အကူ အညီ ... ။
Vol. 116 Ch. 1619
ယဲ့ဇီလင်နှင့် မူရွယ်ချင်း၏ မျက်နှာများ တဖြည်းဖြည်း တည်ငြိမ် လာသည်။ အလောင်း ကောင် များသည်၊ သာမာန် နတ်ဆိုး သားရဲ များထက်၊ ပို၍ အန္တရာယ် ပေးနိုင်၏။
နတ်ဆိုး သားရဲ များကို သတ်နိုင်သည့် အခါတွင်၊ အဖိုး တန်သော သားရဲ အမြုတေ အား ရနိုင် ပေမည်။
အချို့သော အမြုတေ များသည် သူတော်စင် စွမ်းအင် အရင်း အမြစ်များ ထက်ပင် ကျော်လွန် တန်ဖိုးရှိ ချေပြီ။
အခြား တစ်ဖက်တွင်၊ နတ်ဆိုး အလောင်း များကို၊ သတ်သော်မှ မည်သည့် အရာမျှ ရမည် မဟုတ်ချေ။ သတိ မပြု မိသော် အသက် ဆုံးရှုံး နိုင်၏။
“ ဒီအလောင်း တွေက သာမန် ဟုတ်ပုံ မပေါ်ဘူး၊ သူတို့ နဖူးမှာ ဒေါင်လိုက် ငေွမျက်လုံး ရှိနေတယ်။ ”
ယဲ့ဇီလင်မှ ပြောသည်။ မူရွယ်ချင်းက ခေါင်း ငြိမ့်ပြကာ၊
“ ဟုတ်တယ် ... ၊ သူတို့က ငွေမျက်လုံး အလောင်း ကောင်တွေ၊ သူတို့ရဲ့ အသွင် အပြင် အရ၊ ဝိညာဉ် မိစ္ဆာ မျိုးနွယ် ထဲက မှူးမတ်တွေ ဖြစ်နိုင်တယ်၊ ...
... အထူးသဖြင့် ထိုင်နေတဲ့ အဖိုးအိုပဲ ... ၊ သူက သာမန် အလောင်း တေွထက် အဆပေါင်း များစွာ အားကောင်းတယ်၊ ငါတို့ ချက်ချင်း ထွက်သွား ရမယ်။ ”
-သတိကြီးစွာ ပြောလိုက် လေသည်။
ဓားဂိုဏ်း၏ တပည့် များကို အန္တရာယ် မဖြစ် စေလိုချေ။
“ ခဏလေး ... ။”
ယဲ့ဇီလင် မျက်လုံး များက၊ အဖိုးအို နောက်တွင်ရှိသော သစ်ပင် ကြီးပေါ် ကျရောက် သွားကာ၊
“ ဒါက သူတော်စင် သစ်ပင် မဟုတ်ဘူး။ ”
-ဟု ပြောလိုက်သည်။
“ ဒါဆို ဘာဖြစ် နိုင်လဲ ... ။ ”
“ ကြယ်စု ... သူတော်စင် ကြယ်စင်စုလို့ ခေါ်တဲ့ နက္ခတ်ပဲ။ ”
သူတော်စင် နယ်ပယ် ရောက်ရှိ ပြီးနောက်၊ ကြယ်စွမ်းအင်သည် နက္ခတ် အဖြစ် ပြောင်းလဲ သွားပေ လိမ့်မည်။
သူတော်စင် နက္ခတ် များသည် စိတ်ကူး မယဉ် နိုင်သော စွမ်းအား များဖြင့် ပြည့်နှက် နေတတ်သည်။
သူတော်စင် နယ်ပယ် အောက်ရှိ၊ မည်သူ မဆို ၎င်းတို့အား မျက်နှာ ချင်းဆိုင် ကြည့်ဝံ့ ကြ မည် မဟုတ်ချေ။
“ သူသာ ... သူတော်စင် နက္ခတ် ဆိုရင် ၊ ငါတို့ အနား ကပ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ... သူတော်စင် နက္ခတ် တစ်လုံးက၊ နှစ်ပေါင်း ထောင် ဂဏန်း ကြာတဲ့ အထိ၊ တည်ရှိ နိုင်ပါ့ မလား။ ”
