← Chapters

ပန်းသင်္ချိုင်း ဓား ... ။

Vol. 115 Ch. 1606

ပန်းသင်္ချိုင်း ဓား ... ။

Vol. 115 Ch. 1606

နဂါး မီးတောက် များသည် လုချန် နောက်ကျောမှ ပန်းချီကားအား လျင်မြန်စွာ ဖုံးလွှမ်း သွားလေသည်။

နဂါး မီးတောက် များကို မျိုချ ခြင်းပင်၊ ထူးဆန်း နေပြီ ဖြစ်ရာ၊ ၎င်းတို့အား ပြန်လည် မှုတ်ထုတ် ပြသည့်နောက် ဆိုဖွယ် မရှိချေ။

ဒုတိယ သွေးလွှတ် ကြောမှ တစ်စုံ တစ်ယောက် သည်၊ ယင်းအား မည်သို့ မည်ပုံ လုပ်ဆောင် ခဲ့ သည်ကို၊ နားမလည် နိုင်ချေ။

သက်တံဓား သူတော်စင် တပည့်သည်၊ အမှန်ပင် အားကောင်း နေသည်လော။ သို့သော် သူ့ ပြိုင်ဘက်သည် စတုတ္ထ သွေးလွှတ် ကြောရှိ ရွှေမျိုးဆက် ပါရမီရှင် ဖြစ်သည်။

“ ဝှစ် ... ။ ”

လုချန်က မီးအိုင် ထဲမှ ပျံထွက် လာ၏။ သူ့ဆံပင်များ မီးလောင် နေပြီး၊ ညှော် ရနံ့များ လှိုင်လှိုင် ထွက်ကာ၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် နေသည်။

“ လင်းယွန် ... ၊ ငါ မင်းကို လွယ်လွယ်နဲ့ သေခွင့် မပြုဘူး။ ”

လုချန်မှ အော်ဟစ် လိုက်၏။ ကောင်းကင် တခွင်လုံး၊ နဂါး မူလကြောင့်၊ မီး ပင်လယ်ကြီး ဖြစ်ပေါ် လာသည်။

“ ဟိတ် ... ။ ”

ထို့နောက် လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်မိ ကြသည်။ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းများ၊ ပတ်ဝန်းကျင် အနှံ့ ပျံ့ကျဲ သွား၏။

ကောင်းကင်နှင့် မြေကြီး တုန်ခါ လာကာ၊ နဂါး ဟောက်သံများ ညံလာ တော့သည်။ လုချန် သည် ကျင့်ကြံမှု မြင့်မားသော အားသာချက် ရှိသော်လည်း အသာစီး မရ ခဲ့ချေ။

ဆယ်ကြိမ် ပြည့်ပြီးနောက်၊ မီးတောက် များနှင့် အတူ၊ လင်းယွန်က ကောင်းကင်မှ ဆင်းသက် လာသည်။

လုချန် မျက်နှာမှာ၊ မည်းမှောင် နေပြီး၊

“ ငါ့ကို ဘယ်သူက တားမှာလဲ။ ”

-ဟု အော်ဟစ် လိုက်၏။

ပြီးနောက် ရွှေကြာပန်းကို လှည့်ကြည့်ကာ လက်လှမ်း လိုက်သည်။ ထိုအချိန်၌ လင်းယွန် မှာ သူနှင့် လက်လှမ်း မမီ တော့ချေ။

ယင်းကြောင့် လင်းယွန်က မြေပြင်ကို ရောက် သည်နှင့်၊ သူ့ပတ်ဝန်း ကျင်ရှိ၊ အနန္တ သားရဲ တံခါးမှ တပည့် များအား သတ်ရန် ကြံရွယ် လိုက်သည်။

“ မင်း လူယုတ်မာ ... ။ ”

ဤမြင်ကွင်းက လုချန်ကို ထိတ်လန့် သွားစေ၏။ ရွှေကြာပန်းထံ လှမ်းနေသော လက် အား ပြန်ရုတ်လျက် ၊ လင်းယွန်ထံ ပြောင်းလဲ လိုက်သည်။

