ဂိုဏ်းသို့ ပြန်ခြင်း။
Vol. 114 Ch. 1595
ပန်းသင်္ချိုင်း ဓားက လေထဲ ပျံဝဲ နေခဲ့ သည်ကို ကြည့်ပြီး၊ လင်းယွန်မှ အံ့သြ သွား၏။ ယခင် အချိန် များ၌ ကြယ်စွမ်းအင် သို့မဟုတ် နဂါး မူလ စွမ်းအင်ကို စုပ်ဝဲ တစ်ခု ဖန်တီးကာ၊ ၎င်းအား ဆင့်ခေါ်ခြင်း ဖြစ်သည်။
ယခုမူ နဂါး မူလကို အသုံးပြု စရာ မလိုဘဲ၊ သူ လိုချင် သလို ထိန်းချုပ် နိုင်သဖြင့်၊ ထူးဆန်း နေခဲ့၏။
“ ဝှစ် ... ။ ”
အတွေး တစ်ချက်နှင့် မီတာ (၁၀၀၀) သို့ ပျံသန်း စေလိုက်သည်။ ထူးခြားမှု အဖြစ် ၎င်း ရှိရာ ပတ်ဝန်းကျင်ကို ပြတ်သားစွာ မြင်လာ ရသည်။
“ ဒါ ... ။ ”
ဓားသည် သူ့မျက်လုံး ဖြစ်လာခြင်း ဖြစ်၏။ ဓားနှင့် တစ်သားတည်း ဖြစ်တည် ခြင်းကို ပို၍၊ နက်ရှိုင်းစွာ နားလည် လာ ခဲ့သည်။
ဓား ရည်ရွယ် ချက်သည်၊ ပဉ္စမ တန်းသို့ ရောက်ရှိ ပြီးနောက်၊ လက်နက် အဆင့် မျှသာ မကဘဲ၊ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု ဖြစ် သည်ဟု ဆိုခြင်း ဖြစ်၏။
“ ပြန် လာ ... ။ ”
အကြည့် တစ်ချက်ဖြင့်၊ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်အား သုံးကာ၊ ပြိုင်ဘက် အပေါ်၊ ဓားနှင့် ခြယ်လှယ် နိုင်ပေမည်။
ယင်းက သူ့ကို တွေးများ ဝင်လာ စေ၏။ သူသည် ကောင်းကင် ဖြစ်ပြီး၊ ဓားသည် အမိုးခုံး ကဲ့သို့၊ ကာကွယ် ပေးမည် ဆိုက၊ ဓားနှင့်လူ တစ်သားတည်း ဖြစ်ရ ပေမည်။
သို့သော် ကောင်းကင် အမိုး ဓားအား နားလည်ရန် အလွန် ခက်ခဲ သောကြောင့်၊ ထိုမျှ လောက် မရိုး ရှင်းချေ။
ထို့နောက် ပန်းသင်္ချိုင်း ဓားအား၊ ဆယ်မိုင် အကွာသို့ ဆက်သွား စေလိုက်ပြီး၊ ကောင်းကင် ရေကန် ဓားကို၊ အသုံးပြု လိုက်သည်။
“ အဆုံးမဲ့ တိမ် ... ။ ”
ပန်းသင်္ချိုင်း ဓား ထံမှ၊ ရောင်ဝါများ ပေါက်ကွဲလာပြီး၊ ထိုဆယ်မိုင် ဝန်းကျင်ကို ဓား ရောင်ခြည် များဖြင့်၊ ပြည့်နှက် သွားစေ၏။
“ ..... ။ ”
ဒုတိယ ပုံစံကို ဆက်၍ အကောင် အထည်ဖော် လိုက်သော အခါတွင်၊ တိမ်များ ပျောက်ကွယ် သွားပြီး၊ သူ့ခြေ ရင်း၌ ရေအိုင် တစ်ခု ပေါ် လာသည်။
ကောင်းကင်တွင် လမင်း ထွက်လာ ချိန်၌၊ ဓား ရည်ရွယ်ချက်များ ပြည့်နေသော ဓားသမား တစ်ဦး ရပ်နေ၏။
လှုပ်ရှားမှုများ တဖြေးဖြေး အရှိန် မြင့်လာကာ၊ အမျိုး မျိုးသော ဖြစ်စဉ် များနှင့် ဓား ရောင်ခြည်များ၊ တောက်ပ သွားသည်။
