မင်း ... ပြန်ယူလို့ ရပြီ။
Vol. 115 Ch. 1605
လုချန် အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း၊ မိုးခြိမ်းသံ ကဲ့သို့ ကောင်းကင်၌ ပဲ့တင် ထပ်လာသည်။
မိုင်တစ်ရာ အတွင်းရှိ လူများက အံ့ဩ ကုန်ကြသည်။ တစ်စုံ တစ်ယောက်သည် အနန္တ သားရဲ တံခါးနှင့် လုချန်အား ရန်စရန် သတ္တိ ရှိနေ သည်လော။
ထိုပြင် အနန္တ သားရဲ တံခါး ဟူသည်၊ ကောင်းကင်ယံ ဂိုဏ်း လက်အောက်သို့၊ ခိုဝင် ထားကြောင်း လူတိုင်း သိထားသည်။ ယင်းကြောင့် စူးစမ်းရန် အပြေး လာကုန်၏။
“ ငါ့ မျိုးရိုး နာမည်က လင်း ... ၊ အမည်က ယွန်၊ မင်းတို့ သားရဲ တံခါးက ... ကောင်းကင်ယံ ဂိုဏ်းနဲ့၊ ပူးပေါင်း ထားတယ် ဆိုတော့ ... ၊ ငါ့ နာမည်နဲ့ ရင်းနှီး နေမှာပါ။ ”
လင်းယွန်မှ ပြုံးပြီး ဖြေသည်။ ပြီးနောက် ဖုန်မှုန့် များကို လေပြင်း ပြင်းဖြင့် မှုတ်ထုတ်ကာ သူ့ကိုယ်သူ သန့်ရှင်းအောင် လုပ်ယူ၏။
“ အဲဒါ မင်းပဲ ... ။ ”
လုချန်မှ ရွှေရောင် အလင်းတန်း ကိုးသွယ်အား၊ နောက်တွင် ခြံရံလျက် အော် လိုက်သည်။
“ လင်း ယွန် ... ။ ”
“ သက်တံဓား သူတော်စင်ရဲ့ တပည့် လင်းယွန်း။ ”
“ ပန်း သင်္ချိုင်း ... ။ ”
အနန္တ သားရဲ တံခါး၏ တပည့်များ အားလုံး၊ မျက်နှာ ပျက်ကုန်၏။ လင်းယွန်သည် ရဲရင့်လွန်း ချေပြီ။
ပျက်စီးခြင်း နန်းတော်သို့ မဝင်မီ၊ ချင်းတန်အား ရင်ဆိုင်ပြီး၊ ယခု သူတို့အား ရန်စ နေ၏။ ဒုတိယ သွေးလွှတ်ကြော မျှနှင့် မာန ကြီးလွန်း လေသည်။
“ အစ်ကိုကြီး၊ သူ့ကို သတ်ပစ်လိုက်။ ”
လွီဖိန်းမှ မျက်လုံး များကို လက်ဖဝါးဖြင့် အုပ်ထားလျက်မှ အော်ဟစ် လိုက်သည်။
“ အစ်ကိုကြီး ... ၊ ကျေးဇူး ပြုပြီး သူ့ကို သတ်ပါ။ ”
လင်းယွန် လက်ချက်ကြောင့် လွင့်စဉ် ကုန်သော လူငယ်များ ကလည်း ဒေါသဖြင့် အော်ဟစ် လာ၏။
“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းတို့က ငါ့ကို နတ်ဆိုး တစ်ကောင်လို အထင်မှား စေချင် နေတာလား၊ တကယ်တော့ ... ငါ့ မျက်လုံးကို အရင် ဖောက်ချင် နေတာ ဘယ်သူလဲ။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။ ဤလူများ၏ အသွင် အပြင်ကို ကြည့်ခြင်းဖြင့်၊ သူမှ အနိုင်ကျင့် နေသည်ဟု၊ အခြား လူများ အား၊ နားလည်မှု လွဲစေချင် နေပုံ ရသည်။
သို့သော် လူတိုင်း၏ အမြင်အား ဂရု မစိုက်ချေ။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ သက်တံဓား သူတော်စင် တပည့် ... ဖြစ်ရုံနဲ့၊ လုံလောက် ပြီ ထင်နေလား၊ ငါ မျက်လုံးထဲ မှာတော့ ပုရွက်ဆိတ် ပါပဲ။ ”
