ကောင်းကင် ဖျက်ဆီးခြင်း ဓား (၉)ကွက်။
Vol. 116 Ch. 1613
“ လင်းယွန် ... ။ ”
သူတို့ မှင်တတ် နေစဉ်၊ လရောင်များ ခြုံလျက် လင်းယွန် တစ်ယောက် တောင်ထိပ် ပေါ်၊ ဆင်းသက် လာသည်။
“ ဟမ့် ... ။ ”
လင်းယွန်အား မြင်သည်နှင့်၊ သုံးယောက်သား အော်ဟစ်ပြီး၊ ဘုန်း ဝိညာဉ် သူတော်စင် လက်ရာ များကို၊ အဆုံးစွန်ထိ တွန်းထုတ်ကာ၊ ထရပ် လိုက်ကြ၏၊။
နဂါး ထိန်းကြောင်းခြင်း ကျောက်ပြားမှ၊ ကျောက်စိမ်း နဂါး ထွက်လာပြီး ချန်းတောင်ကို ရစ်ခေွ တော့သည်။
၎င်းသည် ရတနာ ခန္ဓာကိုယ် အတွက်၊ ပြီးပြည့်စုံ စေသည့်၊ လျှို့ဝှက်ချက် တစ်ခု ဖြစ် လေသည်။
ရွှမ်းဖိန် ၌မူ၊ ရွှေရဟန်း ကဲ့သို့ ဖြစ်လာ စေသော ဗုဒ္ဓ ရောင်ဝါများ၊ ရစ်သိုင်း လာလေ သည်။
ရှောင်ခွန်၏ သွေးဓားမော့ အတွင်းမှ၊ သွေးဆာ နေသော သားရဲ ကြီး တစ်ကောင် ထွက်ပေါ် လာသည်။
သို့သော် ငြားလည်း၊ ငွေမျက်လုံး အလောင်းကောင်၏ ရောင်ဝါကို တွန်းလှန်ရန် ခက်ခဲ နေဆဲ ဖြစ်သည်။
တစ်ဖက်တွင် လင်းယွန် မှာမူ၊ ပေါ့ပေါ့ ပါးပါးပင် ရပ်နေ ခဲ့သည်။ ယင်းက သုံးယောက် လုံးကို၊ အံ့သြ သွားစေ၏။
“ အရိယာ ဓားသုတ္တန်။ ”
ရုတ်တရက် ဓားဂိုဏ်း၏ နာမည်ကျော် ဓားသုတ္တန်ကို ရှောင်ခွန်မှ သတိရ လာသည်။ သို့မှသာ ချန်းတောင်နှင့် ရွှမ်းဖိန်က လင်းယွန် ခြေဖဝါး အောက်ရှိ၊ အနက်ရောင် ပန်းပွင့်ကို သတိထား မိလာ၏။
ထိုပန်းသည် ပွင့်ချပ် (၄၈) ချပ် ပါသော ငရဲပန်း ပေပင်။ ငွေမျက်လုံး အလောင်း ကောင် မှ လာသော ဖိအားကို ခုခံရန်၊ ၎င်းအား အသုံးပြု နေခြင်း ဖြစ်၏။
“ ငွေမျက်လုံး အလောင်း ကောင်က၊ ဒီလောက် မဟုတ်ဘူး၊ သူတော်စင် ငရဲ ဓားရဲ့ ရောင်ဝါ ကသာ ပြဿနာ၊ ဒါကြောင့် ... အရိယာ ဓားသုတ္တန်ကို လေ့ကျင့် ထားတဲ့ သူ့မှာ ... ၊ ဘာဖိအားမှ မခံစား ရတာ။ ”
ချန်းတောင်မှ အေးစက်စွာ ပြောသည်။ ငွေမျက်လုံး အလောင်း ကောင်က၊ လင်းယွန်ထံ ကြည့်ပြီး၊ မျက်ဝန်းများ တောက်ပ လာ၏။
ဤလူငယ်သည် ခွန်အားကြီး ပုံသည်။ ၎င်းမျက်ဝန်းများ အတွင်း၌ ငရဲပန်း တစ်ပွင့် ကိုပင်၊ မြင်နေ ရသည်။
