← Chapters

အရှေ့ဘက် ပျက်စီးခြင်း နန်းတော်သို့ ဝင်ရောက်ခြင်း။

Vol. 115 Ch. 1602

အရှေ့ဘက် ပျက်စီးခြင်း နန်းတော်သို့ ဝင်ရောက်ခြင်း။

Vol. 115 Ch. 1602

တစ်ဖက် လူ၏၊ စကား အပေါ်၊ တုန့်ပြန် စရာ စကားလုံး မဲ့ကုန်၏။ အမှန်ပင် ထိုစဉ်က တပည့် ထောင်ပေါင်း များစွာကို၊ ကျန့်ကျင်းရှန် သတ် နေစဉ်၊ ရပ်ကြည့် နေခဲ့ ရသည်။

အကြီး အကဲများ မဆိုနှင့် သူတို့ ဆရာ ထျန်ရွှမ်ဇီ သည်ပင်၊ တစ်ဖက်သတ် လူသတ်ပွဲ အပေါ်၊ မည်သည့် အရာမျှ မလုပ်နိုင် ခဲ့ချေ။

သက်တံဓား သူတော်စင် ရောက်ပြီး သူ့တပည့်အား ခေါ်ဆောင် သွားမှ သာလျှင် လူသတ်ပွဲကြီး ရပ်သွား ခဲ့သည်။

ကောင်းကင်ယံ ဂိုဏ်း အတွက် အလွန် အရှက် ရဖွယ် ဖြစ်၏။ သက်တံဓား သူတော်စင် ကြောင့်၊ ကောင်းကင်ယံ ဂိုဏ်းမှ၊ ကျန့်ကျင်းရှန် အား မထိရဲ ခဲ့ချေ။

သူ့ဂျူနီယာ နှစ်ယောက်မှာ၊ စကားရည် လုပွဲတွင် ရှုံးနိမ့် သွား သဖြင့်၊ ချင်းတန်မှ ပြုံးပြီး ဝင်ပါ လာသည်။

“ ကြည့်ရတာ ဓားဂိုဏ်းက တကယ် သင်ခန်းစာ မရသေး တာပဲ၊ ဒါပေမယ့် ပြဿနာ မရှိ ပါဘူး၊ တတိယ အကြိမ် ဆိုတာ၊ မင်းတို့ အတွက် မရှိ စေရဘူး၊ ဒါကြောင့် ပျက်စီးခြင်း နန်းတော် အတွင်းမှာ သတိထားဖို့ စေတနာနဲ့ အကြံပေး လိုက်ပါ့မယ်။ ”

ချင်းတန်၌ ဒေါသ မရှိချေ။ ပုံမှန် အကြောင်း အရာ တစ်ခုကို ပြောနေ သကဲ့သို့၊ ပေါ့ပေါ့ ပါးပါး ပြောလာခြင်း ဖြစ်သည်။

“ ဒါဆို ငါတို့ တွေ့မယ်။ ”

ကူရို့ချန်က လင်းယွန် ရှေ့သို့ လှမ်းတက် လိုက်၏။ ရုတ်တရက် ချင်းတန်မှ ကူရို့ချန်ထံသို့၊ လျှောက်လှမ်း လာ သဖြင့်၊ ဓားဂိုဏ်း၏ တပည့်များ ကြောက်ရွံ့ ကုန်သည်။

ချန်လဲ့နှင့် မုချွမ် သည်ပင်၊ မျက်မှောင် ကြုတ်သွားသည်။ ချင်းတန်မှ ပေါ်ပေါ် တင်တင် တိုက်ခိုက် လိုသည်လော။

“ မင်း ... ဘာတွေး နေလဲ၊ ငါ သိတယ် ကူရို့ချန်၊ ကျန့်ကျင်းရှန် လည်း ဟိုတုန်းက မကာကွယ် ပေးနိုင် ခဲ့ဘူး၊ အခု မင်းလည်း မလုပ် နိုင်ပါဘူး၊ ...

