မယုံနိုင် စရာ။
Vol. 116 Ch. 1615
လင်းယွန်နှင့် မုရုံခက်၏ တိုက်ပွဲသည် တုန်လှုပ် ချောက်ချားဖွယ် ကောင်းပြီး အုပ်စိုးရှင် သူတော်စင် ငရဲဓား၏ ရောင်ဝါက၊ လူ အများ အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။
“ ဂျိန်း ... ။ ”
မိုးခြိမ်း သံများ မြည်လာ သဖြင့်၊ ထိုအရပ် ဆီသို့ ပတ်ဝန်းကျင်မှ ကျင့်ကြံသူ များက လှည့် ကြည့် လာသည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
“ ဘယ်လောက် တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ဖိအားလဲ၊ ဒါက ရတနာ တစ်ခု မွေးဖွား တော့မယ့် လက္ခဏာ မျိုး။ ”
“ သွား ကြည့် ရ အောင်။ ”
စူးစမ်းချင် စိတ်နှင့် လူတိုင်း ပျံသန်း လာသည်။ သူတို့ အားလုံးသည် အားနည်း သူများ မဟုတ်ချေ။
အနိမ့်ဆုံး အဆင့်၊ တတိယ သွေးလွှတ်ကြော နယ်ပယ် အထွတ် အထိပ်၌ ရှိကာ၊ စတုတ္တ သွေး လွှတ်ကြော တချို့ပင် ပါရှိသည်။
ထို့စဉ် တောင်ထိပ် ပေါ်မှ နေမင်းကြီး တစ်စင်း ကဲ့သို့၊ ရွှေရောင် အလင်းတန်း တစ်ခု ပြေးထွက် သွားသည်။
“ တစ်ယောက် ယောက် ရှိနေတာလား။ ”
ထိုအလင်းတန်း အတွင်း ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လူ တစ်ယောက် အား၊ မြင်လိုက် ရသည်။
လူတိုင်းက ထိုသူ မည်သူ ဖြစ်မည်ကို အတည်ပြုရန် ကြိုးစား နေစဉ်၊ နောက်ထပ် လူရိပ် သုံးရိပ် ၎င်းနောက် ပြေးလိုက် သွား သည်အား၊ မြင်လိုက် ရ၏။
“ ချန်း တောင် ... ။ ”
“ ရွှမ်း ဖိန် ... ။ ”
“ ရှောင် ခွန် ... ။ ”
နောက်မှ ပြေးလိုက်သူ သုံးဦး၏ အသွင် အပြင် ကိုမူ ရှင်းလင်းစွာ မြင်လိုက် ရသဖြင့်၊ လူတိုင်း တုန်လှုပ် သွားသည်။
တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်းမြေ၏ အုပ်စိုးရှင်များ ဖြစ်၏။
၎င်းတို့၏ တပည့်ကြီး တစ်ဦးနှင့် တေွ့ကြုံ ရရုံဖြင့်၊ ကြီးမားသော ရုန်းရင်း ဆန်ခတ် မှုအား ဖြစ်စေမည် ဖြစ်သည်။
ယခု ကဲ့သို့ သုံးဦး တစ်ပြိုင် နက်တည်း ပေါ်လာသော အခါ၊ မထိတ် လန့်ဘဲ မနေ နိုင် တော့ချေ။ ယင်းကြောင့် တောင်ထိပ် ပေါ်တွင် မည်သို့သော အချင်း အရာများ ဖြစ်ပျက်ခဲ့ သည်ကို၊ ပို၍ သိချင် လာသည်။
