အချိန် ကျပြီ။
Vol. 116 Ch. 1620
ကျင့်ကြံမှု တည်ငြိမ်အောင် လေ့ကျင့် ပြီးနောက် အဓိပတိ နဂါး လက်သီးကို စတင် လေ့ကျင့် လိုက်သည်။
၎င်းတွင် ပါရှိသော ရည်ရွယ်ချက်အား ထုတ်ဖော်ရန်၊ အကန့် အသတ်မဲ့ သွေးသား စွမ်းအင်များ ပါရှိသည်။ ယခင် အချိန်၌ မည်မျှပင် လေ့ကျင့် စေကာမူ၊ ကနဦး ကျွမ်းကျင်မှု ကိုသာ ရရှိ ခဲ့သည်။
ဤသည်မှာ နဂါး ဝိညာဉ် ပညာရပ် ဖြစ်သဖြင့် မပြည့်စုံ လျှင်ပင်၊ ဒုတိယ သွေးလွှတ် ကြောမှ တစ်စုံ တစ်ဦး လေ့ကျင့် နိုင်သော အရာမျိုး မဟုတ်ချေ။
တတိယ သွေးလွှတ် ကြောသို့ ရောက် သည်နှင့်၊ နဂါး တစ်ကောင်နှင့် ယှဉ်နိုင်သည့် သွေးသား စွမ်းအင် ရရှိသည်။
သို့သော် လင်းယွန် အတွက်မူ၊ နဂါး (၁၀) ကောင်နှင့် ညီမျှသည့် သွေးသား စွမ်းအင်များ ရှိလာ၏။
ထို့ကြောင့် ပထမ နေ့၌၊ အကြိမ် (၅၀၀၀) ကြိုးစား ခဲ့ပြီး၊ ဒုတိယ နေ့တွင် အကြိမ် (၆၀၀၀) ကြိုးပမ်း မိသည်။
ပင်ပန်း နွမ်းနယ် လာချိန်တိုင်း၊ ရွှမ်းဖိန်နှင့် ကျန်းတောင် တို့၏ သူတော်စင် စွမ်းအင် အရင်း အမြစ် များကို၊ သောက်သုံး သည်။
သုံးရက် မြောက် နေ့၌ အကြိမ်ပေါင်း (၈၀၀၀) ကြိုးစား ပြီးနောက်၊ လုံးလုံး မောပန်း သွားသည်။
တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ လျက်၊ ချက်ချင်း အိပ်ချင် လာလေသည်။ သို့သော် မရပ် ဝံ့ချေ။ ကြိုးစား အားထုတ် မှုများ အားလုံး၊ မြောင်းထဲ ရောက်သွား နိုင်သည်။
ခြောက်ရက် ကုန်လွန် ပြီးနောက်၊ နဂါး တစ်ထောင် အထိ၊ ထုတ်လွှတ် လာနိုင် ခဲ့သည်။
“ နတ်နဂါး ပျံဝဲခြင်း ... ။ ”
လေထဲတွင် နဂါးများ ဝဲပျံလျက်၊ သူ လွှတ်ထားသော ရောင်ဝါသည်၊ ပဉ္စမ သွေးလွှတ် ကြောသို့ ရောက်ရှိ လာသည်။
“ ပြန် လာ ခဲ့ ... ။ ”
လင်းယွန်မှ ပြန်ခေါ် လိုက်သည်။ နဂါး တစ်ထောင်က လက်၌ ရစ်သိုင်း လာပြီး၊ သူ၏ သွေးသား စွမ်းအင် များကို၊ သောက်သုံး တော့သည်။
“ ဝုန်း ... ။ ”
လက်သီး ဆုပ်ပြီး အဝေးရှိ တောင်တစ်လုံးထံ ထိုးချ ပစ်လိုက်၏။
“ အရမ်း ကောင်းတယ်။ ”
