← Chapters

ကောင်းကင် ပျက်စီးခြင်း မြို့။

Vol. 115 Ch. 1598

ကောင်းကင် ပျက်စီးခြင်း မြို့။

Vol. 115 Ch. 1598

“ တုံ တုံ တုံ ... ။ ”

စစ်ဗုံ သံများ တစ်စ တစ်စ ပို၍ ကျယ်လောင်လာ သည်နှင့် အမျှ လူတိုင်း၏ မျက်နှာများ တင်းမာ လာသည်။

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်က၊ ဆုံးရှုံးသွား ရသည့်၊ ရွှေမျိုးဆက်ကို သတိ ရကာ အားပေး နေကြောင်း လင်းယွန် သိသည်။

နာရီဝက် အကြာတွင် စစ်ချီတေးသွား ဆုံးသွားပြီး၊ မူရွှမ်ကောင်က လေထဲ ပျံတက် လျက်၊ လူတိုင်းထံ ကြည့်၏။

အမူအရာက နူးညံ့ သိမ်မွေ့ကာ၊

“ မင်းတို့ အားလုံးက ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်တာမို့၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်က ဘယ်လောက် အန္တရာယ် ကြီးတယ် ဆိုတာ၊ ...

... ပြောနေ စရာတောင် မလို ပါဘူး၊ ဟုတ်တယ် မဟုတ်လား၊ ရက်စက် ကြမ်းကြုတ် လွန်းတဲ့ အတွက်၊ မင်းတို့ ပို စည်းလုံး ရမယ်၊ ...

... စကား အများကြီး မပြော တော့ဘူး၊ တောင်းဆိုချက် တွေလည်း မထုတ် တော့ဘူး၊ မှတ်ထားပါ ... ၊ မင်းတို့ ဘဝထက် ဘယ် ရတနာ ကမှ၊ အရေး မကြီးဘူး၊ အသက်လျက် ပြန်လာ ပေးနိုင်ရင် လုံလောက်ပြီ၊ ။ ”

မူရွှမ်ကောင် စကားက လူတိုင်း ရင်ကို ထိစေသည်။ ပို၍ အသက် စွန့်လိုသော ဆန္ဒများ ပေါ်လာ ကြ၏။

“ ကူ ရို့ ချန် ... ။ ”

မူရွှမ်ကောင်က သူ့ တပည့် ကြီးကို လှမ်းကြည့် လိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

“ ကြက်သွေးရောင် တောင်ထိပ်ရဲ့ တပည့်ကြီး အနေနဲ့ ... ၊ ငါ့ဂိုဏ်းရဲ့ တပည့်တွေ အသက်ဟာ ပထမ ဆိုတာ မင်း သတိ ရပါ။ ”

ဤသည်မှာ ဆရာ တပည့်ကြား အမိန့် ဖြစ်သည်။

“ ကျွန်တော် နားလည် ပါပြီ။ ”

ကူရို့ချန်က လေးနက်သော အမူအရာဖြင့် ပြောသည်။

“ လင်း ယွန် ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

မူရွှမ်ကောင် ခေါ်သံက လင်းယွန်ကို အံအားသင့် စေ၏။ သူ့အား လူရှေ့ သူရှေ့၌၊ ဤသို့ ခေါ်ကာ၊ စကားပြော လိမ့်မည်ဟု မထင်ချေ။

“ သက်တံဓား သူတော်စင် တပည့် တစ်ယောက် အနေနဲ့၊ မင်းက ငါ့ဓား ဂိုဏ်းရဲ့ နာမည်ကို ကာကွယ်ပါ။ ”

“ ဟုတ် ကဲ့ ... ။ ”

“ ပြီးတော့ ... ဘာတွေပဲ ဖြစ်နေ ပါစေ၊ မင်းက ဓားဂိုဏ်း အတွက် အရမ်း အရေးကြီးတဲ့ လူဆိုတာ သတိ ရပါ၊ ဒေါသ မထွက်နဲ့၊ စိတ် မမြန်နဲ့၊ ဒါပေမယ့် ...