သို့သော် မည်မျှ ဆွဲငင် ယူစေ ကာမူ ပါလာခြင်း မရှိဘဲ၊ စွဲမြဲစွာ ချိတ်စပ် နေ၏။ ယင်း ကြောင့် သူ့အား စိတ်လှုပ်ရှား လာစေသည်။
“ ဟား ဟား ဟား ... ၊ ကောင်းကင် ဘုံက ငါမုရုံခက်ကို ပစ် မထား ပါဘူး၊ ငါ ပြန်လာ မယ်၊ ငါ့မျိုးနွယ် စုနဲ့ ... ခွန်လွန်ကို ငါ ပြန်လာမယ်။ ”
လင်းယွန်ကို ကြည့်ပြီး၊ ငွေမျက်လုံး အလောင်းကောင်က ဟစ်ကြွေး လိုက်တော့ သည်။
ဂိုဏ်း သုံးဂိုဏ်းကို တိုက်ခိုက် နေသည့် အလောင်းငယ် များက ရပ်တန့်ပြီး၊ လင်းယွန်ထံ ဖြည်းညှင်းစွာ ဝိုင်းရံ လာသည်။
ထို့ကြောင့် ရွှမ်းဖိန်တို့ သုံးယောက်အား ဖိအားများ လျော့ကျ လာစေ၏။ အကြည့်ချင်း ဖလှယ် လိုက်ကြပြီး၊ ဘုန်း သူတော်စင် လက်ရာ များကို၊ ပြန်သိမ်း လိုက်ကြသည်။
“ သွား ... ။ ”
ပြီးနောက် တပည့်ငယ် များအား ခေါ်ဆောင်ကာ၊ တောင်အောက်သို့ ဆင်းပြေး လိုက်ကြ တော့သည်။
ဝိညာဉ် မိစ္ဆာ အလောင်း ကောင်ကို ကိုင်တွယ်ရန် မလွယ် ကူကြောင်း မည်သူ မဆို ပြောနိုင်သည်။
ထို့ကြောင့် လင်းယွန် အပေါ်၊ အာရုံစိုက် နေစဉ်၊ တောင်အောက် ဆင်းပြေးကာ၊ အဝေးမှ ကြည့်ရှုရန်၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်၏။
တောင်ထိပ်တွင် အနက်ရောင် တိမ်များ ဖုံးလွှမ်း နေပြီး လရောင်ပင် မလင်းနိုင် ခဲ့ချေ။
“ ငါတို့ ဒီအတိုင်း လက်လျော့ လိုက်တော့ မှာလား။ ”
ရှောင်ခွန်မှ မသွားချင် သေးချေ။
“ ငါတို့ ခွန်အားနဲ့ ... ၊ အဲဒီ ငွေမျက်လုံး အလောင်း ကောင်ကို တိုက်ခိုက်ဖို့ အခွင့် အရေး ရှိပါတယ်။ ”
သူတို့သည် တန်ခိုးကြီး ဂိုဏ်း များမှ ဆင်းသက်လာ သူများ ဖြစ်ပြီး၊ ဘုန်း ဝိညာဉ် သူတော်စင် လက်ရာများ အပြင်၊ အခြားသော ဝှက်ဖဲများ ရှိသည်။
“ ဟား ဟား ဟား ... ၊ ဒါက အခွင့် အရေး မဟုတ်လား၊ လင်းယွန်မှာ ဝှက်ဖဲ ဘယ်လောက် ရှိလဲ ကြည့်ရအောင်။ ”
ချန်းတောင်က အဓိပ္ပါယ် ပါပါဖြင့် ပြန်ပြော လာသည်။
“ မှန်တယ် ... ၊ ဒီကောင်မှာ ယုံကြည်ချက် မရှိရင် ... ၊ တောင်ပေါ် တက်လာမှာ မဟုတ်ဘူး၊ အနည်း ဆုံးတော့ ဒီကောင် ကြောင့်၊ ငရဲ ဓားရဲ့ ဖိအား လျော့ကျ သွားနိုင်တယ်။ ”
