← Chapters

ငါ သတ်ဖို့ လာတာ- (၁)။

Vol. 116 Ch. 1622

ငါ သတ်ဖို့ လာတာ- (၁)။

Vol. 116 Ch. 1622

“ လမ်းပြပါ။ ”

လင်းယွန်က ကုန်းစွန်းယန် လက်အား ဖမ်းဆွဲပြီး နေ နတ်ဘုရား ဖမ်းဆီးခြင်း ပညာ ရပ်ကို အကောင် အထည်ဖော် လိုက်၏။

“ လင်းယွန် ... တကယ် သွားမို့လား။ ”

အတန်ကြာ တိတ်ဆိတ် နေပြီးနောက် ကုန်းစွန်းယန်မှ မေးလိုက်သည်။

“ ဟုတ်တယ် ... ၊ ငါ့ရဲ့ ဓားရေး၊ လက်သီးနဲ့ ကိုယ်လုံး ကိုယ်ပေါက်မှာ၊ အကောင်းဆုံး အနေ အထား ရှိနေပြီ၊ ဒါက သူတို့ အတွက် ပြင်ဆင် ထားခဲ့ တာပဲ။ ”

သူတော်စင် နက္ခတ် တောင်ကြား အဝင် ဝတွင်၊ လူတစ်စု စုဝေး နေသည်။ ၎င်းတို့သည် အင်းအားကြီး ဂိုဏ်း ရှစ်ဂိုဏ်းမှ အထက် တန်းစားများ ဖြစ်၏။

လေထု အတွင်း သွေး ရနံ့များ ထုံမွှန်း နေကာ၊ နှင်းမုန်တိုင်း ထံမှ ဓားအစီရင် အသက် ဝင်နေ သံများ ပျံ့လွင့် လာသည်။

ဓားဂိုဏ်း၏ တပည့် များက၊ အစီရင် အကူအညီနှင့် ရန်သူ များကို ကြံ့ကြံခံ ခုခံ ကာကွယ် နေ၏။

ဂိုဏ်း များ၏ တပည့်ကြီး များမှာ၊ ရန်ကောင်း အနီးတွင် စုရုံးလျက်၊ ထိုတိုက်ပွဲကို ကြည့်ရှု နေသည်။

၎င်းတို့တွင် သူတော်စင် ရူရ် နှစ်သောင်း လက်နက် များနှင့်၊ ဘုန်း သူတော်စင် လက်နက် များ၊ ပိုင်ဆိုင် ချေ၏။

ကောင်းကင်၌ မီးနဂါးများ၊ လျှပ်စီးများ၊ ဖီးနစ်များ၊ သွေးမြစ် များနှင့် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး သားရဲ များပင်၊ ဖြစ်ပေါ် နေသည်။

ဤသို့ အမျိုး မျိုးသော ဖြစ်စဉ် များကို မြင်တွေ့ ရခဲ သဖြင့်၊ လူအချို့က ကောင်းကင် ပေါ်၊ စိတ်ဝင် တစား မော့ကြည့် ကြသည်။

“ ဓားဂိုဏ်း ပိတ်မိ နေတာလား။ ”

“ သူတော်စင် နန်းတော် တောင် မပေါ် သေးဘူး၊ ဓားဂိုဏ်းကို သူတို့က ဝိုင်းတိုက် နေ ကြပြီ။ ”

ဖြစ်စဉ်မှာ အနည်းငယ် ကြောက်စရာ ကောင်း၏။ ဂိုဏ်းကြီး များမှ အင်အား အပြည့် နှင့်၊ ရန်ကောင်း လက်သို့ ခိုလှုံ လာပုံ ပေပင်။

“ ကူရို့ချန်နဲ့ ရီချင်းရွှမ် တို့က ... အနားမှာ ရှိပုံ မရကြဘူး၊ ဒါနဲ့ အစ်ကိုရန် လင်းယွန် လည်း မလာ ပါလား၊ ငါတို့ ထပ်စောင့် ဦးမလား။ ”

မိုးကြိုး ဂိုဏ်း၏ တပည့်ကြီး ယွီဇီမှ မေးသည်။ ကျန်သူများ မှလည်း ထိုအဖြေကို သိချင် လာ၏။

“ ဒီကောင် ပေါ်လာမယ် ... မထင်ဘူး၊ ကစားပွဲကို အမြန် အဆုံးသတ် လိုက်ရအောင်၊ မဟုတ်ရင် ဓားဂိုဏ်းက အုပ်စိုးရှင် နက္ခတ်ကို သန့်စင်ပြီး၊ ရလာဒ်ကို ပြောင်းလဲ သွားလိမ့် မယ်။ ”

“ ဟား ဟား ဟား အစ်ကိုရန်၊ မင်းက တကယ် ဟာသ ပြောတတ် တာပဲ၊ မင်းရှိ နေမှတော့ သူတော်စင် နက္ခတ်ကို ဘယ်သူ ယူဝံ့ မှာလဲ။ ”

တစ်စုံ တစ်ယောက်က ရန်ကောင်းကို ချက်ချင်း ချော့မော့ လိုက်သည်။ ထိုစကားကို ကြားသော အခါ၊ ရန်ကောင်း တစ်ယောက် ရယ်မောပြီး ကျေနပ် သွား၏။

“ ဟား ဟား ဟား ကောင်းပြီ၊ ငါတို့ ကစားပွဲကို အဆုံးသတ် ရအောင်၊ စွက်ဖက် လာတဲ့ လူတိုင်းကို သတ် ... ။ ”

