← Chapters

ငါတို့ ဘာလုပ် သင့်လဲ။

Vol. 116 Ch. 1621

ငါတို့ ဘာလုပ် သင့်လဲ။

Vol. 116 Ch. 1621

အနက်ဝတ် လူငယ် လေးက ကုန်းစွန်းယန်နှင့် လင်းယွန်အား အေးစက်စွာ ကြည့်နေ လေသည်။

“ ချလွမ် ... ။ ”

အနားရှိ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များမှလည်း၊ သူတော်စင် လက်နက် များကို၊ ဆွဲထုတ် လိုက်၏။

သူတော်စင် ရူရ် တစ်ထောင် လက်ရာများ ဖြစ်သည်။ ယင်းက ကောင်းကင်ယံ ဂိုဏ်းမည်မျှ ကြွယ်ဝကြောင်း ပြရာ ရောက်ချေ၏။

ထိုအနက် ဝတ် လူငယ် အမည်မှာ၊ ကျောက်စွင်း ဖြစ်ပြီး၊ သူ့ ရောင်ဝါသည် ကျန်သူ များထက် ပို၍ ကြောက်စရာ ကောင်းသည်။

ကောင်းကင် ကျမ်းကို မြင့်မားသော အဆင့်သို့ ရောက်ရှိ ထား၏။ သူတော်စင် လက်နက်ကို အသုံး မပြု သော်မှ၊ အခြား သူများထက်၊ သာ၍ သန်မာသည်။

“ မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ။ ”

ကျောက်စွင်းမှ ပြောသည်။

“ ကောင်းကင်ယံ ဂိုဏ်းရဲ့ ... ၊ အတွင်း အဆင့်၊ ထိပ်တန်း ဆယ်ယောက် စာရင်းမှာ ပါတဲ့ ကျောက်စွင်း ။ ”

လင်းယွန်က တစ်ဖက် လူနှင့် ပတ်သက်သော အချက် အလက် များကို ရွတ်ဆို ပြပြီး၊

“ မင်း ... ပြောတာ မှန်တယ် ... ၊ ဒီလို တန်ဖိုးရှိတဲ့ ... ခေါင်းကို၊ ငါ မေ့တော့ မလို့၊ မထား ခဲ့ သင့်ဘူး။ ”

“ ဟား ဟား ဟား ... မင်းရဲ့ ခွန်အားနဲ့ ... ၊ ငါ့ကို သတ် မလို့လား၊ ဒါမှ မဟုတ် သက်တံဓား သူတော်စင်ကို ခေါ်မို့လား။ ”

“ ဟား ဟား ဟား ... ။ ”

အခြားသော တပည့်များ မှလည်း လိုက်လံ ရယ်မော လေသည်။ ဤလင်းယွန်သည် လက်ရှိ အခြေ အနေကို နားလည်ပုံ မရချေ။

ကောင်းကင်ယံ ဂိုဏ်းမှ လူတိုင်းသည်၊ သူ့အား ပစ်မှတ် ထားကာ၊ ရှာဖွေ နေကြခြင်း ဖြစ်သည်။

“ ဘာရယ် တာလဲ။ ”

လင်းယွန်က လှည့်ငေါက် လိုက်၏။ ရယ်မောနေသော တပည့် များမှာ၊ ရုတ်တရက် တိတ် သွားသည်။

တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း ခံစားမိစဉ်၊ လင်းယွန် ထံမှ နဂါး အငွေ့ အသက် များ ထွက်ပေါ် လာသည်။

၎င်း၏ အကြည့်သည် သူတို့ အားလုံးကို၊ အသက်ရှူ ကြပ်သွား စေခဲ့၏။ တတိယ သွေး လွှတ်ကြောမှ တစ်စုံ တစ်ဦးသည်၊ သူတို့၏ စီနီယာ အစ်ကို ကျောက်စွင်းထက် ပို၍ ကြောက်စရာ ကောင်းနေသည်။

“ သူ့ကို သတ် ... ။ ”

ကျောက်စွင်းမှ အေးစက်စွာ အမိန့်ပေး လိုက်သည်။

“ လင်း ယွန် ... ။ ”