ရွှမ်းဖိန်မှ ပြောသည်။ သူတို့သည် စတုတ္ထ သွေးလွှတ်ကြော အထွတ် အထိပ်သို့ ရောက်ရှိ နေကြပြီး ဖြစ်ကာ၊ ဘုန်းသူတော်စင် လက်ရာ စွမ်းအားကို (၃၀ မှ ၅၀ %) အထိ ထုတ်ယူ နိုင်၏။
ထို့ကြောင့် သူတော်စင် ငရဲဓား၏ ဖိအား လျော့ကျ သွားပါက၊ ပြန်လည် ရှင်သန် လာခါစ၊ ငွေမျက်လုံး အလောင်း ကောင်ကို၊ ဖြေရှင်းရ လွယ်ကူ ပေမည်။
“ ဒါပေမယ့် ... ၊ အဲဒီ ငွေမျက်လုံး အလောင်းကောင်မှာ၊ တခြား ရည်ရွယ်ချက်တွေ ရှိပုံ ရတယ် ... ။ ”
ရှောင်ခွန်မှ မကောင်းသော ခံစားချက်များ ရရှိနေ၏။ ယင်းက လင်းယွန်ကို မြင်ပြီးနောက်၊ ငွေမျက်ဝန်း အလောင်း ကောင်၏ ပြောင်းလဲ သွားသော အကြည့် များမှ၊ ပေးသော ခံစားချက် ဖြစ်သည်။
“ စိတ်မပူ ပါနဲ့ ... ၊ အခြေ အနေကို စောင့်ကြည့် ဦးမှာပါ။ ”
တောင်ထိပ် ပေါ်တွင်၊ ငွေမျက်လုံး အလောင်း ကောင်က လင်းယွန် ကိုသာ စိတ်ဝင် စားနေသည်။
“ သူတို့ ပြေးတာ တကယ် မြန်တယ်။ ”
လင်းယွန်မှ လှောင်ပြုံးဖြင့်၊ ရေရွတ် လိုက်သည်။ ကနဦးတွင် အရိယာ ဓားသုတ္တန် အား အောင်မြင်မှု ရခဲ့ သဖြင့်၊ ၎င်းတို့နှင့် အတူ တိုက်ခိုက်ရန် လာခဲ့ခြင်း ဖြစ်သည်။
“ မင်းရဲ့ အရိယာ ဓားသုတ္တန်က၊ ပြီးပြည့်စုံတာ မဟုတ်ဘူး၊ ငါ့ကို ကူညီဖို့ ဆန္ဒ ရှိရင်၊ နဂါး သိုင်းပညာ ရပ်နဲ့ ညီမျှတဲ့၊ ဘုရင် အဆင့် ပညာရပ် တစ်ခုကို၊ မင်း အတွက် ငါ ပေးနိုင်တယ်။ ”
ငွေမျက်လုံး အလောင်း ကောင်မှ လင်းယွန်ကို ကြည့်ကာ ပြောလာ လေသည်။ အရိယာ ဓားသုတ္တန်သည် မဟာ တော်ဝင် ဓားကျမ်းမှ လာခြင်း ဖြစ်သဖြင့်၊ အမှန်ပင် မပြည့် စုံချေ။
“ ဘယ် လို လဲ ... ၊ မင်း စိတ်ဝင် စားလား၊ မင်းက ကျန့် မိသားစုဝင် မဟုတ်ဘူး၊ ဒါကြောင့် သစ္စာ ရှိဖို့ မလို ပါဘူး၊ ခွန်လွန်မှာ တော်တော် များများက၊ ငါ့ရဲ့ သွေးနတ်ဘုရား မိသားစုဆီ ခိုဝင်လာ ကြပြီ။ ”
“ ငါက မင်းကို ဘယ်လို ကူညီ ရမှာလဲ။ ”
မုရုံခက်၏ ကမ်းလှမ်း ချက်ကို လင်းယွန်မှ စိတ်ဝင်စား သွားသည်။
“ ငါ့ ခန္ဓာကိုယ် ထဲမှာ ... ကျန်ခဲ့တဲ့ ကျန့်ချင်းခုန်ရဲ့ ကန့်သတ်ချက်ကို ဖျက်ဖို့၊ မင်းရဲ့ အရိယာ ဓားသုတ္တန်ကို သုံးပါ၊ မဟာ သူတော်စင် တောင်မှ၊ ...