မူရွယ်ချင်းမှ မယုံချေ။
“ ဒီသစ်ပင်မှာ အသက်ဓာတ် မရှိဘူး။ ”
ယဲ့ဇီလင်မှ ထပ်ပြောသည်။ ယင်းက အမှန် ဖြစ်ကြောင်း၊ မူရွယ်ချင်း သတိထား မိလာသည်။ သူတော်စင် သစ်ပင်သာ ဖြစ်က၊ သူတော်စင် တစ်ပါးနှင့် ယှဉ်နိုင်သော သက်ရှိ ဖြစ်၏။
သို့သော် ဤသစ်ပင်ကြီး ၌မူ၊ အသက် ဓာတ် မရှိချေ။
“ ထူး ဆန်း တယ် ... ။ ”
မူရွယ်ချင်းမှ ရေရွတ် လိုက်သည်။
“ စုံစမ်း ကြည့်ရအောင်၊ အလောင်း ကောင်တွေ အသက် ဝင်လာရင် ... ၊ သူတို့ကို တားဖို့၊ နဂါးဖြူ ဓား ရှိပါတယ်၊ အဲဒီ သစ်ပင်သာ သူတော်စင် နက္ခတ် အမှန် ဆိုရင်၊ သူတော်စင် တစ်ပါးရဲ့ အမွေကို ရနိုင်တယ်။ ”
ယဲ့ဇီလင်က စိတ်ဝင် တစား ပြော၏။ သူတော်စင် နက္ခတ် တစ်လုံး၏ တန်ဖိုးသည် သူတော်စင် စွမ်းအင် အရင်း အမြစ် များ အပြင်၊ မပြည့် စုံသော နဂါး ဝိညာဉ် ပညာရပ် များထက်၊ ပို၍ တန်ဖိုး ရှိသည်။
“ ဒါပေမယ့် ... ။ ”
မူရွယ်ချင်း တစ်ယောက် တုံ့ဆိုင်း နေဆဲ ဖြစ်သည်။
“ စိတ်မပူနဲ့ အန္တရာယ်ကို ... မကြောက် တတ်ဘူး၊ ထိုက်တန် ပါတယ်၊ ပြီးတော့ နဂါးဖြူ ဓားနဲ့လည်း ကာကွယ် နိုင်မယ်။ ”
ယဲ့ဇီလင်က ကောင်းကျိုးနှင့် ဆိုးကျိုး အား၊ တွက်ဆ ထားပြီး ဖြစ်၏။ အလောင်းကောင်များ ကို နှိုးဆွ မိသော်မှ၊ ထိုက်တန် နေဆဲ ဖြစ်သည်။
ယင်းကို ဆုံးဖြတ် ထားပြီး ဖြစ်သဖြင့်၊ မူရွယ်ချင်းက မတား တော့ချေ။ ယဲ့ဇီလင်သည် လင်းယွန် ကဲ့သို့ ခေါင်းမာ ချေ၏။
“ ဒါဆို ... ငါ လိုက်ခဲ့မယ်၊ သတိ ထားပါ။ ”
ယဲ့ဇီလင်က ခေါင်းညိတ်လျက် သစ်ပင်ကြီး ဆီသို့၊ ဂရု တစိုက် ချဉ်းကပ် သွားသည်။
ထိုအချိန်တွင် လင်းယွန်မှာ အောင်မြင်မှု ရယူရန် အတွက်၊ ပြင်ဆင်မှုများ ပြုလုပ် နေဆဲ ဖြစ၏။
သူတော်စင် ဆေးလုံး များ၏ အကန့် အသတ်မဲ့ စွမ်းအင် များက၊ ကောင်းကင်ရှိ လျှပ်စီး ကြောင်းများ နှင့်အတူ အပ်စိုက် မှတ်အား ဖြတ်သန်း လာသည်။
လျှပ်စီး မီးတောက် များကြောင့်၊ ခန္ဓာကိုယ် အတွင်း ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားလာ တော့၏။
