မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ။
Vol. 116 Ch. 1614
လွှမ်းမိုးချုပ် ကိုင်လို သော၊ စိတ် စွမ်းအင် တစ်ခုက၊ လင်းယွန်၏ အသိစိတ် ပင်လယ်ထဲ စိမ့်ဝင် လာသည်။
ရုတ်တရက် သူ့ ခန္ဓာကိုယ် အပေါ်၊ ထိန်းချုပ်နိုင်မှု ဆုံးရှုံး လာကာ၊ ကြီးမားသော အရိပ် တစ်ခုက၊ ဝိညာဉ်အား ဖြိုခွဲရန် ကြိုးစား လေသည်။
ငွေမျက်လုံး အလောင်း ကောင်က၊ လှောင်ပြောင် လိုသော အပြုံးဖြင့်၊
“ ဟား ဟား ဟား ... မင်းတို့ နတ်နဂါး ခေတ်ရဲ့ လူတွေက၊ ကျွန်ဇာတာ ပါနေကြ တာပဲ၊ ငါ့ သွေးနတ်ဘုရား မိသားစုရဲ့ ... ၊ ဓားပညာကို လိုချင် တာလား၊ ဘယ် လောက် တောင် မိုက်မဲ လိုက်လဲ။ ”
-ဟု ဆိုလိုက်သည်။
သူ စကား ပြော နေစဉ်၊ လင်းယွန်၏ အသိစိတ် ပင်လယ် ထဲသို့၊ သူ့စိတ် စွမ်းအင်များ ပိုမို သွန်းလောင်း လိုက်၏။
“ ဟား ဟား ဟား ... ၊ လာ ထာဝရ ကျွန်ခံ။ ”
စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ၊ များပြားသော စွမ်းအင် များကို မြင်ချိန်၌၊ မုရုံခက်မှ ရယ်မော တော့သည်။
သို့သော် ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ ကျမ်းစာ ရွတ်သံများ ရုတ်တရက် ကြား လာရသည်။
“ မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ။ ”
သူတော်စင် ရူရ် များက၊ ခုနစ်လွှာ ဘုံကျောင်း အဖြစ် ထွက်ပေါ် လာပြီး၊ မုရုံခက် စိတ်ဝိညာဉ်ကို တွန်းထုတ် တော့၏။
“ ဝေါ့ ... ။ ”
မုရုံခက် ပါးစပ်မှ သွေးများ အန်လျက် မယုံကြည်နိုင် စွာဖြင့် ပြန်ကြည့် လေသည်။
“ ဗုဒ္ဓ အလင်း ... ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ဤသည်မှာ ရှေးဦးခေတ် ၌ပင်၊ ဗုဒ္ဓ ဘာသာဝင်များ အတွက်၊ အလွန် ရှားပါးသော သူတော်စင် ရူရ် ဖြစ်သည်။
“ ငါ့မှာ ဝှက်ဖဲတွေ မရှိရင် ... ၊ မင်းကို အနားကပ်ဖို့ ... ၊ အခွင့် အရေး ပေးမယ် များ ထင်နေ လား၊ ခွန်လွန်က မင်းတို့ အတွက် မဟုတ်ဘူး၊ သေ လိုက် တော့ ... ။ ”
အပူပင် ကင်းသော ဓားကိုးကွက်မှ၊ ဒုတိယ ဓားကို အကောင် အထည်ဖော် လိုက်ရာ၊ ခန္ဓာမှ၊ အရိပ် ခုနစ်ဆယ့် နှစ်ရိပ် ပေါ်လာပြီး၊ ‘မြေကြီး’ ဟူသော စကား လုံးကို ဖန်တီးရန် ဓား တစ်ချက်စီ လွှဲလိုက် ကြ၏။
ပတ်ဝန်းကျင်ရှိ ဆွဲငင်အားက (၇၂)ဆ တိုးလာ သဖြင့်၊ မုရုံခက် တစ်ယောက် မျက်လုံး ပြူးသွားသည်။ လက်ချောင်း များပင် မလှုပ်နိုင် တော့ချေ။
“ အပူပင် ကင်းမဲ့သော ဓား(၉)ကွက် ... ၊ မင်းက တောင်ပိုင်း ဧကရာဇ်ရဲ့၊ အမွေ ဆက်ခံ သူလား။ ”
