← Chapters

ထူးဆန်းသော တောင်ကြား။

Vol. 116 Ch. 1618

ထူးဆန်းသော တောင်ကြား။

Vol. 116 Ch. 1618

သူ့ ဆရာအား သေလူ အဖြစ်၊ မြင်ထား ကြသော်လည်း၊ လက်ထဲရှိ ဓားက ရှေးဟောင်း ပျက်သုဉ်း မြေတွင် ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း၊ သက်သေ ပြရ ပေမည်။

အကြင် သူသည် ဆရာ သခင် အပေါ်၊ အရှက်ခွဲရန် သတ္တိ ရှိသော်၊ ထိုသူအား သတ်မည် ဖြစ်၏။

ရွှမ်းဖိန်နှင့် ချန်းတောင်ကို သတ်ပြီးနောက် နှလုံးသားမှာ ကျေနပ် သွားသည်။ ဓားဆန္ဒသည် ပို၍ ပေါ်လွင် လာ သလို ပေပင်။

“ ဒါ ... ငါ့ တာအိုလား ။ ”

လက်ထဲရှိ ဓားသည် သတ်ရန် မဟုတ်ဘဲ၊ သူ့အတွက် အရေးပါ သူ များကို ကာကွယ် ရန် ဖြစ်သည်။

ဤလူ များအား သတ်ခြင်းသည်၊ ဓားဂိုဏ်းနှင့် ဆရာ သခင်၏ ဂုဏ် သိက္ခာအား၊ ကာကွယ်ရာ ရောက်၏။

ထိုအရာကို တွေးကြည့် ပြီးနောက်၊ သူ့လမ်းစဉ်မှာ ရှင်းလင်း ပြတ်သား လာသည်။ နေ-လ ထီးကို ကြည့်လျက်၊ ပြုံးလိုက် မိ၏။

“ ဒီထီးက တကယ့်ကို အစွမ်းထက် တာပဲ။ ”

၎င်းကို မို မိသားစုမှ သွန်းလုပ်ပြီး၊ ဘုန်း ဝိညာဉ် နှစ်ပါး ဖြစ်သည့် နေနှင့် လ ဝိညာဉ်များ ပါသည်။

ယခင်က ဘုန်းနေ ဝိညာဉ်၏ အစွမ်း တစ်ဝက် မျှသာ အသုံးပြု နိုင်ခဲ့သည်။ သို့သော် ကန့်သတ် ချက်များ တဖြည်းဖြည်း ပွင့်လာပြီး၊ ပို၍ အစွမ်းထက် လာတော့၏။

နောက်တဖန် ဤသည်မှာ၊ သူ၏ ထင်မြင် ယူဆချက် မျှသာ ဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ သိပ် မသေချာ သေးချေ။

ကန့်သတ်ချက် သုံးခု ရှိသည်။ ပထမ ကန့်သတ်ချက်ကို ပယ်ဖျက် ပြီးက၊ ဘုန်း လ ဝိညာဉ်အား၊ အသက် သွင်းနိုင် ပေမည်။

“ ဒါက တော်တော် ကောင်းတဲ့ ထီးတစ်လက်ပဲ၊ ပန်းသင်္ချိုင်း ဓားကို ဘုန်းရွှေ ဝိညာဉ်နဲ့ ရေးထွင်းပြီး၊ သူ့ကို အသက်သွင်း ချင်ရင်၊ ဓား ရည်ရွယ်ချက်နဲ့၊ နဂါး မူလ လိုတယ်၊ ...

... ဒီနေ-လ ထီးကိုတော့ ... ၊ ဘုန်းနေ ဝိညာဉ်နဲ့၊ ဘုန်းလ ဝိညာဉ် နှစ်မျိုးလုံး ရေးထွင်း ထားတယ်၊ သူ့ကို သုံးဖို့ ... နဂါး ရူရ် တွေပဲ လိုတယ်၊ ဒါကြောင့် သူ့အစွမ်းက ပိုတာ။ ”

လင်းယွန်မှ သုံးသပ်၏။ နှစ်ခုလုံးမှာ ဘုန်းသူတော်စင် လက်ရာများ ဖြစ် သော်လည်း၊ မည်သည့် အရာမှ၊ ပို၍ အားကောင်း မည်ကို၊ မသိ နိုင်ချေ။

“ လောလောဆယ် အဲဒါကို ထားပြီး၊ တတိယ သွေးလွှတ်ကြော နယ်ပယ်ကို အရင် သွား ရမယ်။ ”

