← Chapters

ဘုန်း သူတော်စင် လက်ရာများ။

Vol. 116 Ch. 1616

ဘုန်း သူတော်စင် လက်ရာများ။

Vol. 116 Ch. 1616

နဂါး ရောင်ဝါကို စီးနင်းလျက်၊ ချန်းတောင် နောက်သို့ လိုက်ပါ နေသော ဤမြင်ကွင်းက လူ အများကို ထိတ်လန့် စေသည်။

“ ကြောက်စရာ ကောင်းလိုက်တာ၊ သက်တံဓား သူတော်စင် တပည့်က အရမ်း သန်မာတယ်။ ”

“ သူ ပြောတာ မှန်တယ် ... ၊ သူသာ ထျန်ရွှမ်ဇီ တပည့် ဆိုရင် ... ဒီသုံးယောက်က အခုလို အရှက်မဲ့ ရဲမှာ မဟုတ်ဘူး။ ”

“ အခုတော့ သူ့ဆရာကို အထင် သေးတဲ့ အတွက် ဒေါသ ထွက်နေပြီ။ ”

ရပ်ကြည့် နေသည့် လူတိုင်း သွေးများ ပွက်ပွက်ဆူ လာ တော့သည်။ ချန်းတောင်၏ မျက်နှာ မည်းမှောင် သွားပြီး၊ သွေးများကို ထွေးထုတ်ကာ၊

“ ထွီ ... သက်တံဓား သူတော်စင် တပည့် ဆိုတဲ့ ရာထူးက ငါ့မျက်လုံး ထဲမှာ ဘာမှ မဟုတ် ပါဘူး၊ ဒီနေ့ မင်းကို ဒူးထောက် ခိုင်းမယ်။ ”

-ဟု ဆိုကာ၊ မျက်စိ တစ်မှိတ် အတွင်း လေထု အလယ် လှုပ်ရှားမှု ဆယ်ကြိမ် ခန့် ဖလှယ် မိကြသည်။

“ မင်း လုပ်နိုင်တာ ... အကုန် ပဲလား၊ မြကျောက်စိမ်း စံအိမ်ရဲ့ ... တပည့် ကြီးက အားနည်း လိုက်တာ၊ ငါ သွေးတောင် မပူ သေးဘူး။ ”

နှစ်ဦးသား လူချင်း အကွာတွင်၊ လင်းယွန်က လှောင်ပြောင် လိုက်သည်။

“ မင်းတို့ နှစ်ယောက် ဘယ် အချိန်ထိ စောင့်ကြည့်ဖို့ စိတ်ကူး ထားလဲ ... ၊ အုပ်စိုးရှင် သူတော်စင် လက်ရာကို မလိုချင် ဖူးလား။ ”

လင်းယွန် ဆုတ်ခွာရန် လမ်းကြောင်းကို ပိတ်ဆို့ ထားသော ရေှာင်ခွန်နှင့် ရွှမ်းဖိန် တို့ထံ၊ ချန်းတောင်မှ လှည့်ကာ အော်ငေါက်သည်။

“ ဒီနေ့ ... မင်းတို့ သုံးယောက် ... ၊ ငါ့ရှေ့မှာ ရပ်ဖို့ ... ၊ အရည် အချင်း မရှိဖူး ဆိုတာ ... ၊ ငါ ပြမယ်။ ”

လင်းယွန်က အချိန် မဖြုန်း တော့ဘဲ ကျန်နှစ်ယောက် ကိုပါ တိုက်ပွဲ အတွင်း စွဲသွင်း လိုက်သည်။

ဤတစ်ကြိမ်၌ နေနတ်ဘုရား ဖမ်းစီးခြင်း ပညာရပ် ကိုပင် အသုံးပြု မိ၏။ ဖြတ်သန်း သွား ရာ လမ်းတစ်လျှောက်၊ လေလှိုင်းများ ပျံ့ကား သွားသည်။