... ခေါင်းငုံ့ခံ စရာ မလိုဘူး၊ ဓားဂိုဏ်းက တိုက်ပွဲကို ကြိုက်တယ်၊ ငါလည်း တိုက်ပွဲကို ကြိုက်တယ်။ ”

ထိုစကားက လူတိုင်းကို ထိတ်လန့် သွားစေသည်။ လင်းယွန် လုပ်သမျှ ဓားဂိုဏ်းမှ တာဝန် ယူမည် ဖြစ်ကြောင်း၊ ကြေငြာ ခြင်းနှင့် တူ၏။

“ ဂိုဏ်းချုပ် ... စိတ်မပူနဲ့၊ ဆရာ သခင်နဲ့ ဂိုဏ်းချုပ်ရဲ့၊ ကျေးဇူး များစွာ၊ အကြွေး တင်နေ ပါတယ်၊ ဓားဂိုဏ်းကို အရှက် ခွဲလို့ မရစေ ရပါဘူး၊ ကျွန်တော်က သဘော ကောင်း ပါတယ်။ ”

“ လမင်း တည်နေ သရွေ့ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

“ လမင်း တည်နေ သရွေ့ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

“ လမင်း တည်နေ သရွေ့ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

လင်းယွန် စကားဆုံး သည်နှင့် လူတိုင်းက ကြွေးကြော် လိုက်ကြသည်။

“ တောင်ထိပ် သခင် ငါးပါး ဘယ်မှာလဲ။ ”

အသံများ ငြိမ်သွားအောင် စောင့်ပြီး မူရွှမ်ကောင်မှ မေးလေသည်။

“ ရှိပါတယ်။ ”

တောင်ထိပ် သခင် ငါးပါး လေထဲ ပျံတက် လာကာ၊ မူရွှမ်ကောင်အား အရို အသေ ပေးကုန် ကြလေသည်။

လက်ရှိ ကြက်သွေးရောင် တောင်ထိပ် သခင်သည်၊ မူရွှမ်ကောင် ဖြစ် သဖြင့်၊ သူ့ အစား ဒု-တောင်ထိပ် သခင်မှ ထွက်လာခြင်း ဖြစ်၏။

“ မင်းတို့ ငါးယောက်က ... ၊ ဒီခရီးကို ဦးဆောင်ပါ ... ၊ ငါ့ ဓားဂိုဏ်းရဲ့ တပည့်တွေ ဘေးကင်းဖို့ တာဝန်ယူ။ ”

“ စိတ်ချပါ အစ်ကိုကြီး ... ။ ”

မုချွမ်မှ လက်ဝှေ့ယမ်းကာ ပြန်ဖြေ၏။

“ ဆက် လုပ် ပါ။ ”

မူရွှမ်ကောင်မှ စကားဖြတ် လိုက်သည်။ ထို့ကြောင့် လိုက်ပါမည့် တပည့်များ အားလုံး တောင်ထိပ် သခင်များ အနား၊ တိုးကပ် သွားကုန် ကြသည်။

ထွက်ခွာ သွားသော လူများ၏ နောက်ကျောကို၊ ပင်မ နတ်ဘုရား နယ်ပယ် သင်းထောက် များနှင့်၊ မူရွှမ်ကောင်မှ ရပ်ကြည့် နေခဲ့သည်။

မူရွှမ်ကောင် အကြည့် များသည် ရှုပ်ထွေး နေပြီး၊ သူ့တွင် ရွေးချယ်ခွင့် ရှိသော် အရှေ့ဘက် ပျက်စီးခြင်း နန်တော်သို့၊ မစေလွှတ် လိုချေ။

သို့သော် ဤကမ္ဘာ ကြီးတွင်၊ ပြိုင်ဆိုင်မှု ဟူသည် ရှောင်ဖယ်ခွင့် မရှိသော အရာ ဖြစ်၏။ အရင်းအမြစ် အတွက်၊ ပြိုင်ရ၏။ ဂုဏ်သတင်း အတွက် ပြိုင်ရ၏။ ခွန်အား အတွက် ပြိုင်ရ၏။

