← Chapters

လူမိုက် ကံကောင်း ... ။

Vol. 114 Ch. 1593

လူမိုက် ကံကောင်း ... ။

Vol. 114 Ch. 1593

သို့သော် တိမ်ထဲတွင် ပုန်းကွယ် နေသော ဧရာမ နဂါးကြီးက၊ ကောင်းကင်မှ ဆင်းမလာ သေးဘဲ၊ လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ နဂါး မူလ စွမ်းအင်ကို မီးတောက်များ အဖြစ်သို့ ပြောင်းလဲ ပစ်သည်။

လိပ်နက် သွေး၏ အကျိုး အာနိသင်က စတင် ပြသ လာ၏။ သွေး အတွင်းရှိ သူတော်စင် ရူရ်များသည် အပ်စိုက်မှတ်များ၊ အရိုးများနှင့် အတွင်း အင်္ဂါများကို ကာကွယ်မှုများ ပြုလုပ်လာတော့သည်။

နဂါး မီးတောက် များက တဟုန်းဟုန်း တောက်လောင်လျက်၊ လိပ်ခွံကြီး ကဲ့သို့သော ထိုအကာ အကွယ်ကို လောင်မြိုက် သည်။

တစ်ချိန်တည်း မှာပင်၊ ဓားပင်လယ် အတွင်းမှ ရွှေလူသားက မျက်လုံးများ ဖွင့်ကြည့် လာ၏။

၎င်းထံမှ ဓားရောင်ခြည်များ ဖြာထွက် လာပြီးနောက်၊ တံဆိပ် တစ်ခုကို ဖန်တီးရာ၊ ဓား ပင်လယ်မှ နဂါး တစ်ကောင် ထွက်လာသည်။

ထိုနဂါးသည် ရွှေအတိဖြင့် တောက်ပ လွန်းခေျပြီ။ ၎င်းက တောက်လောင် နေသော နဂါး မီးတောက် များကို ငြိမ်းသတ် ပေး၏။

တစ်ချိန် တည်းမှာပင် နဂါး မီးတောက် ကူးစက် ခံရသဖြင့်၊ ရွှေနဂါးကြီး သည်လည်း၊ ပို၍ သန်မာ လာခဲ့သည်။

ယင်းကြောင့် ဓားဝိညာဉ်ကို နဂါး မီးတောက်ဖြင့် သန့်စင်ရန် အကြံရ လိုက်၏။ ဤနည်းဖြင့် ကောင်းကင် အမိုးဓားကို ရယူရ ပေမည်။

၎င်းကို လွတ်သွား ခဲ့သော်၊ မည်မျှ ကြာအောင် ထပ်မံ စောင့်ဆိုင်းရ မည်ကို မတွက်ဆ နိုင်ချေ။

နဂါး မြစ်သည် ကြီးမားလှ သဖြင့်၊ နဂါး မီးတောက်များ ငြိမ်းသတ် ခံရ သော်မှ၊ အသစ် အသစ်များ အကြိမ်ကြိမ် တောက်လောင် လာသည်။

အဆုံးတွင် နဂါး မီးတောက်များ ကုန်းဆုံး သွားပြီး၊ ကောင်းကင် ဒုက္ခ၏ ဒုတိယ လှိုင်း စတင်၊ ရောက်ရှိ လာတော့သည်။

“ ဂျိန်း ... ။ ”

ဤတစ်ကြိမ်၌ ပေ တစ်ထောင်ခန့် ရှည်လျားသော နဂါးကြီး ကဲ့သို့ စုရုံး လာသည့် မိုးကြိုး တိမ်တိုက်များ ဖြစ်လေသည်။

“ မိုးကြိုး ကပ်ဘေးလား။ ”

ပြင်ဆင်ထား သော်လည်း၊ ဒုက္ခ၏ ပမာဏကို မြင်သော အခါတွင်၊ မျက်ခုံးပင့် လိုက်မိ၏။

ယုတ္တိ ဗေဒ အရ ပြောရမည် ဆိုသော် ပထမနှင့် ဒုတိယ ဒုက္ခ များသည် ဤမျှလောက် မပြင်းထန် သင့်ချေ။