“ အဲဒီ ... ဓားသူတော်စင် အဖိုးကြီး အောင်မြင်မှု ရလိမ့် မယ်လို့၊ မင်းက မျှော်လင့် နေတာ လား၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ဘုရင်ကို ... ၊ ပြောင်းလဲ သင့်ပြီ။ ”
“ ဟုတ်တယ် ... ၊ သက်တံဓား သူတော်စင် ခေတ် မရှိ တော့ဘူး။ ”
အနန္တ သားရဲ တံခါးမှ တပည့် များက တစ်ယောက် တစ်ပေါက် အော်ဟစ် လာကြ သည်။
ချောက်ကမ်းပါး ထိပ်တွင် ရပ်နေသော လုချန်မှ၊
“ လင်းယွန် ... ငါ့ရဲ့ သားရဲ တံခါးကို၊ ရန်စဝံ့တဲ့ အတွက်၊ မင်း ခေါင်းကို ယူလိုက်မယ်၊ ဒါက သခင်လေး ချင်းတန်ကို ပျော်ရွှင် စေလိမ့် မယ်။ ”
“ အစ်ကိုကြီး ... ၊ သူ့ကို လွယ်လွယ် မသတ်နဲ့၊ သေတာထက် ပိုဆိုးအောင် လုပ်ပါ။ ”
လွီဖိန်းက မုန်းတီးမှု အပြည့်ဖြင့် ပြောလာသည်။
“ မင်းတို့က ... ငါ့ခေါင်းကို ယူချင် နေတာလား။ ”
လင်းယွန် မျက်ဝန်းများ အေးစက် လာ ပြီးနောက်၊ လွီဖိန်းထံ လှည့်သွားသည်။ အနီးမှ တပည့် များက၊ ထိတ်လန့် စွာဖြင့် တားရန် ပြင်၏။
သို့သော် နောက်ကျ သွားသည်။ မျက်စိ အောက်မှာပင်၊ လွီဖိန်၏ ဦးခေါင်းကို လင်းယွန် မှ၊ ကွဲကြေသွား တော့၏။
“ ဖြန်း ... ၊ ဖြန်း ... ။ ”
အနား ရောက်လာသော၊ သားရဲ တံခါးမှ တပည့် နှစ်ဦးအား ပါးရိုက်ကာ၊ ပြန် သွားစေ လိုက်သည်။
နှစ်ယောက်သား နားစည်များ ကွဲလျက်၊ နားမလည်နိုင် ဖြစ်လာ၏။ သူတို့သည် တတိယ သွေးလွှတ် ကြော၌ ရှိသော်လည်း၊ လင်းယွန် ရှေ့၌ ကလေးများ လိုပင်။
အနန္တ သားရဲ တံခါးမှ၊ တပည့်များ သည်သာမက၊ အခြား သူများ လည်း ထိတ်လန့် သွားကြသည်။
“ အနန္တ သားရဲ တံခါးလား၊ သိပ်ပြီး အထင်လည်း ကြီးစရာ မရှိ ပါဘူး။ ”
လင်းယွန်မှ လုချန်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ ပြုံးနေ သော်လည်း၊ သူ့ အပြုံး မှာ၊ ကြောက်စရာ ကောင်းလောက်အောင် အေးစက် နေ၏။
“ သူ့ကို တား ... ။ ”
လုချန်မှ ပြောသည်။ အမိန့်ရ သည်နှင့်၊ သားရဲ တံခါးမှ တပည့် များက၊ နက္ခတ်များ ဆင့်ခေါ်ကာ၊ တတိယ သွေးလွှတ်ကြော ရောင်ဝါ အား၊ ထုတ်လွှတ် တော့၏။
နက္ခတ်များ အားလုံး ချိတ်ဆက် လိုက် သဖြင့်၊ ကြောက်မက်ဖွယ် ကောင်းသော သားရဲ မြောက်များစွာ ထွက်လာ သည်။
“ ငါ့လမ်းမှာ ရပ်ဝံ့ သူတိုင်း သေ။ ”
လင်းယွန်မှ အရိယာ ဓားသုတ္တန်နှင့်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား၊ လှည့်ပတ် ပစ် ရာ၊ မျက်ဝန်းများ နီရဲ လာ၏။
