← Chapters

ကောင်းကင် အမိုးဓား ရည်ရွယ်ချက်။

Vol. 114 Ch. 1594

ကောင်းကင် အမိုးဓား ရည်ရွယ်ချက်။

Vol. 114 Ch. 1594

လင်းယွန်က မျက်လုံးများ မှိတ်ထားပြီး ရောင်ဝါကို ငြိမ်းသတ် နေခဲ့သည်။ ခဏ ကြာမှ သာလျှင်၊ မျက်လုံး ပြန်ဖွင့် မိ၏။

ထိုအချိန်၌ ခရမ်းငယ်နှင့် နဂါးလေးမှာ အနားရောက် နေပြီ ဖြစ်သည်။

“ မင်း ... ငါ့ကို မချီးကျူး ဖူးလား။ ”

“ နင့်လို လူမိုက်ကို မသတ် ခဲ့တာ၊ ကောင်းကင်က မျက်စိကန်း နေလို့ပဲ ဖြစ်ရမယ်။ ”

“ ငါ သေရင် ... ၊ မင်းကို စစ်မှန်သော သူတော်စင် နဂါး သွေးရည်ကြည် ဘယ်သူက ရှာပေး မှာလဲ။ ”

လင်းယွန်က ခရမ်းငယ်၏ ခေါင်းကို ပုတ်လျက် ပြုံးကာ ပြောသည်။

“ ဟမ့် ... ၊ ငါ အဲဒါကို ဂရုစိုက်မယ်များ ထင်လား။ ”

ခရမ်းငယ်မှ သူ့လက်ကို ရှောင်ကာ တုန့်ပြန်၏။

“ ဂုဏ်ယူပါတယ် အစ်ကိုကြီး၊ ဒီမှာ သစ်သီး စားပါ။ ”

နဂါးလေးက စိတ်လှုပ်ရှား စွာဖြင့်၊ ဝိညာဉ် သစ်သီး တစ်လုံး ထုတ်ပေး လာသည်။

“ မွှေးလိုက်တာ ... ။ ”

ကိုက်စား လိုက်ချိန်၌၊ ကုန်ဆုံး သွားသော စွမ်းအင် များကို (၉၀%) နီးပါး ပြန်၍ ဖြည့်တင်း ပေးလာ သဖြင့်၊ လင်းယွန်မှ အံ့သြ သွား၏။

“ ဟီး ဟီး ... ။ ”

နဂါးလေးက ဝမ်းသာ အားရ ပြုံးသည်။

“ မင်း ... ကသာ ကြင်နာ တတ်တဲ့ ကောင်လေး။ ”

နဂါးလေး ခေါင်းကို ပွတ်သပ်ပြီး၊ ချီးကျူးမိသည်။ ဤသစ်သီးအား ခြောက်သွေ့ တောင်တန်း တစ်နေရာမှ၊ ရှာတွေ့ ထားပုံ ရသည်။

“ နင် ... ၊ ဓားဂိုဏ်းကို ပြန်တော့ မလား။ ”

သူ့စကားကို လျစ်လျူရှုလျက် ခရမ်းငယ်က မေးသည်။

“ ခဏ နေဦးမယ် ... ၊ ကောင်းကင် အမိုး ဓားကို အသုံးပြု နိုင်အောင် အချိန် နည်းနည်း လိုတယ်၊ ပြီးတော့ ... လေ၊ မီး၊ လျှပ်စီးနဲ့ ရေခဲဓား ပုံစံ တေွကိုလည်း၊ ကျွမ်းကျင်အောင် လုပ်ရ ဦးမယ်။ ”

အောင်မြင်မှု တစ်ခု ရရှိ ပြီးနောက်၊ ကန့်သတ် ခံထား ရသော အရာ အားလုံးမှာ၊ ချောချော မွေ့မွေ့ ဖြစ်လာသည်။

“ အရှေ့ဘက် ပျက်စီးခြင်း နန်းတော် အတွက်လား။ ”

