လက် ဗလာဖြင့် ... ။
Vol. 115 Ch. 1603
“ ဟိတ် ... ။ ”
ကင်းမြီးကောက်များ နီးကပ် လာချိန်၌၊ ရွေ့လျားမှု နည်းစနစ်ကို အကောင် အထည် ဖော်ပြီး၊ လက်သီး မိုး ရွာချ ပစ်သည်။
ဤတိုက်ခိုက်မှု အတွင်းတွင် ခွန်အားကို အပြည့် အ၀ အသုံးပြု ထားသဖြင့်၊ နဂါး ရူရ် သုံးသောင်း ဖြစ်တည် လာ၏။
ပေ တစ်သိန်း နီးပါး အထိ၊ ရောက်ရှိ နေခဲ့သော သူ့နဂါး မြစ်တွင်၊ ကြောက်မက်ဖွယ် မိုးကြိုး မုန်တိုင်းများ ဖွဲ့တည် လာ တော့သည်။
ထိုကြောင့် မိုးကြိုး မုန်တိုင်း များက၊ သူ့လက်သီး အတွင်း ပါရှိကာ၊ နဂါး လက်သည်း များ အလား၊ ပြေးထွက် သွားသည်။
“ ဘုန်း ... ။ ”
စက္ကန့်ပိုင်း အတွင်း မှာပင်၊ သူ့ထံ ပျံသန်းလာသော ကင်းမြီးကောက် များ အားလုံး၊ အဝေးသို့ လွင့်စဉ် ကုန်၏။
ကင်းမြီးကောက် အခွံမှာ၊ သံမဏိ ကဲ့သို့ မာကျော လေသည်။ ၎င်း၏ တွန်းအား ကြောင့်၊ လင်းယွန် လက်များ ထုံကျင် သွား၏။
“ ဘယ်လောက် မာကျော လိုက်လဲ။ ”
လင်းယွန်မှ အံ့သြ မိ၏။ ကင်းမြီးကောက် အခွံ၏ ခုခံ ကာကွယ် နိုင်မှုသည်၊ နတ်လိပ်ငယ် ထက် နိမ့်ကျသည် မဟုတ်ချေ။
ထို့ကြောင့် လူတိုင်း၏ တိုက်ခိုက်မှုမှာ၊ သူတို့အား ထိခိုက်မှု တစ်စုံ တစ်ရာ မပေးနိုင် သဖြင့်၊ ကျင့်ကြံသူ များအား လွယ်လွယ်နှင့် သတ်နိုင် လာတော့သည်။
၎င်းတို့၏ ရွေ့လျား နှုန်းမှာ လျင်မြန် လှပြီး လက်မ နှစ်ချောင်းသည် အာကာပြင်ကို ခွဲထုတ် နိုင်သော ကတ်ကြေး တစ်လက် နှင့်တူ လာ၏။
သို့သော် ကောင်းကင် အမိုးဓားက၊ ထက်ရှသော အာရုံရှိ သဖြင့်၊ အန္တရာယ် ဖြစ်စေ နိုင်သည့် အရာ များကို၊ ကြိုတင် သိရှိ နေခဲ့ သည်။
အရေ အတွက် ဆယ်ကောင် အထိ၊ ရှိလာ သော်လည်း၊ သူ့ အဝတ်အစား ကိုပင် ထိတောင် မလုပ် နိုင်ချေ။
တိုက်ပွဲ အတွင်း ဓား ရည်ရွယ်ချက်နှင့် ပို၍ ရင်းနှီး လာ၏။ တစ်ဖက်တွင် ကင်းမြီးကောက် များ၏၊ ခန္ဓာ ကိုယ်၌၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။
“ နည်းနည်းတော့ အားနည်း နေသေးတယ် …”
လင်းယွန်မှ ပြုံးမိသည်။ ယခု မည်သို့ တိုက်ခိုက် ရ မည်ကို နားလည် လာတော့၏။ နဂါး တံဆိပ်အား၊ ထုတ်ဖော် လိုက်ရာ၊ ရောင်စဉ် ခုနစ်သွယ် ထွက်ပေါ် လာသည်။