... ဒီတံဆိပ်ကို ဖျက်လို့ မရဘူး၊ အရိယာ ဓားသုတ္တန် ကသာ လုပ်ပေး နိုင်တယ်၊ ဒါဆို ငါ အသက် ပြန်ရှင် လာနိုင်ပြီ။ ”
မုရုံခက်၏ တတိယ မျက်ဝန်းက မျှော်လင့်ချက် ရောင်ခြည်များ တောက်ပ စွာဖြင့်၊ ပွင့်လာ လေသည်။
သို့သော် ငရဲပန်းမှ ဖိနှိမ်ထား သဖြင့်၊ ထိုမျက်ဝန်း ပြန်ပိတ် သွား၏။ ကြမ်းကြုတ်လှ သော သားရဲ တစ်ကောင် မျက်ဝန်း အတွင်း၌၊ ပုန်းအောင်း နေသကဲ့သို့၊ လင်းယွန်အား ခံစားလာ ရစေသည်။
ထိုအချိန်တွင် ငွေမျက်လုံး အလောင်း ကောင်၏ မျက်နှာ အက်ရာ ထင်လာပြီး၊ ပုံပျက် သွားသည်။
၎င်းတွင် အားကောင်းသော မူလ စွမ်းအင် ရှိသော်လည်း၊ အသုံး မပြု နိုင်ချေ။ အသက်သွင်း ရန် ကြိုးစားသော အခါတွင်၊ စုပ်ယူ ထားသော သွေးများ လက်ချောင်း များမှ ပြန်စီးကျ လာသည်။
သူသည် အသေကောင် ဖြစ်သဖြင့်၊ သွေးများနှင့် ချက်ချင်း ပေါင်းစပ်ရန် ခက်ခဲ နေဆဲ ဖြစ်ပုံ ရသည်။
သွေးများကို စွမ်းအင် အဖြစ်၊ ပြောင်းယူ လိုသော်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ တံဆိပ်အား ချိုးဖျက် ရ ပေမည်။
“ မင်း ငါ့ကို ပေးမယ့် ... ၊ နဂါး ဝိညာဉ် ပညာ ရပ်က ဘာလဲ။ ”
“ မင်းက ဓားသမားမို့ သဘာဝ အတိုင်း ဓားသုတ္တန် လိုတယ်၊ ငါ့သွေးနတ်ဘုရား မိသားစု မှာ၊ ကောင်းကင် ဖျက်ဆီးခြင်း ဓားကိုးလက် လို့ ခေါ်တဲ့၊ ပြိုင်ဘက်ကင်း ဓားရေး တစ်ရပ် ရှိတယ်၊ ...
... ဓားချက် တိုင်းက၊ ဘုန်း ဝိညာဉ်ကို ဆင့်ခေါ် နိုင်တယ်၊ နဝမ ဓား ဆိုရင်၊ အုပ်စိုးရှင် နက္ခတ် အထိ ငှားယူ နိုင်တယ်၊ ...
... ကောင်းကင် ဓားသုတ္တန်နဲ့ တွဲနိုင်ရင်၊ နဝမမြောက် ဓားကို ရမယ်၊ ဒါဆို မင်း ခန္ဓာမှာ၊ ဓား စကြဝဠာ တစ်ခု ဖွဲ့စည်း နိုင်ပြီ၊ ...
... အဲဒီ အချိန် ကျရင်၊ ဓား ရည်ရွယ်ချက်က စကြဝဠာလို ...၊ အဆုံးမဲ့ စွမ်းအင် ဖြစ်လာပြီး ...၊ နတ်ဘုရား တောင် မင်းဓားကို တားနိုင်မှာ မဟုတ်ဘူး ... ၊
... အကြည့် တစ်ချက်နဲ့ ... ၊ ကြယ်တာရာ သန်းပေါင်း များစွာကို ဖျက်ဆီးပြီး ... ၊ မဟာ သူတော်စင် ကိုတောင် သတ်နိုင်တယ်။ ”
ယင်းက လင်းယွန်အား တုန်လှုပ် စေ၏။ ဤပညာ ရပ်သည် ကောင်းကင် ကျမ်းနှင့်၊ တူညီ နေသည်။
အုပ်စိုးရှင် နက္ခတ်ကို ထင်ရှား စေခြင်း၊ သို့မဟုတ် ဓား စကြာဝဠာ ဖန်တီးခြင်း၊ စသည့် မည်သည့် အရာ မဆို၊ တုန်လှုပ် ချောက်ချား ဖွယ်ရာ ဖြစ် လေသည်။
