ငါ လုချန် ... ။
Vol. 115 Ch. 1604
လင်းယွန်မှ အမြန် ပြေးလွှား နေစဉ်၊ ကောင်းကင်၌ ပျံသန်း လာသော လူရိပ် များကို မြင်လိုက် ရသည်။
“ ငါ ... မှန်ပုံပဲ။ ”
အဆုံးတွင် တောင်ကြီး တစ်လုံးအား ဝန်းရံထားသည့်၊ လူတစ်စု ရှိရာသို့ ရောက်ရှိ လာသည်။
တောင်ထိပ် လေထု အလယ်တွင်၊ သူတော်စင် ပန်းတစ်ပွင့် ရှိနေပြီး၊ သန့်ရှင်းသော အလင်း ရောင်ကို ထုတ်လွှတ် ထား၏။
အကန့် အသတ် မရှိသော၊ ဝိညာဉ် စွမ်းအင်များက၊ ရောင်စဉ် ခုနစ်သွယ် တောက်ပ နေသော နှင်းပန်းများ အဖြစ်၊ ထွက်ပေါ် လာသည်။
“ ရွှေ ကြာ ပန်း ... ။ ”
လင်းယွန် တစ်ယောက် ရွှင်မြူး သွား၏။ ဤသည်မှာ ဗုဒ္ဓ ဘာသာ ဂိုဏ်းဝင်များ အတွက် အသုံး ဝင်သော ပန်းတစ်ပွင့် ဖြစ်သည်။
ရှားပါးပြီး ရွှေရောင် အလင်း ကိုးမျိုးဖြင့် ဖုံးအုပ် နေတတ်ကာ၊ တောင်ကမ်းပါး ယံများ တွင်သာ မွေးဖွားလေ့ ရှိသည်။
ပတ်ဝန်း ကျင်၌ ဗုဒ္ဓ ကျမ်းစာ ရွတ်ဆိုသံ ကိုတောင် ကြားနိုင်သည်။ ထိုရွတ်ဆို သံတွင် တုနှိုင်း မရသော ပညာ ရပ်များ ပါ၀င်၏။
လူများကို တွန်းဖယ်ကာ၊ ရေှသို့ လှမ်းတက်လာ သဖြင့်၊ လင်းယွန်အား ထိုသူ များက လှည့်ကြည့် လာ ကြသည်။
“ ဒီအမှိုက်က ဘယ်က လာတာလဲ၊ ထွက်သွား စမ်း ... ၊ ငါတို့ အနန္တ သားရဲ တံခါးက ဒီနေရာကို သိမ်းပိုက် လိုက်ပြီ၊ မင်းက သေချင် နေတာလား။ ”
“ ဟား ဟား ဟား ... ၊ ဒီသူဖုန်းစား ဘယ်က လာတာလဲ။ ”
လင်းယွန် လမ်းကို၊ လူ (၁၀) ယောက် ပိတ်ဆို့ လာသည်။ အနား ရောက်ချိန်၌ ဒုတိယ သွေးလွှတ် ကြောတွင်သာ ရှိမှန်း သိလိုက်ရ သဖြင့် ရယ်မော လှောင်ပြောင် ကြ၏။
“ ဟား ဟား ဟား ... ။ ”
နယ်နိမိတ် မှာပင်၊ အခွင့် အရေးများ ရရှိ ကြသဖြင့်၊ လူတိုင်း တတိယ သွေးလွှတ် ကြော အထွတ် အထိပ်သို့၊ ရောက်ရှိ ခဲ့ကြသည်။
ထို့ကြောင့် ဖုန်အလိမ်း လိမ်းဖြင့်၊ ဒုတိယ သွေးလွှတ်ကြော တွင်သာ ရှိသော လင်းယွန်ကို မြင်ချိန်၌ မရယ်ပဲ မနေ နိုင်ချေ။
လင်းယွန် မှာမူ၊ ၎င်းတို့အား အာရုံ မစိုက် နိုင်သေးဘဲ၊ ရွှေကြာပန်း ထံမှ ထွက်လာသော ကျမ်းစာ ဖတ်သံ ကိုသာ နားထောင် နေသည်။
