ငါ သတ်ဖို့ လာတာ- (၂)။
Vol. 116 Ch. 1623
ကြယ်နှစ်ဖော်က မြေပြင် ပေါ်တွင် ဒူးထောက် နေလျက်မှ ရင်းနှီးသော အသံကို ကြားသော အခါ၊ ခေါင်းမော့ ကြည့်လိုက် မိသည်။
“ ဂျူနီယာ လင်း ... ။ ”
“ လင်းယွန် မြန်မြန် သွား ... ။ ”
တွေ့တွေ့ချင်း ဝမ်းသာ သွား သော်လည်း၊ ချက်ချင်း စိုးရိမ်ကာ အော်ဟစ် လိုက်ကြသည်။
“ သူက ... လင်း ယွန် လား။ ”
ချိုင့်ဝှမ်း အဝင်ဝကို စောင့်ကြပ် နေသူ များ၏ မျက်နှာများ ပြောင်းလဲလျက် ပြန်ဆုတ် သွား လေသည်။
“ မြန်မြန် ... သက်တံဓား သူတော်စင် တပည့် ရောက်လာကြောင်း စီနီယာ အစ်ကို တွေကို အသိ ပေးပါ။ ”
“ မင်းကို ... ၊ ငါ သွားခွင့် ပေးလို့လား။ ”
သတင်း ပို့ရန် ပြင်နေသော ထိုတပည့် များကို လှမ်းကြည့်ကာ လင်းယွန်မှ မေးလိုက် ၏။ နေနှင့် လ အသက်ဝင် လာပြီး၊ အကြည့်ခံ ရသော တပည့် နှစ်ဦးလုံး သေဆုံး သွားသည်။ ပြီးနောက် လေထဲ ပျံဝဲလျက်၊ မြင်မြင် သမျှ ကုပ်စွဲ သတ်ဖြတ် ပစ် တော့သည်။
“ အား ... ။ ”
ဤမြင်ကွင်းကြောင့် ကုန်းစွန်းယန်မှာ ဦးရေပြားများ ထုံကျင် လာသဖြင့်၊ အသက် ပြင်းပြင်း ရှူလိုက် ရသည်။
ကြောက်စရာ ကောင်းလွန်း ပေသည်။ လင်းယွန်၌ သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိမှန်း သိ သော်လည်း၊ သည်မျှ မထင် ထားချေ။
“ ဝှစ် ... ။ ”
တတိယ သွေးလွှတ်ကြော ရောက်ရှိ ပြီးနောက်၊ အသွင်ပြောင်း သွားပုံရသည်။ မျက်စိ တစ်မှိတ် အတွင်း၊ မူလ နေရာသို့ ပြန်ရောက် လာပြီး၊ ၎င်းက ကြယ်နှစ်ဖော်ကို တွဲထူ ပေးသည်။
ဓားဂိုဏ်းသည် သူ့အိမ် ဖြစ်သည်။ သူ့ဓားသည် ထိုအိမ်ကို ကာကွယ်ရန် ဖြစ်ချေ ပြီ။
ကြယ်နှစ်ဖော်၏ ဒဏ်ရာများ သက်သာ စေရန်၊ နဂါးပြာ စွမ်းအင်အား လောင်းထည့် ပေး ပြီးနောက်၊ တောင်ကြားထဲ ဆက်ဝင် လာခဲ့သည်။
လူတိုင်း မူရွယ်ချင်းနှင့် ယဲ့ဇီလင် တို့ထံ ဆုတ်ခွာလျက်၊ ခုခံရန် ဆုံးဖြတ် ခဲ့ကြောင်း၊ ကြယ် နှစ်ဖော် ထံမှ ကြားသိ ထားသည်။
ယဲ့ဇီလင်သည် သူတော်စင် နက္ခတ်ကို သန့်စင်ကာ၊ ဓားဂိုဏ်းရှိ လူတိုင်းက သူမအား ကာကွယ် ပေးနေ ကြ၏။
ကြယ် နှစ်ဖော်နှင့် ကုန်းစွန်းယန် မှာ၊ စကားတစ်ခွန်းမျှ မပြောဘဲ၊ လင်းယွန် နောက်မှ လိုက်လာ ခဲ့သည်။ လင်းယွန် ပြသသော စွမ်းအားမှာ၊ ကြောက်စရာ ပေပင်။
“ လင်း ယွန် ... ။ ”
များမကြာမီ အနန္တ သားရဲ တံခါးနှင့် ပက်ပင်းတိုးသည်။
“ ဟား ဟား ဟား ... ၊ လင်းယွန် ... ရောက်လာ ပြီဟေ့၊ စီနီယာ အစ်ကိုကို သတင်း ပို့ လိုက်ကြ။ ”
“ မင်းတို့ လုပ်စရာ မလို ပါဘူး၊ ငါကိုယ်တိုင် သွားလိုက်မယ်။ ”