“ ဘယ်လိုလဲ ... ။ ”
ငွေမျက်လုံး အလောင်း ကောင်က စိတ်မရှည် ဖြစ်လာသည်။
“ မင်းရော ... လေ့ကျင့်ပြီး ပြီလား။ ”
“ အမှန်ပဲ ... ၊ မဟုတ်ရင် ငါ မင်းကို ဘယ်လိုလုပ် သင်ပေး နိုင်မှာလဲ။ ”
ငွေမျက်လုံး အလောင်း ကောင်မှ ပြန်ဖြေသည်။
“ ဒါဆို ... ၊ မင်း ဘာလို့ ရှုံးနိမ့်ပြီး ... ၊ ဒီတောင်ပေါ်မှာ၊ အသတ် ခံလိုက်ရ တာလဲ။ ”
ယင်းက ဒဏ်ရာ အပေါ် ဆားပွတ်ခြင်း မည်၏။ ထို့ကြောင့် ငွေမျက်လုံး အလောင်း ကောင်မှာ၊ နှုတ်ခမ်းများ လှုပ်ယမ်း သွားသည်။
ပြီး ဒေါသကို မြိုသိပ်လျက်၊
“ ငါ ဘယ်လိုလုပ် ရှုံးနိုင် မှာလဲ ... ၊ ဒီလို ရှေ့ဟောင်း စစ်မြေပြင်မှာ ... ကျန့် မိသားစုဝင် တစ်ယောက် ရှိနေ မယ်လို့၊ ဘယ်သူက ထင်မှာလဲ။ ”
ဤနေရာကို ရှေးဟောင်း စစ်မြေပြင် ဟု ခေါ်ဆိုနေ သောကြောင့်၊ အလောင်း ကောင်မှာ၊ လွန်ခဲ့သော အနှစ် သုံးထောင်မှ ဖြစ်ကြောင်း မှန်းဆ မိသည်။
နဂါး တံခါး တာဝန် ယူစဉ်က၊ ရေှေဟာင်း စစ်မြေပြင်ဟု မခေါ်ဆိုဘဲ၊ နတ်ဘုရား များကြား တိုက်ပွဲ ပြီးမှသာ၊ ဤသို့ ခေါ်ဆိုခြင်း ဖြစ်သည်။
“ ဘယ်လိုလဲ ကောင်းကင် ဖျက်ဆီးခြင်း ဓားကိုးလက်ကို ယူမှာလား ... ၊ မင်း သူငယ်ချင်း တွေ ထွက်ပြေး သွားပြီ၊ မင်းမှာ ငါနဲ့ ပူးပေါင်း ဖို့က လွဲပြီး၊ အခြား မရှိဘူး။ ”
“ ငါ့ကို အရင် ပြပါဦး။ ”
လင်းယွန်မှ ပြော၏။
“ ဟား ဟား ဟား ... ဒါဆို ငါ့နားလာ ... ။ ”
လင်းယွန်က ငွေမျက်လုံး အလောင်း ကောင်ထံ လှမ်းလာ ခဲ့သည်။ ယင်းကြောင့် ငွေ မျက်လုံး အလောင်း ကောင်မှ အံ့ဩ သွား၏။
“ မင်း ... တကယ် လာဝံ့ တာပဲ။ ”
ပတ်ဝန်းကျင်ရှိ အလောင်းငယ် များက၊ လင်းယွန်၏ ဆုတ်ခွာရာ လမ်းကို နောက်မှ လိုက်ပိတ် လာလေသည်။
ထို့ကြောင့် မိစ္ဆာ ရောင်ဝါများ သိပ်သည်း လာပြီး၊ လင်းယွန် တစ်ယောက် ဓားရောင်ဝါပင် မထုတ်နိုင် တော့ချေ။
ငွေမျက်လုံး အလောင်းကောင် မုရုံခက်မှ ကောက်ကျစ်စွာ ပြုံးပြီး၊ လင်းယွန် နဖူးထံ လက်ညှိုးဖြင့် ထောက်သည်။
“ လာ ... ၊ မင်းကို ကောင်းကင် ဖျက်ဆီးခြင်း ဓားကိုးလက် ငါ ပေးမယ်။ ”
နဖူးနှင့် လက်ညှိုး ထိသွားသော အခါ၊ သူ့ဒေါင်လိုက် မျက်လုံးပွင့် လာကာ၊ ငွေရောင် အလင်းများ ဖြာထွက် လာတော့၏။
***