စစ်ချီတေး ... ။
Vol. 115 Ch. 1597
ကျူးကျော် ရောက်ရှိ လာ သူမှာ၊ ကောင်းကင် ပထမ အဆင့် ကူရို့ချန် ဖြစ်သည်။ ကြက်သွေးရောင် တောင်ထိပ်မှ တပည့်ကြီး ဖြစ်၏။
နတ်ဘုရား သင်္ချိုင်း တောအုပ်၌ စတုတ္ထ သွေးလွှတ်ကြောသို့၊ တက်ရောက် ခဲ့ခြင်း ဖြစ် လေသည်။
ဤလူသည် ကောင်းကင် အဆင့် ပထမနှင့် ဒုတိယ အဆင့် တွင်ရှိသော ကူရို့ချန် သို့မဟုတ် ရီချင်းရွှမ် ဖြစ်ရ မည်ဟု လင်းယွန်မှ ခန့်မှန်းပြီး ဖြစ်သည်။
ကူရို့ချန်အား အနီးကပ် မြင်လိုက်မှ သာလျှင်၊ အမှန် တကယ် ငယ်ရွယ် နုပျိုသေး သည်ကို၊ သတိထား မိလာ၏။
သို့သော် လူကြီး တစ်ယောက် ကဲ့သို့၊ တည်ငြိမ်ကာ၊ စိတ်လှုပ်ရှားမှု ကင်းမဲ့ နေခဲ့ သည်။ ဆိုလို သည်မှာ ကြီးလေးသော ဝန်ကို ထမ်းထား ရသူနှင့် တူ၏။
“ နတ်မိစ္ဆာ အဆင့်ဝင် ... ၊ ကြယ်ပွင့် လေးယောက်ကို ... ၊ မင်း သတ်လိုက်တာ ငါ ကြားတယ်။ ”
ကူရို့ချန်က ထိုင်ခုံတွင် ဝင်ထိုင်ကာ ပြောသည်။ ဤသတင်းကို လူများစွာ မသိသင့် သောကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွား၏။ “ ဟား ဟား ဟား ... ၊ ဂျူနီယာ ညီမလေး မူက၊ ဒီအကြောင်း ငါ့ကို ပြောပြ တာပါ၊ မင်းကို ငါ စိတ်ဝင်စား နေမှန်း သိလို့၊ ရီချင်းရွှမ်နဲ့ ငါ ပြန်ရောက် တာချိန်၊ ပြောပြ ခဲ့တာ။ ”
ကူရို့ချန်က ပြုံးကာ ရှင်းပြ လာသည်။
“ စီနီယာ အစ်မ မူက ... ၊ အရမ်း ဂရုစိုက် လွန်းနေပြီ။ ”
လင်းယွန်မှ ရှက်ရွံ့စွာ ပြုံးမိသည်။
“ သူ ... မင်း အပေါ် ထားတဲ့ မျှော်လင့် ချက်က၊ မင်းထင်ထား တာထက်၊ အဆပေါင်း များစွာ သာလွန်တယ်၊ ငါလည်း အပါ အဝင်ပဲ။ ”
ကူရို့ချန်က လေးနက်စွာ ပြောသည်။ ယင်းကြောင့် မူရွယ်ချင်းနှင့် သူကြား ဇာတ်လမ်း တစ်ပုဒ် ရှိနေမှန်း သေချာ စေ၏။
“ ဟား ဟား ဟား ... ၊ မင်း ထင်သလို မဟုတ် ပါဘူး၊ ငါတို့က ဓားဂိုဏ်းရဲ့ ရွှေမျိုးဆက် ကို ပြန်လိုချင် ရုံပါပဲ၊ ဒါကြောင့် ... ဂိုဏ်း တစ်ခု လုံးက ငါတို့ နှစ်ယောက်ကို၊ ပံ့ပိုးပေး ခဲ့တယ်၊ ဒါပေမယ့် ငါတို့မှာ ...