လူတိုင်းသည် ပျက်စီးခြင်း နန်းတော်သို့ ဝင်ရောက် ပြီးနောက်၊ ကျင့်ကြံမှု လျင်မြန်စွာ တိုးတက် နေကြသည်။

လက်ရှိ ခွန်အားမှာ၊ လုံလောက်နေ သော်လည်း၊ ထိုဘီလူး သုံးကောင်နှင့် မမြင် ရသော အန္တရာယ် များကြောင့်၊ သန်မာရန် လိုနေ သေးသည်။

ချန်းတောင်နှင့် ရွှမ်းဖိန်၏ သိုလှောင် လက်ကောက် ထဲရှိ ရတနာ များမှာ၊ လုံလောက် သော အရင်း အမြစ် ဖြစ်၏။

သို့သော် သတိ ရလာပြီး၊ မျက်ခုံးပင့် ကြည့်မိသည်။ ဤကောင်းကင်မှ လာသော ဒုက္ခ သည်သာ၊ ပြဿနာ ဖြစ်၏။

“ မတတ် နိုင်ဘူး ... ၊ အဆင် မပြေ ရင်တော့ သွေ့ရော် သော့ကို ထပ်ဖွင့် ရမှာပဲ။ ”

ဆုံးဖြတ်ချက် ချမိသည်။ ရွှေသော့အား (၆)ကြိမ် တိုင်တိုင် အသုံးပြု နိုင်ပြီး၊ တတိယ ဒုက္ခ အတွက်၊ ခံနိုင်ရည် ရှိမည်ဟု ယုံကြည်၏။

ယင်းက သူ့အား တောင်ပိုင်း ဧကရာဇ်၏ ဆက်ခံသူ အဖြစ်၊ ပို၍ ထင်မြင် စေသော အရိပ် အယောင်များ၊ ရရှိစေ ပေမည်။

လင်းယွန် တစ်ယောက် တတိယ သွေး လွှတ်ကြောသို့၊ အောင်မြင်မှု ရယူရန် ပြင်ဆင် နေချိန်တွင်၊ ဓားဂိုဏ်း၏ တပည့်ငယ် များကို ဦးဆောင်လျက်၊ မူရွယ်ချင်းမှ တောင်ကြား တစ်ခုထဲ၊ ဝင်ရောက် လာသည်။

ဤချိုင့်ဝှမ်း အတွင်း၌၊ သူတော်စင် အသီး အနှံများ ရှိနေပြီး၊ ရှေးဟောင်း အပျက် အစီးများ ကို မှုန်ဝါးဝါး မြင်နိုင် ပေ၏။ ကံကောင်း ပါက ထူးခြားသော အမွေကို ရှာတွေ့နိုင် ပေမည်။

မူရွယ်ချင်း၊ ယဲ့ဇီလင်၊ ကျောက်ယန်နှင့်၊ အခြားသော သူတော်စင် တပည့် များက၊ ကျန် တပည့်များကို ကာကွယ်လျက် လမ်းကြောင်း ရှင်းလာ ကြသည်။

ကူရို့ချန်နှင့် ရီချင်းရွှမ် မှာမူ၊ ဒဏ္ဍာရီလာ နဂါးပြာ သူတော်စင် နန်းတော်အား ရှာဖွေရန် တာဝန်ကို ထမ်းဆောင် နေရ၏။

သူတော်စင် နန်းတော် များသည် တန်ခိုးကြီးသော ဂိုဏ်း တစ်ဂိုဏ်း အတွက်ပင်၊ အလွန် ဆွဲဆောင်မှု ရှိသည်။

ထို့ကြောင့် ကူရို့ချန်နှင့် ရီချင်းရွှမ်တို့၊ အနားတွင် မရှိ ချိန်၌၊ မူရွယ်ချင်းနှင့် ယဲ့ဇီလင်မှာ အသန် မာဆုံး ဖြစ်လာ၏။

ယဲ့ဇီလင်၏ နတ်နဂါး ဓား ခန္ဓာနှင့် မျှော်လင့်ခြင်း နှင်း သူတော်စင် သွေးသည်၊ မူရွယ်ချင်းအား နားမလည် နိုင်အောင် ဖြစ် စေသည်။

အထူး သဖြင့် နတ်နဂါး ဓား ခန္ဓာသည် တတိယ သွေးလွှတ်ကြော ရောက်ရှိ ပြီးနောက်၊ ဖိအားများ ပို၍ ပေးစွမ်း ချေ၏။

လင်းယွန် ပေးထားသော နဂါးဖြူ ဓား သည်လည်း၊ ဘုန်း သူတော်စင် လက်ရာ ဖြစ်နေ သဖြင့်၊ သူမအား ပို၍ ကြောက်စရာ ကောင်းလာ စေသည်။

