← Chapters

ငွေ လမင်း ... ။

Vol. 116 Ch. 1612

ငွေ လမင်း ... ။

Vol. 116 Ch. 1612

“ ငွေမျက်လုံး အလောင်း ကောင်။ ”

ချန်းတောင်မှ အလောင်း ကောင်ကို ကြည့်ကာ၊ မျက်နှာ ပြောင်းလဲ သွားမိသည်။ ဤဝိညာဉ် မိစ္ဆာ မိသားစုဝင် အလောင်းကောင် သည်၊ အသက်ရှင် စဉ်က သာမန် မဟုတ် နိုင်ကြောင်း၊ သူ ခံစား မိသည်။

အသား အရည်များ သွေ့ခြောက် နေ သော်လည်း၊ အသက် အရွယ် အရ ငယ်ပုံ ရ၏။ ကြည့်နေလျက် မှပင် ဤအလောင်း ကောင်မှာ၊ အသက် ရှိနေ သကဲ့သို့၊ ခံစားမိ စေသည်။

“ ရပ် ... ။ ”

ရွှမ်းဖိန်နှင့် ရှောင်ခွန်၏ အသံ များက၊ ကျယ်လောင်စွာ ပဲ့တင်ထပ် လာသည်။ ဓားထံ လက်လှမ်း နေသော ချန်းတောင်ကို ကြည့်ပြီး၊ သူတို့ အလျင် လိုသွား၏။

ချန်တောင် မှာမူ၊ ကြောက်စိတ်ကို ပယ်လိုက်သည်။ အလောင်း ကောင်း အသက် ပြန်ရှင် လာသော်မှ၊ ဆန္ဒ အကြွင်း အကျန် တစ်ခုသာ ဖြစ်ပေမည်။

ကြောက်စရာ မရှိချေ။ ထို့ကြောင့် မဆိုင်းမတွ သူတော်စင် ငရဲဓားအား ဖမ်းဆွဲ လိုက်၏။

မရဏ ရောင်ဝါမှာ၊ လှိုင်းများ ကဲ့သို့၊ သူ့ရတနာ ခန္ဓာ အပေါ်၊ ရိုတ်ခတ် လာလေ သည်။

ထို့ကြောင့် ခန္ဓာ ကိုယ်မှ မြစိမ်းရောင် အလင်းများ တောက်ပ လာပြီး၊ သူ့ကို တိုက်စား လိုသည့်၊ မရဏ ရောင်ဝါအား တွန်းလှန် ပစ်၏။

သို့သော် ဓားကို ဆွဲထုတ် နေစဉ်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် တစ်ခု ပေါက်ကွဲ လာပြီး၊ မည်မျှ ကြိုးစား စေကာမူ၊ ၎င်းကို မထုတ် နိုင်ခဲ့ချေ။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ချန်းတောင် တစ်ယောက် အံ့သြ သွား၏။ သူတော်စင် ငရဲဓားသည် အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်ခဲ့ သော်လည်း၊ ဘုန်း သူတော်စင် လက်ရာ အဆင့်သို့၊ လျော့ကျ နေပြီ ဖြစ်သည်။

သူ့ ခွန်အားဖြင့်၊ ၎င်းကို ဆွဲထုတ်၍ မရ နိုင်သည်မှာ၊ အဓိပ္ပါယ် မရှိချေ။ ထိုစဉ် ဓား ထံမှ ကြောက်စရာ ကောင်းသော စွမ်းအားကို ရုတ်ချည်း ခံစား လိုက်ရ သဖြင့်၊ မျက်နှာ ပြောင်းလဲ သွားသည်။

ဓားကို ဆွဲထုတ် ခြင်းဖြင့်၊ တစ်စုံ တစ်ရာ ဖြစ်ပျက် လာ မည်ကို အသိ ပေးနေခြင်း ဖြစ်၏။ သည့်စဉ် ရွှမ်းဖိန်နှင့် ရှောင်ခွန်က သူ့အနား ရောက်လာ သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ဓားကို လွှတ်ပြီး၊ လက်ဖဝါး တစ်ချက် ရိုက်ထုတ်ကာ၊ ချက်ချင်း ဆုတ်ခွာပေး လိုက်ရသည်။

“ ဝုန်း ... ။ ”