လင်းယွန် နောက်၌ ရွှေရောင် အမှုန် အမွှားများ ထွက်ပေါ် လာ သည်ကို ကြည့်ပြီး၊ ချန်းတောင် တို့မှာ တုန်လှုပ် ကုန်သည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

“ ထန် ... ၊ ထန် ... ။ ”

ဓား - ဓားချင်း တိုက်မိသော အခါ၌၊ ရှောင်ခွန် တစ်ယောက် လက်ဖဝါးများ ထုံကျင် သွား၏။ တစ်ချိန်တည်း မှာပင် ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်မိသည်။

လင်းယွန်မှ နောက်တစ်လှမ်း ဆုတ်ပြီး၊ ဟန်ချက် ပြင်ယူ လိုက်စဉ်၊ အနက်ရောင် ပန်း တစ်ပွင့်၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာ၏။

ပွင့်ချပ် (၄၈) ချပ်၏ ထိန်းချုပ်မှု အောက်တွင်၊ နဂါး- ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးက၊ မြစ် ကြမ်းပြင်မှ တက်လာသည်။

အနက်ရောင် ပန်းပင်လယ် အတွင်း ရပ်နေသော လင်းယွန်မှာ၊ ဆံပင်များ တဖျပ်ဖျပ် ခတ်လျက်၊ ဓား ရည်ရွယ်ချက် ထုတ်လွှတ် တော့၏။

ပြီးနောက် ကောင်းကင်ဓား ပုံစံကို၊ ထုတ်ဖော်ရာ၊ ရွှမ်းဖိန် မျက်နှာ သိသိ သာသာ ပြောင်းလဲ သွားလေသည်။

တစ်ဖက် လူ၏ ဓား ရောင်ဝါက၊ သူ့ရောင်ဝါကို ဖိနှိမ်လာ သောကြောင့်၊ ရှောင်ခွန် သည်လည်း၊ မျက်လုံးပြူး သွားသည်။

“ အရိယာ ဓားသုတ္တန် ... ။ ”

ရှောင်ခွန်မှ အော်ဟစ်ပြီး၊ သူ့ ဓားကို ပြန်ငုံ့ ကြည့်မိရာ၊ ဓားရှိ ကြက်သွေးရောင် အလင်းများ၊ မှိန်ဖျော့ လာသည်ကို၊ မြင်လိုက် ရသည်။

ငရဲ စွမ်းအင်သည် ဖြစ်စဉ်များ၊ သိုင်း ရည်ရွယ်ချက် များနှင့်၊ နဂါး မူလ အပါအဝင် အရာ ရာကို၊ ဖျက်ဆီး ပစ်နိုင်သည်။

လူ များစွာမှ အရိယာ ဓားသုတ္တန်ကို လေ့ကျင့် သော်လည်း၊ ဤလင်းယွန် ကဲ့သို့ ၊ မြင့်မားသော အဆင့် မရောက် ချေ။

တစ်ချိန်က ကျန့်ကျင်းရှန် သည်ပင် အခြားသော ဓားသုတ္တန် ကိုသာ ရွေးချယ် သည်။ ဆဋ္ဌမ အဆင့် ရောက် ပြီးနောက်၊ အရိယာ ဓားသုတ္တန်၏ စွမ်အင်းမှာ ဖျက်သိမ်းခြင်း အဆင့်၊ ဖြစ်လာ တော့သည်။

ထို့ကြောင့် ရှောင်ခွန်သည် ကျင့်ကြံမှု မြင့်မားနေ သော်လည်း ပြဿနာ အချို့ ကြုံ လာရခြင်း ဖြစ်သည်။

ငရဲစွမ်းအင်တွင် တိုက်စားခြင်း မျှသာ မဟုတ်ဘဲ သေဆုံးခြင်း၊ ပယ်ဖျက်ခြင်း နှင့် ပျက်စီးခြင်း တို့ ရောထွေး ပါဝင် နေသည်။

