← Chapters

မိုးကြိုး ကျောင်းတိုက်မှ ဓားမော့ ကိုယ်တော်။

Vol. 115 Ch. 1608

မိုးကြိုး ကျောင်းတိုက်မှ ဓားမော့ ကိုယ်တော်။

Vol. 115 Ch. 1608

ထို့စဉ် လင်းယွန်၏ စိတ်ဝိညာဉ် နန်းတော် အတွင်းမှ၊ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်လာပြီး၊ ခုနစ်လွှာ ဘုံကျောင်း တစ်ဆောင် ဖြစ်ပေါ် လာသည်။

ဤဘုံကျောင်းသည် ဗုဒ္ဓ ကျေးဇူး တော်ကို ချီးမွမ်းရန် ရည်ရွယ်၏။ ထို့ပြင် နတ်ဆိုး များနှင့် မကောင်းမှုအား ချေမှုန်း နိုင်သည်။

ဗုဒ္ဓ သူတော်စင် ရူရ် သည်၊ သူတော်စင် ရူရ်များ ကြားတွင် ရှားရှား ပါးပါး ဖြစ်ပြီး၊ ဗုဒ္ဓ လမ်းစဉ် ကျင့်ကြံသော တန်ခိုးရှင် များ၌ပင်၊ ဆုပ်ကိုင် ထားနိုင်ခြင်း မရှိပေ။

ခုနစ်လွှာ ဘုံကျောင်း ပေါ်ထွက် လာ သောအခါ၊ သူ့အသက်ကို ယူရန် လာသော ရွှေလက်ဖဝါး ကြီး ရပ်တန့် သွား၏။

ရွှေကျီးကန်း တောင်ပံ များ၌၊ ရွှေ မီးတောက်များ ပြန်၍ တောက်ပလာ ပြီးနောက်၊ သွေး လည်ပတ်မှုများ ကောင်းမွန် လာတော့သည်။

“ အန္တရာယ် အရမ်း များတယ်။ ”

နဖူးမှ ချွေးကို သုတ်ကာ ကြောက်ရွံ့ ထိတ်လန့် စွာဖြင့်၊ ညည်းတွား လိုက်မိသည်။ ဤနယ်မြေ အတွင်း ဂရု မစိုက်သော်၊ သေဆုံး နိုင်မည်။ ဤရွှေရဟန်းကို မီးရှို့ ဖျက်ဆီးရန် မကြံစည် သင့်ချေ။

“ ဝုန်း ... ။ ”

ရွှေရဟန်းက သူ့လက်အား မြေပြင်ပေါ် ဖြည်းညှင်းစွာ၊ လွဲပြောင်း လိုက်သည်။ လေးလံ လွန်းသဖြင့်၊ မြေအောက်ရှိ မီးသွေးကြော ပွင့်ထွက် လာသည်။

မြေပြင် ဒေသ တစ်ခုလုံး ကြောက်စရာ ကောင်းသော အပျက်အစီး နယ်မြေ အဖြစ် ပြောင်းလဲ သွားသည်။

အလောင်း အများ အပြားမှာ၊ မြေအောက် ချော်ရည် စီးကြောင်း အတွင်း၊ မျောပါ သွားလေ သည်။ ရွှေရဟန်းမှ ငြိမ်သက်စွာ ပြန်ထိုင်၏။

ဗုဒ္ဓ ကျမ်းစာ ရွတ်ဆို သံများ၊ ပဲ့တင် ထပ်လာပြီး၊ ကြီးကျယ် ခမ်းနားသော မြင်ကွင်း တစ်ရပ် ပေါ်လာသည်။

ချုပ်နှောင်မှုမှ လွတ်မြောက်လာ သကဲ့သို့၊ သေဆုံးသူ ဝိညာဉ်များ မြေပြင်က ပျံထွက် လာ ပြီး၊ ကျွတ်တမ်း ဝင်ကုန် ကြသည်။

ယင်းကြောင့် ဗုဒ္ဓ၏ သားတော် များမှာ၊ လူသေ များကို အပြစ်မှ လွှတ်ပေး နိုင်မှန်း၊ သိ မြင်လာ၏။

