လူတစ်ဦး ... ၊ ဓား တစ်လက်။
Vol. 116 Ch. 1617
နဂါးကြီးက နဂါး ထိန်းကြောင်းရေး ကျောက်ပြားမှ ထွက်ခွာကာ လင်းယွန် ဆီသို့ ပျံသန်း လာစဉ်၊ လမ်း တစ်လျှောက်ရှိ လေဟာနယ် ပုံပျက် သွား၏။
လူတိုင်းမှ ကောင်းကင်တွင် လင်းလက် နေသော ကြယ်ရောင် များကို မြင်လာ ကြပြီး၊ နဂါး ဟောက်သံများ ကြားလာ ရသည်။
ဘုန်း သူတော်စင် လက်ရာ၏ စွမ်းအား အောက်တွင် တူညီသော ကျင့်ကြံမှုရှိ၊ မည်သူ မဆို သေဆုံး သွားမည် ဖြစ်၏။
စတုတ္တ သွေးလွှတ်ကြောသို့၊ မရောက်သေး သဖြင့်၊ နဂါးပြာ အရိုး ရှိလျှင်ပင်၊ ဤတိုက်ခိုက်မှု ကို ခံနိုင်ရည် မရှိမှန်း၊ လင်းယွန် သိသည်။
ထိုကြောင့် နေ-လ ထီးကို ဖွင့်လိုက်ရာ၊ မီးတောင် တစ်လုံး ပေါက်ကွဲ လာ သကဲ့သို့၊ မီး ပင်လယ်ကြီး ဖြစ်ပေါ် ၏။
ဤဖြစ်စဉ်က ကောင်းကင် တစ်ခွင်လုံး ဖုံးလွှမ်း သွားပြီး၊ ဘုန်း သူတော်စင် လက်ရာ (၃) ပါးအား အရောင်ဖျော့ သွားစေသည်။
ချန်းတောင် ခမျာ သွေး အန်လျက်၊ စိတ်ဝိညာဉ် တုန်လှုပ် သွားသည်ကို ခံစားလိုက် ရသည်။
ရွှေ မိုးကြိုးနှင့် သွေးမိစ္ဆာ ဓားမော့ တို့ မှာလည်း၊ နေ-လ ထီးမှ တွန်းထုတ်ခြင်း ခံလိုက် ရ ပြန်သည်။
“ ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ။ ”
ချန်းတောင် တစ်ယောက် အံသြ သွား၏။ ဤမျှ တန်ခိုး ကြီးသော သူတော်စင် လက်ရာ မျိုး၊ မည်သို့ ရရှိ ခဲ့မှန်း သူ မသိချေ။
ဓားဂိုဏ်းတွင် ရှိလျှင်ပင်၊ ကူရို့ချန် ကဲ့သို့သော ထူးချွန် သူများ၏ လက်ထဲ၌ ရှိနေ သင့်သည်။
ထို့ပြင် ဤထီးမျိုး ယခင်က မမြင် ဖူးချေ။ မည်သည့် အရပ်မှ လာ သနည်း။ ဒုတိယ သွေး လွှတ်ကြောရှိ၊ လူ တစ်ယောက်မှ ဤသို့ ကိုင်စွဲ နိုင်စရာ အကြောင်း မရှိချေ။
မိုးပြာ နဂါး နေ-လ ထီးကို ပြန်ပိတ်ပြီး၊ လှံကဲ့သို့ ကိုင်ဆောင်လျက်၊ ချန်းတောင်ထံ ထိုး သွင်း လိုက်၏။
“ ငါ့ကို ကယ်ပါ ... ။ ”
ထိတ်လန့် စွာဖြင့်၊ ချန်းတောင် ခမျာ ချက်ချင်း နောက်ဆုတ် သွားသည်။ ဒဏ်ရာများ ထပ်မံ ရရှိ ခဲ့သော်၊ သူ့ အရိုးမှာ ခံနိုင်ရည် ရှိ တော့မည် မဟုတ်ချေ။
“ ဝုန်း ... ။ ”
