အခု ... မင်း နောက်ဆုတ် လိုက်တာ ပိုကောင်းမယ်။
Vol. 115 Ch. 1610
ဓားမော့ ရောင်ခြည် နှစ်စင်းသည် တောင်တစ်ခု လုံးကို တုန်လှုပ် စေကာ ရင်ပြင်အား ခွဲသွားသည်။
ဤသည်မှာ ရှောင်တခင် တိုက်ခိုက်ခြင်း မျှသာ ဖြစ်သော်လည်း၊ ကြောက်စရာ ကောင်း နေဆဲ ဖြစ်၏။
ဓားရောင်ခြည် အောက်တွင် ပျောက်ကွယ် သွားသော လင်းယွန် အသွင်ကြောင့်၊
“ သက်တံဓား သူတော်စင် တပည့်က အထင်ကြီး စရာလည်း မရှိ ပါလား။ ”
-ဟု ဆိုလျက် ရှောင်ခွန်မှ သူ့ ဓားမော့ကို ပြန်သိမ်း လိုက်သည်။
“ ထိုက်တန်တဲ့ ရလာဒ်ပဲ၊ ဒုတိယ သွေးလွှတ်ကြော လေးနဲ့ ငါတို့ရဲ့ အရေး ကိစ္စမှာ၊ ဝင်စွက်ဖက် ဝံ့တယ်လို့ ... ။ ”
ရွှမ်းဖိန်မှ မှတ်ချက် ပြု လိုက်၏။ ဓားရောင်ခြည် များက မြေပြင် ပေါ်ရှိ လူသေ အလောင်း များစွာကို အမှုန် အဖြစ်သို့ ပြောင်းလဲ သွားစေ တော့သည်။
“ မင်းတို့ နှစ်ယောက် ကိုယ့်ကိုယ်ကို အထင်ကြီး လွန်တယ်လို့ မထင် ဖူးလား။ ”
ဓားရောင်ခြည် ပေျာက်ကွယ် သွား ချိန်၌ မှုန်ဝါးဝါး အသွင် သဏ္ဌန် တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
၎င်းက လက်ကို ဝှေ့ယမ်းပြီး၊ ပေကျံ နေသော အမှုန် အမွှား များကို ခါထုတ် ပစ်လိုက် လေသည်။
ထို့ကြောင့် ရင်ပြင်ရှိ အပျက် အစီးများ အားလုံး ရှင်းလင်း သွားကာ၊ တောက်ပသော နဂါး ရူရ်များ ခြုံလျက်၊ အသက်ရှင် နေသေး သည့်၊ လင်းယွန်ကို မြင်လိုက် ရသည်။
စတုတ္ထ သွေးလွှတ်ကြော အထွတ် အထိပ် ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ခိုက်မှု အောက်တွင် ၎င်းမည်သို့ အသက်ရှင် နေသည်ကို၊ နားမလည် နိုင်တော့ချေ။
“ ဝှစ် ... ။ ”
ရွှမ်းကျန့်က နတ်ဘုရား ကျောက် လက်ဖဝါးကို ဆန့်ထုတ်ကာ၊ ရုတ်တရက် ရိုက်ချ လာသည်။
ရွှေရောင် အလင်း များဖြင့်၊ ဖုံးအုပ် ထားသော အစိမ်းရောင် ကျောက် လက်ဖဝါး ကြီး၊ ကောင်းကင်မှ ကျဆင်း လာ၏။
“ နဂါး ထွက်သက် ... ။ ”
ဝင်လာသော ကျောက် လက်ဖဝါးကို မော့ကြည့်ပြီး၊ လင်းယွန်မှ နဂါး ထွက်သက်အား ထုတ်ဖော် လိုက်သည်။