နဖူး၌ ချွေးများ သီးလာပြီး၊ ရွှင်မြူး သွားလေသည်။ နောက်ဆုံး၌ အဓိပတိ နဂါး လက်သီးကို၊ အောင်မြင် သွားပြီ ဖြစ်၏။
ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့ ရောက်သော်၊ နဂါး အရေ အတွက် တိုးလာကာ၊ ကြောက်စရာ ကောင်းသော ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာပေ လိမ့်မည်။
ဤဝှက်ဖဲဖြင့်၊ ကောင်းကင်ယံ ဂိုဏ်းရှိ မည်သူ့ ကိုမျှ ကြောက်စရာ မလိုချေ။ ကျင့်ကြံမှု အားနည်း သော်လည်း၊ ကောင်းကင် အမိုး ဓား ကြောင့်၊ ပြိုင်ဘက်အား လက်ချိုး ရေ၍ ရပေမည်။
ဖြစ်နိုင်ချေ ရှိသော ခြိမ်းခြောက် နိုင် သူမှာ၊ ချင်းတန်သာ ရှိသည်။ ကောင်းကင် ယံ ဂိုဏ်း၏ တပည့်ကြီး ဖြစ်ပြီး၊ ထျန်ရွှမ်းဇီမှ ၎င်းအား ကိုယ်တိုင် သင်ကြား ပေးထားသည်။
“ ဓားဂိုဏ်းက တပည့် တွေနဲ့ စုံဖို့ အချိန် တန်ပြီ။ ”
အရှေ့ဘက် ပျက်စီးခြင်း နယ်မြေသည် နတ်ဘုရားများ အတွက် စစ်မြေပြင် ဖြစ်ခဲ့ရာ၊ တားမြစ်ဇုန် အများ အပြား ရှိသည်။
တစ်လ ကုန်လွန် ပြီးနောက် အရင်း အမြစ် များစွာ ရိတ်သိမ်း နိုင်ခဲ့ကြ သော်လည်း၊ အများ စုမှာ၊ မကျေနပ် ကြသေးပေ။
အထူး သဖြင့် နေရာ အနှံ့၌၊ သူတော်စင် များ၏ အမွေကို ရှာဖွေ နေသူများ ရှိနေ ကြ လေသည်။
အဘယ်ကြောင့် ဆိုသော်၊ သာမာန် သူတော်စင် အသီး အနှံ များဖြင့်၊ မကျေနပ် နိုင် တော့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဆိုင် မှုများ ပို၍ ပြင်းထန် လာတော့သည်။
***
လင်းယွန် သည်သာ အရာ အားလုံးကို လျစ်လျူရှုလျက်၊ ပျံသန်း နေသည်။ ထိုအချိန်၌ သူ့ခါး ပေါ်ရှိ တံဆိပ်မှ၊ တုန်ခါလျက် အချက် ပြလာသည်။
“ တပည့် တစ်ယောက်လား။ ”
မိုင်တစ်ရာ အကွာ အဝေး အတွင်း ဓားဂိုဏ်း၏ တပည့် တစ်ဦး ရှိနေ သည်ဟု အဓိပ္ပါယ် ရ၏။
“ ဟိုဘက် မှာ ... ဖြစ်ရမယ်။ ”
အချိန် အတော်ကြာ ပျံသန်း ပြီးနောက်၊ နန်းတော် ခေါင်းမိုး တစ်ခုပေါ် ဆင်းသက် လိုက် သည်။
မဝေး ကွာသော အရပ်၌၊ လူလေးဦးမှ တစ်ဦကို ဝိုင်းရံ ထားသည်အား၊ တွေ့လိုက်မိ သောကြောင့် ဖြစ်သည်။
လေးဦး အဖွဲ့သည် သန်မာပြီး၊ အထွတ် အထိပ်၊ တတိယ သွေးလွှတ်ကြော နယ်ပယ်၌ ရှိ၏။
