ငါ့ လက်ထဲက ... ငါ့ ဘဝ ။
Vol. 114 Ch. 1592
လင်းယွန်၏ ဓားရည်ရွယ်ချက် သို့မဟုတ်၊ ခရမ်းငယ်၏ မွေးရာပါ အာရုံ ခံစား နိုင်မှု မှပင်၊ မိုင် တစ်ရာ အတွင်း မည်သူမျှ မရှိဟု ပြောနေသည်။
ထို့ကြောင့် လိပ်နက် အသက် ရှူနည်း တတ်ကျွမ်း ထားသူ သို့မဟုတ်၊ သူတို့ထက် သန်မာသော သူ၊ ဤနှစ်မျိုးသာ ဖြစ်နိုင် ပေမည်။
နောက်ဆုံး တစ်ခုသာ ဖြစ်သော်၊ ဤပုဂ္ဂိုလ်သည် အနည်းဆုံး သူတော်စင် အဆင့် ဖြစ်နိုင်၏။
“ စီနီယာ ... ငါ ... ငါ့ကို ချမ်းသာ ပေးပါ။ ”
ချောင်ယုမှ အဆတ် မပြတ် တောင်းပန် နေစဉ်၊ လေးလံသော ဖိအားများ ခံစားလာ ရ သဖြင့်၊ လင်းယွန်နှင့် ခရမ်းငယ်မှာ အချင်းချင်း နီးကပ်အောင် ရွေ့ယူ လိုက်သည်။
နှစ်ယောက်သား စိတ်မသက် မသာ ဖြစ်လာသည်။ ထို့နောက် မီးခိုးရောင် ၀တ် အဖိုးကြီး တစ်ဦး တောအုပ် ထဲမှ ထွက်လာသည်။
အဆိုပါ အဖိုးအိုတွင် မည်သည့် ရောင်ဝါမှ မရှိဘဲ၊ ကျင့်ကြံသူ တစ်ဦး မဟုတ် သည့်အလား ခံစား ရစေသည်။
ကုန်ကုန်ပြော ရသော် သက်ရှိ တစ်ဦး အဖြစ်ပင်၊ ခံစား ကြည့်၍ မရချေ။ ၎င်းရပ်နေ သော်မှ၊ မရှိ သကဲ့သို့ ထင်မိသည်။
တစ်ဖက် တွင်မူ ခရမ်းငယ်မှာ တစ်စုံ တစ်ခုကို တွေ့ရှိ သွားပြီး၊ အံ့အားသင့် လာလေ သည်။
“ စီ ... စီနီယာ ... ။ ”
အဖိုးအိုကို မြင်သည်နှင့်၊ ချောင်ယုမှာ ခေါင်းမဖော် တော့ချေ။ အဖိုးအိုက လျစ်လျူ ရှုပြီး၊ သူ့လက်ကို ဝှေ့ယမ်း လိုက်၏။
“ အား ... ။ ”
သဏ္ဍာန်မဲ့ စွမ်းအား တစ်ခု ဆင်းသက် လာကာ၊ ချောင်ယုအား ရစ်ပတ် တော့သည်။ ထို့နောက် ချောင်ယု၏ ကျင့်ကြံမှုကို သန့်စင် နေသဖြင့်၊ ငိုကြွေး သံများ ညံလာ၏။
ဆေးလုံး တစ်လုံးကို သောက်သုံးနေ သကဲ့သို့၊ အဖိုးအိုမှ လူသား တစ်ဦး အပေါ်၊ တိုက်ရိုက် ဝါးမျို နေခြင်း ဖြစ်သည်။
ခေျာင်ယု အော်သံမှာ တိုးလျ လာပြီး၊ ခန္ဓာကိုယ် တဖြည်းဖြည်း ကျုံ့ဝင် လာ၏။ အဆုံးတွင် ကြက်သွေးရောင် အသားလုံး အဖြစ်သို့ ပြောင်းလဲ သွားသည်။
ကြက်သွေးရောင် ထိုအသား လုံးကို ကြည့်ကာ၊ ၎င်းသည် နဂါးသွေး လွှတ်ကြော နယ်ပယ်မှ၊ လူသား တစ်ဦး ဖြစ်ကြောင်း၊ မည်သူမျှ ယုံမည် မဟုတ်ချေ။
လုပ်ငန်းစဉ် ပြီးဆုံး သည့်နောက် မီးခိုးရောင် ဝတ် အဖိုးအိုက သူနှင့် ခရမ်းငယ်ထံ လှည့်ကာ၊ ပြုံးပြ၏။