ဤအရာကြောင့် ငုတ်တုတ် ထိုင်နေသော ရွှေရဟန်းအား လေးစားမှု အပြည့်ဖြင့် ဦးညွှတ် လိုက်ကာ၊

“ စီနီယာ ... ၊ စောစောက လုပ်ခဲ့မိ တာတွေ အတွက် တောင်းပန် ပါတယ်။ ”

-ဟု တောင်းပန် စကား ဆိုမိ တော့၏။

ပြီးနောက် ရွှေကျီးကန်း တောင်ပံ များကို ခတ်လျက်၊ ထွက်ခွာ လာသည်။ အချိန် အနည်း ငယ် ပျံသန်း ပြီးသည့်တိုင်၊ ထိုရွှေ ရဟန်းသည် သူ့အား စိုက်ကြည့် နေကြောင်း၊ ခံစား လာရ သဖြင့်၊ ပြန်လှည့် ကြည့်မိသည်။

သုံးရက် အကြာတွင် နှင်းတောင် တစ်လုံး ပေါ်၌၊ လင်းယွန်၏ မျက်ဝန်းများ ပွင့်လာ ခဲ့လေ သည်။

ဤရက်များ အတွင်း၊ ရွှေကြာပန်းအား အလုံးစုံ သန့်စင်ကာ၊ ဒုတိယ သွေး လွှတ်ကြော အထွတ် အထိပ်သို့၊ ရောက်ရှိ လာ၏။

ထို့ပြင် ရွှေကြာပန်း၏ မီးတောက် များနှင့် ဘုံကျောင်း အပေါ်၊ ထိန်းချုပ် နိုင်စွမ်း မှာလည်း ပိုမို ကျွမ်းကျင် သွားသည်။

“ ဒီမှာလည်း ... ၊ ဓားဂိုဏ်းရဲ့ တပည့်တွေ တစ်ယောက်မှ မရှိ ပါလား။ ”

တံဆိပ်ကို ထုတ်ယူ အာရုံခံ ပြီးနောက် မျက်ခုံးပင့် လိုက်သည်။ ထိုစဉ် အနက်ရောင် အလင်းတန်း တစ်ခု ကောင်းကင်ပေါ် ပျံတက် လာပြီး၊ တိမ်တိုက် များကို ဖြတ်ကျော် ဝင်ရောက် သွား၏။

ထိုအက်ကွဲရာ အတွင်းမှ ရွှေရောင် အလင်းတိုင် တစ်တိုင်၊ ဆင်းသက် လာသည်။ အလင်းတိုင် အောက်တွင် တောင်ပေါ်ရှိ အဆောက် အအုံများ အားလုံးကို၊ ဖျပ်ခနဲ မြင်လိုက် ရသည်။

“ ဘုံဗိမ္မာန် အပျက် အစီး တွေပဲ။ ”

လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ သူတော်စင် အဆင့်၊ အရင်း အမြစ် များသည် ရှားပါး သော်လည်း၊ ဤနေရာ၌ သာမန် ရတနာများ ကဲ့သို့၊ နေရာ တိုင်းတွင် တွေ့ရှိ နိုင်သည်။

ထို့ကြောင့် ပျက်စီး နေသော အဆောက် အအုံ များ၌၊ သူတော်စင် ဆေးလုံးများ၊ လျှို့ဝှက် နည်းပညာ များနှင့်၊ ရှေးဟောင်း ရတနာ များကို၊ တွေ့ရှိ နိုင်၏။

သူတော်စင် စွမ်းအင် အရင်း အမြစ် များသည်၊ ဂိုဏ်း တစ်ဂိုဏ်း၏ အခြေခံ အုတ်မြစ် အပေါ်၊ ပြည့်စွက် ပေနိုင်မည်။

ဤသည်မှာ ကောင်းကင်ယံ ဂိုဏ်း လျင်မြန်စွာ ကြီးထွား လာရသည့် အကြောင်း ရင်း များထဲမှ တစ်ခုလည်း ဖြစ်၏။