သူ့ လက်ဖဝါးသည် ဓါးရောင်ခြည် နှစ်လက်နှင့် တိုက်မိပြီး၊ အဝေးသို့ လွင့်စဉ် သွား၏။

နောက်လိုက် တပည့် များပါ၊ တောင်ပေါ် ထပ်မံ ရောက်ရှိ လာသဖြင့်၊ အင်အားစု သုံးခုလုံး ရပ်တန့် သွားသည်။

“ ချန်းတောင် ... မင်းက နည်းနည်း ရွံ့စရာ ကောင်းတယ် မဟုတ်လား။ ”

ရှောင်ခွန်မှ မကျေ မနပ် လှမ်းကြည့်သည်။ ရွှမ်းဖိန်မှာ ဒေါသကြောင့် မျက်နှာ မည်းမှောင် နေပြီး၊ စကား မပြော နိုင်ခဲ့ချေ။

“ ဟမ့် ... အပိုတွေ ပြော မနေနဲ့၊ မင်းတို့ ဆိုရင်လည်း၊ ဒီလို လုပ်မှာ ငါသိတယ်။ ”

ချန်းတောင်မှ တုန့်ပြန်၏။ ထို့ကြောင့် ရှောင်ခွန်နှင့် ရွှမ်းဖိန်မှာ ပါးစပ် ပိတ်ကျ သွား လေသည်။

“ ဒါက ... သူတော်စင် ဓား တစ်လက်ပဲ၊ ဒါကြောင့် ငါတို့ အပြင်း အထန် တိုက်ပွဲ ဝင်စရာ မလို သေးပါဘူး၊ နောက်ဆုံးတော့ နဂါး ပြာ နန်းတော် ရှိသေးတယ် မဟုတ်လား။ ”

ရွှမ်းဖိန်မှ သတိ ဝင်လာပြီး ပြောသည်။ ထိုစကားကြောင့် ချန်းတောင်က ရှောင်ခွန်ကို လှမ်းကြည့်ကာ၊

“ မင်းရော ဘာပြောချင် သေးလဲ။ ”

-ဟု မေးလိုက်သည်။

“ သူတော်စင် နန်းတော် မထွက်ပေါ် သေးချိန်မှာ သူတော်စင် ဓားအတွက် ရန်ဖြစ် ရတာ မထိုက်တန် ပါဘူး၊ ဒီတော့ ဒီဓားကို ရရှိ သူက၊ ကျန်နှစ်ယောက်ကို ရတနာ တစ်ခုစီ ပေးရမယ်။ ”

“ ဒါပေမယ့် ... ဒါက အုပ်စိုးရှင် သူတော်စင် လက်ရာလေ။ ”

ရှောင်ခွန်မှ သဘော မတူ လိုချေ။ ဤငရဲဓား၏ တန်ဖိုးသည် အလွန် ကြီးမားပြီး သူ့တို့ပိုင် ရတနာများ အားလုံး ပေးလျှင်ပင်၊ မကာ မိဟု ပြောနိုင်၏။

“ မင်းတို့ နှစ်ယောက် ငါ့ကို ဒီဓား ပေးရင်၊ ဒွာဒသမ အဆင့် သူတော်စင် ဆေးလုံး (၁၀)လုံး ပေးမယ်၊ ပြီးတော့ နဂါး ဝိညာဉ် ပညာ ရပ်တွေ ရလာတဲ့ အခါ၊ မူပွား တစ်စုံဆီ ကူးခွင့် ပေးမယ်။ ”

မပြည့်စုံ သော်မှ နဂါး ဝိညာဉ် ပညာရပ် များသည် အဖိုးတန် လှသဖြင့်၊ ချန်းတောင်၏ ကမ်းလှမ်းမှုမှာ၊ ရိုးသား လေသည်။

“ ဓားက ဆွဲထုတ်ဖို့ မလွယ်ဘူး၊ မယုံရင် မင်းတို့ စမ်းကြည့် လို့ရတယ်၊ ဒါက ... မင်းတို့ကို ဒီမှာ အချိန်ဖြုန်း နေမိ တာနဲ့ အတူတူပဲ။ ”

ချန်းတောင်မှ တည်ငြိမ်စွာ ပြောသည်။

“ ငါ ... စမ်းကြည့်မယ်။ ”

ရှောင်ခွန်မှ သံသယဖြင့် ကြည့်ပြီး ဓားကိုဆွဲရန် ကြိုးစား လိုက်သည်။ ရလဒ်မှာ ချန်းတောင် စကား အတိုင်းပင် ဖြစ်၏။