“ မင်း တို့တွေ စိတ်ရှုပ် နေစရာ မလိုဘူး ... ၊ ငါ ဘာလုပ် နေတာလဲ ငါ သိပြီး သားပါ၊ မင်းက ငါ့ မြေးကို ကယ်ခဲ့တဲ့ လူ မဟုတ်လား။”
“ မြေး ... ။ ”
အဖိုးအို စကားကြောင့် လင်းယွန် အံ့ဩ သွားသည်။
“ နင့်ရဲ့ ... မြေးက လူလိမ်ပဲ။ ”
ခရမ်းငယ်က ချက်ချင်း တုန့်ပြန်၏။ ထို့ကြောင့် ဤအဖိုးအိုသည်၊ နတ် လိပ်ငယ်၏ အဖိုး ဖြစ်မှန်း၊ လင်းယွန် နားလည် လာသည်။
ယင်းက ထိတ်လန့် စရာ ပေပင်။ သို့သော် အဘိုးအိုက စိတ်ရှုပ် ထွေးစွာဖြင့် ခရမ်းငယ်အား စိုက်ကြည့်၏။ ခရမ်းငယ်မှ အဖြစ် အပျက် များကို၊ ပြန်ပြောင်း ပြောပြ လိုက်သည်။
ဇာတ်လမ်း ဆုံးချိန်၌ အဖိုးအိုမှာ ရှက်ရွံ့သော အမူ အရာဖြင့် ပြုံးပြီး၊
“ တစ်ချိန်က ငါတို့ မျိုးရိုးက၊ အင်အား ကြီးတဲ့ ရန်သူကို ရန်စ မိလို့၊ သားစဉ် မြေးဆက် တွေကို၊ အဝေး ပို့ထား ခဲ့ရတယ်၊ ငါတို့ ရန်သူကို ဖြေရှင်းပြီး ချိန်မှာ ...
... သူတို့ကို လိုက်ရှာတော့ မတွေ့ ခဲ့ဘူး၊ ဒီကောင်လေးက ... ၊ အဲဒီ ကလေးတွေ ထဲက တစ်ယောက်ပဲ၊ သူ အသက် အန္တရာယ် ကြုံလာ မှသာ၊ ဒီမှာ ရှိနေမှန်း ...
... ငါ သိရတာ၊ သူက အရမ်း ငယ်တော့ တော်တော် ကြောက်သွား ပုံရတယ်၊ စိတ်မပူနဲ့ မင်း လိုတဲ့ လိပ်နက် သွေးကို ငါ ပေးပါ့မယ်။ ”
-ဟု တောင်းပန် လာသည်။
“ ကျေးဇူး တင်ပါတယ် စီနီယာ။ ”
လင်းယွန်က လက်ဝှေ့ယမ်းလျက် တုန့်ပြန် စကားပြော လိုက်သည်။
“ စိတ်ဝင်စား စရာပဲ၊ မင်းရဲ့ အခြေခံ အုတ်မြစ်နဲ့ဆို ...၊ လိပ်နက်သွေး တစ်စက်က မင်း ဒုက္ခကို ကူညီနိုင်မှာ မဟုတ်ဘူး၊ နောက် တစ်စက် ထပ်ယူလိုက်။”
အဖိုးအိုက ရွှေရောင် အရည် နှစ်စက်ကို ပေါင်းပြီး ပြောလာသည်။ သူတော်စင် လိပ်နက် သွေးမှာ တောက်ပ လွန်းပြီး၊ အတွင်းရှိ စွမ်းအား များသည် ကြောက်မက်ဖွယ် ကောင်း၏။
“ စီနီယာ ... ၊ နောက် တစ်စက်လောက် ထပ်ပေးလို့ ရမလား၊ တန်ကြေး အဖြစ် ရတနာ တွေနဲ့၊ ဖလှယ်ပေး ပါ့မယ်။ ”
“ ရတနာတွေ ပေးစရာ မလို ပါဘူး၊ ဘာအတွက် လိုအပ် လဲသာ ပြောပြပါ၊ အခြား လူကို ပေးဖို့ ဆိုရင်တော့ ... ။ ”
အဘိုးအိုက သူ့စကားကို ခေတ္တ ရပ်ပြီး ပြုံးလျက်၊
“ သူတော်စင် လိပ်နက် သွေး တစ်စက် ဖြစ်လာဖို့ ဆိုရင် အနှစ် တစ်ရာ၊ အချိန် ပေး ရတယ်။ ”
-ဟု ထုတ်ဖော် ပြောပြ လာသည်။