“ ငါတို့ ကောင်းကင် ပျက်သုဉ်းမြို့ကို သွားရမယ်၊ အဲဒီ မြို့မှာ ဂိုဏ်းပေါင်းစုံ စုဝေး ကြလိမ့်မယ်၊ သူက ပျက်စီးခြင်း နန်းတော်နဲ့ အနီးဆုံး မြို့ပဲ။ ”

မူရွယ်ချင်းမှ လင်းယွန်ကို ခရီးစဉ် အကြောင်း၊ ရှင်းပြ လာသည်။

“ ဂိုဏ်းတွေက လူ ဘယ်နှစ်ယောက် လွှတ်ကြလဲ။ ”

လင်းယွန်မှ မေးမိ၏။ ဓားဂိုဏ်း မှပင် တပည့်ပေါင်း လေးရာခန့် စေလွှတ် နိုင်ခဲ့ ကြောင်း၊ မှန်းဆ နိုင်သည်။

“ ပြောလို့ မရဘူး၊ သဘော တူညီချက် အရဆိုရင်၊ အသက် သုံးဆယ်အောက် ဘယ်သူ မဆို ဝင်နိုင်တယ်၊ ဒါကြောင့် ...

... အုတ်မြစ် အပေါ် မူတည်ပြီး အရေ အတွက် တိုးလာ လိမ့်မယ်၊ သေချာ တာက ကောင်းကင်ယံ ဂိုဏ်း အများ ဆုံးပဲ။ ”

“ ဘယ်လောက် များလဲ။ ”

“ ခုနှစ်ရာ လောက် ရှိမယ်။

ဤအရာ တစ်ခု တည်း ကပင်၊ ကောင်းကင်ယံ ဂိုဏ်းနှင့် ဓားဂိုဏ်း မည်မျှ ကွာဟ သည်ကို မြင်သာ စေ၏။

သို့သော် တစ်ဖက်တွင် ဓားဂိုဏ်း၏ အုတ်မြစ်မှာ ကြီးမားကြောင်း ကြောင်းလည်း ပြသ နေသေးသည်။ ရွှေမျိုးဆက်ကို ဆုံးရှုံး ခဲ့သော်မှ၊ လူများစွာကို စေလွှတ် နိုင်၏။

“ တန်ခိုးကြီး ဂိုဏ်းတွေ အပြင် တခြား မျိုးနွယ်စု တွေနဲ့၊ အင်အားကြီး ဂိုဏ်းတွေလည်း ပါဝင်လာ လိမ့်မယ်၊ ဆိုလို တာက မိစ္ဆာ ကျင့်ကြံ သူများ ပါမကျန် လာမှာ။ ”

လူတို့၏ လောဘသည် အဆုံးမဲ့ ချေ၏။ ထို့ကြောင့် ဤပွဲသည် အရှေ့ဘက် ပျက်စီးမြေ ၏၊ မျိုးဆက် သစ်များ စုဝေးရာ အရပ် ဖြစ်လာ ပေမည်။

သူ့ခေါင်းကို မော့ကာ၊ အသက် ပြင်းပြင်း ရှူလိုက်သည်။ လက်ရှိ ခွန်အားဖြင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေရှိ၊ မျိုးသစ် လူငယ် အသန်မာဆုံး စာရင်း ဝင်ပေ၏။

ကောင်းကင်ယံ ဂိုဏ်း၏ ထိပ်ဆုံး အတွင်း တပည့် သုံးဦးနှင့် ရင်ဆိုင်ရ လျှင်ပင် ကြောက် မိမည် မဟုတ်ပေ။

ခွန်လွန်ကို ရောက်နေသည်မှာ၊ သုံးနှစ် ရှိပြီ ဖြစ်သည်။ အတွေ့ အကြုံနှင့်၊ ဝှက်ဖဲ များက သူ့ အား ယုံကြည်မှု ပေးသည်။

