နတ်လိပ် အသွင် ပြောင်းနည်း။
Vol. 115 Ch. 1599
ဓားဂိုဏ်းအား ဓားဖြင့် တည်ဆောက် ထားပြီး၊ ကောင်းကင်ဘုံ ဓားမော့ ခန်းမကို၊ ဓားမော့နှင့် ဖွဲ့စည်း သည်။
ထို့ကြောင့် ကောင်းကင်ယံ ဂိုဏ်း မတိုင်မီ၊ ၎င်းက ဓားဂိုဏ်း၏ ပြိုင်ဘက် ဖြစ်ခဲ့ လေသည်။
ရှေးဟောင်း ပျက်သုဉ်းမြေရှိ တန်ခိုးကြီး ဂိုဏ်းများ အားလုံးတွင်၊ နောက်ခံ အင်အားများ ရှိသည်ဟု၊ ကောင်းကင် ရေကန် သူတော်စင် သခင်မှ၊ ပြောခဲ့ ဖူးသည်။
ဤနှစ်များ တစ်လျှောက် တည်ငြိမ်စွာ ရပ်တည် နိုင်ခဲ့သော ကောင်းကင်ဘုံ ဓားမော့ ခန်းမမှ၊ ယင်းစကားကို သက်သေ ပြနေ၏။
“ ဟိုမှာ တေွ့လား ... ။ ”
မူရွယ်ချင်းက ခေါင်းဆောင် လူငယ်ကို ညွှန်ပြပြီး၊
“ အဲဒီ လူက ... ၊ ကောင်းကင် ဓားမော့ ခန်းမရဲ့ ... ၊ အသန်မာဆုံး ရွှေမျိုးဆက် ပါရမီရှင် ရေှာင်ခွန်ပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ် လောက် တည်းက၊ အရိယာ ကောင်းကင် ဓားမော့ကို ဆုပ်ကိုင် နိုင် ခဲ့တယ်။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ အကြီး အကဲများ အလယ်၌၊ မီးခိုးရောင် ဝတ် လူငယ် တစ်ဦးကို တွေ့လိုက် ရသည်။
ငယ်ရွယ် သော်လည်း၊ ကြမ်းတမ်း ရင့်မာသည့် အသား အရေ ရှိသည်။ စူးရှသော မျက်ဝန်း တစ်စုံကြောင့်၊ သူနှင့် မျက်ဝန်းချင်း ဆုံရန် လူတိုင်း မဝံ့ချေ။
ကျင့်ကြံမှုသည် စတုတ္ထ သွေး လွှတ်ကြောတွင် ဖြစ်သည်။
“ ကောင်းကင် မူလ ... ဓားမော့ နည်းစနစ်မှာ၊ နဝမ အဆင့် ရောက်နေ ပြီလို့ ... ၊ ငါ ကြားတယ်၊ ဒါက အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် တစ်ခုပဲ၊ ပြီးဆုံးအောင် ...
... လေ့ကျင့် နိုင်ရင်၊ နဂါး ဝိညာဉ် ပညာ ရပ်နီးနီး အစွမ်းထက် လာ နိုင်တယ်၊ မင်း သူနဲ့ တွေ့ရင် သတိ ထား ... ။ ”
မူရွယ်ချင်မှ သတိ ပေး၏။ လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ယခင် အချိန် များ၌၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ဓားရေး များနှင့်၊ ကြုံတွေ့ ရသော်၊ ပြဿနာ ဖြစ်နိုင်၏။
ထိုစဉ် နန်းဂွန်းဇီက ရှောင်ခွန် အနား တိုးကပ်ကာ၊ တစ်စုံ တစ်ခုကို ပြောဆို လိုက် သဖြင့်၊ ၎င်းမှ လင်းယွန်ထံ ကြည့်လာသည်။
ထို့နောက် စူးရှသော ဓားမော့ အလင်း တစ်စက၊ အကွာ အဝေးကို ဖြတ်ကာ၊ လင်းယွန် ထံ ဝင်လာသည်။
ယင်းကြောင့် ဓားဝိညာဉ် များကို လှည့်ပတ်ပြီး၊ ထိုဓားမော့ ရည်ရွယ်ချက်အား ပယ်ဖျက် လိုက်ရသည်။