သို့သော် သူ့ အတွက်မူ ပထမ ဒုက္ခ မှာပင်၊ ပြင်းထန် နေခဲ့သည်။ ဒသမ ကြယ်ကို ရရှိထား ခြင်းကြောင့် ဖြစ်နိုင် ပေ၏။

ကောင်းကင်မှ သူ့ကို ဖျက်ဆီးချင် နေသောကြောင့် ကောင်းကင်အား ပြန်၍ တိုက်ခိုက် ရပေ တော့မည်။

မိုးကြိုးများ ပစ် မချခင် မှာပင်၊ ရွှေလူသား ပျံထွက် လာပြီး၊ မိုးကြိုး တိမ်တိုက်ထဲ ပြေးဝင် သွားသည်။

မိုးကြိုး တိမ်များ အတွင်း၊ ဓားရည်ရွယ် ချက်ဖြင့်၊ ဖွဲ့စည်း ထားသော ရွှေရောင် အလင်း တိုင်ကြီးအား မြင်လိုက် ရသည်။

အလင်းတိုင် အလယ်၌ ရွှေလူသားက လျှပ်စီး များကို လိုက်လံ ဖျက်ဆီး ပေးနေ၏။ ဤသည်မှာ ခမ်းနားသော မြင်ကွင်း တစ်ရပ် ပေပင်။

တစ်ဖက်တွင် ကောင်းကင် ဒုက္ခကို ဖြတ်ကျော် ပြီးနောက်၊ နဂါးလေး တစ်ကောင်၊ ဒုတိယ သွေးလွှတ် ကြောသို့ ရောက်ရှိ သွားသည်။

“ ဝှစ် ... ။ ”

လုပ်ငန်းစဉ် ပြီး ဆုံးသည်နှင့်၊ ခရမ်းငယ် အနားသို့၊ အလင်းတန်း အသွင်၊ ပြောင်းလဲ ဆင်းသက် လိုက်သည်။

“ အစ်ကိုကြီး အဆင်ပြေ မှာလား။ ”

“ ငါ မသိဘူး၊ ဒီလူမိုက်က တကယ် မိုက်မဲတယ်။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။ လင်းယွန်သည် သူ့ဒုက္ခ ကြောက်မက်ဖွယ် ကောင်းမည်ကို သိ သော်မှ၊ ပဉ္စမတန်း ဓား ရည်ရွယ် ချက်ကို ရယူချင် နေခဲ့သည်။

ထိုအတွေးသည် လိပ်နက် သွေး ဖြင့်ပင် အန္တရာယ် ရှိသော အခြေ အနေ ဖြစ်လေသည်။ လင်းယွန် သို့မဟုတ် ၎င်း၏ ဓားဝိညာဉ် ဒဏ်ရာ ရသွား ပါက၊ ဤဒုက္ခ အတွင်း အသက် ဆုံးရှုံး သွားနိုင်၏။

“ ခေါင်းကိုက် စရာပဲ ... ။ ”

ခရမ်းငယ်မှ ခေါင်းကို ကုတ်ခြစ် မိသည်။ ထိုအချိန်တွင် ကောင်းကင် တတိယ အလွှာပွင့် လာကာ၊ လျှပ်စီး သားရဲကြီး ဆင်းသက် လာသည်။

၎င်းက ရွှေလူသားကို လျစ်လျူရှုလျက် လင်းယွန်ထံ ကြည့်သည်။ မိုင်တစ်ရာ ပတ်လည် အတွင်း၊ ခရမ်းရောင် လျှပ်စီး မီးတောက်များ လောင်ကျွမ်း လာ၏။

“ အား ... ။ ”

မီးတောက်များ ကူးစက် ခံရ သဖြင့်၊ လင်းယွန်မှာ နာကျင်စွာ အော်ဟစ် လိုက် မိသည်။ ယခု အချိန်၌ သူ့ဓား ဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ အနာကျင်ဆုံး ဖြစ်၏။