ကုန်းစွန်းယန် တစ်ယောက် ထိတ်လန့် သွား၏။

“ ငါ့ အနား ကိုလာ၊ ခေါင်းငုံ့ပြီး မျက်လုံး မှိတ်ထား။ ”

လင်းယွန် စကား အတိုင်း၊ ကုန်းစွန်းယန်မှ လိုက်လုပ် မိသည်။ လင်းယွန်က တံဆိပ် တစ်ခု ဖွဲ့စည်း လိုက်ရာ၊ နဂါး ရောင်ဝါများ တိုးပွား လာ၏။

“ ဖောင်း ... ။ ”

စက္ကန့်ပိုင်း အတွင်း၊ နဂါး ရောင်ဝါများ အဆပေါင်း၊ နှစ်ဆယ်ခန့် တိုးလာ တော့သည်။ ထိုတံဆိပ် နှင့်၊ ထိပ်တိုက် တွေ့ကုန်သော ရန်သူများ အားလုံး ပေါက်ကွဲ ကုန်၏။

“ လွယ်လိုက်တာ ... ။ ”

ကျောက်စွင်း မျက်နှာ ပြောင်းလဲ သွားပြီး ပါးစပ် ဟောင်းလောင်း ဖြစ်လာ၏။ လင်းယွန်မှ အန္တရာယ် အငွေ့ အသက် ရသဖြင့် စုံစမ်းရန် ဤတပည့် များကို စေခိုင်းခြင်း ဖြစ်သည်။

သို့သော် တစ်ချက် တည်းနှင့် သေကုန် ကြ၏။ အတွေး တစ်ချက်ဖြင့်၊ ကောင်းကင်မှ နေမင်း အား ထုတ်ဖော် လိုက်သည်။

ယင်းက ကုန်းစွန်းယန်ကို နှိမ်နှင်းသော နည်းစနစ် ဖြစ်၏။ လက်ဖဝါးမှ နေ ရောင်ခြည် များ ဖြာကျ လာပြီး၊ ဆယ်မိုင် အတွင်း ပြတ်ပြတ် ထင်ထင် လင်း ကုန်သည်။

“ ဝုန်း ... ။ ”

“ ဝေါ့ ... ။ ”

ထို့နောက်တွင် အဓိပတိ နဂါး တံဆိပ်နှင့် ကောင်းကင်က နေမင်း တိုက်မိ သွားလေသည်။ ကေျာက်စွင်း တစ်ယောက် သွေးအန်လျက် နောက်ဆုတ် လိုက်ရ၏။

ဟန်ချက် မထိန်း နိုင်ခင်၊ လင်းယွန်က သူ့အနား ရောက်လာ ပြန်လေသည်။ ထို့ကြောင့် လက်နက် ထုတ်ချိန် မရ တော့ဘဲ၊ နက္ခတ်အား ဆင့်ခေါ် မိ၏။

ပြီး တစ်ဖက် လူ၏ လက်သီး များကို၊ လက်သီး ဖြင့်သာ၊ ပြန်လည် ချေဖျက် လိုက်ရ တော့သည်။

စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ခွန်အားကို ထုတ်ဖော်ခဲ့ သော်လည်း၊ လင်းယွန် ၏ နဂါး ရူရ်များအား မဖြိုခွဲ နိုင်ချေ။

ယင်းက သူ့ဂိုဏ်းရှိ ဘီလူး သုံးကောင်နှင့် အဆင့် တူ၌ ရှိနေ သည်ဟု ခံစား မိ စေသည်။ သို့သော် ကံကောင်း သည်မှာ၊ တစ်ဖက် လူသည် တတိယ သွေးလွှတ်ကြော ၌သာ ရှိနေခြင်း ဖြစ်၏။

ရုတ်တရက် လင်းယွန်မှ လက်ဖဝါးကို တွန်းထုတ် လာသည်။ ခန္ဓာကိုယ် ပေါ်ရှိ နဂါး ရူရ် များ၊ ပျံထွက်လျက်၊ ဧရာမ နဂါး အဖြစ်၊ ဖွဲ့တည် လာသည်။