ဤအဓိပတိ နဂါး တံဆိပ်သည် သူ၏ တိုက်ခိုက် ပွဲဝင် စွမ်းအားကို၊ ပို၍ အားကောင်း လာစေ၏။
“ ဟိတ် ... ။ ”
လက်သီးချက် အမြောက် အများ ထုတ်ဖော်ကာ၊ အပြန်ပြန် အလှန်လှန် လှုပ်ရှား နေခဲ့သည်။
များမကြာခင် ကင်းမြီး ကောက်များ ကောင်းကင်မှ တဖွဲ့ဖွဲ့ ပြုတ်ကျ ကုန်ကာ၊ တစ်ကောင်သာ ကျန်ရှိ တော့၏။
ကောင်းကင် အမိုးဓား ရည်ရွယ်ချက်က အနက်ရောင် ကောင်းကင်ကို အပေါက်ကြီး ဖြစ်စေသည့် အလင်း တန်းမျိုး ထုတ်လွှတ် လာသည်။
လင်းယွန်မှ ဤကင်းမြီး ကောက်၏ အားနည်းချက်ထံ၊ မရည်ရွယ်ဘဲ မာကျောသော အခွံ ပေါ်သာ၊ အာရုံစိုက် တိုက်ခိုက် ခဲ့သည်။
ဓားရည်ရွယ်ချက်က မာကေျာ လွန်းသော ကင်းမြီးကောက် အခွံကို ထိုးဖောက် ဝင်ရောက် သွား၏။
“ နေဦး ... ။ ”
ဓားကို ပြန်သိမ်း လိုက် သော အခါ၊ အလင်းရောင် အပေါက် ကြီးကို။ တိမ်မည်း များက လျင်မြန်စွာ ပြန်ပိတ် ပစ်သည်။
“ ကောင်းကင် အမိုး ဓားက၊ ဒီအခွံကို အမှန် တကယ် ဖျက်ဆီး နိုင်တာပဲ။ ”
သူ့ဓား ရည်ရွယ်ချက် ကြောင့် ဖြစ်ပေါ် လာသော ရုန်းရင်း ဆန်ခတ် မှုမှာ၊ အနည်းငယ် ထိတ်လန့် စရာ ပေပင်။
သူသာ အားအပြည့် ထုတ်လွှတ် ပါက၊ ကောင်းကင် အဖြစ်၊ ထင်ရှား လာမည် ဖြစ်၏။
အရေးကြီး သည်မှာ၊ အားနည်းချက် အချို့ ရှိနေခြင်း ဖြစ်သည်။ ပြန်ရောက်သော် ဆရာ့ထံ သွားရောက် လည်ပတ် ရပေ ဦးမည်။
“ အရင်ဆုံး တစ်ယောက် ယောက်နဲ့ ... ၊ တွေ့အောင် လုပ်ရမယ်။ ”
ဓားဂိုဏ်း၏ တံဆိပ်ကို ထုတ်ယူပြီး၊ နဂါး မူလကို ထပ်မံ လောင်းထည့် လိုက်၏။ သို့သော် ပတ်ဝန်းကျင်၌ ဓားဂိုဏ်း၏ တပည့် တစ်ဦး တစ်ယောက်မှ ရှိ မနေချေ။
ထို့ကြောင့် ခရီးဆက် လာခဲ့သည်။ ရွေ့လျား နှုန်းမှာ မြန်ဆန် လွန်း သဖြင့်၊ ကင်းမြီးကောက် ဒေသကို အလွယ် တကူ ဖြတ်ကျော် လာ ခဲ့သည်။
လမ်း တစ်လျှောက်တွင် သက်ရှိ များ၏ အရိပ် အယောင် ကိုမျှ မမြင် ရချေ။ အဝေး ဆီမှ သိပ်သည်းသော ဝိညာဉ် စွမ်းအင်ကို၊ ရုတ်တရက် ခံစား လာရသည်။
များမကြာခင် ဘေးဝဲယာ တစ်လျှောက် ဆန်းကြယ်သော ဘုံဗိမာန် အချို့အား မြင်လာ ရ၏။