... မင်း ရှေ့မှာတင်၊ လင်းယွန်ကို ငါ သတ်မယ်၊ သက်တံဓား သူတော်စင် တပည့် ဖြစ်ရင်တောင် သူ သေရမယ်။ ”

ချင်းတန်မှ ကူရို့ချန် နားရွက် အနား တိုးကပ်ကာ နှစ်ကိုယ်ကြား ပြောပြီး၊ ပြန်ဆုတ် သွားသည်။

“ သွား ကြ ရ အောင် ။ ”

ချင်းတန်မှ သူ့ လူများကို ပြန်ခေါ် သွား၏။ ထို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ ဓားဂိုဏ်းမှာ ပြီးဆုံး သွားပြီ ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ သက်တံဓား သူတော်စင်က အသက်ကြီး နေပြီ၊ သူတို့က ခုထိ မှီခိုချင် နေကျ တုန်းပဲ။ ”

“ ဒီလူတွေ ဘာတွေ တွေးနေ တာလဲ၊ ကောင်းကင်ယံ ဂိုဏ်းကို၊ တကယ် ရင်ဆိုင် နိုင် မယ်များ ထင်နေလား မသိဘူး။ ”

ကောင်းကင်ယံ ဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည့်၊ ဂိုဏ်း များစွာက ဓားဂိုဏ်း ကို တိုးတိုးလေး လှောင်ပြောင် လာကြသည်။

“ သူ ဘာပြော သွား တာလဲ ... ။ ”

လင်းယွန်က ကူရို့ချန် အနား တိုးသွားကာ မေးသည်။

“ သူ ပြောတာကို ... ဂရုမစိုက် မနေနဲ့။ ”

ကူရို့ချန်မှ ပြန် မဖြေချေ။

“ ပျက်စီးခြင်း နန်းတော် ဖွင့်ပြီ။ ”

မူရွယ်ချင်းမှ ရုတ်တရက် ပြောလာ၏။ အဝေး၌ ရေငွေ့များ စုဖွဲ့ကာ လေထု အတွင်း၊ အလွှာ တစ်ခု ဖြစ်ပေါ် နေသည်။

ဤအခင်း အကျင်းကို မြင်လိုက် ရသော အခါတွင်၊ လူတိုင်း စိတ် လှုပ်ရှားလာ ကြသည်။ အစော ပိုင်းတွင် နှစ်တစ်ရာမှ တစ်ကြိမ်သာ အစီရင် ပွင့်ခြင်း ဖြစ်၏။

အချိန် ကာလ ကြာရှည် လာ သည်နှင့်၊ အစီရင်မှာ နှစ် နှစ်ဆယ်လျှင် တစ်ကြိမ် အထိ လျော့ကျ လာသည်။

၎င်းသည် နတ်ဘုရားများ ကြားရှိ၊ စစ်တလင်း ဖြစ်၏။ နဂါး တံခါး ဂိုဏ်း၏ သူတော်စင် နန်းတော် တည်ရာ အရပ် ဖြစ်သည်။

ကျွမ်းကျင်သူ များစွာ ထိုစစ် မြေပြင်၌ ကျဆုံးခဲ့ ရပြီး၊ နဂါး တံခါးပိုင် ရတနာ များနှင့်၊ နည်းစနစ်များ ပြန့်ကျဲ သွားခဲ့သည်။

ထို့ကြောင့် အရှေ့ဘက် ပျက်စီးမြေ ပြင်ပတွင် ရှိသော အင်အားစု များ မှလည်း၊ စိတ်ဝင်စား လာကြသည်။

ဓားဧကရာဇ် ယုချင်းဖန်နှင့် သက်တံဓား သူတော်စင် တို့ကြောင့်သာ၊ ထိုမြင့်မြတ် မြေများ မှ၊ လက်ဝါးကြီး မအုပ် ရဲခြင်း ဖြစ်သည်။

