← Chapters

သူတော်စင် ဘုရင် ... ။

Vol. 115 Ch. 1601

သူတော်စင် ဘုရင် ... ။

Vol. 115 Ch. 1601

ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းနှင့် နက်ရှိုင်း တောင်ကြားမှာ အတူ တကွ ရောက်ရှိ လာကြ သည်။

“ အဲဒီ အဖြူဝတ် အမျိုး သမီးက၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းရဲ့၊ တပည့်ကြီး လင်းဝမ်ပဲ၊ သူမက အထွတ် အထိပ် အရိယာ တေးသွားကို ဆုပ်ကိုင် ထားနိုင်တယ်၊ သူမရဲ့ ကျင့်ကြံမှုက စတုတ္ထ သွေးလွှတ်ကြော၊ ...

... ဒီဘက်က နက်ရှိုင်း ချိုင့်ဝှမ်းရဲ့၊ တပည့်ကြီး အမည်က ကျန်းယွမ်၊ အဋ္ဌမတန်း သူတော်စင် သခင်၊ ဒါပေမယ့် နဝမတန်း သူတော်စင် ပုံကြမ်းကို ဖန်တီး နိုင်တယ်။ ”

မူရွယ်ချင်းမှ မိတ်ဆက် ပေးသည်။ ထိုစကားကို ကြားသော အခါ၊ လင်းယွန်မှ နဖူးအား ကုပ်မိ၏။

သူ့ဂီတသည် ကနဦး အရိယာ တေးသွား အဆင့် ၌သာ ရှိပြီး၊ အထွတ် အထိပ် အဆင့်နှင့် ယှဉ်သော်၊ ရယ်စရာ ကောင်းနေသည်။

ဝိညာဉ် ရေးရာ ရူရ်များ တွင်လည်း၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဖြစ်၊ ယူဆနိုင် သော်လည်း၊ သူတော်စင် ပုံကြမ်းကို မည်သို့ ဖန်တီးရ မည်မှန်း မသိ ခဲ့ချေ။

“ သူတို့က ဓားဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ ငါတို့က သူတို့နဲ့ တွေ့ရင် သတ်စရာ မလိုဘူး၊ အဲဒါကို သတိ ရပါ။ ”

မဟာမိတ် များဟု ဆိုနိုင် သော်လည်း၊ လူတိုင်းက ရတနာများ အတွက် တိုက်ပွဲ ဝင်ခွင့် ရှိသည်။

သို့သော် အသတ်ယူ စရာ မလိုချေ။ လင်းယွန် အကြည့်က နောက်တစ်နေ ရာသို့၊ ရေွ့သွားသည်။ ထိုနေရာ၌ ကြံ့ခိုင်သော ရုပ်သွင်နှင့်၊ ဘုန်းကြီးများ ရှိနေ၏။

လက်မောင်းတွင် နဂါးများ အလား သွေးကြော များက ရောယှက် နေပြီး၊ များပြား လှသော သွေးသား စွမ်းအင် များကို ခံစား နိုင်သည်။

ချန်းတောင်၏ ရတနာ ခန္ဓာ ကိုယ်အား၊ ယှဉ်နိုင် သဖြင့်၊ လင်းယွန် တစ်ယောက် အံ့အား သင့် သွား၏။

ကျန် ဘုန်းကြီး များ၏ ကိုယ်ခန္ဓာသည် ချန်းတောင်နှင့် မယှဉ်နိုင် သော်လည်း၊ ကွာဟ ချက် အများ လှချေ။

အရေးကြီး သည်မှာ၊ သူတို့ အဖွဲ့ ခေါင်းဆောင်၏ အသွင် အပြင် ဖြစ်သည်။ ၎င်း လက်၌ ဓားမော့ တစ်လက် ကိုင်ဆောင် ထား သဖြင့်၊ ဘုန်းကြီး တစ်ပါးနှင့် မတူချေ။

“ ဒီဘုန်းကြီးရဲ့ အုတ်မြစ်က တကယ် ကြောက်စရာ ကောင်းတယ် ... ။ ”

