← Chapters

ရွှေ ရဟန်း။

Vol. 115 Ch. 1607

ရွှေ ရဟန်း။

Vol. 115 Ch. 1607

ရွှေရဟန်း အောက် မြေပြင်၌၊ အလောင်း အချို့ ပျံ့ကျဲ နေ၏။ ထို့ကြောင့် သေခြင်း တရား ဟူသည်၊ အမှန်တကယ် ကြောက်စရာ ကောင်းကြောင်း၊ သိရှိ ကုန်ကြသည်။

“ ဓားရဲ့ နာမည်က ပန်းသင်္ချိုင်းလား။ ”

“ သူ ဓားဆွဲ လိုက်ချိန်မှာ၊ သေမင်း နတ်ဘုရား တစ်ပါး လိုပဲ၊ ဓားကိုသာ စောစော ဆွဲခဲ့မယ် ဆိုရင်၊ လုချန် တစ်ယောက် ဆယ်ကြိမ် တောင်၊ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ”

“ သွားကြ ရအောင်၊ သူ့လက် ကနေ ရွှေကြာပန်းကို လုယူလို့ ရမှာ မဟုတ်ဘူး။ ”

လူတိုင်း သက်ပြင်း ချလျက် ထွက်ခွာ သွားကြသည်။ အစော ပိုင်းတွင် စမ်းကြည့်ချင် ကြ သော်လည်း၊ ဓားရေး သည်ကို မြင်ပြီး နောက်၊ အဆိုပါ အတွေးအား၊ ဖျောက်ဖျက် ပစ်လိုက်သည်။

ဓားနှင့် ဓားပိုင်ရှင်၏ ပြတ်သားမှုမှာ၊ ကြောက်ရွံ့ စရာ ပေပင်။ ထို့ကြောင့် ဆက်နေ ခြင်းဖြင့်၊ အချိန်ဖြုန်း ရုံသာ ရှိပေမည်။

လင်းယွန်က မျက်လုံးများ မှိတ်ပြီး၊ ရွှေကြာပန်း ပွင့်လာမည့် အချိန်ကို စောင့်ဆိုင်း နေခဲ့သည်။

ရွှေကြာပန်းမှ ရွှေရောင် အလင်းများ ဖြာထွက်လျက်၊ ထူးခြားသော ရနံ့ အချို့ ပျံ့လွင့် လာတော့သည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ ထိုရနံ့အား ဝါးမြို စေလိုက်သည်။

“ ဘယ်လောက် တောင် ... ၊ သိပ်သည်း လိုက်တဲ့ ဝိညာဉ် စွမ်းအင် တွေလဲ။ ”

ယင်းက ဗုဒ္ဓ လမ်းစဉ် ကျင့်ကြံ သူများ အတွက်၊ တန်ဖိုး မဖြတ် နိုင်သော ရတနာ တစ်ပါး ပေပင်။

စိတ်လှုပ်ရှား စွာဖြင့် ဗောဓိ မျိုးစေ့ကို ထုတ်ယူ မိသည်။ ယင်းမှာ ဓားဂိုဏ်းသို့၊ ဝင်ခွင့် ဖြေဆို ချိန်၌၊ ရှားဟိုယန်၏ ညီဖြစ်သူ ထံမှ ရထားခြင်း ဖြစ်၏။ မူလ သူတော်စင် ရူရ် တစ်လုံး ပါရှိ လေသည်။

၎င်းကို သန့်စင် နိုင်သော်၊ နားလည် နိုင်စွမ်းအား အပေါ်၊ တိုးမြင့် စေသည် သာမက၊ နှလုံးသား အတွင်းရှိ နတ်ဆိုး ကိုပင်၊ နှိမ်နင်း နိုင်ပေမည်။

ထို့အပြင် အဆိပ်များ ကိုလည်း၊ ချေဖျက် ပေးနိုင်၏။ ဗောဓိ မျိုးစေ့ကို ကိုင်လျက် မျက်လုံး မှိတ်ကာ၊ ဓားသုတ္တန် နှစ်ပါးအား အသက် သွင်း မိသည်။