၎င်းသည် တန်ဖိုး မဖြတ် နိုင်သော ရတနာ တစ်ပါး ဖြစ်ကြောင်း၊ အရိပ် အမြွက် ပြောခြင်း ဖြစ်၏။
ဆိုလို သည်မှာ သူ့မြေးကို ကယ်ခဲ့ သော ကြောင့်သာ၊ ဤအရာကို လုပ်ဆောင် နေခြင်း ဖြစ်ပြီး၊ နောက် တစ်စက် မပေး လိုမှန်း၊ နားလည် လိုက်သည်။
“ အိုး ... သတိ ရပြီ၊ ကျွန်တော့်မှာ စီနီယာ နားလည် နိုင်မဲ့ လိပ်ခွံ တစ်ခု ရှိတယ် ။ ”
ကူကယ်ရာမဲ့ နေရာမှ၊ နတ်လိပ် အသွင်ပြောင်း နည်းကို မှတ်တမ်းတင် ထား သည့် လိပ်ခွံအား၊ သတိ ရသွားသည်။
မီးခိုးရောင် ၀တ် အဘိုးအိုက လိပ်ခွံကို စစ်ဆေး ကြည့်ပြီး၊ မျက်နှာ ပြောင်းလဲ သွားလေ သည်။ ထို့နောက် လင်းယွန်ကို ကြည့်ကာ၊
“ လိပ်နက် အသက်ရှူ နည်းကို သင်ပြီး ပြီလား။ ”
“ ဟုတ် ကဲ့ ... ။ ”
“ ဘယ် နှစ်ရက် ကြာလဲ။ ”
“ တစ်ရက် ... ။ ”
လင်းယွန်က ပြန်ဖြေ၏။
“ အကြိမ်ကြိမ် ... ။ ”
ခရမ်းငယ်မှ ဝင်ထောက် ပေးသည်။ ထို့ကြောင့် အဖိုးအိုမှ မယုံကြည် နိုင်စွာဖြင့် လင်းယွန်ကို ကြည့်ပြီး၊ ခရမ်းငယ်ထံ ပြန် ကြည့်သည်။
သူက ခရမ်းငယ် စကားကို ပိုယုံ၏။ ယင်းကို နားလည် လိုက်သော ခရမ်းငယ်က၊
“ သူ မလိမ်ဘူး ... ၊ တစ်ရက် တည်းနဲ့ အကြိမ်ကြိမ် ကြိုးစား ပြီးမှ၊ သင်ယူ နိုင်ခဲ့တာ၊ ဒါကြောင့် အကြိမ် ကြိမ်လို့ ပြောတာ။ ”
“ ကောင်းပြီ ... ၊ သခင် ဖီးနစ်က ဒီလို ပြောတဲ့ အတွက် ... ၊ အဲဒါက အမှန် ဖြစ်ရမယ်၊ ဒီလိပ်ခွံရဲ့ ဒုတိယ အပိုင်းကို စိတ်ဝင်စားရင်၊ နောင်မှာ ငါ့ကို လာရှာလို့ ရတယ်။ ”
“ စီနီယာ ... ၊ နာမည် ဘယ်လို ခေါ်လဲ။ ”
“ နာမည် လား ... ၊ လူတွေက ငါ့ကို ... ဘိုးဘေး ပင်လယ် လိပ်နက်လို့ ခေါ်ကြတယ်၊ ဒီလိပ်ခွံရဲ့ ဒုတိယ အပိုင်းက လိပ်နက် အမွေပဲ။ ”
ဘိုးဘေး ပင်လယ် လိပ်နက်က လေးနက်သော အမူ အရာဖြင့် ပြောလာသည်။ သည့်နောက် သွေးတစ်စက် ထပ်ထုတ်ပေး လာ၏။
ပတ်ဝန်းကျင် အပြောင်း အလဲကြောင့်၊ နတ်လိပ်ငယ်က စိမ့်ရေကန် ထဲမှ ခေါင်းပြူ ကြည့်သည်။
ဘိုးဘေး ပင်လယ် လိပ်နက် ထံမှ ရင်းနှီးသော အရိပ် အယောင်ကို ခံစားရ သဖြင့်၊ နဝေ တိန်တောင် ဖြစ်သွား၏။
“ အဘိုးလား ... ။ ”
“ လူမိုက်လေး ... ၊ မင်း ကိုယ့်အဖိုး ကိုယ်တောင် မမှတ်မိ ဖူးလား။ ”
ဘိုးဘေး ပင်လယ် လိပ်နက်က ဝမ်းသာ ပျော်ရွှင် သွားသည်။ သူတို့ မျိုးရိုးမှ ကလေးငယ် အများ အပြား သေဆုံး သွားသည်ကို သတိ ရကာ၊ မျက်ရည်များ ဝဲလာသည်။