နဂါးက ကျောက်စွင်း၏ ချပ်ဝတ်အား ကွဲအက် သွားစေပြီး၊ တုန်လှုပ် ချောက်ချားဖွယ် လှိုင်း တစ်ခု၊ ဝင်ရောက် လာသည်။

“ ခရစ် ... ။ ”

အတွင်း အင်္ဂါများ ကွဲအက်လျက်၊ ဒူးထောက်ကျ သွားသည်။ မျက်ဝန်းများ ဖွင့် ကြည့် လိုက်သော ကုန်းစွန်းယန်က၊ ထို မြင်ကွင်းအား ဦးစွာ မြင်၏။

ထို့နောက် ပိုင်ရှင်မဲ့ သူတော်စင် လက်နက်များ သွေးအိုင်ထဲ ပျံကျဲ နေသည်ကို၊ ထပ်မံ မြင်လာ ရသည်။

ကောင်းကင်ယံ ဂိုဏ်းမှ၊ ထိပ်သီး တစ်ဦး ဖြစ်သော ကျောက်စွင်းအား၊ တစ်ထိုင် တည်းနှင့် လင်းယွန်က ဒူးထောက် ခိုင်း ခဲ့သည်။

ဤမြင်ကွင်းက ရူးသွပ် စရာ ဖြစ်၏။ မျက်စိတစ်မှိတ် အတွင်း မယုံ နိုင်ဖွယ် ရလာဒ် မျိုး ပေပင်။

“ ကုန်းစွန်းယန် ... စီနီယာ အစ်မနဲ့၊ တခြား သူတွေ ဘယ်မှာလဲ။ ”

လင်းယွန်မှ မေးသည်။

“ သူတို့ ... သူတော်စင် နက္ခတ် တောင်ကြားမှာ ... ။ ”

“ သူတော်စင် နက္ခတ် တောင်ကြား ဟုတ်လား ... ။ ”

လင်းယွန်မှ မျက်ခုံး ပင့်ကာ မေးလိုက်သည်။

“ အဲဒါက သူ့ နာမည် မဟုတ်ဘူး၊ တောင်ကြား ထဲမှာ ... သူတော်စင် နက္ခတ်ကို ရှာတွေ့ ခဲ့တယ်၊ ဒါကြောင့် အခု သူတော်စင် နက္ခတ် တောင်ကြားလို့ ခေါ်လိုက်တာ၊ ...

... ရန်ကောင်းက ဂိုဏ်းကြီး ရှစ်ဂိုဏ်းနဲ့ ... ၊ အဲဒီ တောင်ကို ပိတ်ပစ် လိုက်ပြီး၊ တောင်ကြား ထဲမှာ ဓားဂိုဏ်းက ... လူတွေ အများ ကြီးပဲ။ ”

ကုန်းစွန်းယန်မှ ပြောသည်။

“ ငါ့ကို လိုက်ပြ။ ”

“ ..... ။ ”

ကုန်းစွန်းယန်မှ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်၏။ ရန်သူများသည် သန်မာ လွန်း သောကြောင့် ယခင်က၊ လင်းယွန်ကို ခေါ်ရန် စိတ်ကူး မရှိချေ။

စီနီယာ ကူရို့ချန်နှင့် ရီချင်းရွှမ် ကိုသာ ခေါ်ရန် ဖြစ်သည်။ သို့သော် လင်းယွန် လက်စကို မြင်ပြီးနောက် အတွေး ပြောင်း သွားသည်။

“ လင်းယွန် ... ၊ ကျောက်ယန်နဲ့ တခြား သူတွေကို မြန်မြန် ကယ် ပေးပါ၊ အရမ်း သနားဖို့ ကောင်းတယ်။ ”

“ စိတ် အေးအေး ထားပြီး ပြောပါ၊ ဘာဖြစ် ခဲ့တာလဲ။ ”

“ ဒီလိုပါ ... ။ ”

ကုန်းစွန်းယန် ပြန်ပြော ပြသော စကား များကို ကြားပြီးနောက် လင်းယွန် မျက်လုံးများ မှေးစင်း သွားသည်။