“ ဟုတ်တယ်၊ ဘာလို့လဲ ငါ့ကို မသွား စေချင် ဖူးလား။ ”

“ နင် ... သိပြီး သားကို မေး မနေနဲ့။ ”

ခရမ်းငယ်က သက်ပြင်းချ လိုက်ပြီး၊

“ ဓားဂိုဏ်းက ... ငါနဲ့ မဆိုင် ပေမယ့်၊ နင့်အသက်နဲ့ ဘဝက ငါနဲ့ ဆိုင်တယ်၊ ဒါပေမယ့် နင့်ကို စိတ်ပြောင်းအောင်၊ ငါ မလုပ် နိုင်ဘူး။ ”

ထိုစကားကို ကြားသော အခါ လင်းယွင်မှ ပြုံးသည်။ လူတိုင်းတွင် မည်သူမျှ စွက်ဖက်၍ မရသော အခြေခံ ‘မူ’ များ ရှိချေ၏။

“ နင် ... အန္တရာယ် ကျရောက် မှာကို၊ ငါကြည့် မနေ နိုင်ဘူး၊ ဒါကြောင့် ... နတ်မိစ္ဆာ မေှာ်ကျားကို ခေါ်ပြီး၊ အနန္တ နတ်မိစ္ဆာ တောင်ထိပ်ဆီ သွားတော့မယ်။ ”

“ အနန္တ နတ်မိစ္ဆာ တောင်ထိပ်။ ”

လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ်သွားသည်။ ထိုနေရာသည် ရှေးဟောင်း တားမြစ် နယ်မြေ ဖြစ်၏။

အဓိပတိ နဂါး လက်သီးနှင့် နည်းစနစ် များပါသော၊ ကျောက်စာတိုင် ကြီးကို နတ်မိစ္ဆာ မှော်ကျား ရယူ ခဲ့ရာ၊ အရပ် ပေပင်။

ထိုနေရာ၌ နတ်မိစ္ဆာ မိသားစုနှင့် ပတ်သက်သည့် လျှို့ဝှက်ချက် များစွာ ရှိနိုင် သော်လည်း၊ အန္တရာယ် များလှ၏။

သူတော်စင် များပင် သေဆုံး ရသည်။ ထို့ကြောင့် မည်သူမျှ သွားရောက်ရန် ဆန္ဒ မရှိခြင်း ဖြစ်သည်။

သူမ၏ ခွန်အားကို မြန်မြန် မြှင့်တင် နိုင်ရန် အတွက် ခရမ်းငယ်မှ သွားရန် ရွေးချယ် လိုက်ပုံ ရသည်။

ဤနည်း ဖြင့်သာ သူ့အား ကူညီရန် အခွင့် အရေးမျိုး ရနိုင် မည်ဟု ထင်နေပုံ ရ၏။ သို့သော် အရမ်း အန္တရာယ် များသည်။

“ မင်း ... မသွား ရဘူး။ ”

လင်းယွန်မှ လေးနက်သော အမူ အရာဖြင့် ပြောသည်။

“ နင် ... ငါ့ကို တားလို့ မရဘူး၊ ငါလည်း နင့်ကို မတားဘူး။ ”

ခရမ်းငယ်က သူ့အား ခေါင်းယမ်း ပြ၏။

“ ငါမှာက ... ၊ ဘေးကင်း စေတဲ့ ကောင်းကင် ချပ်ဝတ် ရှိတယ်။ ”

“ မလုပ်နဲ့ ... သူ့ကို သတ်နိုင် မယ်လို့၊ မသေမချာ မချင်း၊ အဲဒါကို သုံးဖို့ လုံးဝ ... ၊ စိတ် မကူးနဲ့၊ ဒါက ... တန်ဖိုး အရမ်း ကြီးတယ်၊ ထျန်ရွှမ်ဇီကို သတ်နိုင် မယ်လို့၊ မသေချာ သေးရင်၊ မသုံးတာ အကောင်းဆုံး ပါပဲ။ ”