သူ့ မြေးများ အန္တရာယ် ကျရောက်မှ သာလျှင်၊ တည်နေရာကို သိရ သဖြင့်၊ ချက်ချင်း အရောက် သွားခဲ့ သော်လည်း၊ မကြာ ခဏ နောက်ကျ နေတတ်သည်။
ယခု တစ်ကြိမ် တွင်လည်း၊ အလားတူ ဖြစ်သည်။ လင်းယွန် ကြောင့်သာ မဟုတ်သော်၊ ဤမြေး ကိုလည်း ဆုံးရှုံး ရနိုင်၏။
ထို့ကြောင့် လင်းယွန်အား လှည့်ကာ၊ ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောဆို တော့သည်။
သို့သော် သူ့ ရည်ရွယ်ချက်မှာ၊ လိပ်နက် သွေး အတွက် ဖြစ်သဖြင့်၊ လင်းယွန် ခမျာ စိတ် မလုံ တော့ချေ။
“ ဘာအတွက် ရောက်လာ တာလဲ၊ ငါ မသိချင်ဘူး၊ မင်း ဘာတွေ လုပ်ခဲ့တယ် ဆိုတာပဲ၊ ငါ စိတ်ဝင် စားတယ်။ ”
သူ့ အတွေးကို မြင်ဟန်ဖြင့်၊ ဘိုးဘေး ပင်လယ် လိပ်နက် ကြီးက ခေါင်းယမ်းကာ ဆိုလေသည်။
ထိုအချိန်တွင် ခရမ်းငယ်က ရေခဲ မိစ္ဆာကို စိမ့်ရေကန် အတွင်းမှ ဖမ်းယူ လိုက်ပြီ ဖြစ်သည်။ သူတို့၏ ခရီးစဉ်မှာ အော်မြင်စွာ ပြီးဆုံး သွားချေပြီ။
ရောင်ဝါ လေးမျိုးနှင့်၊ လိပ်နက် သွေး သုံးစက် အပြင်၊ အမည်ခံ ကောင်းကင် အမိုး ဓား သည်လည်း၊ ပိတ်ဆို့မှုများ ပြေလျော့ လာ၏။
“ ရောင်ဝါ လေးမျိုးနဲ့၊ ဓား ရည်ရွယ်ချက် အပေါ်၊ အလျင် မလိုနဲ့ဦး ... ၊ ဒီနေရာမှာ နင်နဲ့ နဂါးလေး အဆင့် တက်လို့ ရတယ်။ ”
လိပ်မြေး အဖိုး ထွက်သွား သည်နှင့်၊ ခရမ်းငယ်မှ ပြောလာသည်။ လိပ်နက် သွေး သည်၊ နာရီ အနည်းငယ် မျှသာ အာနိသင် ရှိသဖြင့်၊ ဦးစွာ လုပ်ရန် လို၏။
လိပ်နက် အသတ်ရှူ နည်း အတွက်မူ၊ ပြဿနာ မရှိချေ။ လင်းယွန်က ခေါင်းညိတ်ပြီး၊ လိပ်နက်သွေး တစ်စက်ကို နဂါးလေးအား ပေးသည်။
“ နင် ဘာလုပ် တာလဲ၊ အဲဒီ လိပ်အိုကြီး အစွမ်းက နင့် ဆရာထက် မနိမ့်ဘူး ... ၊ သူက နင့် အတွက် နှစ်စက် လိုတယ်လို့ ပြောရင် တကယ် လို လို့ပဲ။ ”
ခရမ်းငယ်မှ အော်ငေါက် လာလေသည်။
“ ဓားသမား တွေ အတွက်၊ စိတ်ဓာတ် ခိုင်မာဖို့ပဲ လိုပါတယ်။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ အရေး အကြီးဆုံး ကတော့ ... ငါ့ဓားကို ဖြတ်ကျော်ဖို့ ... ၊ ဒီဒုက္ခ အတွင်းမှာ ကြိုးစားချင် လို့ပဲ။ ”
“ နင် ... ။ ”
ကျန်းတောင် တို့နှင့် တိုက်ခိုက် နေစဉ်၊ ဓားရည်ရွယ်ချက်မှာ၊ အရှိန် အဟုန်ဖြင့် လူးလွန့် နေသည်ဟု၊ ခံစား ခဲ့ရသည်။