အရိယာ ဓားသုတ္တန်မှ ဗောဓိ မျိုးစေ့ကို သန့်စင်ပြီး၊ ရွှေကြာပန်းအား နဂါး-ဖီးနစ်ကမ္ဘာ ဖျက် ဓားကျမ်းဖြင့်၊ သန့်စင် ၏။

နားထဲ၌ ဗုဒ္ဓ ကျမ်းစာ ရွတ်ဆို သံများ ကြားလိုက် ရပြီး၊ အလင်း ရောင်မှာ၊ ရုတ်တရက် ခမ်းနား လာသည်။

ဗောဓိ မျိုးစေ့နှင့်၊ ရွှေကြာပန်း တို့မှ ဗုဒ္ဓ အလင်း ရောင်သည်၊ သူ့ခန္ဓာကိုယ် ထဲသို့ ပြိုင်တူ စီးဝင် လာတော့သည်။

ဗောဓိ မျိုးစေ့တွင် ပါရှိသော၊ မူလ သူတော်စင် ရူရ်သည်၊ စိတ် ဝိညာဉ်နှင့် ပေါင်းစပ် ကာ၊ ရွှေကြာပန်းရှိ မူလ သူတော်စင် ရူရ်သည်၊ ရွှေကျီးကန်း တောင်ပံ များနှင့် ပေါင်းစပ် သွား၏။

ထိုအတော အတွင်း ပန်းသင်္ချိုင်း ဓားက ပန်းနံ့သာကို တိတ်တဆိတ် စုပ်ယူ နေခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ နက်ရှိုင်းသော ချိုင့်ဝှမ်း တစ်နေရာ၌၊ သူတော်စင် အသီး အနှံ တစ်မျိုး ထွက်ပေါ် လာ၏။

၎င်းထံမှ ခမ်းနားသော ဖြစ်စဉ် တစ်ခု ပွင့်လန်း လာသည်။ ဤနေရာသည် ရတနာ နယ်မြေ တစ်ခု ဖြစ်၏။

ဓားဂိုဏ်း၏ တပည့် များကို လိုက်ရှာရန် တာဝန်ပေး ခံရသော ရန်ကောင်းသည် ပန်းပွင့် ရှေ့တွင် ကျင်ကြံ နေပြီး၊ အောင်မြင်မှု ရရှိ တော့မည့်၊ လက္ခဏာ များ ပြသ လာသည်။

ကျင့်ကြံမှုမှာ စတုတ္ထ သွေးလွှတ် ကြောတွင် ဖြစ်သော်လည်း လုချန်ထက် အစွမ်း ထက်သော ရောင်ဝါမျိုး ရှိချေ၏။

“ ဝှစ် ... ။ ”

ထို့စဉ် ကောင်းကင်မှ လူရိပ်များ သူ့ရှေ့ ဆင်းသက် လာသည်။ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် အချို့နှင့်၊ အင်အားကြီး ဂိုဏ်းများ၏ တပည့်များ ဖြစ်သည်။

သူတို့ အားလုံးက ရန်ကောင်း ရှေ့၌ လေးလေး စားစား ရပ်လာ ကြသည်။

“ အခြေ အနေ ဘယ်လိုလဲ။ ”

“ ဓားဂိုဏ်းရဲ့ တပည့် အချို့ စုရုံး နေတာ တွေ့ထားပြီး ပါပြီ။ ”

“ အိုး ... ။ ”

ရန်ကောင်း တစ်ယောက် စိတ်လှုပ်ရှား လာ၏။ ချင်းတန် ပေးသော တာဝန်ကို ပေါ့ပေါ့ တန်တန်၊ သဘော မထား ဝံ့ချေ။

“ လင်းယွန် သတင်း ဘာရှိလဲ။ ”

“ မရှိ ပါဘူး ... ၊ ဘယ်သူမှ သူ့ကို မတွေ့ ကြဘူး၊ တစ်နေရာ ရာမှာ သေသွား တာလည်း ဖြစ်နိုင် ပါတယ်။ ”

တပည့် တစ်ယောက်မှ ပြန်ဖြေ၏။ လုချန် အသတ်ခံ ရသည့် သတင်းမှာ၊ တစ်ရက် မပြည့် သေး သောကြောင့်၊ ၎င်းတို့ အတွက်၊ သတင်း မရ သေးခြင်း ဖြစ်သည်။