“ စိတ်ဝင်စား စရာပဲ။ ”
ရှောင်ခွန်မှ ပြုံးသည်။
“ မင်း မှန်တယ် ... ၊ ဒီကောင်လေးက လောင်ဟွမ်ကို အနိုင်ယူ နိုင်တာ ကံကောင်းလို့ မဟုတ်ဘူး၊ ဒါပေမယ့် ... သူက ငယ် သေးတယ်၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ကို မလာ သင့်ဘူး၊ သွားကြ ရအောင်။ ”
နှစ်ဖက်သော လောက နိယာမ နယ်ပယ်၊ အကြီး အကဲ များက အချင်းချင်း ခေါင်းညိတ် ပြ ကြပြီး၊ ကောင်းကင် ပျက်စီးခြင်း မြို့သို့ ဝင်ရောက် လိုက် ကြသည်။
ချန်လဲ့၏ ဦးဆောင်မှု အောက်တွင်၊ ကောင်ကင် ပျက်စီးခြင်း မြို့ရှိ၊ ဓားဂိုဏ်း၏ ဌာနခွဲသို့ ဝင်ရောက် လာခဲ့သည်။
သည့်နောက် အနား မယူမီ၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော် မဖွင့်ခင်၊ ပြဿနာ မရှာ ကြရန်၊ လူတိုင်းကို သတိ ပေး သည်။
ဓားဂိုဏ်း သန်မာ သော်လည်း၊ ဤမြို့၌ တန်ခိုးကြီး ဂိုဏ်းများ ကိုပင်၊ ဂရု မစိုက်သော မိစ္ဆာ ကျင့်ကြံသူ၊ တစ်စုံ တစ်ဦး ရှိနေ နိုင်၏။
ရက် အတော်ကြာ ခရီး ထွက်လာ ရသဖြင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် မောပန်း နေပြီး၊ အနားယူရန် အခန်း ရှာမိသည်။
ထိုအချိန်တွင် မူချင်းချင်းက မြို့ပတ် လမ်း လျှောက်ရန် လူစု နေရာ၊ လင်းယွန်မှ သူမအား အပြုံးဖြင့် ငြင်းဆို လိုက်၏။
အခန်းထဲ ရောက်သည်နှင့်၊ တရား ထိုင်သည်။ နာရီ ဝက်ခန့် ရှူသွင်း-ရှူထုတ် လုပ်ပြီးနောက်၊ ပင်ပန်း နွမ်းနယ်မှုများ ပျောက်ကင်း သွားသည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် စတုတ္ထ အဆင့် ဖြစ်ပြီး၊ အရိယာ ဓားသုတ္တန်မှာ၊ ပဉ္စမ အဆင့် ဖြစ်၏။
ယင်းက အနည်းငယ် နှေးကွေး သည်ဟု ထင်သည်။
“ ငါ့မှာ အရင်း အမြစ် မရှိတာ စိတ်ပျက် စရာပဲ။ ”
လင်းယွန်မှ ခေါင်းကုတ်ကာ၊ ရေရွတ် လိုက်သည်။ ညရှုခင်းသည် ပြတင်းပေါက် ပြင်ပ၌ သာယာ လှပ နေ၏။
ကောင်းကင် ပျက်စီးခြင်း မြို့သည်၊ ပျက်စီးခြင်း နန်းတော် နယ်နိမိတ်နှင့် နီးကပ် နေပြီး၊ ဤမြို့၌ မည်သည့် တပ်ဖွဲ့မျှ အာဏာ မသက် ရောက်ချေ။
နယ်မြေ နှစ်ခုကြား နယ်စပ် မြို့တော် ဖြစ်သဖြင့်၊ စည်ကား လှ၏။ လက်ရှိ အချိန်၌ ပျက်စီးခြင်း နန်းတော် ဖွင့်လှစ် တော့မည် ဖြစ် သဖြင့်၊ အစည် ကားဆုံး ဖြစ်လေသည်။
မြို့ထဲတွင် လမ်းလျှောက် စျေးသည် များစွာ ရှိပြီး၊ ပျက်စီးခြင်း နန်းတော်မှ ထွက်လာသော ရတနာ အချို့ကို တွေ့နိုင်၏။