“ ဝှစ် ... ။ ”

အလင်းတန်း အသွင် ပြောင်းလဲလျက်၊ ပျံသန်းလာ ခဲ့သည်။ ချည်းကပ် လာသည်နှင့် အမျှ၊ ဒေသ တစ်ခုလုံး မှောင်မိုက် နေကြောင်း သိမြင် လာ၏။

ကောင်းကင်မှ ဆင်းသက် လိုက်စဉ် ပြင်းထန်သော သူတော်စင် ရောင်ဝါကို ခံစား ရသည်။ ဤအငွေ့ အသက်ကို ခံနိုင် ပါက၊ ထိုရတနာအား ဆက်ခံခွင့် ရှိပေမည်။

“ ဘာ လဲ ... ။ ”

“ အဲဒီ လူက ဘယ်သူလဲ ... ။ ”

“ လင်းယွန် ပဲ။ ”

လင်းယွန် ဆင်းလာသော အခါ လူတိုင်း အာရုံစိုက် လာသည်။ ပျံသန်း နေစဉ် ခွန်အားကို ဖုံးကွယ်ရန်၊ ရည်ရွယ်ချက် မရှိချေ။

ထို့ကြောင့် သွေးသား စွမ်းအင်များ ပွက်ပွက်ဆူ လာပြီး၊ အထွတ် အထိပ် တတိယ သွေးလွှတ်ကြော နယ်ပယ် ကျွမ်ကျင် သူထက် သာလွန်သော ဖိအားမျိုး ပေးသည်။

“ သူပဲ ... အနန္တ သားရဲ တံခါးက၊ လူတစ်ရာ နီးပါးကို သတ်ပစ် လိုက်တာ၊ အရမ်း ရက်စက် လွန်းတယ်။ ”

လူအုပ် ထဲတွင် လုချန်ထက် အစွမ်းထက် သူများ ပါရှိ သဖြင့်၊ လင်းယွန် အပေါ် အားစမ်း လိုသော အကြည့်များ ရောက်ရှိ လာသည်။

၎င်းတို့မှာ တန်ခိုးကြီး ဂိုဏ်းများ၊ မိစ္ဆာ ကျင့်ကြံ သူများ၊ စသည်တို့၏ ထိပ်တန်း အဆင့် ကျွမ်းကျင် သူများ ဖြစ်သည်။

ထို့ကြောင့် လိပ်နက် အသက် ရှူနည်းကို လှည့်ပတ်ကာ၊ သူ့ နေရာအား အကြိမ် ပေါင်း များစွာ၊ ဆက်တိုက် ပြောင်းလဲ လိုက်၏။

ခဏချင်း မှာပင် လူအုပ် အတွင်းမှ ပျောက်ကွယ် သွားခဲ့သည်။

( ငါ သတိ ထား ရမယ်။ )

ဤနေရာသို့ ရောက်လာ သူများသည် သန်မာရုံ သာမက သတိလည်း ရှိကြ၏။ အများ စုမှာ အင်အားကြီး ဂိုဏ်းမှ တပည့်များ ဖြစ်သည်။

လင်းယွန်က ပတ်ဝန်းကျင်မှ အကြည့် များကို ရှောင်ရှား ခြေရာဖေျာက် ပြီးနောက်၊ တောင်ပေါ်သို့ တက်လာ ခဲ့သည်။

ဤတောင် ကြီးသည် လျှို့ဝှက် ဆန်းကြယ်ကာ၊ အလင်းရောင် ဖျော့ဖျော့ မျှသာ ရှိချေ၏။

လမ်း တစ်လျှောက် ပျက်စီး နေသော အရာများစွာနှင့် အလောင်း များ ကိုသာ မြင် လာရသည်။

တောင်တက် လမ်းမှာ ဝင်္ကပါ ကဲ့သို့ ရှုပ်ထွေးပေွလီ လှ၏။ သူ့ထက် ဦးစွာ တက် နေသူများ ရှိပေသည်။