ရုတ်တရက် မုရုံခက် နဖူးရှိ ဒေါင်လိုက် မျက်လုံး ပွင့်လာကာ၊ ကြောက်ရွံ့မှုများ ထင်ဟပ် နေသည်။
“ ခရစ် ... ။ ”
သို့တိုင် ပတ်ဝန်းကျင် ဆွဲငင်အား ဖျက်ဆီး ပစ်သေး၏။ ထိုအချိန်၌ ကောင်းကင် ဓားပုံစံမှာ ဆက်၍ ထွက်ပေါ် လာပြီ ဖြစ်သည်။
ကောင်းကင် (၃၆)လွှာ ပြိုကျ သကဲ့သို့၊ အနက်ရောင် တိမ်တိုက်များ ကွဲအက် ကုန်ကာ၊ မုရုံခက် ရင်ဘတ်ထဲ ဓားတစ်လက် ဖြည်းဖြည်းချင်း စိမ့်ဝင် လာသည်။
“ ရွှပ် ... ။ ”
ဓား၏ ပေါက်ကွဲ အားကြောင့်၊ လွင့်စဉ် လျက်မှ၊ လင်းယွန်ထံ ဒေါင်လိုက် မျက်လုံးက၊ အလင်းတန်း တစ်ခုဖြင့် ပစ်လွှတ် ခဲ့၏။
လင်းယွန်က ရင်ဘတ် ရှေ့၌ လက် နှစ်ဖက်ကို ကန့်လန့် ဖြတ်ကာ၊ ရွှေအတောင်ပံ တစ်စုံရှိ၊ နတ်ဘုရား ရူရ်အား အသက် သွင်း လိုက်သည်။
ထို့နောက် ရွှေကျီးကန်း တောင်ပံ များကို ခေါက်လျက်၊ သူ့ရှေ့ ကာကွယ် လိုက်၏။ နတ် ရူရ်ကြောင့် အမွေး တစ်ခု စီသည်၊ သူတော်စင် လက်ရာသို့ ပြောင်းလဲ သွားသည်။
ငွေရောင် အလင်းတန်းက ရွှေကျီးကန်း တောင်ပံ များနှင့် ထိတွေ့သော အခါ၊ စူးရှသော အလင်းများ ဖြာထွက် ကုန်သည်။
ငေွရောင် အလင်းတန်းတွင် ပါရှိသော အနက်ရောင် အခိုး အငွေ့ များက ရွှေတောင်ပံ အား တိုက်စားရန် ကြံရွယ် တော့၏။
အဆိပ်သည် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ သူ့ခန္ဓာ ကိုယ်ပေါ် တိုက်ရိုက် ထိတွေ့ ခဲ့ပါက၊ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် ရွှေတောင်ပံမှ တွန်းကန် လှိုင်းတစ်ခု ပေါ်လာကာ၊ မုရုံခက်အား ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်စေ ခဲ့သည်။
“ သူ့ကို သတ် ... ။ ”
မုရုံခက်က အလောင်းငယ် များအား အမိန့်ပေး လိုက်၏။ သို့သော် လင်းယွန်က တောင်ပံ များကို ခတ်ကာ၊ မီးတောက်များ လွှတ်ထုတ် လိုက်သည်။
“ ဖရူး ... ။ ”
မီးတောက်နှင့် ထိတွေ့ မိသော အလောင်းကောင် (၁၀) ကောင်လုံး မီးစွဲလောင် ပြာကျ သွားသည်။
သို့တိုင် မီးတောက် များက မရပ်ဘဲ၊ ၎င်းတို့၏ ဝိညာဉ် များကိုပါ ဆက်လောင်ကျွမ်း ပစ်ပြီး၊ ကျမ်းစာ ရွတ်သံ နှင့် အတူ၊ ကျွတ်တမ်း ဝင်စေ ခဲ့သည်။
( ထိုကျမ်းစာကို လူဝင် စားခြင်း ကျမ်းစာ အဖြစ် သတ်မှတ် ပေ၏။ မကောင်းသော ဆန္ဒ များကို၊ အပြီးသတ် ထုတ်ပယ်ကာ၊ သန့်စင် ပေးခြင်း မည်သည်။ )
“ လူယုတ်မာ ... ငါ မင်းကို အနိုင် မယူ နိုင်ဖူး ဆိုတာ မယုံဘူး။ ”
ထိုမြင်ကွင်းကို ကြည့်ကာ၊ မုရုံခက်မှ ကျိန်ဆဲသည်။ ထို့နောက် သူတော်စင် ငရဲဓားကို မိစ္ဆာ ရောင်ဝါဖြင့် ပေါင်းစပ် ပစ်ရာ၊ အုပ်စိုးရှင် အငွေ့ အသက်မျိုး ထွက်ပေါ် လာ၏။