၎င်းဘုံဗိမာန် များသည် လှပပြီး။ တစ်စုံ တစ်ယောက်မှ လက်ရှိ နေထိုင် နေ သကဲ့သို့ သစ်လွင် တောက်ပ နေသည်။
သို့သော် ယင်းမှာ လှည့်စားမှု များသာ ဖြစ်ကြောင်း ခံစားမိ သဖြင့်၊ ဆက်၍ ထွက်ခွာ လာခဲ့သည်။
ဦးတည် ရာမဲ့ ပျံသန်း နေစဉ်၊ သွေးရနံ့ များကို ရံဖန် ရံခါ ရရှိ လာမိသည်။ ထပ်ကြုံတွေ့ ရသော သားရဲ များမှာ၊ ကင်းမြီး ကောက်များ ကဲ့သို့၊ ကြောက်စရာ မကောင်းချေ။
အနိုင် မယူနိုင် သော်မှ၊ ထွတ်ပြေးရန် လွယ်ကူ ပေသည်။ သူနှင့် အတူ ကျရောက် လာစသော အဖွဲ့ မှာမူ၊ ကံဆိုး လှ၏။
အတွင်းသို့ ပျံသန်းလာ သည်နှင့် အမျှ၊ ဝိညာဉ် စွမ်းအင်များ ပိုပို သိပ်သည်း လာပြီး၊ ရတနာများ အတွက် တိုက်ပွဲ ဝင်နေသော လူများ ကိုပင်၊ တွေ့မြင် လာရသည်။
သူတော်စင် စွမ်းအင် အရင်း အမြစ် များသည် အဖိုးတန် သော်လည်း၊ လင်းယွန်အား စွဲဆောင် နိုင်ခြင်း မရှိချေ။
အနည်းဆုံး နှစ် တစ်သောင်း ပြည့်မှ သာလျှင်၊ လှည့်ကြည့် မိမည် ဖြစ်သည်။
ပန်းတိုင်မှာ ရှေးဟောင်း မှတ်တမ်းများ၊ လျှို့ဝှက် နည်းစနစ် များနှင့် ၊ သူတော်စင် ရတနာများ ရယူရန် ဖြစ်သည်။
သူတော်စင် နန်းတော် တစ်လုံးသာ ရှာတွေ့သော်၊ ၎င်းတို့ အပြင် နဂါး တံခါး၏ အမွေ ကိုပင်၊ ရရှိ နိုင်ပေမည်။
လက်ရှိ အချိန်၌ တတိယ သွေး လွှတ်ကြောသို့ ရောက်ရှိရန်၊ အရင်း အမြစ်များ လိုပေ၏။
ဤသို့ မဟုတ်သော် တခြား ဂိုဏ်းများ၏ ထိပ်တန်း ပါရမီရှင် များအား၊ ရင်ဆိုင် နိုင်မည် မဟုတ်ချေ။
“ ဝှစ် ဝှစ် ဝှစ် ... ။ ”
ထိုအချိန်တွင် လူသုံးဦး ဦးဆောင်သော အဖွဲ့သည်၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော် တစ်နေရာသို့ ဆင်းသက် လာသည်။
၎င်းတို့ အနက်မှ အားအနည်း ဆုံးသည် ဒုတိယ သွေးလွှတ် ကြောတွင် ဖြစ်ပြီး၊ အများ အပြားမှာ တတိယ သွေးလွှတ်ကြော အထွတ် အထိပ် ဖြစ်သည်။
ရန်ကောင်းက လက်ကို ဆန့်ထုတ်ကာ၊ အနက်ရောင် ကျောက်တုံး တစ်တုံးအား ကြည့် လိုက်သည်။
ဤသည်မှာ သူ့ဆရာ သခင် ထျန်ရွှမ်ဇီ ကိုယ်တိုင်၊ သန့်စင် ပေးထားသော ကျောက်တုံး ဖြစ်၏။ ကွဲကွာ ကုန်သော တပည့်များအား ပြန်လည် စုစည်း ရာ၌ များစွာ အသုံးဝင် ခဲ့သည်။