ထိုအပြင် လေလံပွဲ၊ ကုန်သည် ကြီးများ အသင်း၊ ပျော်ပွဲစား ရုံနှင့် အခြားသော နေရာ များစွာလည်း ရှိသေးသည်။
လင်းယွန်မှ အကြည့် ပြန်ရုတ်ကာ၊ လိပ်ခွံအား ထုတ်ယူ လိုက်၏။ လိပ်ခွံ ပေါ်တွင် ရှုပ်ထွေး ပွေလီသော ရူရ် များရှိသည်။
ထိုအပြင် ယင်းက မှိန်ဖျော့ နေသော ကြောင့်၊ မည်မျှ အားစိုက် စေကာမူ၊ နားမလည် နိုင်ခဲ့ချေ။
ယင်းကြောင့် ချန်ထားသော လိပ်နက် သွေးစက်ကို သတိရ လာသည်။ သို့သော် မည်သို့ အသုံး ပြုရ မည်မှန်း၊ မသိ ဖြစ်နေ၏။
“ အစ်ကို မုကို ... မေးကြည့် ရမယ်။ ”
လိပ်ခွံကို သိမ်းဆည်းပြီး၊ မုချွမ် အခန်းသို့ ဦးတည် လိုက်သည်။ မုချွမ်မှ
“ ဒါဆို ... ၊ မင်းရဲ့ ဒုတိယ ဒုက္ခ အတွက် ... ၊ သိမ်းထားတာ မဟုတ် ဖူးပေါ့။ ”
-မေးသည်။
“ ဟုတ် ကဲ့ ... ။ ”
လင်းယွန်မှ ခေါင်းညိတ် ပြလိုက်သည်။ မုချွန်က လိပ်ခွံကို လှည့်ပတ် ကစား ပြီးနောက်၊ ဖြည်းဖြည်းခြင်း ရှင်းပြ လေသည်။
“ မင်းကို ပေးခဲ့တဲ့ ... ၊ နတ်လိပ် အသွင် ပြောင်းနည်းက၊ လိပ်နက် အမွေရဲ့ ... ၊ အစိတ် အပိုင်း တစ်ခုပဲ၊ အမွေ အပြည့် အစုံမှာ၊ အသွင် ပြောင်းနည်း၊ ကျင့်ကြံ နည်းနှင့် လျှို့ဝှက် နည်းစနစ် ဆိုပြီး၊ သုံးမျိုး ရှိတယ်၊ ...
... အသွင်ပြောင်း နည်းမှာ၊ (၇၂) မျိုး ပါဝင်ပြီး၊ ကျင့်ကြံမှု မှာလည်း နဂါး ဝိညာဉ် အဆင့် နည်းစနစ် (၇၂) ပါးနဲ့၊ လျှို့ဝှက် နည်းစနစ် (၇၂)မျိုး၊ ဆိုပြီး ရှိတယ်၊ ...
... ဒါက လိပ်ခွံ သာ ဖြစ်လို့၊ ငါပြောတဲ့ အရာတွေ ... မပါဘူး၊ ဒါပေမယ့်လည်း ... အသွင် ပြောင်းနည်း တစ်ခုတည်း ကတင်၊ လိပ်နက်ရဲ့ သွေးကို သုံးရကျိုး နပ်ပါတယ်။ ”
ထိုအကြောင်းကို ကြားသော အခါတွင် ဘိုးဘေး ပင်လယ် လိပ်နက်နှင့် တွေ့ဆုံ ချိန်၌၊ ပြောခဲ့သော စကား များကို သတိ ရလာ၏။
လိပ်ခွံ၏ ဒုတိယ အပိုင်းကို လိုချင်က သူ့အား လိုက်ရှာ ရပေမည်။
နဂါး ဝိညာဉ် အဆင့်၊ လျှို့ဝှက် နည်းစနစ် (၇၂)ပါး အတွင်းမှ၊ တစ်ပါး ပါးသည်ပင်၊ တန်ဖိုး မဖြတ် နိုင်သော ရတနာ ဖြစ်သည်။
၎င်းက ဓားဂိုဏ်း၏ မပြည့် စုံသော တော်ဝင် ဓားကျမ်းထက်၊ ပို၍ အားကောင်း နိုင်ခေျ၏။
“ ဘယ်လိုလဲ မင်း ဆက်သွား မလား။ ”
မုချွမ်မှ မေးသည်။
“ ဟုတ်ကဲ့ ... သုံးဖို့ ဆုံးဖြတ် ထားတယ်။ ”
လင်းယွန်က ပြန်ဖြေ၏။