... အားနည်းချက်တွေ ရှိနေ သေးမှန်း ကိုယ့်ကိုယ်ကို သိကြတယ် ... ၊ ဓားဂိုဏ်းကို မြင့်မြတ်မြေ အဖြစ် ပြန်လို ချင်ရင်၊ ...
... ရှေးဟောင်း ပျက်သုဉ်း မြေကို အုပ်စိုးနိုင်တဲ့၊ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ပါး လိုတယ်။ ”
ကူရို့ချန်မှ ငြင်းဆန်လျက် ရှင်းပြသည်။
“ အစ်ကို ကူ၊ အမှန်တော့ နတ်မိစ္ဆာ ကြယ်အဆင့် လေးယောက်ကို ငါ သတ်ခဲ့တာ မဟုတ်ဘူး၊ တကယ် တိုက်ရင်၊ ကျန်းတောင်ကို အနိုင်ယူ နိုင်ရုံသာ ရှိတယ်။ ”
လင်းယွန်မှ ခေါင်းယမ်းကာ အမှန်တိုင်း ပြောမိ၏။ ထိုစဉ်က ပထမ သွေးလွှတ် ကြော၌ သာ ဖြစ်သဖြင့်၊ ခွန်အားမှာ အကန့် အသတ် ရှိခဲ့သည်။
တတိယ သွေလွှတ်ကြော အထွတ် အထိပ်တွင် ရှိနေသည့် ကျန်းတောင်အား အနိုင် ယူ လိုသော်၊ တန်းဖိုး တစ်ခု ပေးချေ ရနိုင်၏။
“ ဒါက အတူတူပဲ မဟုတ် ဖူးလား။ ”
ကူရို့ချန်မှ ပြုံးသည်။
“ အခု ချိန်မှာ ဆိုရင်တော့၊ ကျွန်တော့်ကို ဆယ်ကြိမ်ထက် ပိုပြီး၊ သူတို့ ခံနိုင် တော့မှာ မဟုတ်တာ သေချာ ပါတယ်။ ”
လင်းယွန်က ယုံကြည်ချက် အပြည့်နှင့် ဝန်ခံလိုက်၏။ လက်ရှိ ဓား ရည်ရွယ်ချက် အရ၊ ကျန်းတောင်အား အလွယ် တကူ အနိုင်ယူ နိုင်မည် ဖြစ်သည်။
“ မင်းကို ရွှေမျိုးဆက် အဖြစ်၊ ယူဆလို့ ရပါတယ်၊ ကောင်းကင်ယံ ဂိုဏ်းက ဘီလူး (၃) ကောင်က လွဲရင်၊ မင်းက အသန်မာဆုံး ပါပဲ။ ”
“ စီနီယာ အစ်ကို ကူ ... ၊ ကောင်းကင်ယံ ဂိုဏ်းက၊ အတွင်း အဆင့် ထိပ်ဆုံး သုံးယောက် အကြောင်း၊ ပြောနေ တာလား။ ”
“ ဟုတ် တယ်၊ သူတို့ သုံးယောက်က ထျန်ရွှမ်ဇီရဲ့ ... အဝေးရောက် တပည့် တွေပဲ၊ သူတို့ကို အင်ပါရီယန် နယ်ပယ် မှာထဲက၊ ...
... အရှေ့ဘက် ပျက်စီးခြင်း နန်းတော် အတွက်၊ ပြင်ဆင် ထားတဲ့ ဝှက်ဖဲတွေ၊ သူတို့မှာ အရည် အချင်း အပြင်၊ လိုအပ်တဲ့ အရင်း အမြစ်တွေ အကုန် ရှိတယ်။ ”
“ သူတို့က ဘယ်လောက် သန်မာလဲ။ ”
၎င်းတို့ အကြောင်းကို မူရွယ်ချင်း ထံမှ မကြာခဏ ဆိုသလို ကြားနေရ သော်လည်း၊ မည်မျှ သန်မာ သည်ကို မသိ ရချေ။
“ သုံးယောက် လုံးက စတုတ္ထ သွေး လွှတ်ကြောကို ... လွန်ခဲ့တဲ့ တစ်နှစ် တည်းက ရောက်နေ ခဲ့တာ၊ အဲဒီ အချိန် တုန်းက ပဉ္စမ သွေးလွှတ်ကြော ကျွမ်းကျင်သူ တွေကို၊ ...