“ ငါ သိပြီ ... ။ ”
စိတ် ခံစားချက်များ ရုတ်တရက် ကြည်လင် လာပြီး၊ ဓားတာအို နားလည်မှုမှာ၊ မထင်မှတ်ဘဲ မြင့်မား လာတော့၏။
ဆရာ သခင် ပြောဖူးသော၊ ဓားဆွဲ မည်လော၊ ဓားဆွဲ သည်ကို ခံမည်လော ဟူသည့်၊ အဓိပ္ပါယ် အပေါ်၊ နားလည် လာသည်။
ပန်းသင်္ချိုင်း ဓားကို ကြည့်လိုက် ချိန်၌ သူ့အား ပြန်ကြည်လာ သကဲ့သို့၊ အလင်းရောင် တစ်ချက် လက်ပြ လေသည်။
ဤအခိုက်တွင် ပန်းသင်္ချိုင်း ဓားမှ နေ၍၊ သူ့ကိုယ်သူ ပြန်မြင်လာ မိသည်။ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အပြာရောင် ၀တ်ရုံနှင့် လူငယ် တစ်ယောက် ဖြစ်၏။
နဖူး ပေါ်ရှိ၊ ခရမ်းရောင် ရွမ်းဗက်ပုံ အမှတ်အသားသည်၊ ထင်ရှား လာ သဖြင့်၊ သူ့ကို မေှာ်ဆန် သွားစေသည်။
ထို့စဉ် ပန်းသင်္ချိုင်း ဓားက ရုတ်တရက် ပေါက်ကွဲလာပြီး၊ သူ့ခန္ဓာ ကိုယ်အား ဆွဲယူ တော့သည်။
ဆိုလို သည်မှာ ပန်းသင်္ချိုင်း ဓားမှ သူ့အား ဆင့်ခေါ်ခြင်း ဖြစ်၏။ ဓားကို ဆွဲကိုင် လိုက်သော အခါတွင်၊ တုန်ခါမှု လှိုင်း တစ်ခုက စိတ်ထဲ ဝင်ရောက် လာသည်။
လက်ဖဝါးမှ သွေးများ ဓားထဲသို့ စီးဝင် သွားပြီး၊ အေးခဲ နေသော အလွှာ တစ်ခုအား၊ အဆက် မပြတ် ဖျော်ချ လေသည်။
ရေခဲ အလွှာများ၊ အရည် ပျော်လာပြီး၊ ပြန်လည် မွေးဖွား လာသော ရတနာ တစ်ပါး ကဲ့သို့၊ ပန်းသင်္ချိုင်း ဓားက ပို၍ ထက်ရှ လာ၏။
တစ်ချိန်တည်း မှာပင်၊ သူတော်စင် ရူရ်များ ပန်းအလား ပွင့်လာ လေသည်။ ရေခဲ အလွှာများ လုံးဝ အရည်ပျော် သွားသော အခါ၊ စူးရှသော အလင်းများ ထွက်လာ၏။
ဓားကိုယ်ထည် ပေါ်၌၊ တံဆိပ် တစ်ခု မြင်လာ ရပြီး၊ ၎င်းမှ အလင်းများ ထုတ်လွှတ် လာခြင်း ဖြစ်သည်။
“ ဘုန်း သူတော်စင် လက်ရာ။ ”
တံဆိပ်ကို မြင်လိုက်ရ သဖြင့်၊ မျက်လုံး ပြူးသွားသည်။ ပန်းသင်္ချိုင်း ဓားမှာ ဘုန်းဝိညာဉ် သူတော်စင် လက်ရာ ဖြစ်နေသည်။
ဘုန်း ဝိညာဉ်တော် ခုနစ်ပါးကို၊ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ နေနှင့် လ ဟူ၍ ခွဲခြား ထားသည်။
ထို ခုနစ်ပါးလုံး၏ အဆင့်မှာ တစ်တန်းတည်း ဖြစ်ပြီး၊ ဂုဏ် သတ္တိ များသာ ကွဲပြား ချေ၏။
သို့သော် ဘုန်း နေမင်းနှင့် ဘုန်း လမင်း ဂုဏ်သတ္တိမျိုး ရယူရန်၊ အနည်းငယ် ခက်ခဲ ပေသည်။
