← Chapters

ဝိညာဉ် မိစ္ဆာ မျိုးနွယ်စု။

Vol. 116 Ch. 1611

ဝိညာဉ် မိစ္ဆာ မျိုးနွယ်စု။

Vol. 116 Ch. 1611

စန်းယန်၏ မိုးပြာ နဂါးသည် ကွက်ကွက် ကွင်းကွင်း ရှိနေသည်။ သူ့ နဂါး လေးကောင်နှင့် ပေါင်းစပ် ပြီးနောက်၊ ကြောက်မက်ဖွယ် နဂါး ရောင်ဝါများ ထုတ်လွှတ် လာ၏။

နဂါး ဟောက်သံ ပဲ့တင်ထပ် လာစဉ်၊ တောင်တန်း တစ်လျောက် လျှပ်စီးများ လင်း လက်ကာ၊ တိမ်မည်းများ စုရုံး တော့သည်။

“ စစ်မှန်သော မိုးပြာ နဂါး လား။ ”

လင်းယွန်မှ အံ့သြ သွား၏။

“ မင်း သဘောပေါက် လာပြီ၊ လျှို့ဝှက်ချက် တစ်ခု ငါပြောပြမယ်၊ ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ခု လုံးရဲ့၊ စစ်မှန်သော သူတော်စင် နဂါး သေွးရည်ကြည်၊ ...... (၈၀%) လောက်က၊ မိုးကြိုး ကျောင်းတိုက်မှာ ရှိတယ်၊ နဂါးသွေး စင်စစ် တေွတောင် ရှိသေးတယ်၊ ...

... မင်း ပေးခဲ့တဲ့ ... ၊ သူတော်စင် နဂါး ခန္ဓာကို ရဖို့၊ နဂါး သွေးရည်ကြည် ကီလို ဂရမ် (၆၀၀၀၀) ၊ နဂါးသွေး (၆၀၀) ကီလို ဂရမ်နဲ့၊ မိုးပြာ နဂါး အရိုးကို အသုံးပြုခဲ့ ရတယ်။ ”

နောက်ဆုံး၌ လင်းယွန် တစ်ယောက် နားလည် သွားသည်။ ဤအရင်း အမြစ် များဖြင့် သူတော်စင် မိုးပြာ နဂါး ခန္ဓာကို ရရှိ သည်မှာ မထူးဆန်း တော့ချေ။

“ ဒါကြောင့် မင်း ... သူတော်စင် ငရဲဓား အကြောင်း လုံးဝ မတွေးနဲ့၊ ဒီမှာပဲ နာခံမှု ရှိရှိ ငါနဲ့ နေပါ၊ ဟား ဟား ဟား ... ။ ”

စန်းယန်မှ ရယ်သည်။ လင်းယွန်နှင့် နီးကပ်နေပြီ ဖြစ်သော ကြောင့်၊ ရုတ်တရက် လက်ဖြင့် လှမ်းပုတ် လိုက်၏။

“ ဂျိန်း ... ။ ”

မိုးပြာ နဂါးကြီးက သူ့လက်မောင်းထဲ ရောနှော သွားပြီး၊ လျှပ်စီးများ လက်နေသော နဂါး လက်သည်း အဖြစ် ပေါ်လာ၏။

သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိဘဲ၊ နဂါးပြာ အရိုးကို အသက် သွင်းလျက်၊ နတ်နဂါး မျက်လုံး များအား၊ လှည့်ပတ် ပစ်သည်။

စက္ကန့်ပိုင်း အတွင်းတွင်၊ ဝှက်ထားသော ဘုန်းနေမင်းနှင့် ဘုန်းလမင်း ဝိညာဉ် တော်များ ပေါ်လာ၏။

သည့်နောက် အဓိပတိ နဂါး တံဆိပ် သုံးခုဖြင့်၊ ထပ်မံ ခွန်အား ပေးသော အခါ၊ နေနှင့် လ ထွက်ပေါ် လာလေသည်။