ခရမ်းငယ်မှ အလေး အနက် သတိပေး လာသည်။ လင်းယွန်က အသက် ပြင်းပြင်း ရှူ လျက်၊

“ ဒါဆို ... အနန္တ နတ်မိစ္ဆာ တောင်ထိပ် ကနေ၊ ပြန်လာ မယ်လို့၊ ငါ့ကို ကတိ ပေးပါ။ ”

“ စိတ် မပူနဲ့၊ ငါ အဲဒီကို သွားရတဲ့၊ အကြောင်း အရင်းတွေ ရှိတယ်၊ ပျောက်ဆုံး နေတဲ့ ... မှတ်ဉာဏ် အချို့ ကိုလည်း၊ ရှာချင် သေးတယ်။ ”

“ အဲဒီ နေရာက ... ၊ နတ်မိစ္ဆာ မျိုးနွယ်စုရဲ့ တားမြစ် နယ်မြေ မဟုတ် ဖူးလား။ ”

လင်းယွန်မှ နားရှုပ် သွား ဟန်ဖြင့် မေးသည်။

“ နတ်မိစ္ဆာ မိသားစုနဲ့ သားရဲ မိသားစု ... ၊ ဘာကွာလဲ သိလား။ ”

“ ဘာကွာလဲ ... ။ ”

“ နတ်မိစ္ဆာ တွေက လူသား အသွင် ဆောင်နိုင်တဲ့ သားရဲ တွေပဲ၊ သားရဲ မိသားစု ဆိုတာ ကတော့ ... ၊ သားရဲ အသွင်ဆောင် နိုင်တဲ့ လူသား တေွ၊ ...

... ငါ ပြောတာ နားလည်လား ... အဲဒီ နေရာမှာ၊ နဂါး မိသားစုရဲ့ ... သမိုင်းကြောင်း မှတ်တမ်း မှတ်ရာတွေ ရှိတယ်၊ ဒါကြောင့် ဖီးနစ် သမိုင်း မှတ်တမ်းလည်း ရှိနိုင်တယ်။ ”

ခရမ်းငယ်က ရှင်းပြ လာသည်။ ထိုနေရာ၌ နတ်ဖီးနစ် မိသားစု၏ တစ်စုံ တစ်ရာ မှတ်တမ်း အချို့ ရရှိရန်၊ မျှော်လင့် နေခြင်း ဖြစ်သည်။

“ ငါ နားလည်ပြီ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ ဘာပဲ ဖြစ်ဖြစ် ... အဲဒီ နယ်မြေမှာ၊ ဘာဖြစ်သွား တာလဲ မသိဖူး ဆိုတော့ ... ၊ မင်း သတိ ထားရမယ်၊ လွန်ခဲ့တဲ့ အနှစ် တစ်ရာက အဖြစ် အပျက်တွေ ဖြစ်တဲ့ အတွက်၊ ...

... လက်ရှိ ဒီကမ္ဘာမှာ ရှိနေတဲ့၊ ကျွမ်းကျင် ပညာရှင် အချို့ ... ၊ ပါဝင် ပတ်သက် နေမလား ဆိုတာ တော့ မသိဘူး။ ”

နဂါးဖြူ နန်းတော်၌၊ သူ ကြုံတွေ ခဲ့သော မိစ္ဆာ အလောင်း များကို၊ သတိ ရလာ သဖြင့်၊ လင်းယွန်မှ သတိ ပေးသည်။

“ အဲဒီ တုန်းက စစ်မြေပြင်တွေ အများကြီး ရှိခဲ့တယ်၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်က သူတို့ ထဲက တစ်ခုပဲ၊ အန္တရာယ် များ ပေမယ့် ရတနာ တွေနဲ့၊ ...