ပန်းသင်္ချိုင်း ဓားမှ ပြင်းပြသော ဆန္ဒဖြင့်၊ တုန်ခါ လာ၏။ အလင်း ကိုးသွယ် ဖြာထွက်နေ သဖြင့်၊ ဤရွှေကြာ ပန်းသည် ခိုင်မာသော သမိုင်း ရှိရ မည်ဟု၊ ပြောနိုင် ပေသည်။
“ ဘယ်က တောသားလဲ ... ၊ သွားရည်တောင် ကျတော့မယ်၊ ဟား ... ဟား ... ဟား ... ။ ”
“ ထွက် သွား စမ်း ... ၊ မင်း ... ဆက်ကြည့် ဝံ့ရင်၊ ငါ မင်း မျက်လုံး တွေကို ဖောက်ထုတ်ပစ် လိုက်မယ်။ ”
အနန္တ သားရဲ တံခါး၏ တပည့် များက အော်ငေါက် လာ ကြသည်။ သူတို့သည် ဒုတိယ တန်းစား ဂိုဏ်း တစ်ဂိုဏ်း မျှသာ ဖြစ်သော် လည်း၊ ကောင်းကင်ယံ ဂိုဏ်း၏ အထောက် အပံ့ ကြောင့်၊ တန်ခိုးကြီး ဂိုဏ်းများ ကိုပင် မျက်လုံး ထဲသို့၊ မဝင် ခဲ့ချေ။
ယခု ကဲ့သို့၊ ဒုတိယ သွေးလွှတ်ကြော တွင်သာ ရှိသော ပုရွက်ဆိတ် တစ်ကောင်သည်၊ သူတို့ ပိုင်သည့် အရာကို၊ စိတ်ကူးဝံ့ သည်လော။
“ ကောင်လေး ... ၊ မြန်မြန် ထွက်သွား၊ ငါတို့ မင်းကို မသတ် ချင်ဘူး။ ”
အနက်ဝတ် လူငယ် တစ်ဦးမှ ရှေ့လှမ်း တက်လာပြီး၊ ပြောသည်။ လင်းယွန် နောက်တွင် ရပ်နေ သူများမှာ၊ ထိတ်လန့် စွာဖြင့် ခြေလှမ်း ပေါင်းများစွာ နောက်ပြန် ဆုတ်ကုန်၏။
လင်းယွန် သာလျှင် ချွင်းချက် ဖြစ်သည်။ ရွှေကြာပန်းတွင် မူလ သူတော်စင် နတ် ရူရ် ပါရှိ လေသည်။
သက်တမ်း အရ၊ အနှစ် တစ်သောင်း အနည်းဆုံး ရှိသည်။ ယင်းကို ဤလူများ သိပုံ မရချေ။
ရွှေကြာပန်း များသည် ရှားပါးသော ပန်းမျိုးစိတ် ဖြစ်၏။ ရွှေအလင်း ကိုးသွယ် ပါရှိ သောကြောင့်၊ အမြင့်ဆုံး အဆင့် ဖြစ်သည်။
ယင်းက သူ့အား တတိယ သွေး လွှတ်ကြောသို့၊ ရောက်စေ နိုင်လိမ့် မည်ဟု၊ လင်းယွန်မှ ယုံကြည်သည်။
ထို့အပြင် ပန်းသင်္ချိုင်း ဓားကို ကျွေးမွေး ရန်ပင် ပိုလျှံ နိုင်၏။ ၎င်းဖြင့် ဘုန်း သူတော်စင် အစွမ်းကို ပို၍ အားကောင်း စေမည်။
“ ဒီလူက ရွံရှာ စရာ ကောင်းတယ်။ ”
အနက်ဝတ် အမျိုး သမီး တစ်ဦးက အေးစက်စက် နှင့် နှာခေါင်းရှုံ့ကာ ပြောလာ လေသည်။
“ စီနီယာ အစ်မ လွီ ... ၊ ဒီလို အမှိုက် တစ်စ အတွက် ... ၊ လက်တွေကို ညစ်ပတ် ခံနေ စရာ မလို ပါဘူး၊ ကျွန်တော် လုပ်ပါ ရစေ။ ”
သူရဲကောင်း လူငယ် တစ်ယောက် လှမ်းထွက် လာပြီး၊ လင်းယွန်ကို အေးစက်စွာ စိုက်ကြည့် လိုက်၏။