ထို့ကြောင့် အသက်နှင့် သေခြင်းကြား ရုန်းကန်လျက်၊ ၎င်းအား ထိုးဖောက် အရယူ ရပေမည်။
မဟုတ်သော် ဤအခွင့် အရေးကို လွတ် သွားနိုင်ပြီး၊ ဆယ်နှစ်ခန့် အချိန် ထပ်ပေး ရပေ လိမ့်မည်။
ဤသည်မှာ ဓားသမား အများ အပြား ကြုံတွေ့ ရသော ပြဿနာ ဖြစ်သည်။ နားလည် နိုင်စွမ်းမှာ မလုံလောက်၍ မဟုတ်ချေ။ သေခြင်း တရားဖြင့်၊ ၎င်းကို သန့်စင်ရန် ပျက်ကွက် ခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံမှု မြင့်မား လာသည်နှင့် အမျှ၊ တစ်စုံ တစ်ယောက်သည် သေရ မည်ကို ကြောက်ရွံ့ပြီး၊ ဘဝ အပေါ် ခုံမင် လာ၏။
“ ငါ နားလည် ပါတယ်၊ ဒါပေမဲ့ နင့် ဒုက္ခကို ခံယူနေတုန်း ကြိုးစား တာက၊ အရမ်း အန္တရာယ် များတယ် မဟုတ်လား။ ”
ခရမ်းငယ်မှ စိုးရိမ်သော လေသံနှင့် ပြောလာ ပြန်၏။
“ မင်း အပေါ်၊ တစ်ချိန်လုံး အားကိုး နေလို့ မရဘူး ခရမ်းငယ် ... ၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ကို သွားချင်ရင်၊ ခွန်အား လိုတယ်၊ ...
... ပြီးတော့ မင်းက ဖီးနစ်ပဲ၊ တစ်နေ့ ဒီကောင်းကင်ပေါ် ... ၊ ပျံသန်း ရမယ်၊ ငါ့နောက် တစ်ချိန်လုံး လိုက် မနေနဲ့၊ မင်းခန္ဓာ ကိုယ်ကို ငါ ရအောင် ရှာပေးမယ်။ ”
“ ကောင်းပြီ ... နင်တို့ နှစ်ယောက်ကို၊ ငါ စောင့်ပေးမယ်။ ”
ခရမ်းငယ်က အဝေးကို ငေးကာ ပြော လိုက်၏။ နဂါးလေးသည် နဂါး အကြွင်း အကျန် ဝိညာဉ်ကို မျိုချ ပြီးနောက်၊ လိပ်နက် သွေးဖြင့်၊ အလွယ် တကူ အဆင့် ချိုးဖြတ် နိုင်ပေမည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ လင်းယွန် လက်ဖဝါး ပြင်ရှိ လိပ်နက် သွေးစက်၊ မှိန်ဖျော့ သွားသည်။
အလင်းများ သူ့ခန္ဓာ ကိုယ်မှ ထွက်လာပြီး၊ အဝေးမှ ကြည့်သော် ရွှေရောင် အလင်း စက်လုံး ကြီးနှင့် တူ၏။
“ အခုချိန်ထိ မအောင်မြင် သေးဖူးလား။ ”
ခရမ်းငယ်မှ မျက်ခုံးပင့် လိုက်သည်။ လိပ်နက် သွေးတွင် သန့်စင်သော စွမ်းအင် ပါ ရှိ၏။
ထို့ကြောင့် မည်သူ မဆို၊ ဒုက္ခကို အလွယ်တကူ ကျော်လွှား နိုင်ပေမည်။ သို့သော် လင်းယွန်မှာ ဒုက္ခ ဖြစ်စဉ်ပင်၊ ပေါ်မလာ သေးချေ။
ထိုအချိန်တွင် နဂါးလေး အထက် ကောင်းကင်၌ လျှပ်စီးများ လက်လာပြီး၊ ဒုတိယ သွေးလွှတ် ကြောသို့၊ လွယ်ကူစွာ ကူးပြောင်း နေသည်။