“ ငါ မင်းကို ပေးတဲ့ ... ၊ နတ်လိပ် အသွင် ပြောင်းနည်းက၊ အသွင် ပြောင်းခြင်း (၇၂) ပါး ထဲက တစ်ပါးပဲ၊ အစွမ်းထက် လွန်းတယ်၊ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်၊ မင်းကိုယ်မင်း ဓားသမား ဆိုတာ အမြဲ သတိ ရပါ။ ”
မုချွမ်က လင်းယွန်အား ကြည့်ကာ လေးလေး နက်နက် သတိ ပေးလေသည်။ သူ သည်ပင် လိပ်နက် သွေးကို ရရှိရန် အချိန် များစွာ ပေးဆပ် ခဲ့ရ ဖူးသည်။
နောက်ဆုံးတွင် စိတ်မရှည် တော့ဘဲ၊ စွန့်လွှတ် ခဲ့သည်။ လင်းယွန် မှာမူ အချိန်တို အတွင်း၊ လိပ်နက် သွေးကို ရရှိလာ သဖြင့်၊ စိုးရိမ် မိ၏။
“ ကျွန်တော် နားလည် ပါပြီ။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ ထို့နောက် မုချွမ်မှ လိပ်နက် သွေးစက်ကို လိပ်ခွံ နှင့် ပေါင်းစပ်ခြင်း စတင်သည်။
နတ်လိပ် အသွင် ပြောင်းနည်းကို၊ မြင့်မားသော အဆင့်သို့ ရောက်ရှိ လာသော်၊ သူတော်စင် များ ပင်လျှင်၊ ခွဲခြားရန် ခက်ခဲ ပေလိမ့်မည်။
အသွင်ကူး ပြောင်းနည်း (၇၂)ပါး လုံး ဆုပ်ကိုင် နိုင်သော်၊ လူ့ဗီဇ ကိုပင် နတ်သားရဲ အဖြစ်သို့၊ ပြောင်းလဲ ပစ် နိုင်၏။
သို့သော် လျှို့ဝှက် နည်းစနစ် များနှင့် ကျင့်ကြံမှု နည်းစနစ်များ အတွက်မူ၊ မည်သည့် သဲလွန် စမှ မရ ခဲ့ချေ။
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန် ကုန်လွန် ပြီးနောက်၊ လိပ်ခွံနှင့် လိပ်နက် သွေး ပေါင်းစပ် သွားပြီး၊ အက္ခရာများ ထင်ရှား လာတော့သည်။
ရာနှင့် ချီသော အချက် အလက်များ ဖြစ်ချေ၏။ ထို့ကြောင့် ရှင်းရှင်း လင်းလင်း မမြင် နိုင် သဖြင့်၊ လင်းယွန်က နတ်နဂါး မျက်လုံး များကို၊ ထုတ်ဖော် လိုက်ရသည်။
များမကြာခင် ရှင်းလင်း ပြတ်သား လာ၏။ သူ့ မှတ်ဉာဏ်မှာ ထိပ်တန်း အဆင့် ဖြစ်သဖြင့်၊ နှစ်နာရီ မျှနှင့်၊ အားလုံးကို မှတ်မိ သွားသည်။
မုချွမ် သည်လည်း ၎င်းကို လိုက်လံ မှတ်သားမိ သော်လည်း၊ လိပ်နက် သွေးအား သန့်စင် ထားခြင်း မရှိ ပါက၊ အသုံး မဝင် ကြောင်း နားလည် လာခဲ့သည်။
“ ဒါဟာ ရှုပ်ထွေး လွန်းတယ်၊ ရူရ်ပေါင်း တစ်သိန်းနဲ့ ရေးထားပြီး၊ မပြည့် စုံဘူး၊ အဲဒါကို လေ့ကျင့်ဖို့ ဆိုရင်၊ သွေးသား စွမ်းအင် အသွင် ပြောင်း ပြီးမှသာ၊ လေ့ကျင့် နိုင်မယ်။ ”
ဆိုလို သည်မှာ တတိယ သွေးလွှတ်ကြော ရောက်ရန် လိုချေ၏။
“ ငါ ပြောသားပဲ ... ၊ ဒါပေမယ့် ... စိတ် မပျက်နဲ့၊ မင်းရဲ့ လိပ်နက် အသွင် ပြောင်းနည်း ဆိုတာက မပြည့်စုံ ပေမယ့်၊ ရုပ်ခန္ဓာ အသွင် အပြင် အပါ အဝင်၊ ...