ဤအရာသည် ပျက်စီးနေ သော်လည်း၊ အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်သဖြင့်၊ သူ့ စွမ်းအားကို မည်သူမျှ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ချန်းတောင်တို့ သုံးဦး၏၊ ဘုန်း သူတော်စင် လက်ရာ သုံးမျိုး ဖြင့်ပင်၊ သူတော်စင် ငရဲဓားကို ဒူးထောက် ခဲ့ရသည်။
လင်းယွန်မူ ကံကောင်း သွား၏။ အရိယာ ဓားသုတ္တန်ကို လေ့ကျင့် ထားသော ကြောင့်သာ မတ်တပ် ရပ်နိုင်ခြင်း ဖြစ်သည်။
( ဒီအလောင်း ကောင် လျှော့တွက်လို့ မရဖူးဘဲ။ )
မုရုံခက်၏ တိုက်ခိုက်မှုကို ခုခံ ကာကွယ် နေလျက်မှ၊ လင်းယွန်က စဉ်းစား နေလေသည်။
“ သေ လိုက် တော့ ... ။ ”
ရုတ်တရက် မုရုံခက်က ပြေးလာပြီး ငရဲဓားဖြင့် ခုတ်ပိုင်းသည်။ မြန်လွန်း သဖြင့်၊ ကောင်းကင် အမိုး ဓား မှပင်၊ သူ့အား သတိ ပေးနိုင်ခြင်း မရှိခဲ့ချေ။
သို့သော် ငရဲဓားက သူ့အား ထိခါနီး အချိန်တွင်၊ တုန့်နှေးသွား သဖြင့် ရှောင်ချိန် ရ သွား တော့သည်။
ဤဖြစ်စဉ် အတိုင်း၊ အကြိမ်ကြိမ် ဖြစ်ပျက်နေ ပြီးနောက်၊ တစ်စုံ တစ်ရာအား လင်းယွန်မှ နားလည် လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
မုရုံခက်က ခြေလှမ်း အနည်းငယ် ပြန် ဆုတ်ကာ၊ လက်မောင်း တစ်လျှောက် ငွေရောင် အလင်းများ ထွက်ပေါ် စေလျက်၊ ဓားနှင့် ပေါင်းစပ်ရန် ကြိုးစား သည်။
“ ဟား ဟား ဟား မင်းရဲ့ သတ္တိ ကိုတော့ လေးစား ပါတယ်၊ ထွက်ပြေးလို့ ရတာတောင်၊ ခုထိ မပြေး သေးဘူး။ ”
“ မင်းက အကြွင်း အကျန် ဆန္ဒ တစ်ခုပဲ၊ တံဆိပ်ကို မချိုးဖျက် နိုင်သရွေ့ သေရမှာ၊ ဒါကို ဘာလို့ ကြောက်နေ ရမှာလဲ။ ”
လင်းယွန်က ဂရု မစိုက် စွာဖြင့် ပြန်ပြော လိုက်သည်။
“ ငါက အကြွင်း အကျန် ဆန္ဒ တစ်ခု ဖြစ်ရင်တောင်၊ မင်းလို ပုရွက်ဆိတ်ကို သတ်ဖို့ လုံလောက် ပါတယ်။ ”
သူ့လက်မှ ငွေရောင် အလင်းတန်းသည် ဓားနှင့် လုံးလုံး လျားလျား ပေါင်းစပ် နိုင်ချိန်၌၊ မုရုံခက်က ထပ်မံ ပြေးဝင် လာသည်။
“ ဓား ... ။ ”
ဤတိုက်ခိုက်မှုကို လင်းယွန်မှ အထင် မသေး ဝံ့ချေ။ လက်ကို ဆန့်ထုတ်ကာ အရိယာ ဓားသုတ္တန်အား ဖြန့်ကျက်စဉ်၊ ခရမ်းရောင် နန်းတော်ရှိ ငရဲဓား အသက်ဝင် လာသည်။
“ ဘရူး ... ။ ”
ထို့ကြောင့် မုရုံချန် လက်ထဲရှိ ငရဲဓားက ရုန်းကန်လျက၊ လင်းယွန် လက်ထဲသို့ ပျံသန်း သွား သည်ကို၊ အံ့သြဖွယ် တွေ့ရှိ လိုက်၏။