တုန်လှုပ် သွားပြီး၊ မကြုံစဖူး ကြောက်ရွံ့ စွာဖြင့်၊ ပြန်၍ ခုခံ လိုက်၏။ ဘုန်း သူတော်စင် လက်နက် အချင်းချင်း ရိုက်မိ ပြီးနောက်၊ လင်းယွန်က ထီးကို ဖွင့်သည်။
“ ထွက် သွား ... ။ ”
နဂါး ရူရ် (၄၀၀၀၀)ကို သွန်းလောင်း လိုက်သော အခါ၊ ထီးက တောက်ပ လာခဲ့၏။ ကောင်းကင်ဘုံ (၃၆) လွှာမှ ကြယ်တာရာ များ သည်၊ ထီး၏ တည်ရှိမှုကို ခံစား ရပုံ ပေပင်။
အနက်ရောင် တိမ်များ ကွဲအက် လျက်၊ ကြယ်ရောင်များ ထီးပေါ် ဖြာဆင်း လာလေရာ၊ လင်းယွန် ဆံပင်များ တဖျပ်ဖျပ် ခတ်သွား၏။
ထို့နောက် နဂါး နှစ်ကောင် ကဲ့သို့၊ ကြယ်ရောင် များက၊ ထီးမှ ပြေးထွက် လာကာ၊ ရှောင်ခွန်နှင့် ရွှမ်းဖိန်ထံ တိုးဝင် သည်။
“ ဘာ လဲ ဟ ... ။ ”
သည်စွမ်းအားမျိုး တစ်ကြိမ်မျှ မမြင်ဖူး သောကြောင့်၊ သူတို့ နှစ်ဦး၏ မျက်နှာများ ပြောင်းလဲ သွားသည်။
နဂါး များကို ကာကွယ်ရန် အတွက်၊ ၎င်းတို့၏ ဘုန်း သူတော်စင် လက်ရာ များအား၊ လျင်မြန်စွာ အသက်သွင်း လိုက်၏။
“ ဝှစ် ... ။ ”
ရွှေကျီးကန်း တောင်ပံများ ဆင့်ခေါ်လျက်၊ လင်းယွန်က ချန်းတောင်ထံ ပြေးဝင် လာလေ သည်။
“ မင်းတို့ ဘယ်လောက် အထိ၊ သန်မာလဲ ဆိုတာ စစ်ဆေးဖို့ ... ၊ သက်တံဓား သူတော်စင် တပည့် လာပြီ။ ”
ရပ်ကြည့် နေသူ တိုင်းက သူ့ စကားကို ရှင်းရှင်း လင်းလင်း ကြားရပြီး၊ စိတ် လှုပ်ရှား လာ ခဲ့သည်။
“ ခရစ် ... ။ ”
ပြင်းထန်သော တိုက်ခိုက်မှု အောက်တွင် ကျောက်ပြား တဝိုက်၊ လှည့်ပတ် နေသော နဂါး မှာ၊ အက်ကွဲ ကြောင်းများ ပေါ်လာ၏။
ထီးနှင့် ရိုက်မိတိုင်း သွေး တစ်လုတ် အန် ရသည်။ အဆုံးတွင်၊
“ ရပ် ... ရှုံးနိမ့် တာကို ငါ ဝန်ခံတယ်၊ အခု ရပ် ... ။ ”
-ဟု တောင်းပန် တော့၏။
“ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်ရဲ့ ပြိုင်ဆိုင်မှုက ဘယ်တော့မှ မရပ်ဘူး။ ”
လင်းယွန်က အေးစက်သော မျက်နှာဖြင့်၊ ပြန်ပြောသည်။ ထို့နောက် ကျောက်ပြား ကြီးကို ထီးဖြင့် ရိုက်ခွဲ ပစ်ရာ၊ ချန်းတောင် အရိုးများ အက်ကွဲလျက်၊ လဲကျ သွား၏။
“ အား ... ငါ ... ငါ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ် ။ ”
ချန်းတောင်မှ ကျယ်လောင်စွာ ထပ်မံ အော်ဟစ် လိုက်သည်။
“ သက်တံဓား သူတော်စင်ကို ဘယ်သူမှ အရှက်ခွဲလို့ မရဘူး။ ”