လင်းယွန် မှတ်ချက် အပေါ်၊ မူရွယ်ချင်းမှ ခေါင်းညိတ် ထောက်ခံလျက်၊

“ မိုးကြိုး ကျောင်းတိုက်က ရှေးဟောင်း ပျက်သုဉ်း မြေကြီးမှာ၊ လျှို့ဝှက် ဆန်းကြယ်တဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပဲ၊ သူတို့က ယခင် ပျက်စီးခြင်း နန်းတော် ဖွင့်ပွဲမှာ၊ ထိပ်ဆုံး သုံးနေရာ အတွင်း ဝင်နိုင် ခဲ့တယ်။ ”

မူရွယ်ချင်း လေသံက သူမ၏ မကျေနပ် ချက်ကို ဖော်ကျူး နေသည်။ ကောင်းကင်ယံ၏ အပြု အမူ များသည်၊ ဓားဂိုဏ်းအား များစွာ စိတ်အနှောက် အယှက် ဖြစ်စေ၏။

သူတို့ ဂိုဏ်း နှစ်ဂိုဏ်းကြား ပြဿနာ များကြောင့်၊ အခြားသော တန်ခိုးကြီး ဂိုဏ်းများ မှ၊ အကျိုးရှိ ကုန်သည်။

“ ဓားမော့ ကိုင်ထားတဲ့ ဘုန်းကြီးက ရွှမ်းဖိန်ပဲ၊ ဘုန်းကြီး တစ်ပါး ဆိုပြီး၊ အထင် အမှား လိုက်နဲ့၊ သူ့ကို ဓားမော့ သခင် ဘွဲ့ ပေးပြီး၊ ဂိုဏ်းတွင်း စည်းကမ်း ...

... ဖောက်ဖျက်တဲ့ တပည့် တွေကို ... ၊ သတ်ခွင့် ပေးထားတယ်၊ မိစ္ဆာ ကျင့်ကြံ သူတွေ အပေါ်လည်း၊ ထိုနည်း လည်းကောင်း ပဲ၊ ...

... ရုပ်ခန္ဓာက ချန်းတောင်ရဲ့ ... ၊ ရတနာ ခန္ဓာလို ကြောက်မက်ဖွယ် ကောင်းပြီး၊ မိစ္ဆာ နှင် ဓားရေး ကိုလည်း၊ မြင့်မြင့် မားမာ ဆုပ်ကိုင် ထားနိုင်တယ်၊ ...

... ဓားမော့ အပေါ် နားလည် နိုင်မှုမှာ၊ ဓားမော့ ခန်းမက တပည့်ကြီး ရှောင်ခွန်ထက် အားမနည်းဘူး။ ”

“ ကြည့်ရတာ သူတို့ အားလုံးကို အထင်သေးလို မရဖူး ပဲ။ ”

လင်းယွန် နှလုံးသား ထဲ၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာ၏။ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်သည် ဤပါရမီရှင်များ အတွက်၊ စစ်တလင်း ဖြစ်လာ နိုင်ပေမည်။

ထိုအချိန်တွင် မီးတောက်များ ဖုံးလွှမ်း နေသော လူတစ်စုက မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ ပျံသန်း လာ၏။

၎င်းတို့မှာ ဒုတိယ တန်းစား ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သော မိုးကြိုး ဂိုဏ်း၏ တပည့် များ ဖြစ်၏။

တစ်နာရီ အကြာ၌၊ ကောင်းကင်ယံ ဂိုဏ်း စိုက်ရောက် လာ၏။ ထို့ကြောင့် ဓားဂိုဏ်း၏ တပည့် များက၊ ထိုဦးတည် ရာသို့ လှမ်း ကြည့်ကာ၊ လေးနက် ကုန်သည်။

လူတိုင်း၏ အကြည့်များ အောက်တွင်၊ ထိုလူစုက ပျက်စီးခြင်း နန်းတော်နှင့် အနီးဆုံး မြေပြင်သို့ ဆင်းသက် လာ၏။

အဖွဲ့ကို လူ သုံးဦးမှ ဦးဆောင် သည်။ ၎င်းတို့သည် ထျန်ရွှမ်ဇီမှ ကိုယ်တိုင် သင်ကြား ပေး ထားသော တပည့် သုံးဦး ဖြစ်၏။