“ အဲဒီ ဓားသမားက ရတနာကို လုယူ သွားတာ ဖြစ်ရမယ် ... ၊ ဘယ်သူက ဒီဘီလူး သုံးကောင်ကို စော်ကားဝံ တာလဲ။ ”
လူတိုင်း သို့လော-သို့လော ဖြစ်နေစဉ် တပည့်ကြီး များ၏ အသံက၊ သူတို့ သိချင်စိတ် အား၊ ဖြေရှင်း ပေးတော့သည်။
“ လင်းယွန် ... ၊ အုပ်စိုးရှင် သူတော်စင် ဓားကို လွှဲပေးစမ်း။ ”
“ ငါတို့ လက်ကနေ လွတ်မယ်များ မင်း ထင်နေလား။ ”
တပည့်ကြီး သုံးဦးက အကန့် အသတ်မဲ့၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များအား ထုတ်ဖော် လိုက်၏။
သည့်စဉ် လင်းယွန်မှ ရုတ်တရက် ရပ်လိုက်ကာ လှည့်ကြည့် တော့သည်။ ဤလူ သုံးယောက်သည် အန္တရာယ်နှင့် ကြုံစဉ်က ထွက်ပြေးသွား ကြ၏။
ငွေမျက်လုံး အလောင်း ကောင် သေဆုံး သွားမှ သာလျှင်၊ သူတို့ပိုင် ရတနာကို လုယူခံ လိုက်ရ သကဲ့သို့၊ လိုက်လာ လေသည်။
၎င်းတို့အား ကြောက်သည်ဟု ထင်နေ ပုံရသည်။ ထို့ကြောင့် အကြည့်များ အေးစက်ပြီး သတ်ဖြတ် လိုသော ဆန္ဒများ ဖြစ်ပေါ် လာ၏။
“ ဟား ဟား ဟား ... ၊ မင်း အခု ကြောက်နေ ပြီလား။ ”
လင်းယွန် ရပ်သွား သည်ကို မြင်လိုက် သောအခါ၊ ချန်းတောင်မှ အထင်သေး စွာဖြင့်၊ လှောင်ပြောင် မေးမြန်း တော့သည်။
“ အုပ်စိုးရှင် သူတော်စင် ငရဲဓားကို လွှဲပေးပါ။ ”
ရေှာင်ခွန်မှ တိုက်ရိုက် ပြောသည်။
“ သက်တံဓား သူတော်စင်ရဲ့ တပည့် ... ၊ အခု မင်း ဘာလုပ် နိုင်လဲ ငါတို့ ကြည့်ပါ ရစေ။ ”
ရွှမ်းဖိန်က စကားဆုံး သည်နှင့် ရောင်ဝါကို ထုတ်ဖော် လိုက်သည်။ သုံးဦးသား ဒေသ တစ်ခု လုံး အပေါ်၊ ရောင်ဝါဖြင့် ပိတ်ဆို့ ပစ်၏။
ယင်းက ကြောက်စရာ ကောင်းပြီး၊ အချိန် ယန္တရား သည်ပင်၊ ထိုဖိအား အောက်၌ ပိတ်မိ ရပ်တန့် သွားလေသည်။
“ သုံးယောက် ... တစ်ယောက်လား။ ”
လင်းယွန်က သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်ကို လျော့ချခြင်း မရှိဘဲ ပြုံး လိုက်သည်။
“ အရမ်း အထင်ကြီး လွန်းပြီ ... ၊ ငါတို့ သုံးယောက်လုံး မင်းအတွက် လှုပ်ရှားဖို့ မလို ပါဘူး၊ ဒါက မင်း ထွက်ပြေးလို့ မရအောင်၊ တားဆီး ရုံပါ။ ”
“ အမှန်ပဲ ... ၊ ငါတို့ထဲက တစ်ယောက် နဲ့တင် လုံလောက် ပါတယ်၊ ငါ့ရဲ့ ကောင်းကင်ဘုံ ဓားမော့ ခန်းမနဲ့၊ ဓားဂိုဏ်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်၊...