“ လွီရှ ... ရှေးဟောင်း မှတ်တမ်း တွေနဲ့ သူတော်စင် စွမ်းအင် အရင်း အမြစ်တွေ ရှာဖို့၊ လူ အချို့ကို မင်း ခေါ်သွား၊ မင်း လမ်းမှာ လာရပ်တဲ့ လူတိုင်းကို သတ်ပစ်။ ”
ချင်းတန်မှ မိန့်ဆို လိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
လွီရှက ခေါင်းညိတ် ပြသည်။
“ ရန်ကောင်း ... ။ ”
“ ပြော ပါ ... ။ ”
“ ဓားဂိုဏ်း တပည့် တွေရဲ့ ... ၊ တည်နေရာကို ရှာဖွေပြီး၊ သူတို့တွေ စုရုံး နေချိန် မှာ၊ ဖယ်ရှား ပါ။ ”
“ နားလည် ပါပြီ။ ”
ရန်ကောင်းမှ ရက်စက်သော အပြုံးဖြင့်၊ ခေါင်းညိတ် လိုက်သည်။ ဤတာဝန်ကို သဘော ကျ ပေ၏။
ရှေးဟောင်း ပျက်စီးခြင်း နန်းတော်သို့၊ မဝင်မီ ကပင်၊ ၎င်းတို့ အပေါ် သင်ခန်းစာ တစ်ခု သင်ပေးချင် နေခဲ့သည်။
လူပေါင်း နှစ်သိန်း နီးပါး ဝင်ရောက် လာ သဖြင့်၊ နတ်ဆိုး သာရဲ များ အတွက်၊ သတင်း ကောင်း မဟုတ် ခဲ့ချေ။
နေရာ တိုင်း၌ သားရဲနှင့် လူသားကြား၊ သွေးစွန်းသော တိုက်ပွဲများ ဖြစ်ပွား လာသည်။ ဤစစ်မြေပြင်၌ မည်သည့် စည်းကမ်းမျှ မရှိချေ။ ထို့ကြောင့် မည်သူ မဆို အသတ် ခံရ နိုင်၏။
(၁၀) ရက် အကြာ၌ သွေး နကျယ်ကောင် များကြောင့်၊ လင်းယွန်မှ မြေပြင်သို့ ဆင်းသက် လိုက်ရသည်။
သွေး နကျယ်ကောင် ဘုရင်သည် အလွန် လိမ္မာ ပါးနပ်ပြီး၊ ပဉ္စမမြောက် သွေးလွှတ်ကြော ဖြစ်၏။
ကောင်းကင် အမိုး ဓားကို ထုတ်လွှတ် လိုက်သော်၊ လုံခြုံစွာ ပုန်းကွယ် နေသော သွေး နကျယ်ကောင် ဘုရင်အား မြင်လိုက် ရသည်။
သို့တိုင် သွေး နကျယ်ကောင် ဟူသည် အုပ်စုဖွဲ့ တိုက်ပွဲ ဝင်ပြီး၊ သေခြင်းကို မကြောက် ကြသဖြင့်၊ ဆက်ပြေး ရန်သာ ဆုံးဖြတ် မိသည်။
သွေး နကျယ်ကောင် များမှ၊ အလွတ် မပေးချေ။ ဇွဲရှိရှိဖြင့် သူ့နောက် (၇)ရက် လုံးလုံး လိုက်ပါ လာ ကြသည်။
“ ငါကိုက ကံဆိုး လွန်း ပါတယ်။ ”
လင်းယွန်မှ ခေါင်းခါပြီး ဆက်ပြေး မိသည်။ ၎င်းတို့ပိုင် နယ်နိမိတ်အား ကျော်လွန် ပြီးမှသာ ဆက်မလိုက် တော့ချေ။