အတွင်း အင်္ဂါများ၊ အပ်စိုက် မှတ်များ၊ အရိုးများနှင့် အသား များက၊ နဂါး မီးတောက် များ၏ အရှိန်ကြောင့်၊ အညစ် အကြေးများ အငွေ့ပျံ ထွက်ကုန်သည်။

၎င်း အစိတ် အပိုင်း များကို ကာကွယ် ထားသော လိပ်နက် သွေးမှ သူတော်စင် ရူရ် များပင်၊ အက်ကွဲ သွား၏။

“ ဝေါ့ ... ။ ”

ထို့ကြောင့် ကောင်းကင်ရှိ ရွှေလူသား နှင့်အတူ၊ လင်းယွန် သည်လည်း သေွးတစ်လုတ် အန်လိုက် ရသည်။

ရွှေလူသား အန်သော ရွှေသွေးသည်၊ ကြောက်မက်ဖွယ် ကောင်းသော ဓားမုန်တိုင်း အဖြစ်သို့၊ ပြောင်းလဲ သွား၏။

ယင်းက စိတ်ဝိညာဉ်ကို၊ ပြင်းထန်စွာ ထိုးနှက် ခံလိုက်ရ သကဲ့သို့၊ နဖူးမှ သွေးများ စီးကျ လာစေ တော့သည်။

ဒုတိယ ဓားဝိညာဉ် ဖြစ်သော ရွှေနဂါး ထွက်လာ မှသာလျှင်၊ ဖိအားများ ကျဆင်း သွားသည်။

သို့သော် လျှပ်စီး မီးတောက်များ တဖန် အသက်ဝင် လာပြီး၊ ကောင်းကင်ရှိ လျှပ်စီးက၊ သားရဲများ အဖြစ် ပြောင်းလဲ သွားကာ၊ လင်းယွန်ထံ ဦးတည် လာလေသည်။

“ ပုံရိပ်ယောင် သားရဲ ကပ်ဘေး။ ”

ခရမ်းငယ်က ရပ်ကြည့် နေရာမှ အံ့သြ သွားသည်။ လင်းယွန် အတွက် ပို၍ အန္တရာယ် ကြီး သည်ဟု၊ ဆိုလိုခြင်း ဖြစ်၏။

ပထမ သွေးလွှတ်ကြော နယ်ပယ်၌၊ ဤသို့သော လျှပ်စီး သားရဲနှင့် နဂါး မီးတောက် များ ထွက်ပေါ် ရန်မှာ၊ ရှားရှား ပါးပါး ဖြစ်သည်။

ဓားဝိညာဉ် နှစ်ပါး ခမျာ၊ လျှပ်စီး သားရဲပေါင်း များစွာကို ဟန့်တား ပေးနေ ရသည်။

ထို့ကြောင့် အန္တရာယ် ရှိသော အနေ အထားသို့၊ ကျရောက် နေ သည်မှာ၊ သံသယ ဖြစ်စရာ မရှိပေ။

“ နင် ... ထိန်းထား ရမယ်။ ”

ခရမ်းငယ်က လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး၊ ညည်းတွား လိုက်သည်။

ထိုအချိန်တွင် လင်းယွန်၏ မျက်လုံးများ ရုတ်တရက် မီးတောက် လာ၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်ပြီး ဆေးအိုး ကြီးအား ဆွဲထုတ် တော့သည်။

ယခင်က ထိုဆေးအိုးကို ငရဲပန်းဖြင့်၊ ထိန်းချုပ်ရသည်။ ယခုမူ ငရဲပန်း ကိုယ်တိုင် ကပင်၊ သူနှင့် အတူ ဒုက္ခကို တွန်းလှန် နေရ သဖြင့်၊ လှည့်မကြည့် အားခေျ။

ဆေးအိုးကြီးက နဂါးမြစ် ကြမ်းပြင်မှ ထွက်လာ သည်နှင့်၊ လင်းယွန် လက်ဖဝါး ပြင်၌ နဂါး မီးတောက်များ ဖြစ်ပေါ် လာသည်။