... သတ်နိုင် ကြတယ်၊ ဆဋ္ဌမ သွေးလွှတ်ကြော ကျွမ်းကျင်သူ ကိုတောင် ... ၊ လက်ရည်တူ ရင်ဆိုင် နိုင်တယ်။ ”
ကူရို့ချန်မှ ပြောသည်။ ပဉ္စမတန်း ဓား ရည်ရွယ်ချက်ကို မဆုပ်ကိုင်မီ ကျင့်ကြံမှု မြင့်မား သော သူများအား တိုက်ခိုက်ရန် မလွယ်ချေ။
ယခု ပင်လျှင် ပဉ္စမ သွေးလွှတ်ကြော ကျွမ်းကျင်သူ တစ်ဦးကို သတ်ရန် တန်ဖိုး တစ်ခု ပေးချေ ရပေမည်။ ဆဋ္ဌမ သွေးလွှတ်ကြော အတွက်မူ၊ သာ၍ ဆိုးချေ၏။
“ အဲဒီ လောက်လည်း ... ၊ အထင်ကြီး မနေနဲ့၊ သူတို့ သတ်ခဲ့ တာက ဂိုဏ်းကြီး တွေရဲ့၊ ပါရမီရှင်တွေ မဟုတ် ပါဘူး၊ လေလွင့် ကျင့်ကြံသူ တွေပါ ...
... ဒီလောက် တော့ ... ၊ ငါတောင် လုပ်နိုင်တယ်၊ မင်းလည်း ငါ့ အဆင့်ကို ရောက် လာရင်၊ လုပ်နိုင်ပါ လိမ့်မယ်။ ”
ကူရို့ချန်မှ ပြုံးကာ နှစ်သိမ့် သည်။
“ ဘာပဲ ဖြစ်ဖြစ် ... ၊ ဒါက အထင်ကြီး စရာ ပါပဲ။ ”
လင်းယွန်မှ သက်ပြင်းကာ ပြန်ဖြေ၏။
သူ ထင်ထား သည်ထက်၊ မာန ကင်းစင် နေေသာ လင်းယွန်ကြောင့်၊ ကူရို့ချန်မှာ အံ့ဩ သွား လေသည်။
အစောပိုင်း စစ်ဆေးမှု အရ၊ လင်းယွန်သည် သူ့ထက် အားနည်းသည့် အခြေ အနေ၌ ရှိနေခဲ့ ကြောင်း၊ သိရှိ ထားသည်။
“ မင်း သဘောပေါက် လွယ်တဲ့ အတွက်၊ ကောင်းပါတယ်၊ သူတို့ သုံးဦး အပြင် ... ကျန်တဲ့ ခုနစ်ဦး ကလည်း၊ တတိယ သွေးလွှတ်ကြော အထွတ် အထိပ်ကို ရောက်နေပြီ။ ”
ကောင်းကင်ယံ ဂိုဏ်း၏ အခြေခံ အုတ်မြစ်သည် ကြောက်မက်ဖွယ် ကောင်း၏။ အဆုံးတွင် အရှေ့ဘက် ပျက်စီးခြင်း နန်းတော်မှ အရာ များစွာကို၊ ဂိုဏ်း၏ အုတ်မြစ် အဖြစ်သို့ ပြောင်းလဲ နိုင်ခဲ့ပုံ ရသည်။
ထိုကြောင့် ဤတစ်ကြိမ်သာ ဓားဂိုဏ်းမှ ထပ်မံ ရှုံးနိမ့် ပါက၊ ဆရာ သခင်ပင်၊ အဆင့်ချိုး ဖြတ်နိုင် သော်မှ၊ မည်သည့် အရာမျှ လုပ်နိုင် တော့မည် မဟုတ်ချေ။
တပည့်များ ကြား ကွာဟချက်မှာ၊ များစွာ ကြီးမား လာပြီ ဖြစ်သည်။ ယခု အချိန်၌ အဆင် ပြေနေ သေး သော်လည်း၊ နှစ်တစ်ရာ အကြာ တွင်၊ လိုက်မီ တော့မည် မဟုတ်ချေ။
တွေးကြည့် ရုံဖြင့်၊ ကျောရိုး တစ်လျှောက် အေးစက် လာစေသည်။
