မဟာမိတ်များ ရောက်လာခြင်း။
Vol. 115 Ch. 1600
“ အရင်ဆုံး ... ၊ မင်း ဘယ်လို ဝင်လာလဲ ပြောပါ။ ”
လင်းယွန်မှ မေးသည်။ ဓားဂိုဏ်း၏ ဌာနခွဲတွင် တင်းကြပ်သော အစောင့်များ ရှိပြီး၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များ၏ မျက်စိ အောက်၌ ခိုးဝင်နိုင် သည်မှာ၊ အဓိပ္ပါယ် မရှိချေ။
“ ဒီမှာ ... ။ ”
အန်းလျူယွင်က တံဆိပ် တစ်ခု ပြသည်။ ယင်းမှာ အရိယာ တောင်ထိပ် အတွင်း တပည့် တစ်ဦး၏ သင်္ကေတ ဖြစ်၏။
“ ငါက ဓားဂိုဏ်းရဲ့ တပည့်ပဲ ။ ”
“ ဘာတွေလဲ ... ။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ မိစ္ဆာ ကျင့်ကြံသူတွေ အတွက်၊ အခန်း ကဏ္ဍတွေ မရှိဘူး၊ ငါတို့ ပျက်စီးခြင်း နန်းတော်ကို ဝင် ချင်ရင်၊ တန်ခိုးကြီး ဂိုဏ်း တစ်ဂိုဏ်းနဲ့ ...
... ပူးပေါင်း ရတယ် ... ၊ ကောင်းကင် ဆေးအိုး ခန်းမရဲ့ မိတ်ဖက် ဖြစ်တဲ့၊ ဓားဂိုဏ်း အသွင်ကို ယူရတယ်။ ”
အန်းလျူယွင်မှ ပြောသည်။ ဤကမ္ဘာ ကြီးတွင်၊ ကောင်းမှု - မကောင်းမှု ဟူသည် အမြဲ ဒွန်တွဲ နေသော အရာများ ဖြစ်သည်။
တစ်ဦးနှင့် တစ်ဦး မသတ် သ၍ အဆင် ပြေ၏။ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံကြ သူတိုင်း၊ မကောင်းမှု ပြုလုပ်သူ မဟုတ်ချေ။
ယင်းက စွမ်းအားထံ ချည်းကပ်ရာ လမ်းကြောင်း မျှသာ ဖြစ်သည်။ လုပ်ရပ် များ သည်သာ၊ အဓိက ကျ၏။
“ ရပြီလား ... သခင်လေး လင်း၊ ငါတို့ အပြင်ထွက် ရအောင်၊ မြို့ထဲမှာ စည်ကား နေပြီ။ ”
အန်းလျူယွင်မှ မျက်စိ မှိတ်ပြလျက် ဆိုသည်။
“ မသွား တော့ဘူး။ ”
လင်းယွန်က ခေါင်းခါသည်။ သူ့အတွက် အချိန်သည် တန်ဖိုး ရှိ၏။ ထို့ကြောင့် လက်ရေး လှ ရေးကျင့်ရန် ပြင်ဆင် လိုက်သည်။
အပူပင် ကင်သော ဓား (၉) ကွက်၏ နဝမမြောက် ဓားပုံစံကို မဆုပ်ကိုင် ထားသော်၊ ရွှေမျိုးဆက်အား လွှမ်းမိုးရန် မဖြစ် နိုင်ချေ။
ကူရို့ချန်၏ အဆို အရ၊ ကောင်းကင်ယံ ဂိုဏ်းမှ၊ ထိပ်ဆုံး တပည့် သုံးဦးသည် ပဉ္စမ သွေး လွှတ်ကြော ကျွမ်းကျင် သူကို၊ သတ်နိုင်သည်။
၎င်းတို့၏ အမှန် တကယ် တိုက်ပွဲဝင် စွမ်းအားမှာ၊ ဆဋ္ဌမ သွေးလွှတ်ကြော နယ်ပယ် အထိ ရှိချေ၏။
“ ဒါဆို မင်း အတွက် မှင်ဖျော် ပေးမယ်။ ”