သူတို့ ထဲမှ တစ်ယောက် သည်ပင်၊ အခြားသော ဂိုဏ်းများ၏ တပည့်ကြီး များနှင့်၊ ရင်ဆိုင်ရန် ခွန်အားမျိုး ရှိလေသည်။

သုံးယောက်လုံးမှာ၊ စတုတ္ထ သွေး လွှတ်ကြော အထွတ် အထိပ်တွင် ရှိနေ ကြပြီး၊ တစ်ဦး စီသည် ပဉ္စမ သွေးလွှတ်ကြော ကျင့်ကြံ သူများကို သတ်နိုင်၏။

ထို့ကြောင့် ရေှးဟောင်း ပျက်သုဉ်း မြေ၌ ဒဏ္ဍာရီ လာ ပုဂ္ဂိုလ်များ အလား၊ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ ကျော်ကြား လှသည်။

မည်သူ မဆို ပျက်စီးခြင်း နန်းတော်တွင် လုံလောက်သော အောင်မြင်မှုကို ရလို ပါက၊ ဤ လူငယ် (၃) ယောက်အား ဖြတ်ကျော် ရမည် ဖြစ်သည်။

ယင်းကြောင့် ထိုသူ များကို ဖြတ်ကျော်ရန် ကြိုးစားခြင်းသည် ငရဲတံခါးအား ဖြတ်ခြင်း မည် လာ၏။

“ ဘေး ဘယ်-ညာက၊ နှစ်ယောက်ကို ရန်ကောင်းနဲ့ လွီရှလို့ ခေါ်တယ် ... ၊ သူတို့က ခွန်အား အရာမှာ၊ တူညီတဲ့ အဆင့် ရှိတယ်၊ အလယ်လူ ကတော့ ချင်းတန်ပဲ။ ”

မူရွယ်ချင်းမှ ရှင်းပြသည်။

“ သူတို့ သုံးယောက်က ... ၊ ထျန်ရွှမ်ဇီရဲ့ အမွေကို၊ ဆုပ်ကိုင် ထားနိုင်တယ် လို့လည်း ... ၊ ကောလ ဟာလတေွ ရှိတယ်၊ ဆဋ္ဌမ မြောက် သွေးလွှတ်ကြော ကျွမ်းကျင်သူ တွေတောင် သူတို့ရှေ့ မထင်ပေါ် ရဲဘူး။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်ပြီး ရန်ကောင်းနှင့် လွီရှထံ ကြည့်၏။ တစ်ယောက် သည် အပြစ် ကင်းစင်သော လမင်းနှင့် တူပြီး၊ ကျန် တစ်ယောက်မှာ နေမင်းနှင့် တူ၏။

မည်သူ မဆို ထိုကွဲပြားမှု အပေါ်၊ ရှင်းလင်းစွာ မြင်နိုင်သည်။ အလယ်မှ ချင်းတန် အတွက်မူ၊ ခိုင်းနှိုင်း ပြစရာ စကားလုံး မရှိချေ။

မဖြစ် မနေသာ၊ ခိုင်းနှိုင်း ရမည် ဆိုက၊ နားမလည် နိုင်ခြင်း ဟူသော ဝေါဟာရ ဖြင့်သာ ဖော်ကျူး ရပေမည်။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

မြေပြင်သို့ ရောက်သည်နှင့် ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက အော်ဟစ် ကြွေးကြော် လာကုန်သည်။

ထိုကြွေးကြော် သံကို စတင် ရွတ်ဆို လာကြစဉ် အချိန်၌ ရယ်မော လှောင်ပြောင် ခဲ့ကြ သော်လည်း၊ ယခုမူ မရယ်ဝံ တော့ချေ။

ထျန်ရွှမ်ဇီမှာ အမှန်ပင် သက်တံဓား သူတော်စင်ကို ရင်ဆိုင် နိုင်၏။ မကြာမီ ပြိုင်ဘက်ကင်း လာနိုင် ပေမည်။

ဒုတိယ တန်းစား ဂိုဏ်း ပေါင်းစုံက ကောင်းကင်ယံ ဂိုဏ်း အနား ချည်းကပ် လာ ကုန်သည်။

၎င်းတို့မှာ ဖီးနစ် မီးလျှံ ဂိုဏ်း၊ အနန္တ သားရဲ တံခါးနှင့် မီးနဂါး ဂိုဏ်း အပါ အဝင် သူတော်စင် မိသားစုများ ဖြစ်လေသည်။