“ မဖြစ် နိုင်ဘူး၊ ဒီကောင်က ကံ အရမ်း ကောင်းတယ်၊ သက်တံဓား သူတော်စင် တပည့် တစ်ယောက်က၊ လွယ်လွယ် မသေနိုင် ပါဘူး။ ”

“ ဒါဆို ရင်တော့ ... သူ တစ်နေရာ ရာမှာ၊ ပုန်းနေ တာပဲ ဖြစ်မယ်။ ”

တပည့် တစ်ဦးမှ သူ စဉ်းစားမိ သမျှကို ဝင်ပြော လာသည်။ ရန်ကောင်းက ခေါင်းညိတ် ပြပြီး၊

“ ဖြစ်နိုင်တယ်၊ သူက သတိ ကြီးကြီး ထားပုံပဲ၊ သူ့ကိုယ်သူ သန်မာအောင် မလုပ်နိုင် ခင် ထွက်လာမှာ မဟုတ်ဘူး၊ ဒါပေမယ့် ...

... ဓားဂိုဏ်းရဲ့ တပည့်တွေ အားလုံး သေသွားတဲ့ အချိန်မှာ၊ သူ ဆက်ပြီး ပုန်းနေ နိုင် ဦးမလား ကြည့်ရအောင်၊ သူတို့ကို ခေါ်လာခဲ့။ ”

“ နားလည် ပါပြီ။ ”

တပည့် တစ်ယောက်က သူ့ အမိန့် ရသည်နှင့်၊ ချိုင့်ဝှမ်း အတွင်းမှ ပြေးထွက် သွား တော့သည်။

နေ့တစ်ဝက် ကုန်လွန် ပြီးနောက်၊ ရွှေကြာပန်း ညှိုးနွမ်း သွားကာ၊ လက်ဖဝါးတွင် ရှိသော ဗောဓိ မျိုးစေ့ သည်လည်း၊ ပျောက်ကွယ် သွားသည်။

စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ၊ သူတော်စင် ရူရ် များက၊ ရွှေရောင် အဆင်းများ ထုတ်လွှတ် လာလေသည်။

ထို့နောက် သူတော်စင် ရူရ်များ ပျံထွက် လာပြီး၊ ခုနစ်လွှာ ရှိသည့်၊ ဘုံကျောင်း အဖြစ်သို့၊ ဖျပ်ခနဲ ပြောင်းလဲ သွားသည်။

ထိုဘုံကျောင်းသည် ဗောဓိ မျိုးစေ့ကို သန့်စင်ပြီးနောက်၊ စိတ်ဝိညာဉ် နန်းတော်မှ လာသော စွမ်းအင် ဖြစ်သည်။

“ မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ။ ”

စိတ်ထဲ၌ ထိုစကားစု ပေါ် လာသည်။ မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ၊ ရဟန္တာ တစ်ပါး ကဲ့သို့၊ တောက်ပသော အလင်းများ ဖြာထွက် လာ၏။

တစ်ချိန်တည်း မှာပင် သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ နဂါးမြစ်သည် ပေ (၁၃၀၀၀၀) အထိ ကြီးထွား လာသည်။

အလယ် အလတ် ဒုတိယ သွေး လွှတ်ကြောသို့ ချောမွေ့စွာ ရောက်ရှိ လာခြင်း ဖြစ်၏။

ရွှေကြာပန်းမှ သူ့အား အထွတ် အထိပ်သို့ တွန်းပို့နိုင် မည်ဟု၊ ထင်ခဲ့ သမျှ အလယ်အလတ် အဆင့် ၌သာ၊ ရပ်တန့် သွား လေသည်။

သို့သော် နားလည် နိုင်စွမ်းသည် အဆင့် သစ်သို့ ရောက်ရှိနေ ပြီဟု ခံစား မိသည်။ ထို့စဉ် ပန်းသင်္ချိုင်း ဓားမှာ လေထု အလယ် မျော နေရာမှ၊ တုန်ယင် လာ၏။

ထောင်သောင်း မကသော ပွင့်ချပ်လွှာ များက၊ ဓားအပေါ် ဖုံးအုပ် နေကာ၊ ရွှေရောင် အလင်းများ၊ ဖြာထွက် နေသည်။