ကောင်းမွန် နေသေးသော အဆောက် အဦးများကို တွေ့မြင် လာရ သော်လည်း၊ ၎င်း၌ အဖိုးတန် ရတနာများ မရှိ တော့ချေ။

ထို့ကြောင့် ဓား ရည်ရွယ်ချက်အား၊ ဖြန့်ကျက် လိုက်ရာ၊ သူတော်စင် ရောင်ဝါသည် တောင်ထိပ်မှ ထွက်နေမှန်း သိလိုက် ရ၏။

အချိန် မဖြုန်း တော့ဘဲ၊ တောင်ထိပ်ထံ ဦးတည် လိုက် တော့သည်။ သို့သော် အမြင့်သို့ ရောက်လာ သည်နှင့် အမျှ ဖိအားမှာ၊ ပို၍ ကြောက်စရာ ကောင်းလာ သည်။

ထိုအချိန်တွင် တောင်ထိပ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထပ်မံ ထွက်ပေါ် လာ၏။

ဤသည်မှာ တိမ်မည်း များကို၊ ဖောက်ထွင်းသွား ခဲ့သော အစော ပိုင်းမှ ရောင်ဝါ ဖြစ်သည်။ ယခင် အချိန်၌ ဝေးကွာ လွန်းသဖြင့်၊ သည်မျှ ကြောက်မက်ဖွယ် ကောင်းမှန်း မသိချေ။

တောင် တစ်ခုလုံး သက်ရှိ များ၏ အရိပ်အယောင် ကိုမျှ မမြင် ရဘဲ၊ ဆိတ်သုဉ်း နေခဲ့သည်။

ထို့ကြောင့် တောင် အကြောင်းကို သိလိုက တောင်ထိပ် ရောက်ရန် လိုကြောင်း၊ နားလည် လာ မိသည်။

တစ်နာရီကြာ ကုန်လွန် ပြီးနောက်၊ တောင်ကမ်းပါးယံ အောက်၌၊ ကျယ်ပြန့်သော ရင်ပြင် တစ်ခုကို မြင်လာ ရသည်။

ဆိုလို သည်မှာ၊ တောင်ထိပ်ကို ထိုကမ်းပါးယံမှ ပိုင်းခြား ထားခြင်း ဖြစ်သည်။ ကမ်းပါးယံ၌ ရေတံခွန် ကဲ့သို့၊ အနက်ရောင် မြူများ စီးကျ နေ၏။

ထိုရေတံခွန်၏ အစမှာ၊ ဓားတစ်လက် ဖြစ်သည်။ ဓားက တောင်ထိပ် ပေါ်၌ စိုက်လျက် ဖြစ်နေ၏။

နှစ်ပေါင်း များစွာ ကြာသည့်တိုင်၊ ဤမျှ ထိတ်လန့် စရာ ကောင်းသော၊ မရဏ အငွေ့ အသက်များ တည်ရှိ နေသည့် အတွက်၊ ရတနာ တစ်ပါး ဖြစ်ကြောင်း၊ နားလည် လိုက်သည်။

ရင်ပြင်၌ ပြိုကျ နေသော နန်းတော်များ အပါအဝင်၊ အပျက် အစီး များဖြင့် ပြည့်နှက်နေ ခဲ့သည်။

“ ဟိတ် ... ။ ”

“ ကျာ့ ... ။ ”

“ သေ လိုက် စိမ်း ... ။ ”

လူတိုင်း တိုက်ပွဲကြီး ဆင်နွှဲ နေ၏။ တစ်စုံ တစ်ဦးသည် အဆိုပါ ဓား ထံသို့ သွားလိုသော်၊ ဘုံရန်သူ ဖြစ်လာ ပေမည်။

လင်းယွန်က အမှောင် ထဲမှ မထွက်ဘဲ၊ ဓားထံ ကြည့်သည်။ ပေပေါင်း ထောင်ဂဏန်း မျှသာ ဝေးသော်လည်း၊ မရဏ ရောင်ဝါက ဓားအား၊ ဖုံးအုပ် ကာကွယ် ထား၏။

“ စွမ်းအင် အရင်း အမြစ်လား ... ။ ”