ဒုတိယ အင်အားစုများ ဖြစ်သော်လည်း တန်ခိုးကြီး ဂိုဏ်း ရှစ် ဂိုဏ်းထက်၊ အားနည်း သူ များ မဟုတ်ပေ။

ခိုင်မာသော အမွေများ ရှိခဲ့ပြီး၊ အခြေခံ အုတ်မြစ် များ သည်သာ အနည်းငယ် အားနည်း နေခြင်း ဖြစ်၏။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”

ဤဂိုဏ်းကြီး များသည် ကောင်းကင်ယံ ဂိုဏ်း၏ စွမ်အား အပေါ်၊ အသိ အမှတ် ပြုသည့် လက္ခဏာမျိုး ပြသ လာ၏။

သက်တံဓား သူတော်စင်သည် သက်တမ်း ကုန်ဆုံး နေပြီ ဖြစ်သော ကြောင့်၊ ထျန်ရွှမ်ဇီမှာ အမှန်ပင် ပြိုင်ဘက် ကင်းလာပြီ ဖြစ်သည်။

“ ငါ့ရဲ့ ကောင်းကင်ယံ ဂိုဏ်းက ... ၊ ပျက်စီးခြင်း နန်းတော် မြေပြင် ထဲမှာ၊ မင်းတို့ကို စောင့်ရှောက် ပေးရ မယ်လို့ ... ၊ ငါ့ ဆရာက မှာထား ပါတယ်၊ ဒါကြောင့် မင်းတို့ စိတ်ချ လက်ချ နေပါ။ ”

ချင်းတန်မှ ကြီးစိုး လွန်းသော အသွင် အပြင်ဖြင့် လက်ဝှေ့ ယမ်းကာ၊ လူတိုင်းကို ပြန်စေ လိုက်သည်။

အရိုအသေ ပေးသော ဂိုဏ်းများ၏ တပည့်ကြီး များမှာ၊ စတုတ္ထ သွေးလွှတ် ကြော တွင် ရှိသည့်၊ ရွှေမျိုးဆက်များ ဖြစ်၏။

သို့သော် ချင်းတန် ရှေ့၌ ကလေး သူငယ်များ သာပင် ဖြစ်နေသည်။

“ ချင်းတန် ဆိုတော့ ... ၊ သူက ချင်းကန်နဲ့ ဆက်စပ်မှု ရှိလား။ ”

လင်းယွန်မှ မူရွယ်ချင်းအား မေးသည်။

“ သူတို့ နှစ်ယောက်လုံး ... မိသားစု တစ်ခု ထဲက လာတာပဲ။ ”

မူရွယ်ချင်းမှ ပြန်ဖြေ၏။ သူမ စကား ပြော နေစဉ် မှာပင်၊ ချင်းတန်၏ အကြည့်က ဓားဂိုဏ်း ပေါ် ကျရောက် လာသည်။

“ ကူရို့ချန်နဲ့ ရီချင်းရွှမ် ... ငါတို့ မတေွ့တာ ကြာပြီနော်။ ”

တစ်ဖက် လူ၏ လေှာင်ပြုံးဖြင့် နှုတ်ဆက် လာသံက၊ ၎င်းတို့ နှစ်ဦး၏ မျက်နှာကို ညှိုးနွမ်း သွား စေသည်။ နောက်ဆုံး တေွ့ဆုံ ချိန်၌ ရှုံးနိမ့် ခဲ့ရ၏။ အထူး သဖြင့် ရီချင်းရွှမ် ဖြစ်သည်။

“ မင်းက လင်းယွန် မဟုတ်လား၊ ကောင်းကင် လမ်းမှာ ... ၊ ငါ့ ငရဲ နတ်ဘုရား မိသားစုရဲ့ သခင်ငယ် တစ်ပါးကို သတ်ခဲ့တဲ့ သက်တံဓား သူတော်စင်ရဲ့ တပည့်။ ”

ကူရို့ချန် တို့နှင့် အတူ ရင်ပေါင်တန်း ရပ်နေသော လင်းယွန်ထံ ကြည့်ကာ ချင်းတန်မှ ဆိုသည်။

“ ဒါပေမယ့် မင်းလို ပုရွက်ဆိတ် တစ်ကောင်က၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ကို လာဝံ့တာ မယုံနိုင် စရာပဲ၊ ကြည့်ရတာ ...