“ ဂျိန်း ... ။ ”
မိုးခြိမ်း သံများ ထွက်ပေါ် လာကာ၊ လက်ဖဝါး ကြီးနှင့် နဂါး လက်တစ်ဖက် တိုက်မိ သွားသည်။
ဤအရာက ရွှမ်းကျန့်အား နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား စေ၏။
စတုတ္ထ သွေးလွှတ်ကြော အထွတ် အထိပ်တွင် ရှိသဖြင့်၊ သူ၏ အရိုး များသည် သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင်သည်။
သို့သော် ဤတွေ့ဆုံ မှုကြောင့်၊ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့သည်။ ယင်းက မဖြစ် သင့် ချေ။
“ တကယ် စိတ်ပျက် စရာပဲ။ ”
လင်းယွန် အကြည့်များ အေးစက် လာပြီး၊ ကောင်းကင်ဓား ပုံစံကို ချက်ချင်း ဓားဖြင့် ဖော် လိုက်သည်။
အရိယာ ဓားသုတ္တန်နှင့် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ် လိုက်သော ကြောင့်၊ ခမ်းနားသော ကောင်းကင်ကြီး ပေါ်လာ၏။
ယင်းကြောင့် ချန်းတောင်၊ ရွှမ်းဖိန်နှင့် ရှောင်ခွန် တို့မှာ မျက်နှာများ ပြောင်းလဲ ကုန် တော့သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သုံးယောက်သား ချက်ချင်း နောက်ပြန် ဆုတ်မိ၏။ ပြီးနောက် အကြည့်ချင်း ဖလှယ် လိုက် ကြသည်။
ဒုတိယ သွေးလွှတ် ကြောမှ တစ်စုံ တစ်ယောက်သည်၊ သူတို့ (၃) ယောက်အား နောက်သို့ အတင်း အကြပ် ဆုတ်စေ သည်မှာ၊ အဓိပ္ပါယ် မရှိချေ။
“ မင်းတို့က ဘာလဲ ... ၊ မင်းတို့ ကိုယ်တိုင် လည်း မသွား ရဲဘူး၊ ကျန်တဲ့ လူတွေ ကိုလည်း ပေးမသွား စေချင်ဘူး၊ ဒီလို လား။ ”
လင်းယွန်မှ ပြုံးလျက်၊ ၎င်းတို့ (၃)ယောက်ထံ လှောင်ပြောင် လိုသော မျက်ဝန်း များဖြင့် ကြည့် လိုက်သည်။
“ မင်း ... ရူးနေ တာလား၊ မင်းက ငါတို့နဲ့ အတူ ရပ်တည်ဖို့၊ အရည်အချင်း ပြည့်မီ တယ်လို့ တကယ် ထင်နေ တာလား။ ”
လင်းယွန်က ရှောင်ခွန်ကို အပြုံးဖြင့် ကြည့်နေဆဲ ဖြစ် သောကြောင့်၊ ချန်းတောင်မှ စိတ်မထိန်း နိုင်တော့ဘဲ၊ လှောင်ပြောင်ကာ စတင် လှုပ်ရှား လာတော့သည်။