ခြေထောက်ကို မြေပြင်ပေါ် ပုတ်လိုက် သည်နှင့်၊ ရောင်ဝါများ ပွင့်ထွက် လာပြီးနောက်၊ ဖိအားများ ပြေးထွက် လာတော့သည်။
“ အား ... ။ ”
အကြိမ် အနည်းငယ် အတွင်း၊ အနန္တ သားရဲ တံခါးမှ တပည့်များ အားလုံး အသတ် ခံလိုက်ရ သည်။
ယင်းက လူသတ်စက် တစ်လုံးနှင့် တူပြီး၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ ရပ်ကြည့် နေ သူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
“ ဝုန်း ... ။ ”
လင်းယွန် တစ်ယောက် တောင်ကုန်းပေါ် ခြေချ လိုက်သည်နှင့်၊ ကျောက်တုံးများ ပြုတ်ကျ ကုန်ကာ၊ ကမ္ဘာကြီး တစ်ခုလုံး တုန်ခါ သွားသည်။
လင်းယွန်၏ သွေးသား စွမ်းအင်သည် ကြောက်စရာ ကောင်းလွန်း ချေ၏။ သားရဲကြီး တစ်ကောင် အလား ပေပင်။
ထိုအချိန်တွင် ချောက်ကမ်းပါး ထံမှ ရွှေရောင် အလင်းများ ဖြာထွက် လာ သဖြင့်၊ လူတိုင်း ချက်ချင်း ပြန်ဆုတ် မိသည်။
“ ဘာဖြစ် တာလဲ။ ”
လင်းယွန်ပင် ချွင်းချက် မရှိချေ။ ချောက်ကမ်းပါး တစ်ခုလုံး ပြိုကျ ပြီးနောက်၊ ရွှေရောင် ရဟန်း တစ်ပါး ပေါ်လာ တော့၏။
ထိုရွှေ ရဟန်းသည် သန့်ရှင်းသော ရောင်ဝါအား၊ ထုတ်လွှတ် ထားပြီး၊ ထိုင်လျက် ပုံစံ ဖြစ်သည်။။
ရှေးဦးခေတ်၌ ကွယ်လွန် ခဲ့သော ဗုဒ္ဓ လမ်းစဉ် တပည့် သာဝက တစ်ဦး ဖြစ်ချေမည်။ ရုပ်ခန္ဓာ ကျင့်စဉ်ဖြင့်၊ သူတော်စင် တစ်ပါး ဖြစ်ရန် ရည်ရွယ် ခဲ့ပုံ ရသည်။
လုချန်မှ အံ့ဩရိပ် မပြ သဖြင့်၊ ဤအရာ အပေါ် သိမြင်ပြီး ဖြစ်မှန်း၊ လင်းယွန် နားလည် လာသည်။
“ မင်း ကံကောင်း တယ်။ ”
ထို့ကြောင့် ပြုံးပြီး လှည့်ပြော မိ၏။
“ မင်း သေချင် နေတာလား။ ”
လုချန်မှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော် လိုက်သည်။ ဤသည်မှာ သူ့ဝှက် ထားသော အခွင့် အရေး တစ်ခု ဖြစ်သော်လည်း၊ လင်းယွန်မှ တွေ့ရှိကာ ထုတ်ဖော် ပြခဲ့၏။
၎င်းကို သတ်ပစ် လိုက်သော်မှ၊ ဤရတနာအား တစ်ဦးတည်း လက်ဝါးကြီး အုပ်ရန်၊ မဖြစ်နိုင် တော့ချေ။
“ ဟိတ် ... ။ ”
ကျယ်လောင်သော ကြုံးဝါး သံကို ထုတ်လွှတ်လျက်၊ မျက်ဝန်း များမှ အနက်ရောင် အငွေ့များ ထွတ်လာကာ နဖူး၌ နဂါး ဦးချို နှစ်ချောင်း ပေါက်လာသည်။
နဂါး မိသားစု မျိုးဆက် သွေးအား အသက်သွင်း လိုက်သဖြင့်၊ မျက်နှာပြင် အနှံ့၊ အကြေးခွံများ ဖြစ်ပေါ် လာ၏။
လူတစ်ပိုင်း- နဂါး တစ်ပိုင်း၊ ပုံစံ ပြောင်းလဲ သွားသည်။ သို့သော် ၎င်း၏ မျိုးဆက် သွေးသည် ထျန်ရွှမ်ဇီ ကဲ့သို့၊ သန့်စင်ခြင်း မရှိမှန်း၊ မြင်သာ ၏။