လင်းယွန် မျက်လုံး များ၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ တောက်ပ လာ၏။ ဤတစ်ကြိမ်တွင် ချန်းတောင်က၊ ရတနာ ခန္ဓာ ကိုယ်ကို၊ ကန့်သတ် ချက်သို့ တွန်းပို့သည်။
“ သေ လိုက် စမ်း ... ။ ”
လင်းယွန် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး၊ နဖူး ပေါ်ရှိ ခရမ်းရောင် ရွမ်းဗက်ပုံ အမှတ် အသား၊ အသက်ဝင် လာသည်။
“ ဝှီး ... ။ ”
ထီးဆင်းသက် လာသော အခါ၊ ရတနာ ခန္ဓာကိုယ်သည် ကျောက်တုံး တစ်တုံး ကဲ့သို့၊ ထပ်မံ ကွဲထွက် သွား၏။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”
မြကျောက်စိမ်း စံအိမ်၏ တပည့်များ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ရွှမ်းဖိန်နှင့် ရှောင်ခွန် သည်လည်း ပြေးဝင် လျက်မှ မျက်လုံး ပြူးလာသည်။
“ ဒါ ... ။ ”
“ လင်းယွန် ... သူ့ကို သတ်လိုက်ပြီ။ ”
လူတိုင်း မျက်လုံးပြူး ကုန်ကြ၏။ လင်းယွန်မှ ချန်းတောင်ကို အမှန်ပင် သတ်ပစ် လိုက် လေပြီ။
“ မင်း ... မင်း ဘယ်လိုများ သတ္တိ ရှိလိုက်လဲ။ ”
ရှောင်ခွန်နှင့် ရွှမ်းဖိန်က ဒေါသတကြီး အော်ငေါက် လိုက်မိ၏။ ထိတ်လန့်မှုမှာ အတော မသတ် သေးချေ။
လင်းယွန်က ၎င်းတို့ထံ လှည့် ကြည့်လာပြီး၊
“ ငါ့ ဆရာကို အရှက် ခွဲဝံ့တဲ့ ... ၊ လူကို မသတ်ရဲ ဖူးများ ထင်နေလား၊ မင်းတို့ ကရော ဘာဖြစ်ချင်လဲ။ ”
-ဟု ပြောလိုက်သည်။
ထိုလေသံမှာ တည်ငြိမ် လှ သဖြင့်၊ ရှောင်ခွန်နှင့် ရွှမ်းဖိန်မှာ ကြောက်ရွံ့ တုန်လှုပ် လာခဲ့ သည်။
“ ဒူးထောက် ... ။ ”
သူတို့ မတုန့်ပြန် နိုင်မီ၊ လင်းယွန်က သူ့လက်ထဲရှိ နေ-လ ထီးကို ဖွင့်ကာ၊ အမိန့်ပေး လာ၏။
ကောင်းကင်၌ နေမင်း ထွက်လာ ကဲ့သို့၊ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း လင်းလက် သွားသည်။
ထီး၏ အရိပ် အာဝါသ အောက်တွင် လင်းယွန်သည် နတ်ဘုရား တစ်ဆူနှင့် တူနေပြီး၊ ပြေးဝင် နေမိသော သူ့တို့အား ပိတ်လှောင် တော့၏။
“ ဒုန်း ... ဒုန်း ... ။ ”
ဤရောင်ဝါသည် သူတို့ သည်းခံ နိုင်သည့် အရာ မဟုတ် သဖြင့်၊ တစ်ချက်ပင် တောင့်မခံ နိုင် တော့ဘဲ၊ ဒူးထောက် ကျသွားသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