ငရဲဓားမှ တွန်းအားကို သတိပြု မိပြီး၊ ကြောက်လန့် တကြားဖြင့်၊ ဓားအား အမြန် လွှတ်လိုက် ရသည်။

“ ဘာဖြစ် တာလဲ။ ”

အရိယာ ကောင်းကင် ဓားမော့ အထွတ် အထိပ် ရည်ရွယ်ချက် ဖြင့်ပင်၊ ဓားကို မဆွဲထုတ် နိုင် သောကြောင့် တုန်လှုပ် သွားသည်။

ရွှမ်းဖိန်က သူ့အား တွန်းဖယ်ကာ စမ်းကြည့်၏။ ရလဒ်က အတူတူ ပေပင်။

“ တွေ့လား ... ၊ ငါ့ကို အခု ယုံပြီလား။ ”

ချန်းတောင်မှ ပြုံးကာ မေးသည်။

“ ငါတို့ ... ဆွဲ မထုတ် နိုင်တဲ့ အရာကို ... ၊ မင်းက ဘာလို့ ယုံကြည်မှု ရှိနေရ တာလဲ၊ မင်း ယူနိုင်မှာ သေချာလား။ ”

ရှောင်ခွန်မှ ပြန်မေး၏။

“ ဒါက မင်းတို့နဲ့ မဆိုင် ပါဘူး၊ ဘယ်လိုလဲ ဒီကမ်းလှမ်းမှုကို သဘော တူမှာလား။ ”

ရွှမ်းဖိန်နှင့် ရှောင်ခွန်က အချင်းချင်း ပြန်ကြည့်ကာ၊ အတွေးထဲ နစ်မျော သွားကုန် သည်။

“ သဘော တူတယ်။ ”

ရှောင်ခွန်က ဦးစွာ ပြောသည်။ ထိုစကားကြောင့် ချန်းတောင်မှ ကျေနပ်သော အမူ အရာဖြင့် ရွှမ်းဖိန်ထံ ကြည့်ကာ၊

“ မင်းကော ဘယ်လိုလဲ ... ။ ”

-ဟု မေးလိုက်သည်။

“ သူတော်စင် ဆေးလုံးတွေ အရင် ပြပါ။ ”

“ ဟား ဟား ဟား ... ၊ ကောင်းပြီ။ ”

ချန်းတောင်က သိုလှောင် လက်ကောက်မှ သူတော်စင် ဆေးလုံး အများ အပြားကို ထုတ်ယူ ပေးလိုက်သည်။

“ ထွီ ... ။ ”

ထိုအချိန်တွင် ဝိညာဉ် မိစ္ဆာ အလောင်း၏ မျက်ဝန်းများ ရုတ်တရက် ပွင့်လာပြီး အဆိပ်ဖြင့် သူတို့အား ထွေးထုတ် တော့၏။

လေထု အတွင်း အဆိပ်များ ရောနှော သွားကာ၊ မြေပြင် ပေါ်တွင် ခမ်းခြောက် သေဆုံး နေသော အလောင်းများ ပြန်၍ အသက် ဝင် လာလေသည်။

“ ဝူး ဟီး ဟား ဟား ဟား ... ။ ”

ငွေမျက်လုံး ဝိညာဉ် မိစ္ဆာ အလောင်း ကောင်က၊ ရယ်မောလျက် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ ထုတ်လွှတ်သည်။

“ ဝူး ... ဟီး ဟီး ဟီး ။ ”

အသက် ပြန်ရှင် လာ သလို ပေပင်။ ထို့ကြောင့် သူတော်စင် ငရဲဓားမှ ထက်ရှသော ဓား အလင်းများ ရုတ်တရက် ထုတ်လွှတ် လာသည်။

၎င်းက ယို့ယွင်း နေသော ဓားရောင်ခြည် များဖြင့်၊ ထိုငွေမျက်လုံး အလောင်း ကောင်ကို နှိမ်နင်းရန်၊ ကြိုးစား တော့သည်။

အလောင်း ကောင်တွင်၊ ဆန္ဒ တစ်ခု ခိုင်မာစွာ စွဲမြဲနေ သကဲ့သို့၊ သူတော်စင် ဓား ၌လည်း၊ အစွဲ တစ်ခု ရှိသည်။

သူတို့ နှစ်ဦး ထိပ်တိုက်တွေ့ သွားသော အခါတွင်၊ တောင် တစ်ခုလုံး တောက်ပ လာပြီး၊ လူတိုင်းကို မျက်လုံးများ ပြူးကျယ်သွား စေ၏။