နာကျင်မှုသည် သည်းမခံ နိုင်စရာ ပေပင်။ ဒုတိယ သွေး လွှတ်ကြော ခွန်အားနှင့်၊ စတုတ္တ သွေးလွှတ်ကြောကို တိုက်ခိုက်နိုင် သည့်နောက်၊ စျေးတစ်ခု ပေးရ မည်မှာ သဘာဝ ဖြစ်သည်။
ဤလောက၌ ဖြတ်လမ်း မရှိချေ။ အိုင်းရစ် ဓားသူတော်စင်နှင့် တောင်ပိုင်း ဧကရာဇ် အမွေ ကို ဆက်ခံ ခြင်းဖြင့်၊ သူ့၌ မယုံ နိုင်ဖွယ် အခြေခံ အုတ်မြစ်မျိုး ရရှိထား ခဲ့သည်။
ထိုအခြေခံ အုတ်မြစ် ကြောင့်ပင်၊ ခံစား ရသော ဒုက္ခမှာ၊ အခြား သူများထက် ပို၍ ပြင်း ထန်၏။
၎င်းကို ဖြတ်ကျော် နိုင်ခဲ့ ပါက၊ ချောမွေ့ လာမည် ဖြစ်ပြီး၊ တူညီသော မျိုးဆက်များ ကြား ပြိုင်ဘက်ကင်း ပေလိမ့်မည်။
မဖြတ်ကျော် နိုင်သော် အသက် ဆုံးရှုံးမည် ဖြစ်၏။ ဤသည်မှာ ကောင်းကင်ကို စိန်ခေါ်မည့် လူငယ် တိုင်း၏ လမ်းစဉ် ပေပင်။
သူ့ ခန္ဓာကိုယ် အတွင်း၊ စုစည်း ထားသော စွမ်းအားသည် ထိန်းမနိုင် သိမ်း မရဖြင့်၊ သူ့အား ဝါးမြို တော့သည်။
ဤသို့ စွမ်းအင် အမျိုးမျိုးမှ၊ ပရမ်း ပတာ ဖြစ်မည်ကို ခန့်မှန်း ထားပြီး ဖြစ်သဖြင့်၊ ဓား ဝိညာဉ်များ ထုတ်ကာ ထိန်းလိုက် ရ၏။
“ ကြည့်ရတာ ငါ ခံနိုင်မဲ့ ပုံ မပေါ်ဘူး ... ။ ”
ညာ လက်မောင်း၌ အက်ကွဲ ကြောင်းများ ပေါ်လာ သဖြင့်၊ တစ်ကိုယ်တည်း ရေရွတ် လိုက် မိသည်။
လျှပ်စီးများ လက်နေသော မိုးကြိုး တိမ်တိုက် များထံ မော့ကြည့် မိရာ၊ ရက်စက် ကြမ်းကြုတ် သည့် သားရဲ အဖြစ်၊ ဖွဲ့စည်း နေသည်ကို မြင်လိုက် ရ၏။
ခဏ အကြာတွင်၊ ကြက်သွေးရောင် မျက်ဝန်း တစ်စုံက၊ မိုးကြိုး တိမ်တိုက်များ ကြား၌ ပေါ်လာသည်။
ထိုမျက်ဝန်း တစ်စုံ ပေါ်လာသော အခါ၊ ပတ်ဝန်းကျင် တစ်ခုလုံး ကြောက်မက်ဖွယ် တိတ်ဆိတ် သွားပြီး၊ မြေပြင်က တုန်ဟည်း သွား၏။
ဤမြင်ကွင်းက ထူးဆန်း လွန်း သဖြင့် သွေ့ရော် သော့အား ချက်ချင်း ဖွင့်ကာ ပြင်ဆင် လိုက်ရသည်။
“ ခရစ် ... ။ ”
နှလုံးခုန်သံ မြန်လာပြီး၊ ရွှေသော့ တိုးထွက် လာ၏။ အဖြူရောင် စွမ်းအင် များက ခန္ဓာကိုယ် အနှံ့၊ ပျံ့နှံ့ ဝင်ရောက် လာကာ၊ ဒဏ်ရာ အားလုံး စက္ကန့်ပိုင်း အတွင်း၊ ပြန်လည် ကောင်းမွန် လာသည်။