အခြားသော ကောင်းကင်လမ်း ချန်ပီယံ များမှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ အဆင့် သတ်မှတ် ချက်တွင်၊ သူတို့၏ နာမည် များ ထားရစ် ခဲ့ ကြသည်။

ထို့ကြောင့် အရှေ့ဘက် စစ်မြေပြင်တွင် နာမည် တစ်လုံး တည်ဆောက် ထားနိုင်သော်၊ နတ်နဂါး အင်ပါယာရှိ ဆုစီယာအား ရှာဖွေ ရာတွင်၊ အထောက် အကူ ရနိုင် ပေမည်။

ပျက်စီးခြင်း နန်းတော်သည်၊ မြောက်ဘက် နယ်စပ်နှင့်၊ အရှေ့ဘက် ပျက်စီးမြေ အကြား ၌ တည်ရှိသည်။

ထိုဒေသသည် ရွှေခေတ် နတ်ဘုရား များ၏ ဒဏ္ဍာရီ ဆန်သော စစ်မြေပြင် ဖြစ်သောကြောင့် ကျော်ကြား လှ၏။ ထိုအချိန်က နဂါး တံခါး အတွက် မြင့်မြတ်မြေ ဖြစ်သည်။

ကျူးကျော်သူ များကို ရင်ဆိုင်ရန် ကျွမ်းကျင်သူ များစွာက၊ ထိုနေရာ၌ စုဝေးခဲ့ ကြသည်။

ကျွမ်းကျင်သူ များနှင့် သူရဲကောင်း များစွာတို့၊ အဆိုပါ အရပ်၌ အသက် ပေးထား ကြ၏။

ဤသည်မှာ နှစ် (၂၀) လျှင် တစ်ကြိမ် စုရုံးစေသော ကြီးကျယ် ခမ်းနားသည့်၊ အခါ သမယ တစ်ခု ဖြစ်သည်။

“ လူတွေ အများကြီးပဲ။ ”

မြို့ထဲ လှမ်းဝင် လျက်မှ လူများလွန်း သောကြောင့် လင်းယွန်မှာ အံ့သြ သွားသည်။ ကောင်းကင် လမ်းနှင့် နဂါး အကြွင်း အကျန် ကြယ် နယ်မြေ ၌ပင်၊ ဤမျှ မများချေ။

“ ကောင်းကင် ပျက်စီးခြင်း မြို့မှာ၊ ခဏလောက် နေရမယ်၊ ဒီမြို့က အဖြူ-အမဲ မခွဲ ထားဘူး၊ ဒါကြောင့် သတိ ထားပါ။ ”

ကြက်သွေးရောင် တောင်ထိပ်၏ ဒု-တောင်ထိပ် သခင် ချန်လဲ့မှ၊ လူတိုင်းကို သတိ ပေးသည်။

ဓားဂိုဏ်း၏ ဒု-ဂိုဏ်းချုပ် ဟုလည်း ဆိုနိုင် ပေသည်။ အခြားသော တောင်ထိပ် သခင်များ ထက် ရာထူး မြင့်မား၏။

“ သွား ရ အောင်။ ”

ဓားဂိုဏ်း အဖွဲ့မှာ၊ ရောင်ဝါကို ပြန်ရုတ် သိမ်းထား သော်လည်း၊ လူတိုင်းအား စွဲဆောင် နေဆဲ ဖြစ်သည်။

“ ဓားသမားတွေ အများကြီးပဲ။ ”

“ အဲ့ဒါ ဓားဂိုဏ်းရဲ့ တပည့် တွေလေ။ ”

“ ဓားဂိုဏ်းက နိမ့်ကျ သွားပြီလို့၊ ထင်နေခဲ့ မိတာ၊ ဒီလို အစွမ်း ထက်တဲ့ မျိုးဆက် သစ်တွေ ရှိနေ သေးတာပဲ၊ လူလေးရာ ဆိုတာ၊ အခြား ဂိုဏ်း တွေထက် အား မနည်း ပါဘူး။ ”