“ ထန် ... ထန် ... ။ ”

ထိုအလောင်းနှင့် အတူ၊ အခြားသော အလောင်း ကောင်များ၊ အသက် ဝင်လာသည့် အတွက်၊ တိုက်ပွဲ တစ်ခု ချက်ချင်း ဖြစ်ပွား လာသည်။

“ မြန်မြန် ဆင်းကြ ... ။ ”

လူတိုင်း မျက်နှာများ ပြောင်းလဲ သွားပြီး၊ ထွက်ခွာရန် အလျင် အမြန် အမိန့်ပေး လိုက်ကြ ၏။ သို့သော် အလောင်း ကောင် များက၊ သူတို့ အား ဝိုင်းထားပြီး ဖြစ်လေသည်။

ကံကောင်း သည်မှာ အလောင်း ကောင် များသည်၊ သူတော်စင် လက်နက် များကို ခုခံ နိုင်စွမ်း မရှိ ကြခြင်း ဖြစ်သည်။

ငွေမျက်လုံး အလောင်း ကောင်ကြီး သာလျှင်၊ သူတော်စင် ငရဲဓားအား အကြိတ် အနယ် တွန်းလှန် နေ၏။

အဆုံးတွင် သူတော်စင် ငရဲဓားမှာ ပို၍ အားကောင်း လာပြီး၊ အလောင်း ကောင်မှာ၊ မျက်ဝန်းများ မှိန်ဖျော့ လာတော့သည်။

ထိုကြောင့် ငွေမျက်ဝန်း ဝိညာဉ် မိစ္ဆာ အလောင်း ကောင်က၊ မိုးကြိုး ကျောင်းတိုက်မှ တပည့် တစ်ဦး၏ လက်ကို လှမ်းကိုင် ၏။

ချက်ချင်းပင် သွေးသား စွမ်းအင်များ စုပ်ယူ ခံလိုက် ရကာ၊ မြေပြင်ပေါ် လဲကျ သေဆုံး သွား လေသည်။

ငွေမျက်လုံး အလောင်း ကောင်က၊ နောက် တစ်ဦးထံ လက်လှမ်း နေရာ၊ ထိုတပည့်မှ အကူ အညီ တောင်းတော့သည်။

“ အစ်ကိုကြီး၊ ငါ့ကို ကယ်ပါ ... ။ ”

ရွှမ်းဖိန်မှ ကယ်တင်ရန် ချက်ချင်း လှုပ်ရှား လိုက်သဖြင့်၊ ငွေမျက်လုံး အလောင်း ကောင်က၊ ထိုတပည့်နှင့် ပစ်ပေါက် လိုက်သည်။

“ ဖောင်း ... ။ ”

လွင့်ပစ် ခံရသော တပည့် ငယ်သည်၊ အမြောက်ကျည် ကဲ့သို့ ပျံထွက် လာကာ၊ လမ်း၌ ပေါက်ကွဲ သွားသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ယင်းပေါက်ကွဲ မှုသည် အန္တရာယ် ရှိ သောကြောင့်၊ ရွှမ်းဖိန် ခမျာ ချက်ချင်း ပြန်ဆုတ် လိုက်ရသည်။

“ ..... ။ ”

ထို့နောက် ငွေမျက်ဝန်း ဝိညာဉ် မိစ္ဆာ အလောင်း ကောင်က၊ မြကျောက်စိမ်း စံအိမ်မှ တပည့် တစ်ဦးထံ လှည့်သွားသည်။

ချန်းတောင်မှ ကယ်တင်ရန် အရှိန် အဟုန်ဖြင့် ပြေးသွားခဲ့ သော်လည်း၊ အလောင်း ကောင်က အနား ကပ် မခံချေ။

“ ဖောင်း ... ။ ”

ဖမ်းမိ ထားသော တပည့်ဖြင့် ပစ်ပေါက်၊ ဟန့်တား ပြန်သည်။ အဆိုပါ နည်းလမ်းကို ထပ် တလဲလဲ ပြုမူ နေခဲ့၏။

ဤနည်းဖြင့် လေထုထဲ ပျံ့ကျဲ နေသော သွေးများကို စုပ်ယူကာ၊ ခြောက်သွေ့ နေသည့်၊ သူ့ခန္ဓာကိုယ် ဆူဖြိုး လာတော့သည်။

“ ကျန့် ချင်း ခုန် ... ။ ”