သို့သော် နောက်ကျ သွားသည်။ အနန္တ သားရဲ တံခါး၏ တပည့် ဆယ်ယောက် ခမျာ၊ လင်းယွန် လက်သီးကြောင့်၊ ကြေမွ သေဆုံး ကုန်သည်။

“ အစ်ကိုကြီး ကယ်ပါဦး။ ”

ချက်ချင်း သွေးမြူ အဖြစ် ပြောင်းလဲ ကုန်သော အဖော် များကြောင့်၊ ကျန်တပည့် များက၊ စိတ်နှလုံး တုန်လှုပ် လာ၏။

“ လင်းယွန်၊ မင်းမှာ သတ္တိ ရှိရင် ငါနဲ့ လာတိုက်ပါ။ ”

လင်းယွန်မှ ကျန်ရှိ နေသော သူများကို လှည့်ပတ် သတ်ဖြတ်ရန်၊ ကြံစည် နေသည်အား၊ မြင်လိုက် ရသဖြင့်၊ လုချန် တစ်ယောက် သွေးအန် ချင်လာ၏။

“ အား ... ။ ”

“ ငါ့ကို ကယ်ပါ ... ။ ”

“ အစ်ကို ကြီး ... ။ ”

တိုက်ပွဲ မြေပြင်မှာ ချက်ချင်း ရှုပ်ထွေး သွားလေသည်။ အသိစိတ် လွတ်သွား သူ တစ်ဦး ကဲ့သို့၊ အနန္တ သားရဲ တံခါးမှ တပည့် များကို လင်းယွန်မှ၊ သတ်ဖြတ် နေခဲ့သည်။

“ ဘယ်လောက် တောင် ... ၊ သနား စရာ ကောင်း လိုက်လဲ။ ”

“ ဒီကောင်က နတ်ဆိုးပဲ။ ”

“ သူနဲ့ ဝေးဝေးနေ ... ။ ”

“ သူ မမှားဘူး၊ အနန္တ သားရဲ တံခါးက တံခါးစောင့် ခွေးတွေပဲ၊ လင်းယွန် ခေါင်းကို ယူပြီး၊ ချင်းတန် ဆီမှာ မျက်နှာ လိုချင် နေတာကိုး။ ”

“ ဒီတံခါးစောင့် ခွေးတွေက အရမ်း မောက်မာ လွန်းတယ်၊ သူတို့ကို သင်ခန်းစာ ပေးတာ ကောင်းတယ်။ ”

အနန္တ သားရဲ ဂိုဏ်းနှင့် အစေး မကပ် လှသော ဂိုဏ်းသား များမှာ၊ အသတ်ခံ နေရ သည့်၊ ဤမြင်ကွင်းကို ကြည့်ပြီး၊ ပျော်ရွှင် နေခဲ့သည်။

လုချန် တစ်ယောက် ရူးသွပ် သွား၏။ သူ့တိုက်ခိုက် မှုအား လင်းယွန်ထံ၊ ထုတ်လွှတ် လိုက်သည်။

“ နဂါး မိစ္ဆာ ခေါင်းလောင်း ... ။ ”

ဟိန်းဟောက် သံနှင့် အတူ၊ နဂါး အရုပ်များ ရေးထွင်း ထားသော ရှေးဟောင်း ခေါင်းလောင်း ကြီး ပေါ်လာ၏။

ထိုခေါင်းလောင်း ထံမှ လာသော အသံ လှိုင်းများက၊ လင်းယွန်၏ နဂါး လက်သည်းကို၊ ဖျက်ဆီး ပစ်သည်။

“ ဒါက ... နဂါး မျိုးနွယ်စုရဲ့ ... ၊ လျှို့ဝှက် ရတနာပဲ ... ၊ လင်းယွန် ... ငါ မင်း အသက်ကို ယူမယ်။ ”

ခေါင်းလောင်း ကြီးက သူ့အား၊ ခေါင်းမှ စွပ်ချလိုက် သကဲ့သို့ ကာကွယ် ပေးနေ သဖြင့်၊ လုချန်မှ ယုံကြည်မှုများ မြင့်တက် လာသည်။