၎င်းသည် တိုက်စားခြင်း စွမ်းအင်နှင့်၊ ဂုဏ်သတ္တိခြင်း တူသော်လည်း၊ အတိ အကျ မတူချေ။

“ ဟိတ် ... ။ ”

အမည်ခံ ကောင်းကင် အမိုး ဓားအား ထုတ်ဖော်လျက်၊ လင်းယွန်က ရှောင်ခွန်အား တိုက်ခိုက် လိုက်သည်။

ရှောင်ခွန်၏ ကြက်သွေးရောင် ဓားမော့ ရောင်ဝါသည်၊ ငရဲ စွမ်းအင်၏ တိုက်စား နိုင်စွမ်း ကြောင့်၊ အားနည်း လာ၏။

“ ဒါ ... အမည်ခံ ကောင်းကင် အမိုး ဓားလား၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ပြိုင်ဘက်၏ ဓား ရည်ရွယ်ချက်သည် သူ့ထက်၊ ပို၍ ပြင်းထန် သောကြောင့်၊ ရှောင်ခွန် ခမျာ တဖြည်းဖြည်း ဆိုးရွား လာသည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် ချန်းတောင်နှင့် ရွှမ်းဖိန်၏ ဓားအား ရှောင်လျက်၊ လင်းယွန်မှ သူ့ထံ ဓားနှင့် ထပ်မံ ခုတ်ချ လာပြန်သည်။

ဤတစ်ကြိမ်၌ ရှောင်ခွန် တစ်ယောက် မခံနိုင် တော့ဘဲ၊ သွေး တစ်လုတ် အန်လျက်၊ လွင့်ပျံ သွား ခဲ့သည်။

“ ငါ ... ဒဏ်ရာ ရသွား တာလား။ ”

မယုံကြည် နိုင်စွာဖြင့်၊ ရှောင်ခွန် တစ်ယောက် ရေရွတ် လိုက်သည်။

“ သေ လိုက် စမ်း ... ။ ”

ချန်းတောင်က ရတနာ ခန္ဓာကို ထုတ်ဖော်လျက် လင်းယွန်ထံ ဝင်ရောက် လာသည်။

သို့တိုင် လင်းယွန်၏ ပြန်လည် တိုက်ခိုက်မှုကို ခံရ ချိန်တိုင်း၊ နောက်ပြန် ဆုတ် သွားရ၏။

“ ပျက် စီး ခြင်း။ ”

ဓား ရောင်ခြည် များက၊ ကမ္ဘာဖျက် နဂါး တစ်ကောင် ကဲ့သို့ ကြောက်မက်ဖွယ် ရောင်ဝါ များကို ထုတ်လွှတ် လာသည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးနှင့် ဓားရည်ရွယ် ချက်က ပျက်စီးခြင်း ရောင်ဝါဖြင့်၊ လုံး၀ ရောထွေး သွား၏။

“ ခလွမ် ... ။ ”

ဤတစ်ကြိမ်တွင် ချန်းတောင်၏ ကျောက်စိမ်းရောင် ခန္ဓာကိုယ်သည် ကြွေထည် ကဲ့သို့၊ လုံးဝ ကြေမွှ သွားပြီး၊ ခန္ဓာကိုယ် အစစ် အမှန် ပေါ်လွင် လာတော့သည်။

“ ရတနာ ကိုယ်ထည် ပျက်သွားပြီ။ ”

တိုက်ပွဲကို ကြည့်နေ သူတိုင်း အံ့အားသင့် ကုန်သည်။ ဤသည်မှာ မြကျောက်စိမ်း စံအိမ်မှ၊ ကျော်ကြားသော ပညာရပ် ဖြစ်၏။

“ ရွှပ် ... ။ ”

လင်းယွန်၏ ဆံပင်များ လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး၊ သူ့ဓားကို ထပ်မံ လွှဲ လိုက်သည်။