အဖွဲ့ ခေါင်းဆောင်မှာ၊ စတုတ္ထ သွေး လွှတ်ကြောတွင် ဖြစ်သည်၊ ၎င်း ရောင်ဝါသည်၊ ရွှမ်းဖိန်နှင့် ရှောင်ခွန်ထက် အား မနည်းချေ။
ထိုလူငယ်သည် ကောင်းကင်ယံ ဂိုဏ်း၌၊ အတွင်း တပည့် အဆင့်တွင်၊ ထိပ်ဆုံး (၁၀) ဦး နေရာ ရယူ ထားနိုင် ပေမည်။
အဝိုင်းခံ ထားရ သူမှာ၊ ဓားဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်၏။ သန်မာ သော်လည်း၊ ၎င်းတို့နှင့် ဘက်ပြိုင် တိုက်ခိုက် နိုင်သူ မဟုတ်ချေ။
သူ ထွက်ပြေး ချင်တိုင်း၊ အနက်ဝတ် လူငယ်မှ၊ လှောင်ပြောင်ပြီး ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရအောင်၊ ရိုက်နှက် ပစ်သည်။
ဤဖြစ်စဉ်မျိုး အကြိမ်ကြိမ် ဖြစ်ပျက် နေသဖြင့်၊ ဓားဂိုဏ်း တပည့်၏ အရှိန် အဝါမှာ၊ တောင့်မခံ နိုင်တော့ချေ။
( ကုန်း စွန် ယန် ... ။ )
ထိုမှသာ လင်းယွန်က မှတ်မိ သွား၏။ ကောင်းကင်ယံ ဂိုဏ်းမှ၊ ထိပ်သီး တပည့် တစ်ဦး အနေဖြင့်၊ အဘယ့်ကြောင့် ကုန်းစွန်းယန်အား ရိုက်နှက် နေမှန်း နားမလည် တော့ချေ။ အံ့ဩ စရာ ပေပင်။
( ရတနာ တစ်ခုခု ကြောင့်လား။ )
“ ကောင်းကင်ယံ ဂိုဏ်းက လူတွေက အုပ်စုဖွဲ့ အနိုင် ကျင့်ဖို့ပဲ သိတာလား။ ”
သူ အတွေးများ နေစဉ်၊ ကုန်းစွန်းယန်က အနက်ဝတ် လူငယ်ကို မော့ ကြည့်ပြီး၊ အံကြိတ် စကား ဆို လိုက်သည်။ ပြီး သူ့ နှုတ်ခမ်းမှ သွေးစအား၊ သုတ်လိုက်၏။
“ မင်းကိုယ်မင်း ဘာများ ထင်နေလဲ။ ”
အနက်ဝတ် လူငယ်မှ ပြုံးပြီး ပြန်ပြော လာသည်။ ထို့နောက် လက်ကို ဆန့်တန်းလျက်၊ မီးလက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
မီးလက်ဖဝါး ကြီးက လျင်မြန်စွာ ကြီးထွားလျက်၊ နေမင်းကြီး အဖြစ် ပြောင်းလဲ သွားလေသည်။
“ ကောင်းကင်ကျမ်း— ကောင်းကင် ထက်က နေမင်းကြီး။ ”
ကုန်းစွန်းယန်၏ ဓားရောင်ဝါမှာ ချက်ချင်း ကွဲကြေ သွားခဲ့ပြီး၊ ပါးစပ်မှ သွေးများ စီးထွက် လာသည်။
“ လက် တစ်ဖက် တည်း သုံးရင်တောင် မင်းက ငါ့ ပြိုင်ဘက် မဟုတ် သေးဘူး ... ၊ ငါ့ကို ပြန်ပြောဖို့ ... ဘယ်က သတ္တိတွေ ရခဲ့ တာလဲ၊ ငါရဲ့ စီနီယာ အစ်ကို ကသာ၊ ...