သို့သော် သူက လင်းယွန်ကို မတိုက်ဘဲ၊ တောင်ထိပ်ပေါ် ပြေးတက် တော့၏။ ပြေးလွှား နေစဉ် ရတနာ ခန္ဓာကို အသက်သွင်း လိုက်ရာ၊ မရဏ ရောင်ဝါ၏ ဖိအားများ လေျာ့နည်း သွားသည်။
“ ဒီကောင် ... ။ ”
ချန်းတောင်၏ လုပ်ရပ်က ရွှမ်းဖိန်နှင့် ရှောင်ခွန်အား၊ ဒေါသ ထွက်စေသည်။ ချက်ချင်း လင်းယွန်အား လျစ်လျူရှုပြီး၊ သူ့ နောက်သို့ ပြေးလိုက် သွားမိ၏။
သူတို့နှင့် အတူ လိုက်ပါ လာသော နောက်လိုက် တပည့် များစွာလည်း၊ ပြေးလွှား လိုက်ပါ ကုန်တော့သည်။
ရွှမ်းကျန့်က လင်းယွန်ကို ကြည့်ပြီး၊
“ မင်းနဲ့ နောက်မှ ဖြေရှင်းမယ်၊ စန်းယန် ဒီမှာ နေပြီး၊ မင်း သူ့ကို စောင့်ကြည့်ထား။ ”
-ဟု ပြောလိုက်သည်။
စန်းယန်က အံ့အားသင့် သွား၏။ သတိ ပြန်ဝင် ချိန်၌၊ ရွှမ်းကျန့်မှ သူ့အား လင်းယွန် နှင့် အတူ ထားခဲ့ပြီး ဖြစ်သည်။
အခြားသော တပည့်များ မှာလည်း တောင်ထိပ်သို့ ချီတက် ကုန်သည်။ အုပ်စိုးရှင် သူတော်စင် ဓားကို မရ သော်မှ၊ ရတနာများ ရနိုင်၏။ မနာလို စရာ ပေပင်။
“ လောဘ ဖြစ်မနေနဲ့၊ သူတို့ အတွက် ကောင်းကျိုး မရှိဘူး။ ”
လင်းယွန်မှ စန်းယန်၏ အတွေးကို မြင်ဟန်ဖြင့် ပြောသည်။ ထိုစကားကြောင့် စန်းယန်က မကျေ မနပ် ဖြစ်လာပြီး၊
“ မင်း ဘာသိ လို့လဲ၊ အဲဒါ အုပ်စိုးရှင် သူတော်စင် ဓားဟ ... ၊ ပြီးတော့ တခြား ရတနာ အချို့လည်း ရှိနိုင်တယ်၊ အဲဒါ ကိုသာ ရရင်၊ ငါ ဒီနယ်မြေမှာ နောက်ထပ် အသက် စွန့်ဖို့ မလို တော့ဘူး။ ”
“ တကယ် အဲဒီလို ထင်နေ တာလား။ ”
လင်းယွန်က ပြုံးလျက် အေးအေး လူလူ စကား ပြောလာသည်။
“ မင်းက ... တကယ့်ကို ... အထင်ကြီး စရာပဲ၊ ပင်မ နတ်ဘုရား ချန်ပီယံ ဖြစ်လာ တာမှ မကြာ သေးဖူး၊ ငါ့ စီနီယာနဲ့ ရင်ဆိုင် ရဲတယ်။ ”
သို့သော် လင်းယွန်မှ သူ့ စကားကို စိတ်ဝင်စားပုံ မပြချေ။ တောင်ထိပ်ပေါ် မော့ကြည့် နေသည်။
“ စောစောက ... မင်း စကားက ဘာကို ဆိုလိုချင် တာလဲ။ ”
လင်းယွန်နှင့် အနည်းငယ် စကား စမြည် ပြောခဲ့ဖူး သောကြောင့်၊ မေးခွန်းများ မေးရန် ကြိုးစား လာတော့သည်။
“ ဒီတောင်က ဘာလို့ ... အသက်ဓာတ် ခမ်းခြောက် နေတာလဲ ... ၊ မင်း တွေး ဖူးလား ... ၊ တောင်ထိပ်မှာ နတ်ဆိုး အလောင်းတွေ ရှိနိုင်တယ်။ ”