ငွေမျက်လုံး အလောင်းကောင် ထံမှ စကားသံပင် ထွက်ပေါ် လာသည်။ ၎င်းက သတ်ဖြတ် လိုခြင်း ဆန္ဒကို ထုတ်ဖော် လာနိုင်၏။

“ ဒီ ငွေမျက်လုံး အလောင်း ကောင်ကို အရင်ဖြေရှင်း ရအောင် ... ၊ မဟုတ်ရင် ငါတို့ အားလုံး ဒီမှာ သေလိမ့်မယ်။ ”

ချန်းတောင်မှ အော်ဟစ်လျက်၊ နဂါး အငွေ့ အသက်များ ပါသည့်၊ ကျောက်ပြားငယ် တစ်ချပ် ကို၊ ထုတ်ယူ လိုက်သည်။

ရွှမ်းဖိန်က ကြေးပြား တစ်ပြားကို ထုတ်ယူပြီး၊ မန္တန် တစ်ပုဒ်အား ခပ်တိုးတိုး ရွတ်ဆို တော့၏။

တစ်ဖက်တွင် ရှောင်ခွန် ကလည်း၊ သူ့ ဓားမော့ကို ချက်ချင်း ဆွဲထုတ် လိုက်လေသည်။ ၎င်းတို့၏ လက်နက် သုံးခု လုံးမှာ၊ ဘုန်း သူတော်စင် လက်ရာများ ဖြစ်၏။

နဂါး ထိန်းကျောင်းခြင်း ကျောက်ပြား၊ နတ်မိစ္ဆာ သွေးဓားမော့နှင့် ရွှေမိုးကြိုး ကြေးပြား တို့ ဖြစ်သည်။

ဤသည်မှာ သူတော်စင် နန်းတော်များ အတွက်၊ ပြင်ဆင် ထားသော ဝှက်ဖဲများ ဖြစ်၏။ သည်နေရာ၌ အသုံး ပြုရ လိမ့်မည်ဟု မထင် ခဲ့ချေ။

“ တိုက် ရ အောင် ... ။ ”

ဘုန်း သူတော်စင် လက်ရာ (၃)ပါး ကြောင့်၊ ဖြစ်စဉ် များကြောင့်၊ တောင်တန်း တစ်လျှောက် လင်းထိန် သွားသည်။

ကောင်းကင် နဂါး၊ သွေးဆာ နေသော ဓားမော့နှင့်၊ တိပိဋကတ် သုံးပုံ တို့က ကျမ်းစာ အဖြစ်၊ ကခုန် နေတော့သည်။

“ ဝှစ် ... ။ ”

ခွန်အား ပြန်ရ နေပြီ ဖြစ်သော၊ ငွေမျက်လုံး အလောင်း ကောင်က၊ သူ့ ရင်ဘတ်ရှိ ငရဲဓားကို ဆွဲထုတ်ပြီး၊ ကောင်ကင်ပေါ် ခုန်တက်ကာ၊ ရှောင်ရှား သွားသည်။

ဓားဆွဲနှုတ် လိုက်ချိန်၌ သူ့နဖူး ပြင်ရှိ၊ ဒေါင်လိုက် မျက်လုံး ပွင့်လာပြီး၊

“ ဒူးထောက် ... ။ ”

-ဟု ပြောလာ တော့သည်။

ထိတ်လန့် တုန်လှုပ် နေသော အမူအရာ များဖြင့်၊ ချန်းတောင်၊ ရွှမ်းဖိန်နှင့် ရှောင်ခွန်မှာ ဒူးထောက် ကျသွား သည်။

သို့သော် ဒူးက မြေပြင်နှင့် ထိခါ နီးတွင်၊ ငွေလမင်း တစ်စင်း တောင်အောက်မှ မြင့်တက် လာသည်။

“ မင်းတို့ သုံးယောက်က ... ၊ လူသား မျိုးနွယ်စုရဲ့ အထက် တန်းစားတွေ မဟုတ်လား၊ ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ ဒူးထောက် ချင်ရ တာလဲ။ ”

အထင်သေး လှောင်ပြောင် သံကြောင့်၊ မော့ကြည့် မိရာ၊ ဓားသေတ္တာ တစ်လုံးကို ထမ်း ပိုး ထားသော၊ အပြာဝတ် လူငယ် တစ်ယောက် အား၊ တွေ့လိုက် ရလေသည်။

***

All Chapters