ကုန်းစွန်းယန်၏ စကားများ အရ၊ ယဲ့ဇီလင်နှင့် မူရွယ်ချင်း တို့သည် သူတော်စင် နက္ခတ်ကို၊ စစ်ဆေးရန် ကြိုးစား နေစဉ်၊ ဓား ဂိုဏ်းအား ခိုးဝင် တိုက်ခိုက်ခြင်း ခံခဲ့ ရ၏။

ဓားဂိုဏ်း အနေဖြင့်၊ ဝိညာဉ် ရေးရာ အစီရင်ကို ခင်းကျင်း ထားသော ကြောင့်သာ၊ ကံကောင်း နေခြင်း ဖြစ်သည်။ အထူးသဖြင့် ကျောက်ယန် ဖြစ်၏။

“ ကျောက်ယန် လား။ ”

“ ဟုတ်တယ် ... ၊ ကျောက်ယန်က မင်းရဲ့ ဓားရေးကို လေ့ကျင့် ထားတဲ့ အတွက်၊ ဂိုဏ်းရဲ့ တပည့်ကြီး တွေကို ရင်ဆိုင် နိုင်ခဲ့တယ်၊ ဒါပေမယ့် ...

... ရန်ကောင်း လှုပ်ရှား လာတော့၊ ကျောက်ယန်က သူ့ကို တွန်းထုတ် ပြီး၊ ငါ့ကို ပြေးစေ ခဲ့တာပဲ၊ မဟုတ်ရင် အဲဒီ ကောင်တွေ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... ၊ မင်း အခု လွတ်သွားပြီ ထင်နေလား၊ စီနီယာ အစ်ကိုက မင်းကို ရည်ရွယ်ချက် ရှိရှိ၊ လွတ်ပေး ခဲ့တာ၊ မဟုတ်ရင် မင်း လွတ်မြောက်မှာ မဟုတ်ဘူး။ ”

မျက်နှာတွင် သွေးများ ဖုံးလွှမ်း နေသော ကျောက်စွင်းမှ ရယ်မောလျက်၊ ကုန်းစွန်ယန် ထံ မော့ကြည့်ကာ ပြောသည်။

“ ဖြန်း ... ။ ”

ကုန်းစွန်းယန် တစ်ယောက် မျက်နှာ ပြောင်းလဲ သွားပြီး၊ ကျောက်စွင်းအား ပါးရိုက် ချလိုက်၏။ ယင်းကြောင့် ကျောက်စွင်း ခမျာ ရှက်ရွံ့ အံ့ဩ သွားပြီး၊

“ မင်း ငါ့ကို ရိုက်ရဲလား ။ ”

-ဟု အော်ဟစ် ထရပ် လာ၏။

“ ဖြန်း ... ဖြန်း ဖြန်း။ ”

ဤတစ်ကြိမ်၌ ကုန်းစွန်းယန်မှ အချက် ပေါင်း များစွာ ထပ်မံ ရိုက်နှက် ပစ်တော့ သည်။ ကျေနပ်အောင် ပါးရိုက် ပြီးနောက်၊ လင်းယွန်ထံ လှည့်ကြည့်ကာ၊

“ လင်းယွန် ... ငါတို့ ဒီကောင့်ကို ဘာလုပ်သင့်လဲ၊ မြေပြင်မှာ ဒူးထောက် နေရ တာတောင်၊ အရမ်း ခေါင်းမာ နေတယ်။ ”

“ ဟား ဟား ဟား ... မင်းတို့ ငါ့ကို သတ်လိုက်လေ၊ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်၊ ...