လင်းယွန်မှ အလွန် တုန်လှုပ် သွား လေသည်။ မရဏ ရောင်ဝါသည် ရောင်ဝါမျှ မဟုတ်ချေ။

စွမ်းအင် ဖြစ်နေသည်။ ဤစွမ်းအင်သည် ငရဲပန်းထက် အဆ ရာဂဏန်းခန့်၊ ပို၍ သန့်စင် ချေ၏။

ဆိုလို သည်မှာ ဤဓားကို အရိယာ တောင်ထိပ်၌ ထိုးစိုက် ထားပါက၊ တပည့်များ အားလုံး အတွက်၊ လုံလောက်သော ငရဲ စွမ်းအင်များ ရရှိ ပေမည်။

ငရဲ ပင်လယ်ကြီး ပျက်စီး သွားသော ကြောင့်သာလျှင်၊ ဓားဂိုဏ်း၏ တပည့် များက၊ အရိယာ ဓားသုတ္တန်ကို စွန့်ပစ်လိုက် ကြခြင်း ဖြစ်သည်။

ဤကမ္ဘာ ကြီး၌ စွမ်းအင် ရင်းမြစ်အား ရှာတွေ့ရန် ခက်ခဲ၏။ ထို့ကြောင့် အရ ယူရန် စိတ်ပိုင်းဖြတ် လိုက်သည်။

ဓားဂိုဏ်းရှိ အပြင်း ထန်ဆုံးသော၊ ဓားသုတ္တန် ခြောက်ခု အနက်မှ၊ တစ်ခု အဖြစ် အရိယာ ဓားသုတ္တန်က၊ ပြန်လာ နိုင်တော့မည် ဖြစ်သည်။

တိုက်ပွဲ အတွင်း စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ခုနစ်ဦး-ရှစ်ဦးမျှ ရှိနေပြီး ၊ ၎င်းတို့မှာ လုချန်နှင့် ခွန်အားခြင်း ညီမျှ လေသည်။

လင်းယွန်မှ အခြေ အနေကို ဆက်ကြည့် နေရန် ဆုံးဖြတ် လိုက်၏။ ဤပတ်ဝန်း ကျင်၌ အန္တရာယ် ရှိသော ရောင်ဝါကို၊ သူ ခံစားမိ သောကြောင့် ပေပင်။

“ အား ... ။ ”

“ သတ် ... ။ ”

တိုက်ပွဲ၌ လူ တစ်ဝက် နီးပါး သေဆုံး ပြီးနောက် မှသာ၊ ထိုသူက ထွက်ပေါ် လာလေသည်။

“ ရွှပ် ... ။ ”

၎င်းထွက် လာချိန်တွင်၊ ရွှေလူသားမှာ တုန်လှုပ် သွားသည်။ အသစ် ရောက်လာ သူက ဓားမော့ ရောင်ခြည်ဖြင့် ပစ်ခတ် လိုက်သည်။

ထိုဓါးမော့ ရောင်ခြည်တွင် ကျမ်းစာများ မျောပါ နေပြီး၊ ဗုဒ္ဓ သားတော် တစ်ပါး၏ ပုံရိပ် ထွက်ပေါ် လာသည်။

ယင်းက စတုတ္ထ သွေးလွှတ်ကြော အပါ အဝင်၊ လူတိုင်း၏ လက်နက် များနှင့် နက္ခတ် များကို၊ ချက်ချင်း နှစ်ပိုင်း ခွဲပစ် တော့သည်။

“ မိစ္ဆာနှင် ဓားမော့ ... ။ ”

စတုတ္ထမြောက် သွေးလွှတ်ကြော နယ်ပယ် ပါရမီရှင် အချို့၏ မျက်နှာများ ပြောင်းလဲ သွား လေသည်။

ဤသည်မှာ မိုးကြိုး ကျောင်းတိုက်မှ၊ တပည့်ကြီး ဓားမော့ ကိုယ်တော် ရွှမ်းဖိန် ဖြစ် ချေပြီ။

***

All Chapters