... သက်တံဓား သူတော်စင်က ... ၊ ငါ့ဆရာကို မမြင်နိုင် လောက်အောင်၊ အသက် ကြီးနေပြီ ထင်တယ်။ ”

ချင်းတန်၏ နောက်ဆက်တွဲ စကားက ဓားဂိုဏ်း၏ တပည့်များ မျက်နှာကို၊ ချက်ချင်း ပြောင်းလဲ သွား စေသည်။

“ အဲဒီ ပုရွက်ဆိတ်က၊ ငရဲ နတ်ဘုရား မိသားစုရဲ့ သခင်ငယ် ဆိုတဲ့ အမှိုက်ကို သတ်ပစ် ခဲ့တာ သတိ ရပါ၊ မင်း ... စကား တွေက ရိုင်း ပေမယ့်၊ ...

... ဒါက အမှန် တရားပဲ၊ ဘာလို့ လဲဆို ငါ့ဆရာက ထျန်ရွှမ်ဇီ ဆိုတဲ့ လူကို တကယ်၊ ခေါင်းထဲ ထည့်မထား ခဲ့ဘူး။ ”

လင်းယွန်၏ တုန့်ပြန် မှုကြောင့် ရန်ကောင်းနှင့် လွီရှ ခမျာ အံ့အားသင် သွားပြီး၊ သတ်ဖြတ် လိုစိတ်များ ထွက်ပေါ် လာသည်။

“ အမှိုက် တစ်စက စကားကြီး စကားကျယ်တွေ လာပြော နေတယ်၊ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်က၊ သင်ခန်းစာ တစ်ခု သင်ပေးခဲ့ တာကို မေ့သွား ပုံပဲ။ ”

ရန်ကောင်းမှ ဝင်ပြောသည်။

“ ဘာတဲ့ နယ်ပယ် သုံးပါး ချန်ပီယံလား၊ ကြည့်ရတာ တိမ်လွှာ ဓားဂိုဏ်းကို စောင့်နေတဲ့ ခွေး တစ်ကောင်လို ပါပဲ၊ ငါ့ဆရာရဲ့ ဂရုဏာ ကြောင့်သာ အသက်ရှင် နေရတာ ... ။ ”

လွီရှ ကလည်း ဝင်ပြော ၏။

“ အဟက် ... ၊ ငါ့ အစ်ကိုက ... မင်းတို့ ဂိုဏ်းကို လာပြီး၊ တပည့် တစ်ထောင် ကျော်ကို တိရစ္ဆာန် တွေလို၊ သတ်ဖြတ် ခဲ့တဲ့ အကြောင်း ပြောနေ တာလား၊ အဲဒီ တုန်းက မင်းတို့ ဆရာ ဆိုတဲ့ ထျန်ရွှမ်ဇီက၊ ...

... ငါ့ အစ်ကိုရဲ့ အသက်ကို မယူနိုင် ခဲ့ဖူး မဟုတ်လား၊ ဒါနဲ့တောင် ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ဆိုတဲ့ ဘွဲ့ကို၊ ...

... ခံယူ ဝံ့ သေးတယ်၊ ဘယ်လိုတောင် အရှက်မဲ့ လိုက်တဲ့ သူတော်စင် ဘုရင် မျိုးလဲ ... စိတ်ပျက် စရာ ... ။ ”

လင်းယွန်က အကြောက် အလန့် မရှိ ချက်ချင်း တုန့်ပြန် ချေပ လိုက်သည်။ ဓားဂိုဏ်း ၏ ရွှေမျိုးဆက် တပည့်ချုပ် ဖြစ်သော၊ ကူရို့ချန် နှင့်၊ ရီချင်းရွှမ်ပင် ဤမျှလောက် မရဲ ရင့်ချေ။

***

All Chapters