ထိုစွမ်းအားကြောင့် သူ့ ခန္ဓာကိုယ်ကို ထုပ်ပိုးထားသော လျှပ်စီး ကြောင်းများ ကွဲအက် ကုန်၏။

“ ဟိတ် ... ။ ”

လျှပ်စီး သားရဲ များ၏ ဟောက်သံများ ထွက်လာစဉ်၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ ဓားရောင်ဝါကို လွှတ်ထုတ် လိုက်သည်။

“ လေ၊ မီး၊ လျှပ်စီး၊ ရေခဲ ... ။ ”

ပြီးနောက် ဓားရောင်ဝါက ရှေးဟောင်း အက္ခရာဖြင့် ရေးထွင်း ထားသော စကားလုံး (၄)လုံး အဖြစ် ပေါ်လာသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လျှပ်စီး သားရဲများ၊ အနား မကပ် နိုင်မီ မှာပင်၊ ပျက်စီး သွားရသည်။

မြေပြင်ပေါ် ပြန်ဆင်း လာချိန်၌ မီးရှူး မီးပန်းများ ကဲ့သို့၊ ထိုသားရဲများ အားလုံး အပြီး တိုင်၊ ပေါက်ကွဲ သွားတော့၏။

နှာခေါင်းကို ပွတ်လျက် ကောင်းကင်ပေါ် မော့ကြည့် လိုက်ပြီး၊

“ ပြန် လာ ခဲ့ ... ။ ”

-ဟု လှမ်းခေါ် သည်။

ရွှေလူသားက သူ့စကား အတိုင်း၊ ကောင်းကင်မှ ဆင်းလာပြီး၊ ဓားပင်လယ် အတွင်းသို့ ပြန်ဝင် သွား၏။

ဓားဝိညာဉ် နှစ်ခု ပေါင်းစည်း သွားကာ၊ ပိုးအိမ် အလား တအိအိ နစ်မြုပ် သွားလေသည်။ ထိုဖြစ်စဉ်ကို အာရုံ စိုက်နေစဉ်၊ ကောင်းကင်မှ လျှပ်စီးများ ဆင်းသက် လာပြန်၏။

ဤတစ်ကြိမ်၌ နဂါး ရူရ် များကို အသုံး ပြုကာ ပိတ်ဆို့ ပစ်သည်။ နဂါးပြာ အရိုးမှ မရေ မတွက် နိုင်သော၊ နဂါး ရူရ် များကို ထုတ်ပေး သဖြင့်၊ ပေါ်လာသော အက်ကြောင်း များက လျင်မြန်စွာ ပျောက်ကင်း ကုန်၏။

“ ဒါပဲ ... ။ ”

ခရမ်းငယ် ခမျာ စိတ်လှုပ်ရှား ကြီးစွာဖြင့် လေထဲ ပျံတက်ပြီး အော်ဟစ် လိုက်၏။ သို့သော် မပြီးဆုံး သေးကြောင်း သူမ သိသည်။

ပေတစ်ထောင် ရှည်လျားသော၊ လျှပ်စီး နဂါးကို လင်းယွန် အထက်ရှိ မိုးကြိုး တိမ်များ အတွင်း၌၊ ဖျတ်ခနဲ မြင်လိုက် ရသည်။

နောက်တစက္ကန့် အတွင်း ကြောက်စရာ ကောင်းသော လျှပ်စီးများ လက်လာပြီး၊ ဒုတိယ လှိုင်းကို ပြင်ဆင် နေချေ၏။

စတုထ္ထ သွေးလွှတ်ကြော နယ်ပယ် ပါရမီရှင်များ ပင်လျှင်၊ ၎င်းကို ခံနိုင်ရည် မရှိချေ။ လင်းယွန် စုဆောင်း ထားသော စွမ်းအင် များမှသာ၊ အဆုံး အဖြတ် ပေးနိုင်မည်။

“ နောက်ဆုတ် ... ။ ”