... ပြည့်နှက် နေမှာ သေချာတယ်၊ သူတော်စင် အများ အပြားတောင် ကျဆုံးခဲ့ ကြတယ်၊ နင်လည်း ဂရုစိုက်ပါ၊ ပြီးတော့ စစ်မြေပြင် ဖွင့်တိုင်း၊ လူပေါင်း များစွာ သေရတဲ့ အကြောင်းရင်း တစ်ခုလည်း ရှိရမယ်။ ”

ခရမ်းငယ် မှလည်း ပြန်၍ သတိ ပေး၏။ လင်းယွန်က ခေါင်းညိတ်သည်။ ဤ တစ်ကြိမ်၌ သူ ရင်ဆိုင် ရမည့် စိန်ခေါ်မှုမှာ၊ အန္တရာယ် များနိုင် ပေ၏။

“ ဘယ်တော့ သွားမှာလဲ ... ။ ”

လင်းယွန်က ခရမ်းငယ်ကို ကြည့်ကာ မေးလိုက်သည်။

“ အခု ... နဂါးလေးကို ငါနဲ့ အတူ ခေါ် သွားမယ်၊ သူ့အတွက် သင့်လျော်တဲ့ အမွေများ တွေ့နိုင် မလားလို့၊ ကံကောင်းရင် ကြီးမြတ်တဲ့ အခွင့် အရေး မျိုးတောင် ရနိုင်တယ်။ ”

“ ကောင်းပြီ ... ။ ”

“ ဒါဆို ဒီမှာပဲ ... လမ်းခွဲကြ ရအောင် ... ၊ ငါတို့ သဘော တူညီချက်ကို မမေ့နဲ့ ... ၊ လူတိုင်း အသက် ရှင်ရမယ် ... ၊ တစ်ယောက်ကို တစ်ယောက် ကူညီ ကြပါ။ ”

ခရမ်းငယ်မှ ပြုံးပြီး လက်သီးကို ဆန့်ထုတ် လိုက်၏။ သူမသည် တစ်ကိုယ် ကောင်း ဆန်သူ တစ်ဦး ဖြစ်သည်။ သို့သော် ဤလူငယ် အပေါ်၊ အဘယ်ကြောင့် ထည့်တွေးပေး နေမိ သည်ကို မသိ တော့ချေ။

သူမ အပေါ် ကောင်းခဲ့ သည်သာ မက၊ မည်သူမျှ ၎င်းမာနကို ဦးမချိုး နိုင်ချေ။ သို့သော် မောက်မာ လွန်းသော၊ ထိုအသွင် အောက်၌ နူးညံ့သည့် နှလုံးသား တစ်ခု ရှိလေသည်။

၎င်း၏ စကားနှင့် အပြု အမူများ အရ၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ကို မသွား လျှင်ပင်၊ စိတ်ပျက် မိဦးမည် ဖြစ်၏။

ဘဝနှင့် သေခြင်းသည် အရေးကြီး သော်လည်း၊ မိတ်ဆွေ အပေါင်း အသင်း များနှင့် အရာ များစွာသည်၊ ၎င်းထက် ပို၍ အရေးကြီး လေသည်။

လင်းယွန်က လက်သီး ဆုပ်ကာ ပြုံးပြီး၊ ပြန်တိုက် လိုက်၏။ ထို့နောက် မိစ္ဆာ ရောင်ဝါ (၄) မျိုးကို၊ သူ့ထံ ပြန်ပေး လာသည်။

သည့်အပြင် စာရွက်လိပ် တစ်လိပ် ကိုလည်း ထုတ်ပေး လာလေသည်။

“ ဒါက ဘာလဲ ... ။ ”

“ ကောင်းကင် ကိုးပါးလို့ ခေါ်တယ်၊ ကောင်းကင်ဘုံ ကိုးခုမှာ ... ၊ ပျံသန်း နေတဲ့ ကောင်းကင် နဂါး တစ်ကောင် ရှိတယ်၊ သူ့ရဲ့ ဇာတ်လမ်းကို၊ ...