“ မူရွှမ်ကောင်က ... ငရဲ နတ်ဘုရား ဘိုးဘေးကို သတ်ခဲ့တာ မမေ့ နဲ့လေ၊ မင်းမို့ ဓားဂိုဏ်း အားနည်း သွားပြီ ထင်ဝံ့တယ်။ ”

“ အဟက် ... ၊ အဲဒီတော့ ဘာဖြစ်လဲ၊ သက်တံဓား သူတော်စင်က၊ ဂိုဏ်းက မခွာရဲ ပါဘူး၊ ဒီတစ်ကြိမ်က တပည့် တွေရဲ့၊ ပြိုင်ဆိုင်မှု တစ်ခုပဲ၊ သူ့အပေါ် မှီခိုလို့ မရ ပါဘူး။ ”

“ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က၊ သူတို့ရဲ့ ရွှေမျိုးဆက်ကို ဆုံးရှုံး ခဲ့ရလို့၊ ကောင်းကင်ယံ ဂိုဏ်းနဲ့၊ ဓားဂိုဏ်းကြား၊ ကွာဟချက် ရှိနေပြီ။ ”

“ ဟုတ်တယ် ... ၊ ထျန်ရွှမ်ဇီက သူ့ဂိုဏ်းရဲ့ အတွင်း တပည့်၊ ထိပ်ဆုံး သုံးဦးကို ... ကိုယ်တိုင် ကိုယ်ကျ သင်ကြား ပေးထားတယ်။ ”

ဓားဂိုဏ်း ရောက်ရှိ လာခြင်းသည် ကောင်းကင် ပျက်စီးခြင်း မြို့တော် အတွင်း၊ အကြီး အကျယ် ရုန်းရင်း ဆန်ခတ် ဖြစ် လာသည်။

ကောင်းကင်ယံ ဂိုဏ်းနှင့် ဓားဂိုဏ်းကြား ရန်ငြိုးများ အကြောင်း လူတိုင်း သိ၏။ အထူး သဖြင့် ထျန်ရွှမ်ဇီ၏ ရည်ရွယ်ချက် ကိုပင်။

ထို့ကြောင့် ဓားဂိုဏ်း၏ အသွင် အပြင်ကြောင့်၊ သဘာဝ အတိုင်း အမျိုးမျိုးသော ဆွေးနွေးမှုများ ဖြစ်ပွား လာစေသည်။

“ ငါ့ဓားဂိုဏ်းက ဘယ်အချိန် ကတည်းက ကောင်းကင်ယံ ဂိုဏ်းထက်၊ ပို အားနည်း သွားရ တာလဲ၊ ဒီလူတွေ မျက်စိ ကန်းနေပြီ။ ”

တိုက်ပွဲ မစခင် ကပင်၊ သူတို့အား သေလူ တစ်ယောက် ကဲ့သို့ ကြည့်လာ သူများကို၊ ဒေါသ ကြီးသော တပည့် တစ်ဦးမှ ပြန်အော်၏။

လင်းယွန် သည်ပင်၊ မျက်နှာ မည်းမှောင် လာသည်။ ဂိုဏ်း နှစ်ဂိုဏ်း ကြားရှိ ရန်ငြိုးများ ကြောင့်၊ စစ်ပွဲ တစ်ခု ဖြစ်လာ နိုင်သည်။

“ မင်းရဲ့ ပါးစပ်ကို သတိထားပါ။ ”

ကူရို့ချန်က ထိုတပည့်ကို လှည့်ကြည့်ကာ ပြောသည်။ ထိုအချိန်တွင် လူ တစ်စု ဝင်ရောက် လာ၏။ သူတို့ အားလုံး ထံမှ ထက်ရှသော ဓားရောင်ဝါများ၊ ယိုစိမ့် ကျနေသည်။

“ ကောင်းကင် ဓားမော့ ခန်းမ လာပြီ။ ”

***

All Chapters