... ဒါကြောင့် ခက်ခဲအောင် ... ၊ ငါ မလုပ် ပါဘူး၊ ဓားကို လွှဲပေးပြီး ထွက်သွား နိုင်တယ်၊ လျော်ကြေး အနေနဲ့ သူတော်စင် စွမ်းအင် အရင်း အမြစ် အချို့ပေး လိုက်မယ်။ ”
တစ်စုံ တစ်ယောက်မှ၊ အုပ်စိုးရှင် သူတော်စင် လက်ရာ တစ်ပါးကို သူတို့ ရှေ့၌ ယူဆောင် သွား သည်အား လက်မခံ လိုချေ။
ဤနေရာ၌ လူထောင်ပေါင်း များစွာ စုရုံး ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ လင်းယွန် အပေါ် အုပ်စု ဖွဲ့ရန်၊ ရှက်ရွံ့ မိသည်။
သို့သော် ဤသည်မှာ အရှေ့ဘက် ပျက်စီးခြင်း နန်းတော် ဖြစ်သဖြင့်၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ လုယက်မှုများ ရှိနေ ဦးမည် ဖြစ်သည်။
“ အုပ်စိုးရှင် သူတော်စင် လက်ရာ တစ်ပါးအတွက်၊ သူတော်စင် စွမ်းအင် အရင်း အမြစ် တဲ့လား ဟား ဟား ဟား ... ။ ”
“ မြကျောက်စိမ်း စံအိမ်ရဲ့ တပည့်ကြီး တစ်ယောက် အနေနဲ့၊ ဓားဂိုဏ်းက သက်တံဓား သူတော်စင် တပည့်ရဲ့ စွမ်းရည်ကို ကြည့်ခွင့် ပြုပါ။ ”
လင်းယွန်မှ လှောင်ပြောင် ရယ်မော လိုက်သဖြင့်၊ ချန်းတောင်မှ စိတ်မရှည် တော့ဘဲ ရတနာ ခန္ဓာ ကိုယ်ကို၊ ထုတ်ဖော်ကာ လင်းယွန်ထံ ပြေးဝင် လိုက်၏။
ကောင်းကင်ရှိ တိမ်များ တဟုန်းဟုန်း တောက်လောင် လာပြီး၊ ကြောက်မက် ဖွယ်ရာ စွမ်းအားများ ပါရှိသော လက်သီးဖြင့်၊ ထိုးချ လာသည်။
“ မင်း ... သေချင် နေတာဘဲ။ ”
လင်းယွန်က ဂရု မစိုက်ဘဲ၊ အလင်းများ ဖြာလျက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ လက်သီးနှင့် ပြန်၍ ထိုးနှက် ပစ်၏။
“ ဝုန်း ... ။ ”
လက်သီး နှစ်လုံး တိုက်မိ သွားကာ၊ ကောင်းကင်နှင့် မြေကြီးအား တုန်ခါ စေသည့် လှိုင်းများ ဖြစ်ပေါ် လာသည်။
လင်းယွန်၏ နဂါး ရူရ်များ ကွဲအက်သွား သော်လည်း၊ နဂါးပြာ အရိုးမှ ချက်ချင်း ပြန်၍ ပြုပြင် ပေး၏။
တစ်ဖက်တွင် ချန်းတောင်၏ လက်သီး၌ အက်ကွဲကြောင်း တစ်ခု ပေါ် လာပြီး၊ ခြေလှမ်း ဆယ်လှမ်းခန့် နောက်ပြန် ဆုတ်သွား ရသည်။
၎င်းက လင်းယွန်ကို ထိတ်လန့်စွာ ပြန်ကြည့်ပြီး၊ နှုတ်ခမ်းမှ သွေးစအား သုတ်ယူ လိုက်၏။
“ သက်တံဓား သူတော်စင်၊ တပည့်မှန်း သိနေတာတောင်၊ မင်းက ဒီလို တိုက်ခိုက် ဝံ့တာ လား၊ ငါ့နေရာမှာ ထျန်ရွှမ်ဇီ တပည့်ဆို မင်း တိုက်ရဲလား၊ ...
... ငါ့ဆရာ သက်တံဓား သူတော်စင်က၊ ဒီရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ကံကြမ္မာကို အခုထိ ဆုံးဖြတ်ပေး နိုင်ဆဲပဲ၊ မြကျောက်စိမ်း စံအိမ်ရဲ့ တပည့်ကြီး ဆိုတဲ့ မင်းလို လူက၊ ...