... မင်းတို့ ဓားဂိုဏ်းက မကြာခင် ပျက်စီးတော့မှာ၊ ငါ့ကို သတ်တောင်မှ ဒါကို မပြောင်းလဲ နိုင်ဘူး။ ”

“ မင်း သေချင် နေတာပဲ။ ”

ကုန်းစွန်းယန်က အမှန် တကယ် သတ်ရန်၊ ရှေ့တိုး လိုက်သည်။ လင်းယွန်က လက်ကို ဖမ်း ဆွဲပြီး၊

“ ခဏလေး ... ၊ မင်း ပြောတာ ရန်ကောင်းက ငါ့ကို စောင့်နေ တာလား။ ”

ဒူးထောက် နေသော ကျောက်စွင်းအား မေးလိုက်သည်။

“ ဟုတ်တယ် ... ဓားဂိုဏ်းရဲ့ တပည့်တွေ အားလုံးကို သတ်ရ မယ်လို့ ... ၊ စီနီယာ အစ်ကို ချင်းက အမိန့် ထုတ်ပြီးသား၊ သူတို့က မင်း ခေါင်းကို ယူမို့ စောင့်နေတာ။ ”

ချင်းတန်သည် ငရဲ နတ်ဘုရား မိသားစု ဝင် တစ်ဦး ဖြစ်သောကြောင့်၊ လင်းယွန်၏ မျက်ဝန်း များ တောက်ပ လာသည်။

ဒေါသ ထွက်နေသော လင်းယွန်ကို ကြည့်ကာ၊ ကျောက်စွင်းမှ ရယ်မော တော့၏။

“ ဟား ဟား ဟား ... လင်းယွန်၊ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်၊ ကောင်းကင် သူတော်စင် သခင်က၊ သက်တံဓား သူတော်စင် မသေခင်၊ သူ့တပည့် ခေါင်းကို ဖြတ်ခိုင်း ခဲ့တာ၊ မင်း သေသွားပြီ ဆိုတဲ့ သတင်း ကြားရင်၊ ...

... မင်းဆရာ ဘာဖြစ် သွားမယ် ဆိုတာ အရမ်း သိချင် နေတယ်၊ ဒါကို ကြောက်ပြီး မင်း မသွား ရင်လည်း၊ ဓား ဂိုဏ်းရဲ့ တပည့်တွေ အသတ်ခံ ရလိမ့်မယ်။ ”

“ စကား အရမ်း များတယ်။ ”

လင်းယွန်က ကေျာက်စွင်းကို ကြည့်ကာ ပြောလိုက်သည်။

“ ဟား ဟား ဟား ... ၊ ငါ မှားလို့လား။ ”

ကျောက်စွင်းမှ ဖြည်းညှင်းစွာ ထရပ် လာ ပြီးနောက်၊

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”

-ဟု ကြွေးကြော် လိုက်၏။

“ မင်းကို မတ်တပ် ရပ်ဖို့ ... ၊ ဘယ်သူက ခွင့်ပြု လိုက် တာလဲ။ ”

လင်းယွန်က လှည့်ကြည့်ပြီး မေးခွန်း ထုတ်သည်။ ထိုအကြည့် တစ်ချက် တည်းဖြင့် ပင်၊ ကျောက်ယန် တစ်ယောက် ဒူးများ တုန်ယင် လာ၏။

“ ရွှပ် ... ။ ”

လင်းယွန်က လက်ကို ဝှေ့ယမ်းကာ ဓားရောင်ခြည်ဖြင့်၊ ကျောက်စွင်း ရင်ဘတ်ထံ ပစ်ခတ် လိုက်သည်။

“ ဖောက် ... ။ ”

ဓားရောင်ခြည်က မူလ စွမ်းအင် အကာ အကွယ်ကို ဖြတ်ကာ၊ နှလုံးသားသို့ တိုက်ရိုက် ထိမှန်၊ ပေါက်ကွဲ စေတော့၏။

ဤလုပ်ရပ်က ကုန်းစွန်းယန်အား မျက်လုံးပြူး သွား စေသည်။ သို့သော် ချက်ချင်း သတိရ လာပြီး၊

“ လင်းယွန် ... အခု ငါတို့ ဘာလုပ် သင့်လဲ။ ”

-ဟု မေးမိသည်။

“ ဘာများ လုပ်ရဦး မှာလဲ၊ အားလုံးကို သတ်ပစ် လိုက်ရုံပေါ့။ ”

လင်းယွန်မှ တည်ငြိမ်စွာ အဖြေ ပြန်ပေး လာသောကြောင့်၊ ကုန်းစွန်းယန် တစ်ယောက် သွေးများ ပွက်ပွက်ဆူ လာတော့သည်။

***

All Chapters