များမကြာခင် အလင်း ရောင်များ ဖုံးလွှမ်း နေပြီး၊ ဝိညာဉ် စွမ်းအင် သိပ်သည်းဆ မြင့်မား နေသော အရပ် ဒေသသို့ ရောက်ရှိ လာ၏။
ကောင်းကင်၌ အမျိုး မျိုးသော ဖြစ်စဉ်များ ပေါ်နေ သဖြင့်၊ သူတော်စင် အသီး အနှံ တစ်ခု၊ မွေးဖွား နေခြင်း ဖြစ်မှန်း သိလိုက်သည်။
ထို့ကြောင့် လူ များစွာက၊ ဤဖြစ်စဉ် အောက်၌ အခွင့် အရေးကို အရ ယူကာ၊ ဒုက္ခ ခံယူ လာကုန်၏။
အချိန်တို အတွင်း၊ တတိယ သွေးလွှတ်ကြော နယ်ပယ်၊ အထွတ် အထိပ်သို့ ရောက်ရှိ လာကုန် သည်။
သို့တိုင် တတိယ သွေးလွှတ် ကြော၏ ဒုက္ခမှာ၊ ကြောက်စရာ ကောင်း သောကြောင့် သေဆုံးသူ များလည်း၊ ရှိလာ ကြ၏။
ထို့ကြောင့် စတုတ္ထ သွေးလွှတ်ကြောသို့ ရောက်ရှိ လာ သူများမှာ၊ လုံးလုံး လျားလျား အသွင် ပြောင်းသွားသည်။
ဤမြင်ကွင်းက လက်ဗလာ ဖြစ်နေ သေးသည့်၊ လင်းယွန်ကို ကူကယ်ရာ မဲ့စေသည်။ တတိယ သွေးလွှတ် ကြောသို့၊ တက်ရောက်ရန် အလျင်လို လာ၏။
မဟုတ် ပါက ရွှေမျိုးဆက် ပါရမီရှင် များနှင့်၊ သူ့ကြား ကွာဟချက် ကျယ်ပြန့် လာပေ လိမ့် မည်။
နတ်နဂါး မျက်လုံးများကို ထုတ်ဖော် လိုက် သော်လည်း၊ အသုံး ဝင်သည့် မည်သည့် ရတနာ ကိုမျှ၊ မတွေ့ ရသေးချေ။
အလောင်းများ အပါ အဝင်၊ ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ တည်ရှိ နေသည့် နေရာလွန် များကိုသာ မြင်တွေ့ လာရသည်။
သူတော်စင် အသီးအနှံ များကို သိမ်းယူ သွားခြင်း ပေပင်။ ခုနစ်ရက် ကြာ သည့်တိုင် မည်သည့် အရာမျှ မရရှိ သေးဘဲ၊ လှည့်လည် နေဆဲ ဖြစ်သည်။
ရှစ်ရက်မြောက် နေ့တွင်၊ ဓားသေတ္တာ ရုတ်တရက် တုန်ခါ လာသဖြင့် ချက်ချင်း ရပ်ပြီး တည်နေရာကို ရှာဖွေ လိုက်သည်။
မိုးကုပ် စက်ဝိုင်း အစပ် ဆီ၌၊ ကောင်းကင်ကြီး အရောင်ပြောင်း နေသည်ကို၊ သတိ ထားမိ လိုက်သည်။
ထို့ကြောင့် ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော်လျက်၊ ချက်ချင်း ပြေးထွက် လိုက်မိ လေသည်။
ဤအရာကို လက်လွတ် မခံ လိုချေ။ သည်တစ်ကြိမ် ထပ်မံ ဆုံးရှုံး ရသော်၊ စိတ်ဓာတ် ကျကာ သွေးအန် နိုင်ပေမည်။ ထိုအတွေးဖြင့် မြင့်မြတ်သော နေနတ်သား ဖမ်းဆီးခြင်း ပညာရပ်ကို ထုတ်ဖော် လိုက်တော့၏။
***