နတ်နဂါး ရောင်ဝါကြောင့် စန်းယန်၏ စစ်မှန်သော နဂါး ရောင်ဝါမှာ၊ ချက်ခြင်း ငုပ်လျှိုး သွားပြီး၊ တဖြည်းဖြည်း ပြိုကျ သွားသည်။

“ မဖြစ် နိုင် တာ ... ။ ”

ဤမြင်ကွင်းကို လုံးဝ မျှော်လင့် မထား သောကြောင့်၊ ထိတ်လန့် သွား၏။ စိတ်ထဲ၌ သတိပေး သံများ မြည်လာ သဖြင့်၊ ချက်ချင်း နောက်ပြန် ဆုတ်မိ သည်။

“ နောက်ကျ သွားပြီ။ ”

လင်းယွန်က ပြုံးလျက်၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ နေသည့်၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာကို ဖြန့်ကျက် လိုက်သည်။

နဂါးပြာ အရိုး အတွင်းရှိ၊ နဂါး ရူရ် လေးသောင်း အသက် ဝင်လာပြီး၊ လက်ဖဝါး၌ ဖြစ်ပေါ် လာသည်။

အံကြိတ်လျက် နောက်ဆုတ် နေသော စန်းယန် ခေါင်းကို လှမ်းကိုင် မိ၏။ စက္ကန့်ပိုင်း အတွင်း မှာပင်၊ လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ် မိခဲ့ ကြသည်။

စန်းယန်၏ နဂါး ရူရ်များ ကွဲအက် လာစဉ်၊ လင်းယွန်၏ နဂါး ရူရ် များက အသစ်-အသစ် များ ဖြင့်၊ အစား ထိုးလာ၏။

“ ဘုတ် ... ။ ”

“ ခရစ် ... ။ ”

အဆုံးတွင် လင်းယွန် လက်ဖဝါးသည်၊ စန်းယန် ရင်ဘတ် ပေါ်သို့ ကျရောက် သွားပြီး၊ နဂါး ရူရ်များ အားလုံးကို ဖျက်ဆီး ပစ်သည်။

စန်းယန် ခမျာ ပါးစပ်မှ သွေးများ စီးကျလျက်၊ ဒူးတစ်ဖက် ထောက်ကျ သွားပြီး၊ မျက်နှာ ဖြူဖျော့ လာသည်။

“ ဂျိန်း ... ။ ”

ပြန်ထရပ် ခါနီးတွင် ကောင်းကင်မှ မိုးကြိုး မုန်တိုင်း တစ်စင်းနှင့် အတူ၊ လင်းယွန် ရောက်ရှိ လာတော့၏။

အချိန်မီ ရှောင်တိမ်း နိုင်ခြင်း မရှိ တော့ သဖြင့်၊ ခေါင်းပေါ် ဝဲနေသော နဂါး လက်သည်း ကို မော့ကြည့် မိသည်။

“ မိုးပြာ နဂါး အရိုးက ... သန်မာတယ် ဆိုရင်တောင်မှ ... ၊ နတ်နဂါး အရိုးနဲ့ ယှဉ်ရင် ဘာမှ မဟုတ် သေးပါဘူး။ ”

လင်းယွန်က စန်းယန်ကို ကြည့်ပြီး ပြော လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ လျှောက် လှမ်း လာ၏။ မိုးပြာ နဂါး ဘုရင်၏ အရိုး ဆိုက၊ သူ ရှုံးကောင်း ရှုံးနိုင် ပေမည်။

“ မင်း ဘာလို ချင်လဲ ... ။ ”

စန်းယန် တစ်ယောက် ကြောက်ရွံ့ သွား၏။

“ မင်းရဲ့ နဂါး အရိုး ... ။ ”

ပြန်ဖြေ ပြီး သည်နှင့်၊ လမ်းလျှောက် လာသော လင်းယွန် အရှိန်မှာ၊ ပို၍ မြန်လာပြီး ရုတ်တရက် ပျောက်ကွယ် သွားသည်။