... အသံ ကိုပါ ပြောင်းလဲပေး နိုင်တယ်၊ တခြား ရုပ်ဖျက် နည်းတွေထက် ပိုကောင်းတာ အမှန်ပဲ။ ”
မုချွမ်မှ ဆိုသည်။ လိပ်ခွံကို သိမ်းဆည်းပြီး၊ လင်းယွန်က ဤသို့သာ မျှော်လင့်ရ ပေတော့ သည်။ မဟုတ်သော် လိပ်နက် သွေးကို အချည်း အနှီး ဖြုန်းတီး မိပြီ ဖြစ်၏။
အချိန် အနည်းငယ် စကား စမြည် ပြောပြီးနောက်၊ လင်းယွန်မှ နှုတ်ဆက်ကာ အခန်းသို့ ပြန်လာ ခဲ့သည်။
သို့သော် တံခါးကို ဖွင့်တော့မည့် အချိန်၌၊ သူ့အခန်းထဲ တစ်စုံ တစ်ယောက် ရှိနေ သဖြင့်၊ မျက်မှောင် ကြုတ်ကာ၊ ရပ်လိုက် မိသည်။
မူရွယ်ချင်း၊ ကူရို့ချန်နှင့် ရီချင်းရွှမ်မှာ ကျင့်ကြံ နေသည်။ မူချင်းချင်းနှင့် ကျန်သော သူတော်စင် တပည့် များသည်၊ မြို့ထဲပတ် နေကြ၏။
( ဒါဆို ဘယ်သူ ဖြစ်မလဲ။ )
ထိုမေးခွန်း နှင့် အတူ၊ တံခါးကို တွန်းဖွင့် လိုက်သော အခါတွင်၊ လုလင်ပျို တစ်ယောက်၏ နောက်ကျောအား မြင်လိုက် ရသည်။
၎င်းက ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင် ထားပြီး၊ ထိုင်ခုံ၌ အေးအေး လူလူ ထိုင်နေ ခဲ့သည်။
ဤသူသည် ယောက်ျား တစ်ဦး အသွင် ဖြစ်သော်လည်း၊ အမျိုး သမီး တစ်ဦး ကဲ့သို့၊ မွှေးကြိုင်သော ရနံ့ကို ပေးသည်။
“ အန်း လျူ ယွန် ... ။ ”
လင်းယွန်မှ တံခါးကို ချက်ချင်း ပိတ်လိုက်၏။
“ ကျွီ ... ။ ”
“ အိုး ... ၊ မတွေ့တာ အတော် ကြာနေ ပြီနော်၊ သခင်လေး လင်း။ ”
အန်းလျူယန်မှ လှည့်ကြည့်ပြီး၊ ပြုံးလျက် နှုတ်ဆက် လေသည်။ သူ ပေးသော သူတော်စင် ယပ်တောင်ကို၊ ကိုင်ဆောင်လျက် ပြေပြစ်သော အသွင် ဆောင်နေ၏။
သူမ ကိုယ် သူမ ကောင်းကောင်း ဖုံးကွယ်ထား နိုင်ပြီး၊ ရနံ့ ကြောင့်သာ မဟုတ် ပါက၊ သခင်လေး တစ်ပါး အဖြစ် ထင်မိ ပေမည်။
“ ဘယ်လိုလဲ ငါ ... ရုပ်ဖျက် ထားတာ အဆင် ပြေလား။ ”
အန်းလျူယွင်မှ မေး၏။
“ မင်းရဲ့ ရနံ့ကြောင့် ... ၊ ဒီရုပ်ဖျက်မှုက အသုံး မဝင် ပါဘူး။ ”
လင်းယွန်က ပြုံးကာ ဖြေလိုက် သည်။
“ ဒီလို မဟုတ်ဘူး ... ၊ သခင်လေး လင်း မမှတ် မိပဲ၊ ငါ့ကို သတ်လိုက်မှာ စိုးလို့၊ ဝင်ပြီးမှ လိမ်းလိုက် တာပါ။ ”
အန်းလျူယွင်မှ ပြုံးလျက် ပြန်ပြော၏။ သို့သော် သူမ အခန်း ထဲသို့၊ မည်သို့ မည်ပုံ ဝင် လာသည်ကို မပြော သေးချေ။ ယင်း အစား၊
“ သခင်လေး လင်း၊ မြို့ထဲ လမ်းလျှောက် ရအောင်။ ”
-ဟု ဖိတ်ခေါ် လာတော့သည်။
***