လင်းယွန် အဖြေကြောင့် စန်းယန် တစ်ယောက်၊ တုန်လှုပ် သွားသည်။ ရှေးဟောင်း အပျက် အစီး နယ်မြေ များရှိ၊ နတ်ဆိုး အလောင်း များမှာ၊ ကြောက်စရာ ကောင်းပေ၏။
မပြည့် စုံသော အလောင်း အစုတ်များ မဟုတ်ဘဲ၊ မိစ္ဆာ အဖြစ် ပြောင်းလဲ ကုန်သော ဘီလူးများ ဖြစ်သည်။
“ သူတို့ ရှိရင် ... ၊ ဒီရုန်းရင်း ဆန်ခတ် မှုကြောင့် ... ၊ အစောကြီး ထဲက ထွက်လာ သင့်တယ် မဟုတ်လား။ ”
သို့သော် မယုံကြည်သေးချေ။
“ ဒါပေမယ့် ဘယ်သူမှ ဓားကို မထိ သေးဖူးလေ၊ တစ်ယောက် ယောက်က ဓားကို ထိလိုက် မှသာ ... ။ ”
လင်းယွန်က သက်ပြင်းချ လိုက်သည်။ ယင်းက အဓိပ္ပာယ်ရှိ သဖြင့်၊ စန်းယန် ခမျာ မျက်လုံးပြူး သွား၏။
“ ငါ့ကို မလိမ်နဲ့၊ မိစ္ဆာ အလောင်းတွေ ရှိနေရင်၊ မင်း ဘာလို့ စောစောက တက်ဖို့ ကြိုးစား နေတာလဲ။ ”
“ မင်းရဲ့ စီနီယာ အစ်ကို ကိုတောင် မကြောက်တာ၊ ဒီအလောင်းကောင် တွေကို ငါက ကြောက်ရ မှာလား။ ”
“ ဟမ့် ... မင်းတောင် မကြောက် မှတော့၊ ငါ့စီနီယာ အစ်ကို ခွန်အားနဲ့၊ သူတို့ကို သတ်ပစ် နိုင်ပါတယ်။ ”
လင်းယွန်မှ သူ့စကားကို တုန့်ပြန်ခြင်း မပြုတော့ဘဲ၊ တောင် ကမ်းပါးယံသို့ လျှောက် သွားသည်။ သို့သော် ခြေလှမ်း နှစ်လှမ်း လှမ်းပြီး သည်နှင့်၊ စန်းယန်က သူ့ရှေ့ ပေါ်လာ၏။
“ လင်းယွန် ... ၊ ငါ မင်းကို မတိုက်ချင်ဘူး၊ ငါနဲ့ နေပါ။ ”
“ မင်း ... ဖယ်ပါ၊ ငါလည်း မင်းကို ဒဏ်ရာ မပေးချင်ဘူး။ ”
သွေ့ရော် ကျွန်း၌ လှည့်စား ပြီးနောက်၊ စန်းယန် အပေါ်၊ စိတ်ကောင်း ဝင်မိ ခဲ့သည်။ ထို့ကြောင့် ဒဏ်ရာ မပေး လိုချေ။
“ တောင်းပန် ပါတယ်။ ”
သို့သော် စန်းယန်မှ ခေါင်းယမ်း၏။
“ မင်းရဲ့ စီနီယာ အစ်ကိုတောင် ... ၊ ငါ့ကို မတား နိုင်ဘူး၊ မင်း ဆုံးဖြတ် ပြီးပြီလား။ ”
လင်းယွန်က မေးသည်။
“ မင်း အရမ်း ရိုးလွန်းတယ် လင်းယွန်၊ ငါ့စီနီယာ အစ်ကိုက မင်းထက် ပို သန်မာတယ်၊ သူက ကျန်တဲ့ သူတွေ ရှိနေလို့၊ မင်းကို အလေး အနက် မထား ခဲ့တာ၊ ...