သူတော်စင် ငရဲဓားကို ဖမ်းယူ မိသည်နှင့်၊ ခန္ဓာကိုယ် ထဲသို့ များပြား လှသော စွမ်းအင်များ စိမ့်ဝင် လာသည်ကို၊ လင်းယွန်မှ ခံစား လိုက် ရသည်။
“ သေ လိုက် စမ်း ... ။ ”
အုပ်စိုးရှင် သူတော်စင် လက်ရာ များသည် နတ်ဘုရား လက်ရာ အောက်၌ ပြိုင်ဘက်ကင်း ချေ၏။
ထို့ကြောင့် မုရုံခက်အား အလွယ် တကူ နှစ်ခြမ်း ခွဲနိုင် ခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း အရာ အားလုံးက ဖြစ်ပျက် သွားခြင်း ဖြစ်၏။
အခြား သူများ အမြင်၌ ခြေ တစ်လှမ်း တက်ပြီးနောက်၊ လင်းယွန် ဒူးထောက် ကျ သွားသည် ကိုသာ၊ မြင်ရ ပေမည်။
လင်းယွန် သည်လည်း၊ နဂါး မူလ စွမ်းအင်များ ကုန်ဆုံး သွားသဖြင့်၊ ကမ္ဘာကြီး ချာချာ လည်လျက်၊ မောပန်း နွမ်းနယ် လာ လေသည်။
သူတော်စင် ငရဲဓား သည်လည်း၊ သူ့ ရောင်ဝါများ အားလုံး ကုန်ဆုံး သွားသော ကြောင့်၊ ချက်ချင်း မှိန်ဖေျာ့ သွားသည်။
“ ခရစ် ... ။ ”
“ ချ လွမ် ... ။ ”
ထိုအချိန်တွင် အက်ကွဲကြောင်း ပေါ်လာ သဖြင့်၊ အမြန် လွှတ်ချ လိုက်ရ သည်။ ဓားကျိုး စေသည့် ခန္ဓာ ကိုယ်အား ရုတ်ချည်း သတိ ရလာ သောကြောင့် ဖြစ်၏။
ပြာပုံ အဖြစ် ပြောင်းလဲ သွားသော မုရုံခက် နေရာ၌ ကျောက်စိမ်းတုံး တစ်တုံးကို တွေ့လိုက် ရသည်။
အတွင်း၌ ငရဲ ဟု ရေးထွင်း ထားသော စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။ ၎င်းအား ငရဲ သံကြိုးဖြင့် ချိပ်ပိတ် ထား၏။
ဤသည်မှာ ကျန့်ချင်းခုန် ဟူသည့် ပုဂ္ဂိုလ် ချန်ထား ခဲ့သော တံဆိပ် ဖြစ်သည်။ ၎င်းကြောင့် သာ မဟုတ်သော်၊ မုရုံခက်မှ အသက် ပြန်ရှင် လာနိုင် ပေမည်။
“ အချိန် ဆွဲနေလို့ မရဘူး။ ”
ဆေးလုံး တစ်လုံးကို သောက်လျက်၊ သူတော်စင် ငရဲဓားကို သိမ်းဆည်းပြီး၊ အမြန် ထွက်ခွာ လာခဲ့သည်။
ထိုအချိန်၌ ရွှမ်းဖိန်၊ ချန်းတောင်နှင့် ရေှာင်ခွန်တို့ တောင်ပေါ် ပြန်တက် လာသည်။ တိုက်ပွဲ မြေပြင်ကို ဝေ့ ကြည့်ပြီး၊ မျက်လုံးပြူး ကုန်၏။
“ ငွေမျက်လုံး အလောင်းကောင် သေသွား ပြီလား။ ”
“ ကျန်တဲ့ အလောင်းကောင် တွေရော ... ။ ”
“ သူတော်စင် ငရဲဓား ... ။ ”
အကြည့်ချင်း ဖလှယ်လျက်၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဟိုမှာ ... သူ အဝေး မရောက် သေးဘူး ။ ”
မိုင်တစ်ရာ အကွာ၌ ရွှေရောင် အလင်းတန်း တစ်ခု၊ ရွေ့လျားနေ သည်ကို မြင်ပြီး၊ ရှောင်ခွန် မှ ပြောသည်။
“ သူ့ နောက်ကို လိုက် ... ။ ”
သုံးယောက်သား တုန့်ဆိုင်းခြင်း မရှိဘဲ၊ လင်းယွန် နောက်သို့၊ ချက်ချင်း ပြေးလိုက် သွား တော့၏။
***