“ ကြည့်ရတာ ဓားဂိုဏ်းက၊ ဒီတစ်ကြိမ် အရှေ့ဘက် ပျက်စီးခြင်း နန်းတော်မှာ၊ ဖိအား ကြီးကြီး ခံစား နေရတဲ့ ပုံပဲ။ ”
လင်းယွန်မှ သူ့အမြင်ကို ပြောမိသည်။
“ ဟုတ်တယ်၊ တခြား ဂိုဏ်းတွေက ဒီအရှေ့ဘက် ပျက်စီးခြင်း နန်းတော် အတွက်၊ ပြင်ဆင် ထားပြီးပြီ၊ တချို့က ငါတို့ထက် အားနည်း တာတော့ မဟုတ်ဘူး ... ။ ”
ကူရို့ချန်က ခေါင်းညိတ်ကာ ဆိုသည်။
“ အစ်ကို ကူရော ... ၊ ဘာတွေ စီစဉ် ထားလဲ။ ”
“ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်မှာ၊ ပန်းတိုင် နှစ်ခုပဲ ရှိတယ် ... ၊ တစ်ခုက ရတနာနဲ့ ကိုယ်ခံ ပညာရပ် တွေကို ရယူဖို့၊ ဒုတိယ က အသက် ရှင်လျက် ပြန်လာ နိုင်ဖို့ပဲ။ ”
ကူရို့ချန်မှ သူ့ အသံကို နှိမ့်ချ လိုက်ပြီး၊
“ အခွင့် အရေး တစ်ခု ရှာနိုင်ရင် ... ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က အကြွေးကို ကောင်းကင်ယံ ဂိုဏ်းဆီ ပြန်ပေး ကြမယ်။ ”
“ ကောင်း တယ် ... ။ ”
လင်းယွန်မှ သဘောတူ လိုက်သည်။
“ မင်းရဲ့ ခွန်အားကို၊ စူးစမ်းတဲ့ အပြင် ... ၊ ဒီနေ့ လာရတဲ့ ရည်ရွယ်ချက် နောက် တစ်ခု ရှိ သေးတယ်။ ”
“ ဘာ ရည်ရွယ်ချက် များလဲ။ ”
“ ဂျူနီယာ ညီမ မူက၊ မင်း အကြောင်း အများကြီး ပြောပြ ဖူးတယ်၊ သူ့ ချီးမြှောက်မှုနဲ့ ထိုက်တန်- မတန် ကြည့်ဖို့ပဲ။ ”
“ အခု ဘယ်လို နေလဲ။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ သူ့ အပေါ်၊ ကူရို့ချန် အမြင်ကို တကယ် သိချင် လာမိသည်။
“ ပန်းသင်္ချိုင်း ... ဆိုတဲ့ ဂုဏ် သတင်းနဲ့ ထိုက်တန် ပါတယ် ... ၊ မင်းက ဓားဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ။ ”
ကူရို့ချန်မှ ပြန်ဖြေ၏။ အကဲဖြတ်မှုသည် အနည်းငယ် မြင့်မား သောကြောင့်၊ လင်းယွန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက် မိသည်။
“ ဖြစ်နိုင်ရင် ... ၊ ငါတို့ ဂိုဏ်းရဲ့ တပည့် တွေကို၊ ဘေးကင်း ရေးအတွက်၊ ဦးစား ပေးကြ ရအောင်၊ ဂျူနီယာ လင်း။ ”