ထိုအချိန်တွင် ရွှေရောင် အလင်းတန်း တစ်စက ကောင်းကင်ကို ဖြတ်ပြီး၊ သူတော်စင် နက္ခတ် တောင်ကြားသို့ ဆိုက်ရောက် လာ၏။

တောင်ထိပ် တစ်လုံး ပေါ်တွင် ရပ်လျက် လင်းယွန်က နှင်းမြူထဲ ကြည့်သည်။

“ ဒီနေရာပဲ ... အထဲမှာ နှင်း မုန်တိုင်းတွေ ရှိတယ်၊ စီနီယာ အစ်မက တောင်ကြား အလယ် ပန်းခင်းကြီး အနားမှာ။ ”

ကုန်းစွန်းယန်မှ ပြောပြ လာ၏။ လေထု အတွင်း သွေးညှီ ရနံ့များ၊ ရုတ်တရက် ရရှိ လာ သည်။ ယင်းကြောင့် ထိတ်လန့် လာတော့၏။

ဆိုလို သည်မှာ ကောင်းကင်ယံ ဂိုဏ်းသည် လူသတ်ပွဲကြီး စတင် နေပြီဟု အဓိပ္ပါယ် ရသည်။

လင်းယွန် မျက်လုံးများ အေးစက် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်အား ထုတ်ဖော် လိုက်သည်။

တတိယ သွေးလွှတ် ကြောသို့ ရောက်ရှိ လာချိန်၌၊ ခွန်အားမှာ သိသိ သာသာ ပြောင်းလဲ သွားပြီ ဖြစ်သည်။

ယင်းက ဓား ရည်ရွယ်ချက်၊ နဂါးပြာ အရိုးနှင့်၊ အဓိပတိ နဂါး လက်သီးအား ပို၍ အစွမ်းထက် လာစေသည်။

“ လူယုတ်မာ တွေ ... ။ ”

ကုန်းစွန်းယန်က ဒေါသကြောင့် တုန်တုန် ယင်ယင် ဖြစ်လာသည်။

“ လင်းယွန် ... ငါတို့ ဘာလုပ် ကြမလဲ။ ”

ထိုနေရာ၌ ရန်ကောင်းနှင့်၊ ဂိုဏ်းကြီး (၈) ဂိုဏ်း ရှိသည်။ ယင်းကြောင့် စတုတ္တ သွေးလွှတ် ကြော နယ်ပယ် ကျွမ်းကျင် သူများကို နေရာ တိုင်း၌ မြင်နိုင်၏။

“ ငါ သတ်ဖို့ လာတာ။ ”

လင်းယွန်မှ ပြန်ဖြေသည်။ ဓားဂိုဏ်းမှာ သူ့ အောက်စည်း ဖြစ်၏။ ထိဝံ့ သူတိုင်းကို သတ်ပစ် ရပေမည်။

တစ်ဖက် လူများမှ စစ်ပွဲ စတင် လာပြီ ဖြစ်သဖြင့်၊ သည်းခံ စရာ အကြောင်း မရှိ တော့ ချေ။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်မှ ဖြစ်ပျက်ခဲ့ သမျှကို၊ လက်စားချေ ရပေမည်။

တောင်ကြား အတွင်း လင်းယွန်က ဦးစွာ လှမ်းဝင် လိုက်၏။ ယင်းမှာ ခြေတစ်လှမ်း မျှသာ ဖြစ် သော်လည်း၊ ကုန်းစွန်းယန် လိုက် မမီချေ။

ရုတ်တရက် အေးစိမ့်စိမ့် ခံစားချက်များ ရလာ သဖြင့်၊ လင်းယွန်က ခြေလှမ်းအား ရပ် လိုက်သည်။

သူတော်စင် နက္ခတ် တောင်ကြား အ၀င် ဝတွင်၊ လူများစွာ ရပ်နေ၏။ ၎င်းတို့ အလယ်၌ ဓားဂိုဏ်း၏ ကြယ်နှစ်ဖော် ဒူးထောက်လျက် ရှိနေသည်။

တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်း ကာ၊ ခေါင်းငိုက်စိုက် ကျနေ၏။ ၎င်းအား မြင်သည်နှင့် လင်းယွန်က ချက်ချင်း လှမ်းတက် လိုက်သည်။

“ ရပ် ... အနား ကပ်လာ သူတိုင်း အသတ် ခံရမယ်၊ စီနီယာ အစ်ကို ရန်ရဲ့ အမိန့်ပဲ။ ”

တောင်ကြား အဝင်ဝကို စောင့်နေ သူများ ပေါ်လာပြီး၊ လင်းယွန်ထံ သတ်ဖြတ်လို စိတ်ဖြင့် ကြည့်လာသည်။

“ ဘယ်က စီနီယာ အစ်ကို ရန်လဲ။ ”

လင်းယွန်မှ မေးမိသည်။

“ ဘယ်လို တောင် နုံအ လိုက်လဲ ... ၊ ဒီနေရာမှာ အစ်ကိုရန်၊ ဘယ် နှစ်ယောက် များ ရှိလဲ၊ ကောင်းကင်ယံ ဂိုဏ်းက၊ တတိယ အဆင့် အတွင်း တပည့် ရန်ကောင်းပဲ။ ”

လူငယ် တစ်ဦးက၊ သရော် လှောင်ပြောင် လိုသော အပြုံးဖြင့်၊ လင်းယွန် အား ကြည့်ကာ၊ ပြန်ဖြေ လေသည်။

***

All Chapters