‘တော်ဝင်’ ဟူသော ဝေါဟာရ ရုတ်တရက် ပွင့်လာပြီး ရွှမ်းဖိန်၏ တိုက်ခိုက်မှုကို လွယ်လွယ် ကူကူ တွန်းထုတ် တော့သည်။

“ ဝှစ် ... ။ ”

ဓားကိုင် ရဟန်း တစ်ပါး ရွှမ်းဖိန် ဆီသို့ ပျံသန်း သွား၏။ သတ်ဖြတ်ခြင်း ရောင်ဝါသည်၊ ကြောက်စရာ ကောင်းသဖြင့်၊ ရွှမ်းဖိန် ခမျာ၊ မျက်လုံးပြူး သွားသည်။

“ သေ စမ်း ... ။ ”

ဤသည်မှာ သူ့ဓား ဖြစ်၏။ ဤသို့ အဘယ့်ကြောင့် ပြန်ကန် ထွက်လာ ရသည် ကိုမူ၊ နား မလည် နိုင်တော့ချေ။

“ ဝေါ့ ... ။ ”

သွေးအန်လျက် သူ့မျက်နှာ မည်းမှောင် သွားသည်။ ဤလင်းယွန် အပေါ်၊ မထီ မဲ့မြင် ပြုဝံ့ခြင်း မရှိ တော့ချေ။

ဤအရာက ရပ်ကြည့် နေသူ တိုင်းကို အံသြ သွားစေသည်။ တိုက်ပွဲ တစ်လျှောက်၊ ပြိုင်ဘက် သုံးဦးကို၊ လင်းယွန်မှ အလွယ် တကူ ချိုးနှိမ် ထားပေ၏။

“ နောက် မဆုတ်နဲ့ ... ၊ ဘုန်း သူတော်စင် လက်ရာကို သုံးကြ ရအောင်။ ”

ရှောင်ခွန်မှ ပြောသည်။ သူနှင့် ရွှမ်းဖိန်မှာ၊ တိုက်ပွဲ ဝင်နိုင် သေး၏။ ချန်းတောင် လောက် ဒဏ်ရာ မပြင်းထန် လှခေျ။

စတုတ္ထ သွေးလွှတ် ကြောသို့ ရောက်ရှိ လာ ပြီးနောက်၊ အရိုး များသည် သာမန် သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင်သည် အထိ၊ မာကျော လေသည်။

သို့သော် လင်းယွန် လက်၌ သတိထား နေရသည်။ ခိုင်မာသော ယုံကြည်ချက် မရှိသေး ချေ။

“ သက်တံဓား သူတော်စင် တပည့်က၊ အထင် ကြီးစရာ ကောင်းတာကို ဝန်ခံ ပါတယ်၊ တားမြစ် နည်းစနစ်လို့ ခေါ်နိုင်တဲ့ အရိယာ ဓားသုတ္တန် ကိုတောင်၊ ...

... လေ့ကျင့် ထား နိုင်တယ်၊ ဒါပေမယ့် ဒီနေရာက အရှေ့ဘက် ပျက်စီးခြင်း နန်းတော် မို့၊ တရား မျှတမှု ဆိုတာ မရှိဘူး၊ ငါတို့ရဲ့ ဘုန်း သူတော်စင် လက်ရာ တေွကို မသုံးခင်၊ အရှုံးကို ဝန်ခံပါ။ ”

ရှောင်ခွန်မှ ပြောသည်။ လင်းယွန်က စိတ်ပျက်စွာ ခေါင်းခါ ပြမိ၏။ ရွှေကြာပန်းနှင့် ဗောဓိ မျိုးစေ့အား သန့်စင် ပြီးနောက်၊ မည်သူ့ ကိုမျှ ဂရု စိုက်စရာ မလို တော့ချေ။