“ နားလည် ပါပြီ။ ”
ကူရို့ချန်သည် ကြက်သွေးရောင် တောင်ထိပ်၏ တပည့်ကြီး ရာထူးနှင့် ကိုက်ညီ ချေသည်။ ဓားဂိုဏ်း တပည့် များ၏ အသက်နှင့် သေခြင်း အပေါ်၊ အလေး အနက် ထား၏။
“ ဒါပေမယ့် ... ၊ ဒါက ကျွန်တော် တစ်ယောက် တည်းရဲ့၊ တာဝန် မဟုတ်ဘူး ဓားဂိုဏ်း သန်မာ လာအောင် လုပ်ဖို့ ၊ အစ်ကို ကူ ကိုလည်း လိုအပ်တယ်။ ”
လင်းယွန်မှ လေးနက်စွာ ပြောသည်။
“ ဟား ဟား ဟား ... ၊ ဓားဂိုဏ်းက ငါမရှိ ရင်တောင် ဆက်ရှိ နေမှာ၊ ဒါပေမယ့် ... မင်း မရှိ ရင်တော့၊ ဆက်သွား နိုင်မှာ မဟုတ်ဘူး။ ”
ကူရို့ချန်က ပြုံးကာ ပြောပြီး၊ လက်ကို ဝှေ့ယမ်း လိုက်၏။
“ ဒီအဓိပ္ပါယ်ကို မင်း နားလည် လာပါ လိမ့်မယ်၊ တစ်ချိန် ငါတို့ နှစ်ယောက် ထဲက တစ်ယောက် တည်းသာ၊ အသက် ရှင်ခွင့် ရမယ် ဆိုရင်၊ ...
... အဲဒီ လူက မင်းပဲ၊ မင်း အတွက် ငါ့ အသက်ကို ပေးထားတယ်၊ မင်းရဲ့ စီနီယာ အစ်မ မူလည်း၊ ငါနဲ့ အတွေး တူတယ်။ ”
“ အဲဒီ လိုမျိုး ... ကျွန်တော်က အဖြစ် လက်ခံမှာ မဟုတ်ဘူး။ ”
လင်းယွန်မှ ပြုံးလျက် ခေါင်းယမ်း ပြသည်။
“ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်း အပြင်၊ ကျန်ဂိုဏ်းတွေ ကလည်း၊ မျိုးဆက်သစ် လူငယ် တွေကို လွှတ်လာကြ လိမ့်မယ်၊ ဒါက ဓားဂိုဏ်း အတွက်၊ ဆုံးရှုံးမှု မရှိအောင် လုပ်ဖို့ ခက်ခဲ တယ်။ ”
“ ဒီလို မဖြစ် ပါဘူး။ ”
ပြတ်သားစွာ ဆိုမိသည်။ အဆုံးတွင် သူ့ ဆရာ သခင်အား ဓားဂိုဏ်း အတွက်၊ အောင်ပွဲ ရယူ ပေးမည်ဟု၊ လင်းယွန် ကတိ ပေး ထားသည်။
ဂုဏ်ထူးဆောင် ရင်ပြင်တွင်၊ နာမည်များ ရေးထိုး ထားသည့်၊ ပုံသဏ္ဍာန် အတိ အကျ မရှိ သော၊ ကျောက်တိုင်ကြီး တစ်တိုင် ရှိ၏။
ထိုကေျာက်တိုင် ကြီးရှိ၊ အမည် ရှင်များ အားလုံးသည်၊ တိုက်ပွဲ၌ ကျဆုံး ထားခဲ့သော ဓား ဂိုဏ်း၏ တပည့်များ ဖြစ်သည်။
ဤနေ့သည် အရှေ့ဘက် ပျက်စီးခြင်း နန်းတော် အတွက်၊ ဓားဂိုဏ်း၏ တပည့် များကို၊ လွှတ်မည့် နေ့ ဖြစ်သည်။
တပည့် များက ထိုအထိမ်း အမှတ် ကျောက်တိုင် ရှေ့၌၊ ကျမ်းသစ္စာ ကျိန်ဆို ကြ ရ၏။