သူတို့ လက်ထဲရှိ၊ ဘုန်း သူတော်စင် လက်နက် များမှာ၊ ဖြူဖပ် ဖြူရော်ဖြင့် ကြောက် ရွံ့ နေပုံ ရပြီး၊ စွမ်းအားကို မည်သို့မျှ မထုတ် ဝံ့တော့ချေ။
ထီးကို ကိုင်ဆောင်လျက်၊ တည်နေရာ ရွေ့ပြောင်း လိုက် သကဲ့သို့၊ လင်းယွန်က အနား ရောက် လာ၏။
ပြီးနောက် ထီးကို ပြန်ပိတ်ကာ၊ ရွှမ်းဖိန် ရင်ဘတ်ထဲ ထိုးသွင်း သည်။ ယင်းက ရွှမ်ဖိန်၏ သူတော်စင် ချပ်ဝတ်ကို ထိုးဖောက်လျက်၊ နှလုံးထံ ဝင်သွား၏။
ဤအရာက ရွှမ်းဖိန်အား မျက်လုံးများ ပြူးကျယ် သွားစေသည်။ မယုံကြည် နိုင်စွာဖြင့် လင်းယွန်ထံ ပြန်မော့ ကြည့်၏။
“ မင်း ... မင်း ငါ့ကို သတ်ဝံ့တယ် ... ။ ”
“ ဘာလို့ မဝံ့ ရမှာလဲ။ ”
လင်းယွန် မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊
“ မင်း မျက်လုံး ထဲမှာ ... ၊ ငါ့ ဆရာကို မမြင်လို့၊ ငါ့ကို တိုက်ခိုက်တာ မဟုတ်လား၊ ဒီတော့ မင်းက သေထိုက်တယ်။ ”
“ ငါက မိုးကြိုး ကျောင်းတိုက်ရဲ့ ... ၊ ဓားမော့ သခင်ပဲ၊ သက်တံဓား သူတော်စင်လို၊ သေလူ တစ်ယောက်ကို မျက်လုံးထဲ ထားစရာလား။ ”
ဤလင်းယွန်သည် သူ့ ဓားဂိုဏ်းမှာ၊ ရှေးဟောင်း ပျက်သုဉ်းမြေ၏ အုပ်စိုးရှင်ဟု ထင်နေခဲ့ သည်လော။
“ ဖရူး ... ။ ”
“ ဖောင်း ... ။ ”
သို့သော် လင်းယွန်က ပြန်မဖြေ တော့ဘဲ၊ နေလ ထီးကို ဖွင့်ထုတ် လိုက်ရာ၊ နှလုံးပွင့် ထွက် လာပြီး၊ ခန္ဓာကိုယ် ပေါက်ကွဲ သွားသည်။
“ ရွှမ်းဖိန် ကိုလည်း ... ၊ သတ်လိုက်ပြီ။ ”
လူတိုင်း တုန်လှုပ် သွားကာ၊ ကြောက်ရွံ့ လာတော့၏။ ဤမြင်ကွင်းကို အဝေးမှ ချောင်း ကြည့်နေ မိသည့်၊ စန်းယန်မှာ ကျောရိုး တစ်လျှောက် အေးစက် သွားသည်။
လင်းယွန် အပေါ်၊ ပြောဆို ခဲ့ မိသည့် စကားများကို ပြန် သတိ ရလာသော အခါတွင်၊ ဦးရေပြားများ ကျိန်းတွ ကုန်၏။
လင်းယွန်အား သတ်ဖြတ် လိုသည့် ရည်ရွယ်ချက် မရှိခဲ့ သည်မှာ၊ သူ့ကိုယ်သူ ပြန်၍ ကယ်တင်ရာ ရောက်ကြောင်း သိလိုက်သည်။
“ ဒီကောင်က တကယ် ထူးခြားတယ်။ ”
နဂါး ထွက်သက် ကဲ့သို့၊ လျှို့ဝှက် နည်းစနစ်ကို ပေးရန် ရက်ရော ခဲ့သော်လည်း၊ စီနီယာ အစ်ကို ရွှမ်းကို သတ်ရန်၊ တွေဝေခြင်း မရှိ ခဲ့ချေ။