သူ့နောက်၌ အနက်ရောင် မီးလျှံများ တောက်လောင် နေသော၊ နဂါး တစ်ကောင်၏ အသွင် သဏ္ဍာန် ထွက်ပေါ် လာသည်။
“ ကောင်းကင်ကို လောင်မြိုက် စေမည့်၊ မိစ္ဆာနဂါး။ ”
လုချန်မှ ပါးစပ် ဟကာ၊ အနက်ရောင် မီးတောက် များဖြင့်၊ မှုတ်ထုတ် လိုက်၏။ ၎င်း၌ အဆိပ်များ ပါရှိကာ၊ လင်းယွန်ကို ဖုံးလွှမ်း သွားသည်။
ဤသည်မှာ လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်ပြီး၊ သာမန် သူတော်စင် လက်ရာများ ကိုပင်၊ အရည် ဖျော်နိုင်၏။
သူနှင့် ကျင့်ကြံမှု တူညီသော ပါရမီရှင် များသည်၊ နဂါး မူလကို အသုံးပြုပြီး၊ ဤမီးလျှံ များကို ခံနိုင်ရည် ရှိသော်မှ၊ အဆိပ်အား၊ တားဆီးရန် နည်းလမ်း မရှိချေ။
နဂါး မီးတောက် စွမ်းအားသည် စတုတ္ထ သွေးလွှတ်ကြော အထွတ် အထိပ်၊ ကျွမ်းကျင်သူ နှင့် ယှဉ်နိုင်၏။
ထို့ကြောင့် ဤလောင်မြိုက် မှု၌၊ လင်းယွန် ရှင်သန် နိုင်မည်ဟု မထင် မိချေ။ အနက်ရောင် မီးတောက် များက အာကာပြင် ကိုပင်၊ လောင်ကျွမ်း နိုင်သည်။
ယင်းမှာ အမှန် ဖြစ်၏။ ထိုအချိန်တွင် လင်းယွန်မှ မခံနိုင် တော့ဘဲ၊ နဂါးပြာ အရိုးအား ဖြန့်ကျက် လိုက်ရသည်။
နဂါး ရူရ်များ ခန္ဓာကိုယ် အနှံ့၊ ဖုံးလွှမ်း လာပြီး၊ မီးတောက် များကို ဟန့်တား တော့၏။ အဆိပ် မှာမူ၊ နဂါးပြာ အရိုးကြောင့် အသုံး မဝင် တော့ချေ။
“ မင်းက ... ၊ ငါ့ကို အထင်သေး လွန်းတယ်။ ”
နဂါး မီးတောက်များ ဖုံးလွှမ်း နေသော လင်းယွန်ကို ကြည့်ပြီး၊ လုချန်မှ အေးစက်စွာ ပြောလိုက် လေသည်။
“ ဟား ဟား ဟား ... ၊ သက်တံဓား သူတော်စင်ရဲ့ တပည့်က သိပ်ပြီး၊ အထင်ကြီး စရာလည်း မရှိ ပါဘူး။ ”
“ ပန်းသင်္ချိုင်း တဲ့လား ရယ်စရာပဲ။ ”
ကျန်ရှိသော အနန္တ သားရဲ တံခါး၏ တပည့်များက၊ ဤမြင်ကွင်းကြောင့် အော်ဟစ် ပျော်မြူး လာ၏။
သို့သော် ရုတ်တရက် ထူးဆန်းသော မြင်ကွင်း တစ်ခု ပေါ်လာသည်။ မီးတောက် များက စုပ်ဝဲ အသွင် ပြောင်းလဲ လာခြင်း ဖြစ်သည်။
ကြည့်နေဆဲ မှာပင် ထိုနဂါး မီးတောက် များက၊ လင်းယွန် ပါးစပ် ထဲသို့၊ ဝင်ရောက် ကုန်၏။
ထိုမြင်ကွင်းက လုချန် ကိုပင် မျက်လုံး ပြူးစေသည်။ ထိုစဉ် လင်းယွန်မှ ပြုံးကာ လုချန် အား ကြည့်ပြီး၊
“ မင်း ပြန်ယူလိုက် ... ။ ”
-ဟု ပြောလာ တော့၏။
တစ်ချန်တည်း မှာပင်၊ သွေး မီးတောက် နတ်ဘုရား ရူရ်အား အသက် သွင်းကာ၊ မျိုချ ထားသော နဂါး မီးတောက်ဖြင့်၊ လင်းယွန်မှ ပြန်မှုတ် ထုတ်လိုက် လေသည်။
***