နဂါး အရိုး ထုတ်ယူ ခံရ ပါက၊ မည်မျှ ကြောက်စရာ ကောင်းသော အကျိုးဆက်များ ခံစားရ မည်ကို တွေးတောလျက် စိတ်ပျက် လက်ပျက်ဖြင့်၊ သူ့ကံကြမ္မာကို စန်းယန်မှ စောင့်မျှော်နေ မိသည်။

“ ဝှစ် ... ။ ”

တောင်းပန်လို သော်လည်း၊ စကားသံ ထွက်မလာချေ။ လင်းယွန်က သူ့ရှေ့ ပေါ်လာပြီး၊ လက်ကို ဆန့်ထုတ် လာ၏။

သို့သော် ယင်းက ရင်ဘတ်ရှိ၊ နဂါး အရိုးထံသို့ မရည်ရွယ်ပဲ၊ သူ့မျက်ခုံးကြား ညွှန်ပြ လာခြင်း ဖြစ်သည်။

လက်ညှိုး ထိပ်မှ၊ အလင်းတန်း တစ်ခု စိတ်ဝိညာဉ်ထဲ ပြေးဝင် လာသဖြင့်၊ မျက်လုံး ပြူး သွားပြီး၊ လင်းယွန်ကို ပြန်ကြည့် လိုက် မိသည်။

ဤသည်မှာ မိုးပြာ နဂါး ထွက်သက် ဖြစ်၏။ ထို့ကြောင့် တုန်တုန် ယင်ယင်ဖြင့်၊

“ ဒါ ... ။ ”

-စကား ထစ်ငေါ့ သွားသည်။

“ ဟုတ်တယ် လျှို့ဝှက် နည်းစနစ်ပဲ၊ ဟိုတုန်းက ငါ မင်းကို လိမ်ညာ သလို ဖြစ်သွား မိတယ်၊ ဒါပေမယ့် မင်းက ဒီနည်းစနစ်ကို အောင်မြင်မှု ရခဲ့တယ်။

“ ဒါပေမယ့် ... ။ ”

ဤနည်း စနစ်သည် မည်မျှ တန်ဖိုးရှိ နေသည်ကို သိရှိ လိုက်ရ သဖြင့်၊ စန်းယန်မှ မယုံကြည် နိုင်သေးချေ။

“ မင်းကို ပေးချင် လာ လို့ပဲ၊ ငါ မင်းကို သတ်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး ... ၊ မဟုတ်ရင် မင်း သေပြီး ဖြစ်နေ လိမ့်မယ်။ ”

လင်းယွန်မှ ပေါ့ပေါ့ ပါးပါးပင် ပြောလာသည်။

“ မင်းနောက် ... ငါ လိုက်လာမှာ၊ မကြောက် ဖူးလား။ ”

“ အခု ... မင်းက စတုတ္ထ သွေးလွှတ် ကြောမှာ ဆိုတော့ ... အရိုးတေွ သန့်စင်ထား တယ် မဟုတ်လား၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာနဲ့ ဆိုရင်၊ သူတော်စင် လက်နက်တွေ တိုးမပေါက် နိုင်ဘူး။ ”

လင်းယွန်က မဖြေ သေးဘဲ ပြန်မေးသည်။

“ အမှန်ပဲ ... ။ ”

စန်းယန်မှ ခေါင်းညိတ် လိုက်၏။

“ အမှန်တိုင်း ပြောရရင် မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက် ဘယ်လောက်ပဲ အားကောင်း နေ ပါစေ၊ ငါ့ ဓားကို မတား နိုင်ဘူး။ ”

လင်းယွန်က ပြောပြီး သည်နှင့်၊ ဓားရောင်ခြည် အချို့ သူ့လက်ချောင်း ထိပ်၌ လက်လာကာ၊ စန်းယန် ရင်ဘတ်ကို ပုတ်လိုက်၏။

ဓား ရောင်ခြည်က ရင်ဘတ်အား၊ ဖောက်ထွင်း သွားသောကြောင့် နာကျင် စွာဖြင့်၊ မျက်နှာ ရှုံ့တွ သွားလေသည်။

“ ဒါက ... မင်း အသက်ကို ငါ လိုချင်တဲ့ အချိန်တိုင်း ယူနိုင်တယ် ဆိုတာ သတိ ပေးတာ၊ ငါ့ ဓားဂိုဏ်းရဲ့ တပည့်တွေ အတွက် ခက်ခဲတဲ့ အရာ တွေကို မလုပ် မိပါ စေနဲ့၊ ...