လက်နက် တစ်ခု ပေါ်တွင်၊ ဘုန်းဝိညာဉ် တော်ကို ထွင်းခြင်းဖြင့် လက်နက်၏ အစွမ်းအား တိုးမြင့်ခြင်း ဖြစ်၏။
“ စမ်းကြည့် ရအောင် ... ။ ”
သိုလှောင် လက်ကောက်မှ၊ သာမာန် သူတော်စင် ရူရ် တစ်ထောင် ပစ္စည်း တစ်ခုကို ထုတ်ယူ လိုက်သည်။
ဘုန်း ဝိညာဉ်ကို အသက် မသွင်းဘဲ၊ ထိုသူတော်စင် ရူရ် တစ်ထောင် ပစ္စည်းအား၊ ပန်းသင်္ချိုင်း ဓားနှင့် ခုတ်ချ ပစ်သည်။
နက်ရှိုင်းသော ပြတ်ရှရာ ပေါ်လာ၏။ နဂါး မူလနှင့်၊ ဓား ရည်ရွယ်ချက် မပါ သော်မှ ဓား၏ ထက်ရှမှု သက်သက် ဖြင့်ပင်၊ ကျေနပ်စရာ ရလာဒ် ဖြစ်သည်။
“ ထပ် လာမယ်။ ”
ဤတစ်ကြိမ်၌ ပန်းသင်္ချိုင်း ဓားပေါ်ရှိ၊ ဘုန်းရွှေ ဝိညာဉ် တော်ကို အသက် သွင်းပြီး၊ သူတော်စင် ရူရ် တစ်ထောင် ပစ္စည်းအား၊ေ ခုတ်ဖြတ် လိုက်သည်။
အလွယ် တကူ နှစ်ပိုင်းကွဲ သွား၏။ ထိုစဉ် ပင်ပန်း နွမ်းနယ်မှု ကြောင့်၊ ကမ္ဘာကြီး ချာချာ လည် လာခဲ့သည်။
ပန်းသင်္ချိုင်း ဓား၏၊ ဘုန်း ဝိညာဉ်ကို အသုံးပြု ခြင်းသည်၊ စိန်ခေါ်မှု တစ်ရပ် ဖြစ်ကာ၊ မိုးပြာ နဂါး နေ-လ ထီး ထက်၊ ပို၍ ပင်ပန်း စေ၏။
သို့သော် ထီး၌ တံဆိပ် သုံးလွှာဖြင့်၊ ၎င်း၏ စစ်မှန်သော အစွမ်း သတ္တိကို ပိတ်ဆို့ ထားခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။
အနည်းငယ် အနားယူ ပြီးနောက်၊ ဓားပုံစံ လေးမျိုးကို ပေါင်းစပ်ရန် ကြိုးစား လိုက်သည်။ ဤသို့ဖြင့် သုံးရက် ကုန်လွန် သွား၏။
လေးရက် မြောက် နေ့တွင်၊ မုချွမ်၊ မူရွယ်ချင်းနှင့် ချန်လင်းတို့ ကောင်းကင်မှ ဆင်းသက် လာသည်။ ချန်လင်းမှ ပြန်၍ သတင်း ပို့ခဲ့ ပုံရ၏။
သူတို့က လင်းယွန် တစ်ယောက်တည်း ထိုင်နေ သည်ကို မြင်လိုက်သော အခါ၊ ခေတ္တမျှ အံ့အားသင့် သွားသည်။
“ ကျန်းတောင်နဲ့ ... တခြား သူတွေ ဘယ်မှာလဲ။ ”
မူရွယ်ချင်းမှ အလော တကြီး မေးလာ၏။
“ သေ ကုန် ပြီ ... ။ ”
“ သေပြီလား ... ။ ”
မုချွမ်ပင် တိတ်ဆိတ် သွား၏။ ပြီး သုံးယောက်သား အကြည့်ချင်း ဖလှယ်ကာ၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။
လင်းယွန်မှ ဖြစ်စဉ်အား အကျဉ်းချုံး ရှင်းပြ လိုက်သည်။ ဘိုးဘေး ပင်လယ် လိပ် အကြောင်း ကြားသော အခါတွင်၊ သုံးယောက်သား မျက်လုံးပြူး လာ၏။
