၏။ လင်းယွန်က နတ် လိပ်ငယ်နှင့် ပူးပေါင်းရန် ကြိုးစား ခဲ့စဉ်၊ အဖြစ် အပျက် များကို၊ ပြန်ပြောပြ မိသည်။
“ နင် အရူးပဲ၊ နင့်ကို ထက်မြက်မယ် ထင်ထားတာ၊ လိပ်ကလေး တစ်ကောင်ရဲ့၊ အရူး လုပ်တာ ခံလိုက် ရတယ်လို့ ... ။ ”
ခရမ်းငယ်မှ ဒေါသ တကြီးဖြင့်၊ ဆူပူ ကြိမ်းမောင်း လေသည်။ လင်းယွန်၌ ပြန်လည် ချေပ စရာ၊ စကားလုံး မရှိ သောကြောင့်၊ ပါးစပ် ပိတ်ထား မိ၏။
ဤလိပ်ကို ယုံမိသဖြင့်၊ ခရမ်းငယ်သာ မရောက်လာ ပါက၊ သူ သေနိုင်သည်။ သစ္စာမဲ့ လွန်းသော နတ်လိပ် ပေပင်။
“ နင့် ... ဒဏ်ရာ ဘယ်လို နေသေးလဲ။ ”
စိတ်ပျက် နေသော လင်းယွန်ကို မြင်ပြီးနောက်၊ ခရမ်းငယ် နှလုံးသားက နူးညံ့ လာ၏။
“ အဆင်ပြေ ပါတယ်၊ ငါ မသေနိုင် တော့ပါဘူး။ ”
ပြင်းထန်သော ဒဏ်ရာများ မရရှိ သဖြင့်၊ ခေါင်းယမ်း မိသည်။ နဂါး မူလ စွမ်းအင်များ ကုန်ဆုံး ရုံသာ ဖြစ်၏။
“ ငါ ... ၊ သူ့နောက် လိုက်မယ်။ ”
သူ့အနေဖြင့်၊ ကျန်းတောင်တို့ လေးဦးကို အနိုင်ယူ နိုင်မည် မဟုတ်ဟု၊ နတ်လိပ် ငယ်က ယူဆပြီး၊ သူ့အား လှည့်စား ခဲ့ပုံ ရသည်။
ထို့အကြွေးကို ပြန်ယူ ရပေမည်။ မဟုတ်သော် သားရဲ တစ်ကောင် လှည့်စားခြင်း ခံရသူ တစ်ဦး အဖြစ်၊ သူ့ ဂုဏ်သိက္ခာ ပျက်ပြား သွားနိုင်၏။
နတ်လိပ် ငယ်၏ ဆန္ဒကို မတောင်းခံ တော့ဘဲ၊ သွေးအဆီ အနှစ်အား ထုတ်ယူရန် ဆုံးဖြတ် လိုက်သည်။
ကျန်းတောင်တို့ လေးဦးနှင့် တိုက်ခိုက် ပြီးနောက်၊ မကြာမီ အောင်မြင်မှု တစ်ခု ပြုလုပ် တော့မည်ဟု ခံစား လာရသည်။
အရှေ့ဘက် ပျက်စီးခြင်း နန်းတော်တွင်၊ စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ဘီလူးကြီး များနှင့်၊ ရင်ဆိုင် ရမည် ဖြစ်သည်။
ထိုအချိန်၌ ကံကောင်းခြင်း ဟူသည် မရှိနိုင်ချေ။ အစွမ်း ရှိသ၍ ပြင်ဆင် ထားရ ပေမည်။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး၊ အနား မလာနဲ့။ ”
ထိုအချိန်တွင် ထွက်ပြေး သွားသော ချောင်ယုမှာ၊ ကြောက်လန့် တကြား အော်ဟစ် ငြင်းဆန်ပြီး၊ တောအုပ် အတွင်းမှ နောက်ပြန် ဆုတ်လာသည်။ သရဲ တစ္ဆေကို မြင်နေ ရ သကဲ့သို့၊ တုန်ယင် နေ၏။
စိမ့်ရေကန် အနား ရောက်ချိန်၌၊ တောအုပ်ကို မျက်နှာ မူပြီး၊ ဒူးထောက် ချလိုက် သည်။
“ စီနီယာ ... ငါ မှားပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး၊ ငါ့ အသက်ကို ချမ်းသာ ပေးပါ။ ”
ထို့နောက် သွေးများ ဖုံးလွှမ်း လာသည် အထိ၊ မြေပြင်ကို နဖူးဖြင့် စောင့်ကာ-စောင့်ကာ၊ တောင်းပန် တော့သည်။
ထိုမြင်ကွင်းက လင်းယွန်နှင့် ခရမ်းငယ်ကို ထိတ်လန့် သွားစေ၏။ နှစ်ဦးသား တောအုပ်ထံ ချက်ချင်း လှည့်ကြည့် လိုက်မိသည်။
***