သို့သော် လင်းယွန်မှ စိတ်ပျက် သွားခြင်း မရှိဘဲ၊ အဓိပတိ နဂါး တံဆိပ်ကို ဖွဲ့စည်သည်။ ရောင်စဉ် ခုနှစ်သွယ် လင်း ပြီးနောက်၊ ပြိုင်ဘက် ကင်းသော နဂါး ရောင်ဝါ တစ်ခု ပွင့်ထွက် လာ၏။

“ ခရစ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော နဂါး ခေါင်းလောင်း ကြီးသည်၊ အဓိပတိ နဂါး တံဆိပ် တန်ခိုးဖြင့်၊ အက်ကွဲ လာတော့သည်။

“ ဟိတ် ... ။ ”

လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ လုချန်အား လက်သီးနှင့် ထိုးချ ပစ်၏။ လုချန်မှ ချက်ချင်း ရှောင်ပြီး၊ လက်သီးဖြင့် ပြန်လည် ထိုးနှက် လေသည်။

“ ဝှစ် ... ။ ”

ဤသို့ဖြင့် လူရိပ် နှစ်ရိပ်မှာ၊ တည်နေရာ ရွေ့ပြောင်း နေ သကဲ့သို့၊ ဟိုမှ-သည်မှ ပြန်ပြန် ထွက်ပေါ် လာနေသည်။

“ လင်းယွန် ... ဒီနေ့ မင်းခေါင်းကို ငါ ယူမယ်။ ”

လုချန်က တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို အကောင် အထည် ဖော်လိုက်သည်။ မီးတောက် ပေါင်း တစ်ရာ ခန့်ကို၊ သူ့ ပတ်ဝန်းကျင်၌ တောင်ကြီး အဖြစ် စုရုံး စေ၏။

ယင်းက ကြောက်မက်ဖွယ် မီးတောင်ကြီး တစ်လုံး အသွင် ပေါ်လာကာ၊ တောင်ထိပ်တွင် နဂါးများ မြူးနေ ကြလေသည်။

ဤဖြစ်စဉ်သည် နဂါး မျိုးရိုးပိုင် သူတော်စင် တောင်ကြီးနှင့် တူ၏။ ထိုနဂါး များက ရန်သူကို ဝါးမြိုရန် စိုက်ကြည့် လာသည်။

“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”

လင်းယွန်က အဓိပတိ နဂါး တံဆိပ်ဖြင့်၊ နေလ လက်သီးအား ထုတ်ဖော်၏။ ကောင်းကင် မှာ ရွှေရောင် ပင်လယ်ကြီး အဖြစ်သို့၊ ပြောင်း သွားသည်။

မြေပြင် သည်လည်း၊ ငွေရောင် ရေကန် တစ်ကန် အလား၊ ပြောင်းလဲ လာ၏။ လင်းယွန် လှမ်းတက် လာသော အခါ၊ ရွှေ ပင်လယ်နှင့် ငွေ ရေကန်တို့၊ သူ့ လက်ဖဝါးထံ လာရောက် စုရုံး လေသည်။

အဓိပတိ နဂါး တံဆိပ်၏ စွမ်းပကား အောက်တွင်၊ လင်းယွန် အပေါ်၊ ရွှေရောင် အလင်း များက ဖုံးအုပ် လာသည်။

“ ဝုန်း ... ။ ”

လက်သီး နှစ်လုံး တိုက်မိ ပြီးနောက်၊ အဓိပတိ နဂါး တံဆိပ်၏ စွမ်းအားက၊ လုချန် ခန္ဓာကိုယ် အတွင်းသို့ စီးဝင် လာပြီး၊ တုန်ခါ သွားစေ၏။

တစ်ဖက်တွင် လင်းယွန်၏ အပေါ်ယံ ၀တ်ရုံစများ စုတ်ပြဲလျက်၊ ရူရ်များ အက်ကွဲ ကာ၊ ဒဏ်ရာ အနည်းငယ် ရရှိ သွားသည်။

“ စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် တဲ့လား၊ သိပ်ပြီး အထင် ကြီးစရာ လည်း မရှိ ပါဘူး၊ မင်းသာ တန်ခိုးကြီး ဂိုဏ်းတွေထဲ ဝင်ရင်၊ ထိပ်ဆုံး သုံးနေရာတောင်၊ မရမှာ ကြောက် မိတယ်။ ”