ပန်းသင်္ချိုင်း ဓားထံ လှမ်းကြည့် လိုက်ရာ၊ သူ့ကိုယ်သူ ပြန်မြင် လာသည်။ ထို့နောက် ဓားမှ သူ့အား ဆွဲရန်၊ ဆင့်ခေါ် ၏။

“ ဝှစ် ... ။ ”

လေထဲ ပျံတက်ကာ၊ ကိုင်လိုက် မိသော အခါတွင်၊ သူ့အား ရွှေမီးတောက်များ ဖုံးလွှမ်း လာတော့၏။

ပန်းသင်္ချိုင်း ဓားက တဖြည်းဖြည်း လေးလံလာပြီး၊ ဓားပေါ်ရှိ ရူရ်များက မီးလျှံများ ကဲ့သို့ တောက်ပ လာသည်။

“ ရွှပ် ... ။ ”

လေထဲ ခုတ်ပိုင်း လိုက်ပြီး၊ ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ် လိုက်ရာ၊ အမွေးများ အားလုံး မီးထ တောက် လာ၏။

ရွှေကြာပန်းမှ လာသော၊ မူလ သူတော်စင် ရူရ်သည် မီးရူရ် ဖြစ်၏။ ၎င်းတို့က ရွှေကျီးကန်း တောင်ပံ များနှင့် ပေါင်းစပ် ပြီးနောက်၊ အသွင်ပြောင်း သွားစေ ခဲ့သည်။

“ ဖရူး ... ။ ”

အတောင်ပံများ ခတ်လွှဲ လိုက်သော အခါတွင်၊ မြင်ကွင်း အားလုံး မီးပင်လယ် အဖြစ် ပြောင်းလဲ သွား၏။

ယင်းက ကောင်းကင် အမိုးဓားနှင့် အဆင့် တူ ဖြစ်သည်။ တစ်နာရီကြာ ပြီးနောက် မီးငြိမ်း သွား၏။

ရွှေရဟန်းမှ လွဲ၍ သူ့ မြင်ကွင်းရှိ အရာ အားလုံး မီး ရည်ရွယ်ချက် ကြောင့်၊ ပျက်စီးသွား ခဲ့သည်။ ထို့စဉ် ရွှေရဟန်း၏ ကျန်လက် တစ်ဖက်က၊ သူ့ထံ ကျဆင်း လာသည်။

“ မြန်မြန် ... ။ ”

ရွှေကျီးကန်း တောင်ပံ များကို ခတ်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။ ပြန်ငုံကြည့် လိုက်ချိန်၌ လက်ဖဝါးက မြေပြင်ပေါ် ကျသွား သည်ကို မြင်လိုက် ရသည်။

မြေပြင် အက်ကွဲလျက် ကျောက်တုံးများ ပလူပျံ သွားတော့၏။ ယင်းက ရုပ်တု မဟုတ်ဘဲ၊ ရဟန်း တစ်ပါး၏ ခန္ဓာ ဖြစ်နေသည်။

“ ဝူး ... ။ ”

၎င်းက ရွေ့လျား လာပြီး၊ ကောင်းကင်ပေါ် မော့ကြည့်ကာ၊ သူ့ထံ လက်ဖဝါးဖြင့် ရိုက်ချလာ ပြန်သည်။ အာကာပြင် တစ်ခုလုံး ရပ်တန့် သွားကာ၊ ချက်ချင်း ပိတ်မိ သွားသည်။

ဗုဒ္ဓ ရောင်ဝါဖြင့် ချိပ်ပိတ်ခံ လိုက်ရခြင်း ဖြစ်၏။ ထိုစွမ်းအားသည် သူတော်စင် တစ်ပါး နှင့် ညီမျှ သဖြင့်၊ ဦးရေပြားများ ထုံကျင် သွားသည်။

လက်ဖဝါး မရောက်ခင်၊ အရိုးများ အက်ကွဲလာသည်။ သို့သော် အရေး ကြီးသော အခိုက်၌၊ စိတ်ဝိညာဉ် နန်းတော်ရှိ သူတော်စင် ရူရ်မှ၊ အလင်းရောင် တစ်ချက် ထုတ်လွှတ် လာတော့သည်။

***

All Chapters