နဖူးမှ ရွှေလူသားက ထိုစွမ်းအင်ကို စုဆောင်းလာ သဖြင့်၊ ဓား ပင်လယ် တစ်ခုလုံး တုန်လှုပ် သွားသည်။
“ လာ ခဲ့ ... ။ ”
ကြက်သွေးရောင် မျက်ဝန်း တစ်စုံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ်ပြီး၊ လျှပ်စီး စပါးအုံး မြွေကြီး အဖြစ် ထင်ရှား လာသည်။
“ ဖျစ် ... ။ ”
လေဟာနယ် အက်ကွဲ ကြေမွ သွားကာ၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ လင်းယွန် သွေးများ အေးခဲ ကုန်၏။
ရွှေသော့မှ အဖြူရောင် စွမ်းအင်များက စုပုံလာပြီး၊ အဘိုးအို တစ်ဦး အဖြစ် လျင်မြန်စွာ ဖြစ်ပေါ် လာသည်။
“ ဓား ... ။ ”
အဖိုးအိုက ဟောက်ပြီး ရွှေ လူသားနှင့် ရွှေနဂါးကို လင်းယွန်၏ ဓား ပင်လယ် အတွင်းမှ ထုတ်ယူ လေသည်။
“ ရွှပ် ... ။ ”
ဓားဝိညာဉ် နှစ်ပါးက ကြီးမားသော၊ ရွှေဓား အဖြစ်၊ လျင်မြန်စွာ ပေါင်းစပ် သွားပြီး၊ လျှပ်စီး စပါးအုံး မြေွကို၊ နှစ်ခြမ်း ခွဲပစ် လိုက်သည်။
တတိယ နဂါး သွေးလွှတ် ကြောက ခန္ဓာကိုယ် အတွင်း လျင်မြန်စွာ ဖြစ်ပေါ် လာ၏။ ၎င်းသည် ခရမ်းရောင် နန်းတော်ရှိ နဂါး မြစ်ကို နှစ်ဆ တိုး၍ လျင်မြန်စွာ ချဲ့ထွင် ပေးသည်။
ရွှေသော့မှ လာသော စွမ်းအားသည် လင်းယွန်အား၊ တတိယ သွေး လွှတ်ကြော အထွတ် အထိပ်သို့၊ လျင်မြန်စွာ ရောက်ရှိ စေခဲ့သည်။
တစ်ချိန်တည်း မှာပင် အဖိုးအိုက တဖြည်းဖြည်း ပျောက်ကွယ် နေတော့၏။ ဤသည်မှာ သွေရော် မဟာ သူတော်စင်၏ အကြွင်း အကျန် ဆန္ဒ ဖြစ်သည်။
“ ငါ မင်းကို ကူညီ ပေးမှာပေါ့၊ ဒါက ကောင်းကင် ဒုက္ခလေး တစ်ခု ပဲလေ၊ ဓား တစ်ချက် စာပါ။ ”
အဖိုးအိုက ရွှေဓား ကိုင်ထား လျက်မှ ပြုံးလိုက်၏။ သည့်နောက် ရွှေဓား ကွဲသွားကာ၊ ရွှေ လူသားနှင့် ရွှေနဂါး အဖြစ်၊ ဓား ပင်လယ် အတွင်းသို့ ပြန်ဝင် လာသည်။
“ ကျေးဇူး တင်ပါတယ်၊ စီနီယာ သွေ့ရော် ... ။ ”
လင်းယွန်မှ လက်ဝှေ့ ယမ်းပြီး ဦးညွှတ် လိုက်စဉ်၊ သွေ့ရော် မဟာ သူတော်စင် ကြီးမှာ၊ ပျောက်ကွယ် သွားသည်။
သူ့ ဒုက္ခသည် လျှပ်စီး စပါးအုံး မြေွ တစ်ကောင် သာ ဖြစ်သော်လည်း၊ များစွာ ကြောက်စရာ ကောင်းချေ၏။