“ ဒီလူယုတ်မာ ... ။ ”
ထို့ကြောင့် လင်းယွန်ကို ပြန်ကြည့်ကာ၊ ခရမ်းငယ် တစ်ယောက် စိတ်တို လာခဲ့သည်။ အကယ် ၍သာ နောက်ထပ် တစ်နာရီ အတွင်း ဒုက္ခကို မခံယူ ပါက၊ လိပ်နက်သွေး အာနိသင် ကုန်ကာ၊ လိပ်ခွံ အကာ အကွယ်ကို ဖွဲ့နိုင် တော့မည် မဟုတ်ချေ။
တစ်ဖက်တွင် ပေ (၅၀၀၀၀) ရှိသော လင်းယွန်၏ နဂါး မြစ်သည် ကန့်သတ်ချက် ရောက်ရှိ သွားပြီ ဖြစ်သည်။ ဆန္ဒရှိ ချိန်တိုင်း ဒုက္ခ ခံနိုင်၏။
သို့သော် ကမ္ဘာဖျက် ဆေးအိုး ကြီးက အောက်ခြေ မရှိသော အိုးကြီး တစ်လုံး ကဲ့သို့၊ လိပ်နက် သွေးမှ စွမ်းအင်ကို စုပ်ယူ နေသည်။
ယင်းက ဒေါသ ထွက်စရာ ဖြစ်၏။ သို့သော် မည်သည့် အရာမျှ မလုပ် နိုင်ဘဲ၊ ရပ်ကြည့် နေရ လေသည်။
အဆုံး၌ ဆေးအိုး ကြီးက နဂါးမြစ် အတွင်းသို့၊ သန့်စင်သော စွမ်းအင် များကို ထွေးထုတ် လာသည်။
ဤစွမ်းအင်သည် ဆေးအိုးကြီး အမြင်၌ အညစ် အကြေး ဖြစ်၏။ သူသည် သွေး အတွင်း မှ၊ အနှစ် သာရ ကိုသာ လိုအပ်သည်။
သို့သော် တစ်ဖက်တွင်၊ ဆေးအိုးကြီးမှ အညစ် အကြေးသည်၊ လင်းယွန် လိုအပ်သည့် သန့်စင်သော ဝိညာဉ် စွမ်းအင်များ ဖြစ်သည်။
ထို့ကြောင့် နဂါးမြစ် မျက်နှာပြင်သည် ရွှေရောင်ပြောင်း လာတော့၏။ မြစ် တစ်ပြင်လုံး ပွက်ပွက်ဆူ လာသည်။
အထွတ် အထိပ်သို့ ရောက်သော အခါ၊ မီးတောက်များ ပေါက်ကွဲလျက်၊ ရောင်ဝါ လှိုင်း များ ခန္ဓာကိုယ် အနှံ့ ရိုက်ခတ် လာ၏။
“ ဂျိန်း ... ။ ”
ရောင်ဝါ ပေါက်ကွဲ မှုကြောင့်၊ မိုးကုပ် စက်ဝိုင်း အစပ်မှ မိုးခြိမ်း သံများ တဟုန်ထိုး တက်လာ တော့သည်။
ပေ ထောင်ဂဏန်း ခန့် ရှိသော လျှပ်စီး ကြောင်းများ ပေါ်လာပြီး၊ ခန္ဓာကိုယ် အတွင်းရှိ၊ တောက်လောင် နေသော မီးလျှံ များနှင့် ချိတ်ဆက် သွား၏။
ဤမြင်ကွင်းသည် ခရမ်းငယ်ကို အံသြ လာစေသည်။ လင်းယွန်၏ ကောင်းကင် ဒုက္ခ မှာ၊ မယုံနိုင် စရာ ဖြစ်၏။
ဘိုးဘေး ပင်လယ် လိပ်နက်မှ၊ သွေး နှစ်စက်လို သည်ဟု အဘယ့်ကြောင့် သတိ ပေး ခဲ့သည်ကို၊ နားလည် လာသည်။
“ စပြီလား ... ။ ”
သဘာဝ ဖြစ်စဉ်များ ထွက်ပေါ် လာပြီ ဖြစ်ရာ၊ လင်းယွန်မှ ပြုံးလိုက် လေသည်။ ဓား ဟူသည်၊ မည်သည့် အရာကို မဆို၊ ပိုင်းဖြတ် နိုင်ရ ပေမည်။
သူ့ ဘဝအား ကောင်းကင်မှ မပိုင်ချေ။
***