သို့သော် လင်းယွန်မှာ သူ့ကို မကြည့်ချေ။ ရွှေကြာပန်း အပေါ်သာ ငေးမော နေဆဲ ဖြစ်လေ သည်။
“ အမှိုက် ... ၊ ငါ့ကို ကြည့်စမ်း။ ”
ထိုတပည့်မှ လက်ကို ဝှေ့ယမ်း ပစ် လိုက်သော အခါ၊ ကြောက်မက်ဖွယ် သွေးမြှား တစ်စင်း ပြေးထွက် လာသည်။
“ ထန် ... ။ ”
သို့သော် လင်းယွန်ကို ထိမှန်သွား ချိန်၌၊ သတ္တုနှင့် ထိမိ သကဲ့သို့၊ ပြန်လည် ကန်ထွက် လေသည်။
“ သူ့ကို မြန်မြန် သတ် ... ၊ မဟုတ်ရင် စီနီယာ အစ်ကို ... ၊ အနှောင့် အယှက် ဖြစ်သွား လိမ့်မယ်။ ”
အမျိုးသမီး ထံမှ အမိန့်ရ သည်နှင့်၊ တပည့်များ အားလုံးက၊ ၎င်းတို့၏ တိုက်ခိုက်မှု များကို၊ တပြိုင် နက်တည်း ထုတ်ဖော် ကြ၏။
သူတို့ အားလုံးသည် တတိယ သွေး လွှတ်ကြောတွင် ရှိပြီး၊ နဂါးမြစ်ကို အသက်သွင်း လိုက်သဖြင့်၊ သွေးသား စွမ်းအင်များ ဆူပွက် လာတော့သည်။
သည့်နောက် နက္ခတ်များ ထုတ်ဖော် ပေါင်းစပ် လိုက်ရာ၊ ကြက်သွေးရောင် သားရဲ ဒီရေ အဖြစ် ပြောင်းလဲ ကုန်သည်။
နက္ခတ် များမှ လာသော သားရဲ များသည် သက်ရှိများ ကဲ့သို့၊ ကြောက်မက်ဖွယ် ရောင်ဝါ များ ဖြာထွက် နေ၏။
ထိုအချိန် ထိတိုင် လင်းယွန်မှာ၊ ကျမ်းစာ ရွတ်ဆို သံအတွင်း နစ်မျော နေခဲ့သည်။ သူ၏ မျက်ခုံး နှစ်ခု ကြားရှိ ဓားရည်ရွယ်ချက်ပင် နားလည်မှု အသစ် ရရှိ လာသည်။
လက်တစ်ဖက် ဝှေ့ယမ်း လိုက်ရုံဖြင့်၊ ထိုသားရဲလှိုင်းကို ပျောက်ကွယ် သွားစေ ခဲ့၏။ မည်မျှပင် ကြိုးစား စေကာမူ၊ လင်းယွန်၏ ဝတ် ရုံစ ကိုပင် မထိနိုင် ခဲ့ချေ။
“ ဟိတ် ... ။ ”
လွီဖိန်း၏ မျက်ဝန်း များက လင်းယွန်ထံ ကျရောက် နေသည်။ ထို့နောက် အခွင့် အရေး ရသည်နှင့်၊ ရုတ်တရက် ပြေးဝင် တိုက်ခိုက် လိုက်၏။
လက် ငါးချောင်းဖြင့် နှလုံးသားကို ချိန်ရွယ်ကာ၊ ကုပ်ဆွဲ လိုက်ခြင်း ဖြစ်လေသည်။
“ သေ လိုက် တော့ ... ။ ”
သို့သော် တစ်ဖက် လူ၏ ခန္ဓာ ကိုယ်မှာ၊ အနန္တ သူတော်စင် လက်ရာ ကဲ့သို့ မာကြောနေ သည်ကို၊ မြင်ရ သဖြင့် တုန်လှုပ် သွားသည်။
သူ့ လက်သည်း များက ခံစစ်ကို ထိုးဖောက်ရန်၊ ပျက်ကွက် ရုံတင် မကဘဲ၊ ‘ထောက် ခနဲ’ ကျိုးသွား တော့၏။