သွေ့ရော် မဟာ သူတော်စင်သာ မရောက်လာ ပါက၊ ၎င်းကို ကိုင်တွယ် ဖြေရှင်း နိုင်မည် မဟုတ်ချေ။
“ ကြည့်ရတာ ... နောက်ထပ် ဒုက္ခတွေ ခံယူတဲ့ အခါ၊ ဒီထက်ပို သတိထား ရတော့မယ့် ပုံပဲ။ ”
မည်သို့ပင် ဆိုစေ ကာမူ၊ တတိယ သွေး လွှတ်ကြော ရောက်ရှိပြီး ဖြစ်သဖြင့်၊ နတ်လိပ် အသွင် ပြောင်းနည်းကို လေ့ကျင့် နိုင်ပြီ ဖြစ်သည်။
“ အခုချိန် ရွှမ်းဖိန်တို့ သုံးယောက်နဲ့ ... ၊ ပြန်တိုက် ရမယ် ဆိုရင်၊ လွယ်လွယ်နဲ့ ငါ ရိုက် နိုင်ပြီ။ ”
ယုံကြည်မှု အပြည့်ဖြင့် ရေရွတ် လိုက်၏။ ရောင်ဝါ တည်ငြိမ်အောင် လုပ်ရန်၊ နေ့ တဝက် ခန့် ထပ်ပြီး အချိန် ယူ ပြီးနောက်၊ အဓိပတိ နဂါး လက်သီးအား လေ့ကျင့် ခဲ့သည်။
တံဆိပ် သုံးခု ဖြစ်ပေါ် လာ သည်နှင့်၊ ပြိုးပြက် လင်းလက် နေသော ရောင်ခြည်တော် သုံးစင်း ထွက်ပေါ် လာသည်။
တစ်ချိန်တည်း မှာပင်၊ နဂါး ခန္ဓာ၊ အရိယာ ဓားသုတ္တန်နှင့်၊ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း တို့ကို၊ အသက်သွင်း လိုက်သည်။
စွမ်းအင် အားလုံးကို လက်၌ စုစည်း လိုက်သော အခါ၌၊ အကန့် အသတ်မဲ့ နဂါး ရောင်ဝါ ပေါ်လာ၏။
လက်များကို (၁၈)ကြိမ် အပြောင်း အလဲ ပြုလုပ် ပြီးနောက်၊ သူ့နဂါး ရောင်ဝါသည် (၁၈) ဆ တိုလာ တော့သည်။
တတိယ သွေးလွှတ်ကြောသို့ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ သွေးသား စွမ်အင်မှာ အမှန် တကယ် ပြောင်းလဲ သွားခဲ့သည်။
“ အဓိပတိ နဂါး တံဆိပ်။ ”
နဂါး ရောင်ဝါ ကန့်သတ်ချက် ပြည့်သွား ချိန်၌၊ ထူးခြား လေးနက်သော တံဆိပ် တစ်ခု သူ့လက်၌ ပေါ်လာသည်။
ယင်းက ရွှေရောင် ဖြစ်ပြီး၊ ဖိနှိပ် ချုပ်ချယ် လိုသော နဂါး ရောင်ဝါသည် သူ့ထံမှ လွင့်ထွက် သွားသည်။
လက်ဖဝါးမှ တံဆိပ်သည် နေမင်းကြီး အလား၊ အပြည့် အ၀ လင်းလာကာ၊ မိုင်တစ်ရာ ပတ်လည် အတွင်း ရှင်းလင်း သွား၏။
“ ဒါက အစွမ်းထက် လွန်းတယ် ... ။ ”
ဤနည်းစနစ်အား အဓိပတိ ဟူသော အမည်နှင့် တွဲစပ် ပေးထား ရသည့် အကြောင်း ကို၊ နားလည် လာမိသည်။
ကျောက်တိုင် ပေါ်ရှိ၊ မှတ်တမ်း များ အရ၊ နဂါး တစ်ထောင် လွှတ်နိုင်မည့် နေ့မျိုး တွေးပြီး၊ စိတ်လှုပ်ရှား လာတော့သည်။
***