“ ကံကောင်းတယ် ... ၊ မင်းသာ တခုခု ဖြစ်သွားမယ် ဆိုရင်၊ ငါ အပြစ်သား ဖြစ်သွားရ လိမ့်မယ်။ ”
မူရွယ်ချင်းမှ သက်မောကြီး ချလိုက် လေသည်။
“ ဟား ဟား ဟား ... စိတ်မပူ ပါနဲ့၊ ဒီမှာ ကြည့်စမ်း အစ်မ မူ။ ”
လင်းယွန်က နောက်ဆုံးသော လိပ်နက် သွေးတစ်စက်ကို ထုတ်ယူကာ ပြလိုက် လေ သည်။
“ ရ လာ ပြီ လား။ ”
မူရွယ်ချင်းမှ ဝမ်းသာ သွား၏။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။
“ ဘိုးဘေး ပင်လယ်လိပ် ပေးခဲ့တာ၊ နတ်လိပ်ငယ် သွေးထက် ပို သန့်စင်တယ်၊ သူတော်စင် လိပ်နက် သွေးပဲ။ ”
လင်းယွန် ထံမှ ပါးလျသော ဖိအားကို ခံစားလာရ သဖြင့်၊ မုချွမ် တစ်ယောက် အံ့သြပြီး စကား မပြော နိုင်ခဲ့ချေ။
“ ပြန်ကြ ရအောင်။ ”
မူရွယ်ချင်းမှ ပြောသည်။ လင်းယွန်က ခေါင်းညိတ်ပြ ပြီးနောက် ဓားဂိုဏ်း ဆီသို့ ပြန်လာ ခဲ့ ကြသည်။
“ အစ်ကို မု၊ ခဏ စောင့်ပါဦး ... ။ ”
နတ်မိစ္ဆာ မှော်ကျား နေထိုင်ရာ အရပ်မှ ဖြတ်ပျံ မိစဉ်၊ လင်းယွန်က သတိ တရနှင့် ရပ် လိုက်သည်။
ထို့နောက် တားမြစ် နယ်မြေသို့ တစ်ယောက်ထဲ ဝင်ရောက်ကာ၊ ကျောက်တိုင် ကြီးကို၊ ခရမ်းရောင် လျှို့ဝှက် နယ်မြေထဲ ရွေ့ယူမိ၏။
၎င်းတွင် ခိုင်မာသော မူလ ဇစ်မြစ် ရှိနေ သဖြင့်၊ ဒုတိယ ပိုင်းကို ရှာနိုင် လာသော်၊ တန်ဖိုး အပေါ်၊ မှန်းဆ၍ ရမည် မဟုတ်ချေ။
နောင်တွင် အဓိပတိ နဂါး လက်သီးကို၊ လေ့ကျင့်သော အခါ၌၊ ဤကျောက်တိုင် အကူ အညီဖြင့်၊ ပိုမို မြန်ဆန် လာမည် ဖြစ်သည်။
တစ်နာရီ အကြာတွင်၊ မုချွန် အနား ပြန်ရောက် လာပြီး၊ ဂိုဏ်းသို့ ခရီးဆက် လာခဲ့ လေသည်။
ဂိုဏ်း ရောက် သည်နှင့်၊ မူရွယ်ချင်းနှင့် ချန်လင်းအား ပြန်စေလျက်၊ မုချွန်က လင်းယွန် တစ်ဦး တည်းကို၊ ခေါ်ဆောင် လာသည်။
“ ဘယ်လဲ အစ်ကို မု ... ။ ”
လင်းယွန်မှ မေးသည်။
“ ဂိုဏ်းချုပ်က မင်းကို တွေ့ချင် နေတယ်။ ”
မုချွမ်မှ ပြန်ဖြေ၏။ ခန်းဆောင် ထဲ၌ မူရွှမ်ကောင်က သူတို့ နှစ်ဦးအား စောင့်မျှော် နေသည်။ သူ့ကို မြင်ချိန်၌ အမူအရာ အနည်းငယ် ပြောင်းသွား၏။
“ ရောက်ပြီ အစ်ကိုကြီး၊ ကျွန်တော့်ကို ခွင့်ပြုဦး။ ”
မုချွမ်မှ သက်ပြင်း ချလျက် လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ ထွက်ခွာ သွားတော့သည်။ ဤတွေ့ဆုံမှုသည် ရိုးရှင်းမည် မဟုတ်ကြောင်း သူ သိ၏။
***