အန်းလျူယွင်မှ ပြုံးလျက် ပြင်ဆင် ပေးသည်။ လင်းယွန်က မငြင်းချေ။ သူမအား အပူပင် ကင်းသော ဓား(၉) ကွက်ကို ကြည့်ခွင့် ပြု လိုက်သည်။
ကောင်းကင် အမိုးဓားအား ထည့်သွင်း ရေးဆွဲ ပြီးသော အခါတွင်၊ မူးဝေ လာတော့ သည်။ သို့တိုင် နဝမ ဓားကို မတွေ့ချေ။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကို ဖြန့်ကျက်ကာ၊ ခဏမျှ အနားယူ လိုက်သည်။ မူလ စွမ်းအင်နှင့် ဓားရည်ရွယ်ချက် ပြန်ပြည့် လာချိန်၌၊ ထပ်မံ ရေးကျင့် ပြန်သည်။
ဤဖြစ်စဉ်သည် ပျင်းရိဖွယ် ကောင်းပြီး သာမန် လူများ အတွက် ပြီးမြောက်ရန် ခက်ခဲ ပေမည်။
ဘေးမှ ရပ်ကြည့် နေသော အန်းလျူယွင်ပင်၊ ငြီးငွေ့ လာသည်။ လင်းယွန် နဖူးတွင် ချွေးစများ ရွဲနစ် လာပြီး၊ မျက်လုံးမှိတ်ကာ အနား ယူသည်။
နာရီဝက် အကြာတွင် မျက်လုံး ပြန်ဖွင့် လျက်၊ ယပ်ခတ်ပေး နေသော အန်းလျူယွင်ကို ကြည့်မိ၏။
“ မင်း ဘာလုပ် နေတာလဲ။ ”
“ ချွေးတွေ တအား ထွက်နေ တယ်လေ ... ၊ ဒီအတိုင်း ထိုင်နေ တာထက် စာရင် ယပ်ခတ် ပေး တာက ပိုကောင်းမယ် ထင်လို့။ ”
အန်းလျူယွင်မှ ရှက်ရွံ စိတ်ဖြင့် မျက်နှာ နီရဲ လာသည်။
“ ဒါက ဘာ အဓိပ္ပာယ် မို့ ... ၊ သခင်လေး လင်းက၊ ဒီလို အကြိမ်ပေါင်း များစွာ လုပ်နေရ တာလဲ။ ”
“ နဝမမြောက် စကားလုံးကို ရှာနေတာ၊ သူ့ကို မတွေ့ ပေမယ့်၊ ရေးလိုက်တိုင်း ... ၊ ငါ့ဓား ရည်ရွယ်ချက် တိုးတက် လာတယ်၊ ငါ့ အတွက် လေ့ကျင့်မှု တစ်ခု ပါပဲ၊ အခု ငါ့မှာ ပဉ္စမတန်း ဓား ရည်ရွယ်ချက် ရှိနေပြီ။ ”
“ ဒါပေမယ့် ... ၊ အမ် ... ဘာ၊ ... ဘာဖြစ်တယ်၊ ပဉ္စမတန်း ဓား ရည်ရွယ်ချက် ရှိနေပြီ ဟုတ်လား။ ”
အန်းလျူယွင်မှ အော်သည်။
“ ရှူး တိုးတိုး ... ၊ မင်း လေသံကို လျှော့ပြောပါ။ ”
လင်းယွန်မှ ပြောလာ သဖြင့်၊ အန်းလျူယွင်က မယုံကြည်နိုင်စွာ ပြန်ကြည့် လာတော့သည်။
“ ဒါနဲ့ ... နဝမမြောက် စကားလုံးက တကယ်ရှိ ပါ့မလား။ ”
“ ရှိတယ် ... ၊ ငါ့ဆရာ ရေးနိုင်တယ်။ ”
“ သေချာလို့လား။ ”
“ တပည့် တစ်ယောက် အနေနဲ့ ... ၊ ငါ့ဆရာကို ယုံတယ်၊ ခက်တာက နဝမမြောက် စကား လုံးရဲ့ ... သဲလွန်စ ကိုတောင်၊ ငါ့ဆရာက မပေး ခဲ့ဘူး၊ ...