“ ထွက် သွား ... ။ ”
လင်းယွန်မှ ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ သူ့အား တိုက်ခိုက် သူတိုင်းကို၊ နောက်သို့ ပြန်၍ တွန်းထုတ် ပစ်လိုက်သည်။
မိုးပြာ နဂါး သူတော်စင် ခန္ဓာ ကိုယ်ကို အသက် သွင်းလိုက်ခြင်း ဖြစ်သဖြင့်၊ မြေပြင်ပေါ် အတုံးအရုံး ပြုတ်ကျ ကုန်၏။
“ နင် ... ဘယ်သူလဲ။ ”
အနက်ဝတ် အမျိုးသမီးမှာ ထိတ်လန့် သွားတော့သည်။
“ မင်း ... သိစရာ မလို ပါဘူး ... ၊ မင်း မျက်လုံး တေွက ခွေးမ မျက်လုံးတွေ အတိုင်းပဲ၊ တကယ် ရွံရှာ စရာ ကောင်းတယ်၊ ဟား ဟား ဟား ... ။ ”
လင်းယွန်မှ ရယ်မော လိုက်သည်။ ယင်းကြောင့် အနက် ဝတ် အမျိုးသမီး ခမျာ ဒေါသ ဖြစ်လာ ၏။
သို့သော် ရုတ်တရက် နှလုံး ခုန်သံ မြန်လာပြီး၊ တစ်ဖက် လူ၏ မျက်လုံး များကို ဖောက်ထုတ် ချင်ကြောင်း၊ ပြောမိခဲ့ သည်အား၊ သတိရ လာသည်။
“ နင် ... နင် လုပ်ဝံ သလား။ ”
“ ဟား ဟား ဟား ... ငါက ဘာလို့ မဝံ့ ရမှာလဲ။ ”
လင်းယွန်က ရယ်မောလျက်၊ နတ်နဂါး မျက်လုံး များကို အသက် သွင်း လိုက်သည်။ ဘုန်း လမင်းနှင့် ဘုန်း နေမင်း ဝိညာဉ်များ အသက်ဝင် လာ၏။
နဂါးပြာ တံဆိပ်၊ ရွှေနဂါး တံဆိပ်နှင့်၊ ငွေနဂါး တံဆိပ် တို့အား၊ တစ်ပြိုင် နက်တည်း ဖွဲ့စည်း လိုက် လေသည်။
“ ဘောင်း ... ။ ”
“ အား ... ။ ”
ပေါက်ကွဲသံ နှစ်ခု ခပ်တိုးတိုး ထွက်ပေါ် လာပြီး၊ အနက်ဝတ် အမျိုး သမီး၏ မျက်လုံးများ ပျက်စီး သွားကာ၊ ပါးပြင်ပေါ် သွေးများ စီးကျ လာ၏။
ယင်းက လင်းယွန်ကို တိုက်ခိုက် နေသော လူအုပ်ကို ထိတ်လန့် သွားစေသည်။ ထို့ကြောင့် ချက်ချင်း ဆုတ်ခွာ သွားကုန်၏။
ထိုအချိန်တွင် တောင်ကမ်း ပါးယံ တစ်နေရာတွင် ထိုင်နေသော လူရိပ် တစ်ရိပ်က၊ ဖြည်းဖြည်းချင်း မတ်တတ် ထရပ် လာသည်။
၎င်းအား ရွှေရောင် အလင်းများ ဖုံးအုပ် ထားပြီး၊ လူတိုင်း အပေါ် ဖိအား တစ်ခု ချက်ချင်း လွှမ်းမိုး လာတော့၏။
“ ငါ လုချန် ... မင်း ဘယ်သူလဲ။ ”
ဤလူသည် အနန္တ သားရဲ တံခါး၏ တပည့်ကြီး ဖြစ်သည်။ စတုတ္ထ သွေးလွှတ်ကြော နယ်ပယ်တွင် ရှိကာ၊ ရွှေမျိုးဆက် ပါရမီရှင် တစ်ပါး ဖြစ်ချေပြီ။
***