ခရမ်းငယ်က နဂါးလေးအား သတိ ပေးကာ၊ ချက်ချင်း ဆုတ်ခွာ လိုက်သည်။ သည်စဉ် မီတာ တစ်ရာခန့် ရှည်သော အနက်ရောင် လျှပ်စီး နဂါးကြီး ကောင်းကင်မှ ကျလာ၏။

“ မ ဟုတ် ဘူး ... ။ ”

ခရမ်းငယ်က အော်သည်။ ထိုအခိုက်တွင်၊ လိပ်နက်၏ သူတော်စင် ရူရ်များက ခန္ဓာ ကိုယ်မှ ပျံထွက် လာပြီး၊ ဧရာမ လိပ်ခွံကြီး တစ်ခု အဖြစ် ဖွဲ့စည်း ပေးသည်။

“ ခရစ် ... ။ ”

သို့သော် ခဏ မျှသာ ခံ၏။ လိပ်ခွံ၌ သေးငယ်သော အက်ကွဲ ကြောင်းများ ပေါ်လာ တော့သည်။

လိပ်ခွံ အက်ကွဲ သွားချိန်၌၊ ဓားရောင်ဝါ ပေါက်ကွဲလျက်၊ နဂါးမြစ် အကျယ်သည် ပေ တစ်သိန်း အထိ တိုးသွား တော့သည်။

ဒုတိယ နဂါး သွေးလွှတ် ကြောကို၊ ကိုယ်ခန္ဓာ အတွင်း၌၊ အောင်မြင်စွာ ဖွဲ့စည်း နိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် အသစ် စက်စက် ကျင့်ကြံမှု အဆင့် ရောင်ဝါနှင့်၊ ကောင်းကင် အမိုးဓား ရည်ရွယ်ချက် ပေါ်လာ လေသည်။

“ သေ စမ်း ... ။ ”

ခန္ဓာကိုယ် အတွင်း၊ စွမ်းအင်အား စုရုံး လိုက်ရာ၊ ဓား ရည်ရွယ် ချက်က သူ့မျက်ခုံး အတွင်းသို့၊ ပြေးဝင် လာသည်။

ထိုအချိန်၌ သူ့ဓားမှာ ကောင်းကင် ဖြစ်လာပြီး၊ သူသည် ဓားတစ်လက် ဖြစ်လာ၏။ လက်ဆန့်ပြီး၊ နဂါး ထွက်သက်ကို ထုတ်ဖော် လိုက်သည်။

နဂါး လက်သည်း ကြီးက ကောင်းကင်ကို ဆုတ်ဖြဲလျက်၊ အနက်ရောင် လျှပ်စီး နဂါးကြီး၏ လည်မျိုအား၊ ဖမ်းဆုပ် တော့၏။

ဤအခိုက်တွင် နတ်နဂါး ဖျက်ဆီးခြင်းကို ထပ်မံ လုပ်ဆောင် လိုက်ရာ၊ အုပ်စိုးရှင် တပါး၏ အရိပ် အာဝါသများ ထွက်ပေါ် လာခဲ့သည်။

မိုးပြာ နဂါး ဓား ရောင်ဝါသည် ပေ တစ်ထောင် နီးပါး ရှိသော ရွှေရောင် နဂါး အဖြစ် ထင်ရှား လာပြီး၊ ဆုပ်ကိုင် ထားသည့် လျှပ်စီး နဂါးကို၊ ဖျက်ဆီး တော့သည်။

နဂါး ဦးခေါင်းက တိမ်များလို့ လွင့်ပါး ကုန်သည်။ ဒုတိယ သွေးလွှတ် ကြောနှင့် အတူ၊ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် နိုင်ခဲ့သည်။

“ ဒါက အလုပ် ဖြစ်တယ် ဟ ... ။ ”

ခရမ်းငယ်က ထိုမြင်ကွင်းကြောင့် အံ့ဩဝမ်းသာ သွားလေသည်။ ဤလူမိုက်သည် ကံကောင်း ချေ၏။ လူမိုက် ကံကောင်း ဟူသော စကားသည်၊ ၎င်းအား ရည်ညွှန်းပုံ ပေပင်။

***

All Chapters