လင်းယွန် ခြေဖဝါးအောက် မြေပြင်၌ အက်ကြောင်း တစ်ခု ပေါ်လာပြီး၊ နေနတ်ဘုရား ဖမ်းစီးခြင်း ပညာရပ်ကို ထုတ်ဖော်ကာ၊ ပြေးတက် လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ နဂါးပြာ အရိုးကို အသက် သွင်းလျက်၊ နဂါး ရောင်ဝါနှင့် ဓား ရောင်ဝါ တို့ကို ပေါင်းစပ် လိုက်သည်။
“ ထန် ... ထန် ... ။ ”
လူတိုင်းက သူတော်စင် ပစ္စည်း ထုတ်ပြီး၊ ဟန်တား တိုက်ခိုက် လိုက်ကြသည်။ မီးပွားများ ပွင့်ထွက် လာကာ၊ နဂါး အကြေးခွံ များကို ဆက်၍ တိုးမရ တော့ချေ။
“ သူ့ ခန္ဓာ ကိုယ်က သူတော်စင် လက်နက်တွေ ထက်တောင် ပိုသန်မာ နေတယ်။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ သူက ဘီလူးလား၊ နေဦး ... အဲဒီ ခရမ်း ရွှေရောင် ရူရ် တွေက ဘာတွေလဲ။ ”
လူတိုင်းက မယုံကြည် နိုင်စွာဖြင့် အော်ဟစ် လာသည်။
“ နောက် ဘဝမှ ထပ်မေး ။ ”
လင်းယွန်မှ အော်ငေါက်လျက်၊ လူသတ်ပွဲ ကြီးအား စတင် တော့သည်။ နဂါး သူတော်စင် ခန္ဓာ ကိုယ်နှင့်၊ နဂါးပြာ အရိုးအား အသက် သွင်းကာ၊ အရိယာ ဓားသုတ္တန်ကို လှည့်ပတ် ထားသည်။
သူ့ မျက်ဝန်းမှာ၊ အရိယာ ဓားသုတ္တန် ကြောင့် မည်းနက် လာ၏။ သန်မာ လွန်းသော ကိုယ်လုံး ကိုယ်ပေါက်ဖြင့်၊ တွဲဖက် ပြီးနောက်၊ ဆဋ္ဌမ သွေးလွှတ် ကြောအောက်၊ မည်သူမျှ သူ့အား အံတု နိုင်မည် မဟုတ်ချေ။
“ ငါ့လမ်းမှာ ရပ်ဝံ့တဲ့ ... လူတိုင်း သေရမယ်။ ”
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စတင်ကာ၊ အကြင်နာ မဲ့သော သားသတ် သမား တစ်ဦး ကဲ့သို့၊ ပြုမူ ခဲ့သည်။
“ သတိထား ... ဒီကောင် ရူးနေပြီ။ ”
များမကြာခင် လင်းယွန် ရောက်ရှိ နေသော သတင်း ပျံ့နှံ့ သွားကာ၊ လူရိပ်များ ကောင်းကင် ပေါ်၊ ပျံတက် လာကုန်၏။
လင်းယွန် လျှောက်လှမ်းရာ မြေပြင်၌ သွေးစွတ်ကြောင်း ကြီးကို အတိုင်းသား မြင်နေ ရသည်။
“ မင်း ဘယ်လိုများ သတ္တိ ရှိလဲ။ ”
“ သူ့ကို သတ် ... ။ ”
စတုတ္တ သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူများ၊ တောင်တန်း များမှ ပျံထွက် လာ ကြသည်။ ၎င်းတို့သည် ရွှေမျိုးဆက် ပါရမီရှင် များ ဖြစ်ချေ၏။
ရန်သူ အရေ အတွက် များလွန်း သောကြောင့်၊ ကြယ်နှစ်ဖော်နှင့် ကုန်းစွန်းယန် မှာ၊ မျက်နှာများ ဖြူဖျော့ သွားသည်။
စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ အနည်းဆုံး အယောက် (၃၀)ခန့် ရှိချေ၏။
“ ငါ့လမ်းကို ဟန့်တားတဲ့ ... ၊ ဘယ်သူ မဆို ချွင်းချက် မရှိ သေခြင်းဘဲ။ ”
သို့သော် လင်းယွန် မျက်လုံး များမှာ၊ မည်းနက် နေဆဲ ဖြစ်ပြီး၊ အေးစက်စွာ ပြောလေ သည်။ ထို့နောက် ကြောက်စရာ ကောင်းသည့်၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်အား ထုတ်ဖော် လိုက်တော့၏။
***