... မင်းတို့ ဓားဂိုဏ်းရဲ့ ... ၊ တပည့် တေွကို ဖမ်းဖို့ မပြော ခဲ့ဖူး ဆိုရင်၊ မင်းလို လူကို စိတ်ဝင် စား မယ်များ ထင်လား။ ”
အနက်ဝတ် လူငယ်မှ အထင် သေးစွာ ပြောလာ၏။
“ မင်း ... ငါ့ကို သတ်လိုက် ... ၊ အရှက် မခွဲနဲ့။ ”
“ ဟား ဟား ဟား ... ၊ ငါ မင်းကို အရှက် ခွဲတော့ရော ဘာဖြစ်လဲ၊ မင်းက အမှိုက် တစ်စ ပါ၊ မင်းရဲ့ အရိုးတွေ ဘယ်လောက် မာလဲ၊ ကြည့်ရအောင်။ ”
အနက်ဝတ် လူငယ်မှာ အေးစက် လာပြီး၊ ရွှေရောင် အလင်းတန်း များဖြင့်၊ ကုန်းစွန်းယန် အား ဖုံးအုပ် လိုက်သည်။
ကုန်းစွန်းယန်မှ ဓား ရောင်ဝါကို ပြန်၍ စုဆောင်းရန် ကြိုးစား သော်လည်း၊ ထိုဖိအား ကြောင့် အချည်းနှီး ဖြစ်လာသည်။
“ ဒူး ထောက် ... ။ ”
အနက်ဝတ် လူငယ်က အော်ငေါက်လျက်၊ လက်ဖဝါးဖြင့် ဖိလာသည်။ သို့သော် သူ့ လမ်း၌ နဂါးပြာ တစ်ကောင် ပေါ်လာ သဖြင့်၊ လက်ကို လမ်းကြောင်း ပြောင်းကာ ရိုက်ချ လိုက်၏။
“ သေချင် နေတာလား ... ။ ”
“ ဘန်း ... ။ ”
လက်နှစ်ဖက် ရိုက်မိ သွား ပြီးနောက်၊ အနက်ဝတ် လူငယ် ခမျာ အံ့သြ ကြီးစွာဖြင့် ခြေ (၃) လှမ်း ဆုတ်လိုက် ရသည်။
တိုက်ခိုက် လာသူ၏ လက်ဖဝါးတွင် ပါရှိသော နဂါး မူလ စွမ်းအင်သည်၊ သူ ထင်ထား သည်ထက်၊ ပို၍ များပြား ခေျ၏။
လင်းယွန်က ကောင်းကင်မှ ဆင်းလာပြီး၊ လက်ဝှေ့ ယမ်းလျက် ကုန်းစွန်းယန်အား တွဲထူ လိုက်သည်။
“ လင်း ယွန် ... ။ ”
“ သူ ဒီမှာ ... ။ ”
“ စီနီယာ အစ်ကိုရန် ရှာနေတဲ့ ... ၊ သက်တံဓား သူတော်စင် တပည့် ... ဆိုသူကို သန်မာ တယ်လို့၊ ငါက ထင် နေတာ၊ တတိယ သွေးလွှတ် ကြောက အမှိုက် တစ်စပဲ။ ”
အနက်ဝတ် လူငယ်မှ လင်းယွန်၏ ကျင့်ကြံမှုကို မြင်ပြီးနောက်၊ လှောင်ပြုံးဖြင့် ပြော လေသည်။
“ လင်းယွန် ... မြန်မြန် သွား ... ၊ စီနီယာ အစ်မနဲ့ အခြား သူတွေကို၊ အင်အားကြီး ဂိုဏ်း ရှစ်ဂိုဏ်းက ပိတ် လေှာင် ထားတယ်၊ သူတို့က မင်းကို လိုက်ရှာ နေတာ။ ”
ကုန်းစွန်ယန်က လင်းယွန်အား ပြောပြ လာသည်။
“ မင်းရော ... ဘယ်လိုလုပ် လွတ်လာ တာလဲ။ ”
“ ကျောက်ယန်က ငါတို့ လွတ်အောင် အကြိမ် ကြိမ် ကြိုးစားပေး ခဲ့တယ်၊ ကံကောင်းပြီး ငါ တစ်ယောက်တည်း လွတ်လာတာ၊ ဒါပေမယ့် အခုတော့ ... ။ ”
“ ယဲ့ဇီလင်နဲ့ အစ်မ မူရော အဆင် ပြေလား။ ”
“ ငါ မသိဘူး ... ၊ သူတို့ နှစ်ယောက်က တောင်ကြား ထဲကို ဝင်သွားတုန်း၊ တိုက်ပွဲဖြစ် ကုန်တာ။ ”
“ ဒါဆို ... သွားစို့ ... ။ ”
လင်းယွန်မှ ထွက်ခွာရန် ပြင်သည်။
“ ဟား ဟား ဟား ... ဘယ် သွားမို့လဲ၊ ခဏနေ ပါဦး ... ၊ မင်းတို့ ထွက်သွား နိုင်မယ် ထင်လား၊ သူတို့ကို မလွတ် စေနဲ့ ... ဟမ့် ။ ”
***