အသက် သုံးဆယ်အောက် နဂါး သွေးလွှတ်ကြော နယ်ပယ်၊ တပည့် များသာ ဓားဂိုဏ်းကို ကိုယ်စားပြု နိုင်မည်။
ထိုကြောင့် ဓားဂိုဏ်း၌ အသန်မာဆုံး မျိုးဆက်သစ် တပည့် များဟု ဆို၍ ရလေသည်။ ကူရို့ချန်၊ ရီချင်းရွှမ်နှင့် လင်းယွန်မှာ ရှေ့ဆုံး၌ နေရာ ယူထား၏။
၎င်းတို့ နောက်၌၊ ယဲ့ဇီလင်၊ မူရွယ်ချင်းနှင့်၊ အခြားသော သူတော်စင် တပည့် များအား၊ ရှိ နေသည်။
သူတော်စင် တပည့်များသည် တတိယမြောက် သွေလွှတ်ကြော အထွတ် အထိပ်သို့၊ ရောက်ရှိ ခဲ့သည်။
သို့သော် လူတိုင်းက ရှေ့ဆုံးတွင် ရပ်နေသည့်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး လျက်၊ အပြာရောင် ဝတ်ရုံဖြင့်၊ လူငယ်ထံ သို့သာ၊ ငေးကြည့် နေကြသည်။
ယင်းမှာ လင်းယွန် ဖြစ်၏။ သက်တံဓား သူတော်စင် ရွေးချယ် ထားသော တပည့် ဖြစ်ရာ၊ ကူရို့ချန်နှင့် အဆင့်တူ အဖြစ် ယူဆသည်။
သို့သော် ကောင်းကင် ရေကန် ဧည်ခံပွဲ အပြီးတွင်၊ ကူရို့ချန်ထက် မြင့်မားသော အမြင် မျိုးဖြင့်၊ ကြည့်ရှု လာမိ ကြသည်။
ဓားဂိုဏ်း ပြန်လာချင် သည်မှာ ကြာပြီ ဖြစ်၏။ ဤလူငယ်နှင့် အတူ၊ အနာဂါတ်၌ ပြန်၍ ပျော်ရွှင်နိုင် မည်ဟု မျှော်လင့် လာသည်။
ဂိုဏ်းသို့ မ၀င်ခင် ရှားဟိုယန်ကို အနိုင်ယူ ပေးခဲ့သည်။ သူတော်စင် ရေကန် စံချိန် ချိုးကာ၊ တောင်ထိပ် ငါးလုံး ချန်ပီယံ ဖြစ်လာ၏။
ကောင်းကင် ရေကန် ဧည့်ခံပွဲ၌၊ ကောင်းကင်ယံ ဂိုဏ်း အပေါ် အနိုင် ယူပြ ပြီးနောက်၊ ပို၍ မျှော်လင့်ချက် လာမိသည်။
“ တုံ ... တုံ ... တုံ ... တုံ ... တုံ ... ။ ”
ရုတ်တရက် စစ်ဗုံသံများ ထွက်ပေါ် လာသည်။ ယင်းကြောင့် လူတိုင်း သွေးများ ပွက်ပွက်ဆူ ကုန်၏။
အားလုံးက အသံ လာရာသို့ မော့ကြည့် လိုက်ရာ၊ ဂိုဏ်းချုပ် မူရွှမ်ကောင် ဖြစ် သည်ကို တွေ့လိုက် ရသဖြင့်၊ အံ့ဩ လာမိသည်။
သူတို့ သက်တမ်း တစ်လျှောက်တွင်၊ ဂိုဏ်းချုပ်မှ စစ်ချီ တေးအား၊ ကိုယ်တိုင် တီးကာ အားပေး ခြင်းမျိုး မရှိ ခဲ့ချေ။ ဤတစ်ကြိမ် ပထမဆုံး ဖြစ်လေသည်။
***