လင်းယွန်က ရေဝဲကို ကြည့်ကာ၊ အတွေး ပွားနေ မိသည်။ နတ်ဘုရား များကြား တိုက်ပွဲ အား၊ အမှန် တကယ် သိချင် လေသည်။

မည်သည့် နေရာ၌ ဖြစ်စေ၊ သူ တွေ့ကြုံခဲ့ ရသော အပျက် အစီး နယ်မြေများ အားလုံးမှာ၊ နဂါး တံခါးနှင့် နတ်ဆိုး များကြား တိုက်ပွဲ ဖြစ်သည်။

အိုင်းရစ် ဓားသူတော်စင် ပင်လျှင်၊ နဂါး တံခါး အစောင့် ဖြစ်ချေ၏။

“ ငါတို့ကို ... ကျပန်း ပို့ဆောင် လိမ့်မယ်၊ အထဲ ရောက်ရင် ဂိုဏ်း တံဆိပ် သုံးပြီး ပြန်စုဝေး ကြပါ၊ အသက် အန္တရာယ် ကြုံမှသာ အကူ အညီ တောင်းတဲ့၊ အချက် ပြမှုကို ထုတ်လွှတ်ကြ ...။ ”

ကူရို့ချန်မှ အလေး အနက် မှာကြား လေသည်။

“ မှတ်ထားပါ၊ အချက် ပြမှုကို အခြား ဂိုဏ်းတေွ ကလည်း မြင်နိုင်လို့၊ မဟာမိတ် အပြင်၊ ရန်သူ တေွပါ လာနိုင်တယ်၊ သတိ ထားပြီး လုပ်ဆောင်ဖို့ မမေ့ ပါနဲ့။ ”

“ ဟုတ်ကဲ့ ... ။ ”

ဓားဂိုဏ်း၏ တပည့် များက၊ ခေါင်းညိတ်လိုက် ကြသည်။ ပြိုင်ဘက် ဂိုဏ်း များ မရှိ လျှင်ပင်၊ ပျက်စီးခြင်း နန်းတော်၌၊ အသက် အန္တရာယ် ရှိချေ၏။

ကူရို့ချန်က လိုအပ် သည်များ ဆက်၍ မှာကြား နေ၏။ ပျက်စီးခြင်း နန်းတော် အတွင်း နေထိုင်ရန်၊ ကန့်သတ် ကာလမှာ နှစ်လ ဖြစ်သည်။

ထိုထက် ပို၍ ကြာမြင့်စွာ နေခြင်းဖြင့်၊ ခန္ဓာကိုယ် ထဲ၌ မိစ္ဆာ ရောင်ဝါများ စုပုံ လာကာ၊ သေဆုံး နိုင်၏။

ယင်းကြောင့် နှစ်လ ကုန်လွန် သည်နှင့် နန်းတော်ရှိ ယဇ်ပလ္လင်ကို ဖြတ်ကာ၊ ထွက်ခွာရ ပေမည်။

ကူရို့ချန် မှာကြား နေစဉ်၊ ရေဝဲ မှိန်ဖျော့ သွားပြီး၊ ရှေးဟောင်း ပျက်စီးခြင်း နန်းတော် နယ်မြေကို ဝိုးတဝါး မြင်လာ ရ၏။

ခဏ အကြာ၌ ရေဝဲ ဆီသို့ လူတိုင်း ပျံသန်း ကုန်သည်။ လူပေါင်း တစ်သိန်းခန့် ရုတ်တရက် လှုပ်ရှား လာသဖြင့်၊ စွမ်းအင် ရိုက်ခတ်မှု လှိုင်းမှာ၊ မနည်း လှချေ။

“ သွား ရအောင် ... ။ ”

ကူရို့ချန် ဦးဆောင်လျက် ဓားဂိုဏ်းက ပျံသန်း သွားသည်။ ရေဝဲ ထဲသို့ ဝင်သွားသော အခါ၊ စိတ် ဝိညာဉ်နှင့် ခန္ဓာ ကိုယ်များ အဆက်ပြတ် ကုန်၏။