... ဒါကို လျစ်လျူရှု ဝံ့ သလား၊ ဒီနေ့ မင်း ဂိုဏ်းရဲ့ အကြီး အကဲတွေ ကိုယ်စား၊ သင်ခန်းစာ တစ်ခု ငါ သင်ပေးမယ် ဟမ့် ... ။ ”
ဆရာသခင် အပေါ်၊ လေးစားမှု မရှိသည့်၊ ဤအမှိုက်အား သတ်ပစ် လို၏။ မောက်မာခြင်း ဟူသော ဝေါဟာရကို ၎င်းတို့အား ပြသ ရပေ မည်။
တစ်ဖက်တွင် လူတိုင်းမှ မျက်လုံး ပြူးကုန်၏။ သက်တံဓား သူတော်စင် တပည့် ဟူသော ဖြစ်တည်မှုအား သတိ ရလာသည်။ မယုံနိုင်ဖွယ် လွှမ်းမိုး နိုင်စွမ်း ရှိချေ။
ဤလူ သုံးယောက်သည် သက်တံဓား သူတော်စင် တပည့် ဟူသော သူနှင့် စကား ပြောရန်၊ အရည် အချင်း မပြည့် မီကြောင်း လင်းယွန်မှ ပြသ လိုနေသည်။
“ ဟား ဟား ဟား ... ၊ မင်းက သက်တံဓား သူတော်စင် တပည့် ဖြစ်နေ ရင်တောင်၊ ဘာများ လုပ်နိုင် ဦးမှာလဲ၊ ... ဟိတ် ။ ”
နှစ်ဦးသား နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံ လိုက်ကြသည်။ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းများ ပျံ့ကား လာ၏။
၎င်းက ရှေးဟောင်း သားရဲကြီး နှစ်ကောင် တိုက်ခိုက်နေ သကဲ့သို့၊ ပြင်းထန် လှလေသည်။ သွေးသား စွမ်းအင်များ ပွက်ပွက်ဆူ လာပြီး၊ ဖိအားက ပတ်ဝန်ကျင်သို့၊ အဆက် မပြတ် ကျဆင်း နေ၏။
“ နဂါး ထွက်သက် ... ။ ”
“ ပြိုင်ဘက်ကင်း နတ်ဘုရား ... ။ ”
အဆုံး စွန်သော လှုပ်ရှားမှု များကို ထုတ်လွှတ် လိုက်ကြပြီး၊ ကိုယ်လုံး ကိုယ်ပေါက် များအား နောက် တစ်ဆင့်သို့ တွန်းထုတ် တော့သည်။
အချိန်ကြာ လာသည် နှင့်အမျှ၊ နဂါးပြာ အရိုး၏ ပြန်လည် ဖြည့်တင်း နိုင်စွမ်းကြောင့် လင်းယွန်မှ အသာစီး ရလာသည်။
ချန်းတောင် သည်သာ ယိမ်းယိုင်လျက် ပါးစပ်မှ သွေးများ စီးထွက် လာပြီး နောက်ဆုတ် သွားရသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် နဂါး ရူရ် လေးသောင်းဖြင့် ဖွဲ့စည်း ထားသော နဂါးကြီးကို စီးနင်းလျက် လင်းယွန်က လိုက်ပါ လာ၏။
သည်မြင်ကွင်းက လူတိုင်းကို မျက်လုံးပြူး သွားစေသည်။ လင်းယွန်၏ မိုးပြာ နဂါး ကြီးမှာ မြန်၏။
၎င်းကို ဓား ရောင်ဝါဖြင့် ပေါင်းစပ် လိုက်သော အခါ၊ မိုးပြာ နဂါးမှာ ပို၍ ထင်ရှား လာသည်။
ယင်းသည် ဒုတိယ သွေးလွှတ် ကြောမှ တစ်စုံ တစ်ဦး ပိုင်ဆိုင် သင့်သော ခွန်အားမျိုး မဟုတ်ချေ။ ကြောက်စရာ ကောင်းချေပြီ။
***