... အဖော် မဲ့ပြီး ... ၊ အထီး ကျန်မှုကြောင့် အဆုံးမဲ့ ဝမ်းနည်း ခြင်းတွေ၊ ခံစား နေရ တာကို ဖော်ပြဖို့ ဆိုရင်၊ မင်း ဘယ်လို ပြောမလဲ။ ”
အန်းလျူယွင်မှ ပြန်ဖြေရန် ပါးစပ်ဟ လိုက်သော်လည်း၊ စကားသံ ထွက် မလာ ခဲ့ဘဲ၊ အလေး အနက် ပြန်တွေး သွားသည်။
“ ငါ့ အတွက် ဆိုရင်တော့ ... ၊ အဖော်မဲ့ အထီးကျန် လာရင် ... ၊ နာကျင်မှုကို ခံစားရမှာ အမှန်ပဲ၊ ဝမ်းနည်းခြင်းရဲ့ နောက်ကွယ်မှာ အဆုံးမဲ့ နာကျင်မှုတွေ ရှိတယ်။ ”
“ နာကျင်မှု လား ... ။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။ ပြီးနောက် သူ့ အမြင်ကို ပြန်ပြော၏။
“ အရင် တုန်းက တစ်ကိုယ်တည်း ... ဒါမှမဟုတ်၊ ဗလာ ဆိုတဲ့ အရာမျိုး တွေးမိခဲ့ ဖူးတယ်၊ ဒီလောက ကြီးမှာ၊ ပေါ့ပေါ့ ပါးပါး နေနိုင်ရင်၊ ဝမ်းနည်းခြင်း တွေကို မေ့နိုင်မယ် မဟုတ်လား။ ”
“ မဟုတ်ဘူး ... ။ ”
အန်းလျူယွင်မှ ငြင်းဆို သည်။
“ လူတိုင်းမှာ ... ၊ ကိုယ့် ခံယူချက်နဲ့ ကိုယ် ရှိကြတယ်၊ လူ အချို့က ဝမ်းနည်းခြင်း တွေကို မေ့ပစ်ဖို့၊ သူတို့ကိုယ် သူတို့ သတ်သေ တယ်။ ”
ယင်းက အမှန် ပေပင်။ လူတိုင်း၌ မတူညီသော အတွေး အမြင်များ ရှိချေ၏။ ထို့ကြောင့် ဆရာ သခင်မှ သူ့အတွက်၊ နဝမ ဓားကို မထားခြင်း ဖြစ်ပေမည်။
“ ဟား ... ဟား ... ဟား ... ။ ”
ဆိုလို သည်မှာ နဝမမြောက် ဓားသည် အကြင်သူ၏ အမြင်ပေါ် မူတည် နေခြင်း ဖြစ်၏။ လင်းယွန်၏ အတေွးများ ရှင်းလင်း လာသဖြင့်၊ ရယ်မော လိုက်မိ သည်။
“ သခင်လေး လင်း ... ၊ ဘာရယ်တာလဲ။ ”
“ ကျေးဇူးတင် ပါတယ် ... ၊ မိန်းကလေး အန်း၊ မင်း ပြောတာ မှန်တယ်၊ လူတိုင်းရဲ့ အမြင် တွေက မတူဘူး၊ ဒါကြောင့် ...