ထို့ကြောင့် မူရွယ်ချင်း၏ အမြင်တွင် ယဲ့ဇီလင် အရည် အချင်းမှာ၊ လင်းယွန် နီးနီး မြင့်မား ချေ၏။

လင်းယွန်မှ ထင်ရှား လွန်း သ၍သာ၊ လူတိုင်းက ယဲ့ဇီလင်၏ တည်ရှိမှုကို လျစ်လျူရှု မိကြခြင်း ဖြစ်သည်။

ကျောက်ယန် အတွက်မူ၊ မူရွယ်ချင်းမှ ခေါင်းယမ်း လိုက်သည်။ ၎င်း၏ အာရုံ များကို အားကိုးပြီး၊ လမ်းအား ရှာနေ သည်လော၊ သို့မဟုတ် ပန်းတိုင်မဲ့ လျှောက်လှမ်း နေ သည်လော၊ မသိ တော့ချေ။

တစ်နာရီ ကုန်လွန် ပြီးနောက်၊ ရုတ်တရက် ကျယ်ပြန့်သော ပန်းခင်း ကြီးထံ ရောက်ရှိ လာ လေသည်။

ပန်းခင်း အတွင်း ပွင့်နေသော ပန်း မျိုးစိတ်များသည်၊ နှင်းများ ပြည့်နှက် နေသည့်၊ ဤဒေသနှင့် မသင့်တော် လှချေ။

“ ထူးဆန်းတယ်။ ”

“ ဒီတောင်ကြားက ဘာလဲ ... ။ ”

“ ဒီပန်း တွေကို စိုက်တဲ့ ... ၊ ဉယျာဉ်မှူး သေဆုံး သွားပြီး၊ သူ့ရဲ့ သူတော်စင် မူလ ပုလဲကို ပန်းခင်း အတွက်၊ အစာ ကျွေးခဲ့ တာများလား။ ”

“ ဖြစ်နိုင်တယ် ... ၊ မဟုတ်ရင် ဒီလို ပတ်ဝန်းကျင် မျိုးမှာ၊ ပန်းတွေ သေနေတာ ကြာပြီ။ ”

ဓားဂိုဏ်း၏ တပည့် များက၊ ချိုင့်ဝှမ်းကို စိတ်လှုပ်ရှား စွာဖြင့် လှည့်ပတ် ကြည့်တော့ သည်။

သို့သော် မည်သူမျှ မလှုပ်ရှား သေးဘဲ၊ ရှေ့ဆုံး၌ ရပ်နေသော မူရွယ်ချင်းတို့ (၃) ဦးအား၊ ငေးကြည့် မိကြသည်။

ဓားဂိုဏ်းသည် စည်းလုံးပြီး၊ အမိန့်ကို လေးစားလိုက် နာကြ၏။ ဤနေရာ၌ ရတနာ များနှင့်၊ ပြည့်နေ သော်လည်း၊ မူရွယ်ချင်း အမိန့် မပါဘဲ၊ မည်သူမျှ လှုပ်ရှား ဝံ့မည် မဟုတ်ချေ။

“ ဂျူနီယာ ညီမ ဘယ်လို ထင်လဲ။ ”

မူရွယ်ချင်းမှ ယဲ့ဇီလင်အား ငဲ့ကြည့်၏။ ယဲ့ဇီလင်သည် နှင်း-လျှပ်စီး ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထား သောကြောင့်၊ သူမထက် ဤဒေသ အပေါ်၊ ပိုနားလည် ပေမည်။

“ ဒီမှာ နှင်းတွေက ... ၊ နည်းနည်း ထူးဆန်း နေတယ်။ ”

ယဲ့ဇီလင်က လက်ဆန့်ကာ၊ နှင်းများကို ဖမ်းယူ လိုက်သည်။ လက်ဖဝါးပေါ် ကျရောက် လာသော နှင်းပွင့် များက၊ တဖြည်းဖြည်း အရည်ပျော် သွား၏။

“ ဂျူနီယာ ကေျာက် ... ၊ ငါနဲ့ ဂျူနီယာ ညီမလေး သွားကြည့် လိုက်မယ်၊ မင်းက ဒီမှာ တပည့် တွေနဲ့ စောင့်နေပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ကျောက်ယန်မှ ခေါင်းညိတ် သည်။

“ ဂျူနီယာ ကေျာက်ယန် ... ။ ”

“ ဟမ် ... စီနီယာ အစ်မ၊ မင်း ငါ့ကို ခေါ်လိုက် တာလား။ ”