... ပွင့်ပွင့် လင်းလင်း ပြောရမယ် ဆိုရင် သူတို့ နှစ်ယောက်မှာ၊ ဘုန်းသူတော်စင် လက်ရာ တွေ ရှိတယ်၊ မင်းကို သတ်ဖို့က ပြဿနာ ရှိမှာ မဟုတ်ဘူး။ ”
“ ဘုန်း သူတော်စင် လက်ရာလား။ ”
လင်းယွန်က ပြုံးလျက် ရှောင်ကွင်း သွားသည်။ သို့သော် စန်းယန် ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံများ ထွက်လာပြီး၊ ရုတ်တရက် လှုပ်ရှား လာ၏။
မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာကာ၊ နဂါးရူရ်များ ပါသော လက်ဖဝါးက တစ်ဖက်က၊ လင်းယွန် ပခုံးပေါ် ကျရောက် လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန်ပင် အံ့ဩ သွားပြီး၊ နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက် ရသည်။ သူ ပြန်ကြည့် လိုက်ချိန်၌၊ စန်းယန် ခန္ဓာတွင် မိုးပြာ နဂါး ရစ်ခွေ နေသည်ကို မြင်လိုက် ရ၏။
“ မင်း အောင်မြင် ပြီလား။ ”
ထို့ကြောင့် စိတ်ဝင်စား သွားသည်။
“ ဒီကမ္ဘာမှာ မင်း တစ်ယောက်ပဲ ... ၊ ဉာဏ်ကြီး ရှင်လို့ ထင်နေ တာလား၊ ငါတို့ နှစ်ယောက် ကြားမှာ လူမှုရေး ရှိနေလို့၊ ငါ့ကို အခက် တွေ့အောင် မလုပ် ပါနဲ့၊ ...
... သွေ့ရော် ကျွန်းနဲ့ ... ၊ ကောင်းကင် ရေကန် ဧည့်ခံပွဲမှာ၊ ရှုံးနိမ့်ခဲ့ ပေမယ့် ... အဲဒါက အတိတ်ပဲ၊ အခု မင်းက ငါ့ ပြိုင်ဘက် မဟုတ် တော့ဘူး။ ”
စန်းယန်၏ ရုပ်ခန္ဓာသည်၊ သူ နဂါးပြာ အရိုးအား မရခင် အချိန် ကထက်၊ ပို၍ သန့်ရှင်း သန်မာ နေကြောင်း သတိပြု မိသည်။
မိုးပြာ နဂါး ခန္ဓာကို လေ့ကျင့်ရန်၊ နဂါး အရိုးလိုသည်။ ယင်းကြောင့်၊ လေ့ကျင့်ရန် ခက်ခဲ လိမ့် မည်ဟု ယူဆပြီး၊ ထိုစဉ်က လှည့်ဖျား မိခဲ့သည်။
သို့သော် စန်းယန်မှ အောင်မြင်အောင် လုပ်နိုင်သည်။ ၎င်း၌ မည်သည့် အတား အဆီးမှ မရှိချေ။ မိုးပြာ နဂါး ရောင်ဝါပင် အစစ် အမှန် ဖြစ်နေ၏။
“ မင်းက ဉာဏ်ကြီးရှင်ပဲ။ ”
ပြုံးကာ ချီးကျူး လိုက်သည်။
“ ဒီလို ပါပဲ၊ မင်းလည်း မဆိုးပါဘူး၊ ဟွမ်ရွှမ်ရီကို ... မင်း အနိုင်ယူ ခဲ့တဲ့ မြင်ကွင်းကို၊ အခုထိ ငါစွဲထင် နေတုန်းပဲ၊ ဒါပေမယ့် အခု ...
... ချိန်မှာ မင်း ပြန်တာ ပိုကောင်းမယ်၊ မဟုတ်ရင် သက်တံဓား သူတော်စင် တပည့်ကို ငါ ဒူးထောက် ခိုင်းမိ လိမ့်မယ်။ ”
နဂါး မူလကို ဖြန့်ကျက် လိုက်ရာ၊ စန်းယန်နောက်၌ နဂါး လေးကောင် ဖျပ်ခနဲ ပေါ်လာ လေသည်။
ထို့နောက် လင်းယွန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာ၏။ ရောင်ဝါဖြင့် ခြိမ်းခြောက် ရန်၊ စီစဉ် နေခြင်း ဖြစ်လေသည်။
***