ရေဝဲသည် သမုဒ္ဒရာနှင့် တူ၏။ လူတိုင်းက ရေဝဲ အတွင်း ရောက်သည်နှင့်၊ ချက်ခြင်း ကွဲကွာ သွား လေသည်။

ချန်လဲ့နှင့် ကျန်သော တောင်ထိပ် သခင် များက ဓားဂိုဏ်း၏ တပည့်များ ရေဝဲ အတွင်း ပျောက်ကွယ် သွား သည်ကို၊ စောင့်ကြည့် နေခဲ့သည်။

ထို့နောက် တစ်ယောက် မျက်ဝန်း ထဲ၌ စိုးရိမ် ပူပင်မှု များကို၊ တစ်ယောက် ပြန်မြင် နေရသည်။

ချင်းတန် ရောင်ဝါမှာ၊ ကူရို့ချန် ရောင်ဝါ အား၊ ဖိနှိမ် သွားကြောင်း၊ သူတို့ သတိထား မိ ချေ၏။

“ ချင်းတန်က ရွယ်တူတွေ ကြားမှာ၊ ပိုသန်မာ နေတယ်။ ”

“ ဟုတ်တယ် နည်းနည်းတော့ ကြောက်စရာ ပဲ။ ”

အခြားသော တောင်ထိပ် သခင် များက ခေါင်းညိတ် ပြပြီး၊ ဤအရှေ့ဘက် ပျက်စီးခြင်း နန်းတော်နှင့် ပတ်သက်၍၊ အကောင်းမြင် စိတ် မရှိ တော့ချေ။

“ ကျွန်တော် တို့မှာ၊ လင်းယွန် ရှိပါ သေးတယ်၊ ဒီကောင်လေးက သူ့ကို ... ၊ လုံးလုံး မကြောက် ဖူးလို့၊ ခံစား ရတယ်။ ”

မုချွမ်မှ ပြော၏။

“ ဟား ... ဟား ... ဟား ... ဟုတ်တယ်၊ မင်းညီက တော်တော် သတ္တိ ရှိတယ်၊ ဒါပေမယ့် ... သူ့ကျင့်ကြံမှုက အနိမ့်ဆုံး ဖြစ်နေတယ်၊ သူ အသက်ရှင် ခဲ့ရင်တော့ သိုင်းဦးလေး အဆင့်ကို ရောက်မှာ သေချာ ပါတယ်။ ”

ချန်လဲ့မှ ပြုံးကာ ပြော လာသည်။ သူတို့ ပြောသည့် အတိုင်း၊ ဤတစ်ကြိမ် အရှေ့ဘက် ပျက်စီးခြင်း နန်းတော်မှာ၊ ဝရုန်း သုန်းကား နိုင်ပေ တော့မည်။

အချိန် အတော် အကြာ ပြီးနောက်၊ လင်းယွန်၏ အမြင် အာရုံများ၊ ပုံမှန် ပြန်ဖြစ် လာ ခဲ့သည်။

လူများ စွာက လေထဲတွင် ပျံဝဲလျက်၊ မိုးကဲ့သို့ ကောင်းကင်မှ ကျဆင်း နေ၏။ မြေပြင် တစ်ခုလုံး မည်းနက် နေပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် ပေးသည်။

ကောင်းကင် သည်ပင် မည်းမှောင် နေပြီး တိမ်များ၊ ကြယ်များ မရှိချေ။ အသက် ဓာတ်များ ခမ်းခြောက် နေကာ၊ ကြောက်ရွံ့ဖွယ် ခံစား ချက်များ၊ ဖြစ်ပေါ် လာစေ၏။

ပတ်ဝန်းကျင်၌ စူးစမ်း နေသူ များနှင့် ပြည့်နှက် နေသည်။ လင်းယွန်က သူ့ အနီးတွင် ဓားဂိုဏ်း၏ တပည့်များ ရှိ-မရှိ စစ်ဆေးရန် တံဆိပ်ကို ထုတ်ယူ သည်။