... ဖွဲ့တည် ထားတာ၊ ကောင်းကင် နဂါး မှတ်စုလို့ ခေါ်တယ်၊ နင်က ... ဖီးနစ် မှတ်စုနဲ့ ရင်းနှီး ပြီးသား ဖြစ်တာမို့ ... ၊ ဒါကို လေ့လာရ လွယ်မှာပါ၊ ငါ ပြန်လာတဲ့ အခါ၊ နဂါး-ဖီးနစ် ဓားကို တက်ပေးမယ်။ ”

“ အစ်ကိုကြီး ... ငါတို့ ပြန်လာပြီး၊ မင်းကို လိုက်ရှာမယ်။ ”

အဆုံးတွင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ၊ တောအုပ် အတွင်း ပြေးလွှား ပျောက်ကွယ် သွားတော့သည်။

အချိန် အတော် ကြာသည် အထိ၊ ၎င်းတို့ ထွက်ခွာ သွားသော လမ်းကြောင်းထံ ကြည့်နေ မိ၏။

ခရမ်းငယ်နှင့် နဂါးလေးသည် သူ့ကို ထားသွား သည်မှာ၊ ဤတစ်ကြိမ် ပထမဆုံး ဖြစ်သည်။

အရာ အားလုံး အရှေ့ဘက် ပျက်စီးခြင်း နန်းတော် အတွက် ဖြစ်၏။ ဤတစ်ကြိမ် ဓား ဂိုဏ်းအား နစ်နာခွင့် မပြုကြောင်း၊ ကျိန်ဆို လိုက်မိသည်။

“ အရင်ဆုံး ကောင်းကင် အမိုး ဓားနဲ့ စရအောင်။ ”

မျက်လုံးများ မှိတ်ချပြီး စိတ်နှလုံးကို ငြိမ်သက် စေလိုက်၏။ ဓားရောင်ဝါ ပျံတက်ကာ၊ ကောင်းကင်ကြီး ကွဲအက် သွားသည်။

ဓားပင်လယ် လောင်ကျွမ်းလျက်၊ နဖူးရှိ ခရမ်းရောင် အမှတ် အသားက တောက်ပ လာ တော့၏။

ခြေလှမ်း တစ်လှမ်း လှမ်းရုံဖြင့်၊ မြေပြင်က ပြင်းစွာ တုန်ခါ လာသည်။ ယင်းက ထူးထူး ဆန်းဆန်း ခံစားမှု တစ်ခု ဖြစ်၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီး များက၊ သူ့ အကြည့်ကြောင့်၊ ဦးညွှတ် သကဲ့သို့ ကိုင်းညွတ် လာကြသည်။

ထိုဖြစ်ရပ်သည် နှလုံးသားကို တုန်ခါသွား စေပြီး၊ ကောင်းကင် အမိုးဓား နောက်ကွယ်မှ အဓိပ္ပါယ် အပေါ်၊ နားလည် လာသည်။

အရိယာ ကောင်းကင်ဓား ဟူသည် သူ့အား ကောင်းကင် ဖြစ်စေကာ၊ ကောင်းကင် အမိုးဓား သည်၊ ဓားနှင့် တသားတည်း ဖြစ်စေ၏။

အကြည့်က ပန်းသင်္ချိုင်း ဓား အပေါ်၊ ကျရောက် သွားသည်။ ဓားက သူ့ အကြည့်ကို သတိ ပြုမိပြီး၊ တုန်ယင် လာ၏။

“ လာ ... ။ ”

လက်ဝှေ့ ယမ်းကာ၊ ပန်းသင်္ချိုင်း ဓားနှင့် အတူ၊ ကောင်းကင်ပေါ် ပျံတက် မိ၏။ ဓားက သူ့ထံ မလာ တော့ဘဲ၊ လေထု အလယ် ပျံဝဲ နေလေသည်။

ထိုအဖြစ်ကို ကြည့်ပြီး၊ ‘ဓားနှင့် ခြယ်လှယ်ခြင်း’ ဟူသော ဝေါဟာရကို၊ သတိရ လာစေ၏။

***

All Chapters