... အရေး အကြီး ဆုံးက၊ သရုပ်ဆောင် နေရင် တောင်မှ၊ ပီပြင်ဖို့ လိုတယ် ...၊ မဟုတ်လို့ မင်းရဲ့ စီနီယာ အစ်ကိုက၊ မင်းနောက် လိုက်လာ ခဲ့ရင်၊ မင်း ဒုက္ခ ရောက်ရ လိမ့်မယ်။ ”

လင်းယွန်က ပြုံးပြီး မျက်မှိတ်ပြ လိုက်သည်။

“ နေရာ ရှာပြီး ပုန်းပါ၊ မင်းက အပျင်း ကြီးတယ်၊ ဒါကြောင့် ပျက်စီးခြင်း နန်းတော်ရဲ့ အရေး ကိစ္စတွေမှာ၊ မပါ ဝင်တာ အကောင်း ဆုံးပဲ၊ မိုးပြာ နဂါး ထွက်သက် အတွက် မင်း အချိန် အများကြီး ပေးရ လိမ့်မယ်။ ”

သူတော်စင် ငရဲ ဓားကို အရ ယူမည် ဖြစ်ကြောင်း၊ တစ်ဖက် လူမှ အရိပ် အမြွက် ပြော နေခြင်း ဖြစ်မှန်း၊ နားလည် လာသည်။ ထို့ကြောင့်

“ ဓား မဆွဲဘဲ နဲ့တောင် ... ၊ ဒီလောက် သန်မာ နေတာ၊ မင်း ဓားဆွဲရင် ဘယ်လောက် အထိ သန်မာ သလဲ။ ”

စန်းယန်က တုန်လှုပ် စွာဖြင့် ထမ်းပိုး ထားသော လင်းယွန်၏ ဓားသေတ္တာထံ လှမ်း ကြည့်ကာ မေးမိသည်။

“ ဒါက မင်း သိသင့်တဲ့ အရာ မဟုတ်ဘူး၊ စူးစမ်းချင် မနေနဲ့၊ အရေး ကြီးတာက ... မိုးပြာ နဂါး ဘုရင်ရဲ့၊ အရိုးကို ရအောင် ရှာပါ။ ”

လင်းယွန်၏ တိုက်တွန်း ချက်ကို မှတ်သားကာ ရင်ဘတ်အား အုပ်ကိုင်လျက်၊ တောင်ပေါ်မှ ဆင်းလာ မိသည် ။

သို့သော် ဆင်းခါ နီးတွင် လင်းယွန်အား တစ်ချက် လှည့်ကြည့် မိ၏။ လင်းယွန် မှာမူ၊ တောင်ထိပ်ပေါ် မတက် သေးဘဲ၊ ရေတံခွန် အောက်၌ ထိုင်ချနေ သည်ကို၊ မြင်လိုက် ရသည်။

၎င်းနောက်တွင် ပန်းတစ်ပွင့် ပုံသဏ္ဍာန် ဖြည်းညှင်းစွာ ပေါ်လာ၏။ သို့သော် မည်သည့် အရာများ လုပ်ဆောင် နေသည်ကို၊ နားမလည် နိုင် သောကြောင့်၊ ခေါင်းယမ်းလျက် ဆက်ထွက် လာမိသည်။

ဂိုဏ်း သုံးဂိုဏ်းနှင့် ရင်ဆိုင်ရန် စိတ်ကူး ခြင်းသည်၊ ကောင်းသော အရာ မဟုတ်မှန်း လင်းယွန် သိ၏။