ဤသည်မှာ နယ်နိမိတ် အစပ် မျှသာ ဖြစ် သော်လည်း၊ လုံးဝ ခြားနားသော ရှုခင်း ဖြစ်ပေ သည်။

စမ်း ရေကန်များ၊ ဆေးဖက်ဝင် အပင် များ နှင့် ရတနာ မျိုးစုံ ကိုပင်၊ အလွယ် တကူ တေွ့နေ ရ၏။

ရုတ်တရက် လင်းယွန်မှ ကောင်းကင်ပေါ် ပျံတက် သွားမိသည်။ ကောင်းကင် အမိုး ဓားမှ သူ့ကို သတိ ပေးလာခြင်း ဖြစ်၏။

“ သတိ ထား ကြ။ ”

သို့သော် သူ့သတိ ပေးချက်မှာ၊ နောက်ကျ သွားသည်။

“ ဝုန်း ... ။ ”

မြေပြင် တစ်လျှောက် လှိုင်းများ တဟုန်ထိုး ထကြွ လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော လျှိုမြောင်ကြီး ပွင့်လာ၏။

၎င်းအက်ကြောင်း အတွင်းမှ၊ ကြောက်စရာ ကောင်းသော နတ်ဆိုး (၁၀) ကောင် တွားသွား ထွက်လာ တော့သည်။

အားလုံးမှာ အနက်ရောင် ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ ပေါင်းစပ် သွား ကြသည်။

ယင်းကြောင့် ကြက်သွေးရောင် မျက်ဝန်း များကိုသာ မြင်နိုင်၏။ မြင်မြင် သမျှ သတ်ဖြတ် ပစ် တော့သည်။

ဤအရာက လူများ စွာကို အံ့အားသင့် ကြောက်ရွံ လာစေသည်။

“ ဒါ ကင်းမီးကောက် မိစ္ဆာပဲ၊ ပြေး ... ။ ”

တစ်စုံ တစ်ယောက်မှ နတ်ဆိုး သားရဲ များ၏၊ မူလကို မှတ်မိပြီး ချက်ချင်း ထွက်ပြေး လေသည်။

“ ဗြိ ... ။ ”

“ အား ... ။ ”

အရဲ စွန့်ကာ၊ တိုက်ခိုက် သော လူဆယ် ဦးအား ချက်ချင်း ကုပ်ဖြဲ ပစ်သည်။ ထို့ကြောင့် ကျန်လူငယ် များက သူတော်စင် ရှေးဟောင်း ပစ္စည်း များကို အသုံး ပြုလျက်၊ လှည့်ပြေး တော့သည်။

လင်းယွန် မှာမူ နောက်ကျ သွားသည်။ ကင်းမြီးကောက် များ၏ ကျောကုန်း ကွဲအက် သွားပြီး၊ အတောင်ပံများ ပေါက်လာကာ၊ လေထု အလယ် ရပ်နေဆဲ ဖြစ်သော သူ့ထံ ပျံတက် လာသည်။

“ ဖရူး ... ။ ”

တောင်ပံ ခတ်သံ များကြောင့်၊ တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများ ပျံ့ကား သွားသည်။ နယ်စပ် ဒေသ ၌ပင်၊ ဤမျှ ဒုက္ခပေး နိုင်သည့် သားရဲ များဖြင့် ကြုံတွေ့ ရသော်၊ ဓားဂိုဏ်း၏ ကျန်တပည့်များ အတွက်၊ လွယ်ကူမည် မဟုတ်ချေ။

“ ဧကရီ ... ။ ”

လင်းယွန်မှ အော်ခေါ် လိုက်၏။ သို့သော် ခရမ်းငယ်နှင့် နဂါးလေး အနားတွင် မရှိတော့ သည်ကို၊ ပြန်၍ သတိရ လာမိသည်။

***

All Chapters