ဤသည်မှာ ဓားသမား ပင်လော။ ဒေါသ ထွက်လာ ပါက၊ မည်သူ မည်သို့ ထင်ထင် ဓား ဆွဲမည် ဖြစ်သည်။
“ မင်း ... အရူးပဲ။ ”
ရှောင်ခွန်က အံကြိတ်ပြီး၊ မတ်တပ် ထရပ်သည်။ သို့သော် လင်းယွန်မှ ထီးဖွင့်ကာ၊ ဒူးထောက် ပြန်ထောက် စေ၏။
ပါးစပ်က သွေးများ စီးကျ လျက်မှ၊ ရှောင်ခွန်က လင်းယွန်ကို စိတ်ပျက် လက်ပျက် နှင့် ပြန်ကြည့် မိသည်။ ၏
“ ဝှစ် ... ။ ”
ထုံစံ အတိုင်း ထီးက လှံ ကဲ့သို့၊ သူ့ ရင်ဘတ်ထဲ ဝင်လာ၏။ ယင်းကြောင့် မီတာ တစ်ရာ အကွာသို့၊ လွင့်စဉ် သွားသည်။
သို့သော် သူ အသက်ရှင် နေသေး သဖြင့်၊ အံဩ စွာဖြင့်၊ ရင်ဘတ်ကို ပြန် ငုံ့ကြည့် မိသည်။
“ မင်း ... ။ ”
“ ဟုတ်တယ် ... ကောင်းကင် ဓားမော့ ခန်းမနဲ့၊ ကောင်းကင် မှတ်စု ဂိုဏ်းက တပည့် တွေကို ခွင့်လွှတ်ဖို့၊ ငါ့ စီနီယာ အစ်မက ...
... ငါ့ကို သတိပေး ထားတယ်၊ ဒီသဘော တူညီချက်ကို မင်း မေ့ပေမယ့် ... ငါ မမေ့ဘူး၊ ထွက် သွား ... ။ ”
လင်းယွန်က မောင်းထုတ် ပစ်သည်။ ရှောင်ခွန်ကို ထပ် မမြင် လိုချေ။ မြင်နေ ပါက သတ်မိမည် ဖြစ်သည်။
နေ-လ ထီးကို ကိုင်လျက်၊ သိုလှောင် လက်ကောက် နှစ်ကွင်းအား ကောက်ယူ လိုက်သည်။
“ မိုးပြာ နဂါး နေလ ထီးက တကယ် အသုံးဝင် တာပဲ။ ”
ပျော်ရွှင် စွာဖြင့် ထီးကို ကြည့်မိ၏။ ပန်းသင်္ချိုင်း ဓားမှာ ဘုန်းသူတော်စင် လက်ရာ ဖြစ်သည်၊ သို့သော် ၎င်းကို အသုံး ပြုခြင်းသည် နဂါး မူလအား ပို၍ ကုန်စေ၏။
နေ-လ ထီး မှာမူ၊ နဂါး ရူရ်များ ကိုသာ အသုံးပြုရန် လိုအပ်ပြီး၊ အနိုင် မယူ နိုင်သော် ထွက်ပြေးရန်၊ ခွန်အား ကျန်ပေမည်။
ကျင့်ကြံမှု အားနည်း နေ သောကြောင့်၊ ပန်းသင်္ချိုင်း ဓားကို အသုံး ပြုပြီး ပါက၊ ထိုသို့ ဆုတ်ခွာရန်၊ ခွန်အား ကျန်ရှိမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
ထို့နောက် ထိတ်လန့် တုန်လှုပ် နေသော လူအုပ်အား ချန်ကာ၊ လင်းယွန် တစ်ယောက် ပျောက်ကွယ် သွားသည်။
လင်းယွန်၏ စကားများ မှာမူ၊ သူတို့ နှလုံးသားထဲ စွဲထင် ကျန်ရစ် ခဲ့သည်။ ဆရာ သခင်၏ ဂုဏ် သိက္ခာကို လူတစ်ဦး၊ ဓား တစ်ချက် ဖြင့်၊ ကာကွယ် ပေးသွား၏။
***