လင်းယွန်မှ လှောင်ပြောင်၏။

“ မင်း ... ဘယ်လို ပြောဝံ့ သလဲ။ ”

လုချန်က ရှက်ရွံ့စွာဖြင့် ပြန်အော်သည်။ နှစ်ယောက်သား ရွှေရဟန်း၏ ဦးခေါင်း ပေါ်သို့၊ ပျံတက် လိုက်သဖြင့်၊ လေပြင်းများ တိုက်ခတ် လာတော့သည်။

လုချန်မှ လွယ်လွယ်နှင့် အရှုံး ပေးမည် မဟုတ်ချေ။ သူ့အား ကာကွယ် ထားသော နဂါး ခေါင်းလောင်း၌၊ စွမ်းအား တစ်ခု ရှိနေပုံ ရပြီး၊ လုချန်၏ ရောင်ဝါမှာ မြင့်တက် လာသည်။

“ ငါ ဒေါသ ထွက်လာပြီ။ ”

လင်းယွန် မျက်ဝန်း၌ ဒေါသ ရောင် တောက်ပ လာပြီး၊ ပန်းသင်္ချိုင်း ဓားကို နောက် ပြန် ဆွဲထုတ်ကာ၊ လွှဲခုတ် ပစ် လိုက်သည်။

“ ရွှပ် ... ။ ”

မြန်ဆန်လွန်း သောကြောင့်၊ သူ မည်သို့ လှုပ်ရှား လိုက်သည်ကို လူတိုင်း မမြင်ခဲ့ ကြချေ။ သို့သော် ကြောက်စရာ ကောင်းသော သားရဲကြီး တစ်ကောင်၊ ရုတ်တရက် ရောက်ရှိ လာ သကဲ့သို့၊ ခံစား လာရသည်။

၎င်းက သတ္တိ ရှိသူများ ခေါင်းထောင် ဝံ့ခဲ့သော်၊ ခေါင်းပြတ် သွားလိမ့် မည်ဟု ပြောနေ သလို ပေပင်။

“ ဓားကောင်း တစ်လက်ပဲ၊ မင်းက ဘာလို့ ပြန်သိမ်း နေတာလဲ။ ”

လုချန်က နားမလည် နိုင်စွာဖြင့်၊ အေးစက်စွာ မေးလေသည်။ ဓားထွက်လာ ချိန်၌ ကြောက်လန့် မိ သော်လည်း၊ သူ့တွင် ထိခိုက် ဒဏ်ရာ မရှိ သဖြင့်၊ စိတ်သက်သာ ရာရ မိ၏။

“ ဘာပဲ လုပ်လုပ် ... ၊ မင်း အတွက် နောက်ကျ သွားပြီ၊ ဒီမိစ္ဆာ နဂါး ခေါင်းလောင်း မှာ၊ အကြွင်း အကျန် နဂါး ဝိညာဉ် ရှိတယ်၊ အခု မင်း ဒူးထောက်ရင်၊ အသက် အတွက် ငါ စဉ်းစား ပေးမယ်။ ”

ထို့ကြောင့် ယုံကြည်မှုကို ပြန်လည် တည်ဆောက် ယူသည့် အနေဖြင့်၊ ခြိမ်းခြောက် လိုက်လေသည်။

“ လူသေ တစ်ယောက်ကို ဒူးထောက် စရာလား၊ ငါ ကတော့ မင်း အသက်ကို ချမ်းသာ ပေးမှာ မဟုတ်ဘူး။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ မင်း ဘာပြောတယ်။ ”

“ မင်းက ... သေနေ ပြီလို့ ပြောတာ။ ”

လင်းယွန် စကား ဆုံးသည်နှင့်၊ သူ့ လည်ပင်းမှ သွေးများ စီးကျ လာသည်ကို ခံစား မိရာ၊ လက်ဖြင့် အုပ်ကိုင်လျက်၊ လုချန် တစ်ယောက် မျက်လုံး ပြူး သွားသည်။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ့မှာ နဂါး မိစ္ဆာ ခေါင်းလောင်း ရှိတယ် ... ၊ ငါ ဘယ်လိုလုပ် သေနိုင် မှာလဲ ... ။ ”