တန်ခိုးကြီး ဂိုဏ်း သုံးဂိုဏ်း၏ တပည့် ကြီးများ ပင်လျှင်၊ အထင် ကြီးစရာ မဟုတ်ဟု မြင်လာ မိသည်။

အဘယ့် ကြောင့် ဆိုသော်၊ ၎င်းတို့တွင် တိုက်ပွဲဝင် ဆန္ဒများ သိသိ သာသာ ပေျာက်ဆုံး နေပြီး၊ ဘုန်း သူတော်စင် လက်ရာများ အပေါ် သာ၊ အားကိုး စိတ်များ ဝင်နေ ချေ၏။

ယင်းက ပြင်ပ အရာ ဝတ္ထုများ အပေါ်၊ အချိန်ပြည့် အားကိုးခြင်း မပြုရန် သူ့အား သတိ ရာ ရောက်နေသည်။

“ မင်းတို့ရဲ့ ဘုန်း သူတော်စင် လက်ရာ တွေကို၊ အသုံး မပြုဖို့ အကြံ ပြုချင် ပါတယ်။ ”

“ ဟမ့် ... ၊ သေခြင်း တရားနဲ့ ရင်ဆိုင် နေရတာတောင် ... ၊ မင်းက မောက်မာ နေချင် တုန်းပဲ။ ”

ချန်းတောင်က ဟစ်အော်ပြီး၊ သူ၏ ဘုန်း သူတော်စင် လက်ရာကို အရင် ထုတ်ယူ လိုက် လေသည်။ ကျန် နှစ်ယောက် မှလည်း အလားတူ လုပ်ဆောင် လာ၏။

လက်နက် သုံးခုမှ ကြောက်စရာ ကောင်းသော ဖိအားများ ထုတ်လွှတ် လျက် လေဟာနယ်ကို ပိတ်ဆို့ ပစ်သည်။

သူတို့အား ကြည့်ကာ၊ လင်းယွန်မှ မျက်လုံးများ မှေးစင်း သွားသည်။ သည့်နောက် ပြုံးပြီး၊ ဓားအား ပြန်သိမ်းကာ၊ ထီးကြီး တစ်လက်အား ထုတ်ယူ လိုက်၏။

“ ကောင်းပြီ ... ၊ မင်းတို့ ဆန္ဒ အတိုင်းပဲ။ ”

“ ဘယ်လိုလဲ ... ၊ မင်းဓားက အခု သေွးပူ သွားပြီလား။ ”

ထိုမြင်ကွင်း ကြောင့် ချန်းတောင်မှာ၊ လှောင်ပြုံး ပြုံးလိုက် လေသည်။ သူ သာလျှင် လင်းယွန် လက်၌၊ အများဆုံး ခံစားခဲ့ ရသူ ဖြစ် သဖြင့်၊ သင်ခန်းစာ တစ်ခု ပြန်သင် ပေးရန်၊ ဆုံးဖြတ် လိုက်သည်။

ထို့ကြောင့် လင်းယွန် ဓားကို သိမ်းလိုက် သော အခါ၊ သူ၏ ဘုန်း သူတော်စင် လက်ရာ အား၊ ချက်ချင်း အသက်သွင်း မိသည်။

“ သက်တံဓား သူတော်စင် တပည့်၊ ဒူးထောက်ပြီး ... သေခြင်း တရား အတွက် တောင်းပန်ပါ။ ”

ထိုစကား ကြားသော အခါ၊ ရွှမ်းဖိန်နှင့် ရှောင်ခွန်မှာ မျက်ခုံးတွန့် သွားပြီး စိုးရိမ် စွာဖြင့်၊ အမြန် ပြေးလိုက် သွား ကြသည်။

ဘုန်း သူတော်စင် လက်ရာ သုံးပါး အသက်ဝင် လာပြီး၊ လင်းယွန် ပတ်ဝန်းကျင်ရှိ လေထုကို ကမောက် ကမ ဖြစ်လာ စေ၏။

***

All Chapters