... နဝမ မြောက် ဓား ပုံစံကို၊ တခြား လူတွေရဲ့၊ အမြင်နဲ့ ရေးလို့ မရဘူး၊ ငါ့ ဘာသာ ရှာရမယ်။ ”
“ ဒါဆို သခင်လေး လင်းရဲ့ ... ၊ အမြင်က ဘာလဲ။ ”
“ သတ် ... ။ ”
လင်းယွန်မှ မဆိုင်း မတွ ပြန်ဖြေပြီး၊ အဆုံးမရှိ သတ်ဖြတ် လိုသော ရည်ရွယ်ချက် အား၊ ချရေး လိုက်သည်။
တောင်ပိုင်း ဧကရာဇ်သည် ချစ်သူကို ဆုံးရှုံးပြီးနောက် နဝမမြောက် ဓား ပုံစံအား၊ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။
လင်းယွန် အတွက် ဓားဂိုဏ်းသည် ချစ်သူ ဖြစ်သဖြင့်၊ ဓားဂိုဏ်း ဖျက်ဆီး ခံရ ပါက အခြား စကား လုံးများ၊ ရှိလာမည် မဟုတ်ချေ။
ပတ်သတ် သမျှသော လူတိုင်းကို၊ သတ်ပစ် ရပေမည်။ ‘သတ်’ ဟူသော စကားလုံးကို ရေးချ လိုက်သော အခါ၊ အခန်း အတွင်းရှိ စာရွက်များ အားလုံး၊ ပျံဝဲ ကုန်၏။
ပြိုးပြက် လင်းလက် နေသော ဓား အလင်းများ ထွက်လာကာ၊ စာရွက်များ ပေါ်ရှိ စကား လုံးများ၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့၊ ပြန်ဝင် လာသည်။
နဝမမြောက် ဓားပုံစံကို ရှာတွေ့ပြီ ဖြစ်သဖြင့်၊ ခံစားချက်များ ပေါက်ကွဲ ထွက်လာ ခြင်း ဖြစ်သည်။ အချိန် အတော်ကြာ ပြီးနောက် မျက်လုံးကို ဖွင့်ကာ ပြုံးလိုက်၏။
“ ငါ အောင်မြင်ပြီ။ ”
“ ဂုဏ်ယူ ပါတယ်။ ”
အန်းလျူယွင်မှ ပြုံးလျက် ပြောလာ လေသည်။ ကောင်းကင် ပျက်စီးခြင်း မြို့ရှိ လေထုမှာ၊ အချိန် ကြာလာ သည်နှင့် အမျှ၊ ပို၍ တင်းမာ လာတော့၏။
သုံးရက် အကြာတွင်၊ လူ များစွာက၊ ကောင်းကင်ကို ဖြတ်ကာ၊ အရှေ့ဘက် ပျက်စီး ခြင်း နန်းတော်သို့၊ ပျံသန်း ကုန်ကြသည်။
၎င်းသည် မြို့နှင့်၊ မိုင် တစ်ထောင် အကွာတွင်၊ တည်ရှိပြီး၊ မြေကြီး များမှာ အနက်ရောင် ဖြစ်သည်။
လူအုပ်ကြီးက ကျိုင်းကောင်များ အလား ပျံသန်း လာ၏။ မြေပြင် ထံမှ စိတ်မသက် မသာ ဖြစ်စေသော ရောင်ဝါများ၊ စိမ့်ထွက် နေသည်။
၎င်းကို ဖုံးအုပ် ထားသော အစီရင်ကို၊ အမှောင်ခေတ်၏ ထိပ်တန်း အဆင့် ကျွမ်းကျင် သူ အများ အပြားမှ၊ လက်တွဲ တည်ဆောက် ခဲ့ သည်ဟု၊ ထင်ကြေး ပေးကြ၏။
သို့သော် အချိန်များ ကုန်လွန် လာ ပြီးနောက်၊ အစီရင် အားနည်း သွားကာ၊ လူ အများ ဝင်ရောက်ခွင့် ရလာ ကြသည်။
ကျယ်ပြောသော အနက်ရောင် လွင်ပြင် တစ်ခု ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီး အကြား၊ သီးခြား အရပ် ဒေသ အဖြစ်၊ ဖြစ်တည် နေသည်။
ဆိုလို သည်မှာ၊ ထိုနေရာ၌ အာကာပြင် ပုံပျက် နေပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရေစက်ကြီး အသွင် ပုံပြောင်း နေခြင်း ဖြစ်၏။
ချန်လဲ့နှင့် မုချွမ် တို့၏ ဦးဆောင်မှု အောက်တွင်၊ ဓားဂိုဏ်း၏ တပည့် များမှာ၊ ရေစက် အနီးသို့၊ ဆင်းသက် လိုက်၏။
“ လူတွေ အများ ကြီးပဲ။ ”
ဤနေရာရှိ လူတိုင်းသည် အရှေ့ဘက် ပျက်စီး မြေ၏ လူငယ် မျိုးဆက် သစ်များ ဖြစ်သည်။
လင်းယွန်၏ အကြည့် များသည် လူများစွာကို ဖြတ်ကျော်လျက်၊ လူတစ်စု ပေါ်သို့ ကျရောက် သွား၏။
ဤလူများသည် အစိမ်းရောင် ၀တ်စုံများ ၀တ်ဆင် ထားသဖြင့်၊ မြကျောက်စိမ်း စံအိမ်၏ တပည့်များ ဖြစ်ကြောင်း သိသာသည်။
“ သူတို့ ခေါင်းဆောင်က ချန်းတောင်ပဲ၊ စတုတ္တ သွေးလွှတ် ကြောမှာ ရှိပြီး၊ သဏ္ဍာန်မဲ့ နတ်ဘုရား ပညာရပ်ကို၊ နဝမ အဆင့် အထွတ် အထိပ်ထိ၊ ...