ကျောက်ယန်၏ မေးခွန်းကြောင့် မူရွယ်ချင်းမှ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိသည်။

“ မင်း ငါနဲ့ စကား ပြောတဲ့ အခါ ... မျက်နှာကို ကြည့်ပြီး ပြောပါ ... ၊ ဒီနေရာက နည်းနည်း ထူးဆန်း တယ်၊ ငိုင်တွေ မနေနဲ့၊ တပည့် တွေကို ဂရုစိုက်။ ”

“ ဘာတွေများ ထူးဆန်း လို့လဲ။ ”

ကျောက်ယန်က ရှက်ရွံ့သော အမူ အရာဖြင့်၊ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊

“ စီနီယာ အစ်မ စိတ်မပူနဲ့ ... ၊ ငါ ကောင်းကောင်း ဂရုစိုက် လိုက်ပါ့မယ်။ ”

လင်းယွန် ပေးခဲ့သော ဓား(၄)ကွက်ကို၊ နားလည်အောင် ကြိုးစား နေမိ သဖြင့်၊ မိန်းမော သွားခြင်း ဖြစ်သည်။

“ အရူး ... ၊ ညီမ ယဲ့ သွား ရ အောင်။ ”

မူရွယ်ချင်းမှ ပြုံးလျက် ယဲ့ဇီလင်ထံ လှည့်သွားသည်။ နှစ်ဦးသား ချိုင့်ထဲ လျှောက် လှမ်းလာ ခဲ့၏။

“ ဂျူနီယာ လင်း တစ်ယောက် ... ၊ ဘယ်တွေများ ရောက်နေ ပြီလဲ မသိဘူး။ ”

သွား နေလျက်မှ၊ မူရွယ်ချင်းက သတိ ရသွားသည်။

“ သူ မသေ နိုင်ပါဘူး ... ၊ ဒီကောင့်မှာ ဝှက်ဖဲတွေ အများကြီး ရှိတယ်၊ သူက ခဏ-ခဏ လမ်းပျောက် နေကျပါ။ ”

ယဲ့ဇီလင်က တည်ငြိမ်စွာ ပြန်ဖြေသည်။

“ လမ်းပျောက် တာလား ... ၊ ညီမ ယဲ့က တကယ် ဟာသ ပြောတတ် တာပဲ။ ”

“ ဟာသ ပြောတာ မဟုတ်ဖူး တကယ်၊ ခရီးသွားတိုင်း သူက လမ်းပျောက် နေကျလေ၊ ဒါ ပထမဆုံး မဟုတ်ဘူး။ ”

တစ်နာရီခန့် ခရီးနှင် လာပြီးနောက်၊ ရှေးကျသော သစ်ပင်ကြီး အနား ရောက်ရှိ လာသည်။

သစ်ပင် အဖျား၌ မြူများ ဖုံးလွှမ်း နေပြီး၊ ဂရုတစိုက် ကြည့်သော်၊ လျှပ်စီးများ လက်နေ သည်ကို၊ မြင်ရ ပေမည်။

သစ်ပင်၏ ပင်စည်တွင် ရှုပ်ထွေးသော ပုံစံများ ရှိပြီး၊ အန္တရာယ် အငွေ့ အသက်များ၊ ရရှိ လာသည်။

သစ်ပင် အောက်၌၊ အဘိုးအို တစ်ဦး ထိုင်နေကာ၊ ကြောက်မက်ဖွယ် ကောင်းသည့်၊ သူတော်စင် ရောင်ဝါများ စိမ့်ကျ နေ၏။

“ သူ တကယ်ရော သေနေ တာလား ... ။ ”

မူရွယ်ချင်းမှ ပြောသည်။

“ စီနီယာ အစ်မ ... ကြည့်စမ်း။ ”

အဖိုးအို ရှေ့၌ လဲကျ နေသည့်၊ အလောင်း (၁၀) လောင်းထံ၊ ယဲ့ဇီလင်မှ မေးငေါ့ ပြလိုက် လေသည်။

၎င်းတို့သည် ရှေးဟောင်း မိစ္ဆာ မျိုးနွယ်စု ဝင်များ ဖြစ်၏။ သေဆုံးပြီး သော်မှ မိစ္ဆာ အငွေ့ အသက်ကို၊ ထုတ်လွှတ် နိုင်ဆဲ ပေပင်။

သူတို့ နဖူးတွင်၊ ငွေရောင် ကြိုး တစ်စ ပါရှိသည်။ ယင်းက ငွေမျက်လုံး အလောင်း ကောင်များ ဖြစ်ချေ၏။

***

All Chapters