စကား ပြောလိုက် မိတိုင်း၊ လည်ပင်းမှ သွေးများ ပို၍ စီးထွက် လာသည်။ အဆုံးတွင် ဦးခေါင်း ပြတ်ကျ သွား၏။

“ ဝှစ် ... ။ ”

လင်းယွန်မှ မြေပြင်ပေါ် ဓားဖျားကို ထောက်လျက်၊ ဒူး တစ်ဖက် ထောက်ကာ၊ အမော ဖြေသည်။

ပြီး လှောင်ပြောင် သရော် လိုသော အပြုံးဖြင့်၊ လုချန်ထံ ကြည့်လိုက် လေသည်။ ဤလူသည် သူ့တွင်သာ ရတနာ ရှိသည်ဟု ထင်နေ ခဲ့၏။ ပန်းသင်္ချိုင်း ဓား သည်လည်း ရတနာ ဖြစ်လေသည်။

သူတော်စင် ဆေးလုံး ထုတ်ယူကာ၊ သောက်ပြီး ထိုင်ချ လိုက်သည်။ လုချန်နှင့် အဖွဲ့ ဝင်များ သေဆုံး သွား သော်လည်း၊ ရပ်ကြည့် နေသူများ ရှိနေ သေး၏။

ထို့ကြောင့် ပန်းသင်္ချိုင်း ဓားအား အသုံး ပြုကာ၊ ခြိမ်းခြောက် ပစ်ခြင်း ဖြစ်သည်။ သို့တိုင် လူအချို့မှာ လောဘနှင့် လှမ်းတက်၏။

လုချန်နှင့် တိုက်ပွဲတွင်၊ အားအင် ကုန်ခမ်း သွားကြောင်း၊ မည်သူ မဆို ပြောနိုင် လေသည်။ ထို့ပြင် သက်တံဓား သူတော်စင်၏ တပည့် ဖြစ် သဖြင့်၊ သူတို့အား ရက်ရက် စက်စက် သတ်မည် မဟုတ်ကြောင်း ယူဆ ကြ၏။

ရုတ်တရက် လင်းယွန်မှ မျက်လုံးဖွင့် ကြည့်လာသော အခါ၊ လှမ်းတက် နေသည့် ခြေ လှမ်းအား ရပ်ကာ၊

“ အစ်ကို လင်း၊ ငါတို့ မင်းကို သဘောကျ နေတာ ကြာပြီ၊ မင်း ဒဏ်ရာက ဘယ်လို နေလဲ၊ ငါတို့ အကူ အညီ လိုလား။ ”

-ဟု မျက်နှာချို သွေးလိုက် ကြ၏။

လင်းယွန်မှ ပြန် မဖြေဘဲ၊ ပန်းသင်္ချိုင်း ဓားအား ဆွဲကာ သူတို့အား နှစ်ခြမ်း ခွဲပစ်လိုက် တော့သည်။

ပြီးနောက်၊

“ သေချင်ရင် ... ၊ ငါ့ အနား လာခဲ့ ... ။ ”

-ဟု ကြေငြာ လိုက်၏။

ချည်းကပ် လာသူ (၁၀) ဦးလုံး၊ နှစ်ခြမ်း ကွဲလျက် ကောင်းကင်မှ ပြုတ်ကျ ကုန်သည်။ ယင်းက လူတိုင်း၏ လောဘကို ငြိမ်းသတ် ပစ်၏။

“ ဝှစ် ... ။ ”

အနည်းငယ် အနား ယူပြီးနောက်၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ရွှေ ရဟန်း၏ လက်ဖဝါး ပေါ်သို့၊ လင်းယွန် ဆင်းသက် လိုက်သည်။

“ ဘယ်လိုတောင် နှေးကွေး လိုက်လဲ။ ”

ပန်းသင်္ချိုင်း ဓားအား ဘေးတွင် ချလျက်၊ ပွင့်ရန် အားယူ နေဆဲ ဖြစ်သော ရွှေကြာပန်းကို၊ စောင့်ဆိုင်း နေမိ တော့သည်။

***

All Chapters