... လေ့ကျင့်ထား နိုင်တယ်၊ သူ့ကို တုတ်ဓားနဲ့ ဒဏ်ရာ ရအောင် လုပ်ဖို့ မလွယ်ဖူး၊ ပြီးတော့ ... သူ့ရဲ့ တိုက်ပွဲဝင် ပုံစံ ကလည်း၊ ထူးထူး ဆန်းဆန်းပဲ။ ”
မူရွယ်ချင်းမှ ပြောသည်။
“ ရတနာ ခန္ဓာ ... ။ ”
လင်းယွန်မှ မျက်ခုံး ပင့်ကာ၊ ရေရွတ် လိုက်သည်။ ရတနာ ခန္ဓာနှင့် မိုးပြာ နဂါး ခန္ဓာ၊ မည်သူ ပို၍ အားကောင်း မည်ကို၊ သိချင် လာ၏။
“ လျှော့ မတွက်နဲ့ ... ၊ တစ်ချိန်က ငါတို့ စီနီယာ ကူရဲ့ အရိယာ ကောင်းကင် ဓားတောင်၊ သူ့ရတနာ ခန္ဓာကို မချိုးဖြတ် နိုင်ခဲ့ဘူး။ ”
သူ့အတွေးကို မြင်ဟန်ဖြင့်၊ မူရွယ်ချင်းမှ သတိ ပေးသည်။
“ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှု ကလည်း မြင့်မားတယ်၊ သူ့ကို ... စီနီယာ အစ်ကို ကူရဲ့ နောက်ကနေ၊ အဆင့် သတ်မှတ် ထားတယ်၊ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ် ... ၊
... အစ်ကို ကူက ကြက်သွေးရောင် ဓားသုတ္တန်ကို၊ နဝမ အဆင့် အထွပ် အထိပ်ထိ ရောက်ရှိ နေပြီ။ ”
ထိုသတင်း စကားကြောင့်၊ လင်းယွန် တစ်ယောက် အံ့ဩ သွားပြီး၊ ကူရို့ချန်ထံ လှမ်း ကြည့်လိုက်သည်။
ကြက်သွေးရောင် ဓားသုတ္တန် ဟူသည် အရိယာ ဓားသုတ္တန်ထက် အားနည်းသော အရာ မဟုတ်ချေ။ စွမ်းအင် ဂုဏ်သတ္တိ အရ၊ ပို၍ ခံနိုင်ရည် ရှိသည်။
ဂိုဏ်းချုပ် မူရွှမ်ကောင် သည်ပင်၊ ကြက်သွေးရောင် ဓားသုတ္တန် ကိုသာ လေ့ကျင့် ခဲ့သည်။
အရိယာ ဓားသုတ္တန် အတွက်မူ၊ အရင်း အမြစ် လုံလောက်စွာ မရသော်၊ အောင်မြင်မှု တစ်ခု ရယူရန်၊ နားလည် နိုင်စွမ်း ပေါ်သာ၊ အားကိုးရ ပေမည်။
“ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းနဲ့ ... ၊ နက်ရှိုင်း တောင်ကြားလည်း ရောက် လာပြီ။ ”
မူရွယ်ချင်းမှ ပြုံးလျက် ဆိုသည်။ ထိုဂိုဏ်း နှစ်ဂိုဏ်းနှင့် ကောင်းမွန် သော ဆက်ဆံရေး ရှိ၍ သူမ ပျော်သွားသည်။
***