ထို့ကြောင့် အရိယာ ဓားသုတ္တန်ကို ဆဋ္ဌမ အဆင့်သို့ တွန်းပို့ရန် ရေတံခွန်မှ စွမ်းအင်အား သန့်စင်ရ ပေမည်။

ခန္ဓာကိုယ် အတွင်းရှိ ငရဲ ပန်းမှာ၊ အာဟာရ များစွာ စုပ်ယူခွင့် ရ သဖြင့်၊ တောက်ပြောင် လာ တော့သည်။ ခန္ဓာကိုယ် အနှံ စွမ်းအင်များ ပြည့် လာသည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

ဤနေရာမှ စွမ်းအင် များသည် အလွန် များပြား သောကြောင့်၊ စိတ်ထဲမှ တုန်လှုပ်သွား ခဲ့၏။

ယခင် ငရဲပန်းကို သန့်စင် သည်ထက်၊ ဆယ်ဆ ပိုမြန်သည်။ တစ်နာရီ အတွင်း ဆဋ္ဌမ အဆင့် ရောက်နိုင် မည်ဟု ခံစား မိသည်။

ထိုအချိန်တွင် ချန်းတောင် တစ်ယောက် တောင်ပေါ် ဦးစွာ ရောက်ရှိ လာသည်။ သို့သော် စောင့်ကြို နေသော မြင်ကွင်းက၊ သူ့အား ထိတ်လန့် သွားစေ၏။

မြေပြင်၌ အလောင်းကောင် များဖြင့် ပြည့်နှက် နေပြီး၊ သူတို့ နဖူးတွင် ဒေါင်လိုက် အက်ကွဲကြောင်း တစ်ခု ပေါ်နေ၏။ ယင်းက တတိယ မျက်လုံး ဖြစ်ပေမည်။

“ မိစ္ဆာ ဝိညာဉ် မျိုးနွယ်စု ... ။ ”

မိစ္ဆာ ဝိညာဉ် မိသားစု အကြောင်း ကြားသိ ထားဖူးသည်။ ၎င်းတို့သည် အမှောင် ခေတ်အား ပရမ်း ပတာ ဖြစ်စေသော မျိုးနွယ်စု ဖြစ်၏။

သူတော်စင် ငရဲဓားက ထိုမိစ္ဆာ ဝိညာဉ် မိသားစုမှ ကျွမ်းကျင်သူ တစ်ဦး၏ ရင်ဘတ်ကို ထိုးဖောက်ကာ၊ မြေပြင်၌ စိုက်ဝင် နေခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

သို့သော် သတိ ဝင်လာ သည်နှင့် တုန့်ဆိုင်း မနေ တော့ဘဲ၊ သူတော်စင် ငရဲဓားထံ ပြေးဝင် လိုက်သည်။

သို့သော် ကြီးမားသော ဖိအား တစ်ခု သက်ရောက်ကာ ဟန့်တား လာသဖြင့်၊ ထင် သလောက်၊ ခရီး မရောက် ခဲ့ချေ။

စတုတ္ထ သွေးလွှတ်ကြော နယ်ပယ်၊ အထွတ်အထိပ် ခွန်အားကို ကန့်သတ်ချက်သို့ တွန်းထုတ် လိုက်သည်။

ရွှမ်းဖိန်နှင့် ရှောင်ခွန် တို့က အနည်းငယ် နောက်ကျပြီး ရောက်ရှိ လာကြ၏။ တောင်ထိပ် ပေါ်ရှိ မြင်ကွင်းကြောင့်၊ ချန်းတောင် ကဲ့သို့ပင် အံ့အားသင့် သွားသည်။

“ မင်းတို့ နှစ်ယောက် မြန်သားပဲ။ ”

“ မင်း သေ လိုက် ... ။ ”

ချန်းတောင်က လှည့်ကြည့်ပြီး ပြုံးပြ လာသည်။ ရှောင်ခွန်နှင့် ရွှမ်းဖိန်မှ စကား မပြော နိုင် သေးဘဲ၊ အမြန် ပြေးတက် လာတော့၏။

***

All Chapters