← Chapters

ငါ့ကို ဘယ်သူ တိုက်ဝံ့ သလဲ။

Vol. 116 Ch. 1624

ငါ့ကို ဘယ်သူ တိုက်ဝံ့ သလဲ။

Vol. 116 Ch. 1624

လင်းယွန် ထံမှ အကန့်အသတ် မရှိ သတ်ဖြတ် လိုသော ရည်ရွယ်ချက် ပေါက်ကွဲ ထွက် လာသည်။

ကောင်းကင် တခွင်လုံး ချက်ချင်း နီရဲ လာကာ၊ မျက်ဝန်းများ သည်ပင် သွေးနီရောင် ပြောင်းကုန်၏။

ကျင့်ကြံမှု လမ်းကို စတင် စဉ်မှ စကာ၊ လူပေါင်း တစ်သောင်းကျော် သတ်ခဲ့ပြီး ဖြစ် လေသည်။

ယင်းကြောင့် နဝမမြောက် ကောင်းကင် လမ်း၌၊ ဓားမိစ္ဆာ ဟူသော အမည်ကို ရရှိခဲ့သည်။ သည်နေ့ ထိုမိစ္ဆာ ပြန်လာ တော့မည် ဖြစ်၏။

ပြင်းပြသော သတ်ဖြတ် လိုသည့် ရည်ရွယ်ချက်မှာ၊ လူအများ၏ အာရုံကို ချက်ချင်း ရရှိ ခဲ့သည်။

ဂိုဏ်းကြီး များ၏ ရွှေမျိုးဆက် ပါရမီရှင် များက၊ လင်းယွန်ကို ကြည့်ပြီး၊ ကျောရိုးများ အေးစက် လာ၏။

“ ဘာလဲဟ ... ။ ”

“ ဒီကောင်က ဘာလို့ ... ၊ ငါ့ကို ခြိမ်းခြောက်နိုင် ရတာလဲ၊ လက်တွေတောင် တုန်လာ ပြီ ... ။ ”

“ စိတ် အေးအေး ထားပါ ... ၊ ဒီကောင်က သေလူ တစ်ယောက်ပဲ၊ ငါတို့မှာ စီနီယာ အစ်ကို ရန် ရှိတယ်။ ”

“ ဟုတ်တယ် ... သက်တံဓား သူတော်စင် တပည့် ဆိုရင်တောင် ... ၊ သူက ငါတို့ အားလုံး ကို အနိုင် ယူဖို့ ငယ်ပါ သေးတယ်။ ”

အချင်းချင်း ပြန်၍ အားပေး မိကြသည်။ သူတို့ အားလုံးသည် စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ပါရမီ ရှင်များ ဖြစ်သဖြင့်၊ ချက်ချင်း နက္ခတ်များ ဆင့်ခေါ် လိုက်၏။

ထို့ကြောင့် ထွက်ပေါ် လာသော ဖြစ်စဉ် အတိုင်း အတာ ပမာဏသည်၊ ထိတ်လန့် စရာ ကောင်း ချေပြီ။

ထိုအချိန်တွင် လင်းယွန်က အရိယာ ဓားသုတ္တန်ကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်သည်။

(၄၈) ချပ်သော ငရဲပန်း ပွင့်လာပြီး၊ အနက်ရောင် စွမ်းအင်များ ထုတ်လွှတ် လာ တော့သည်။

ထို့နောက်တွင် အရိယာ ကောင်းကင် ဓား ထုတ်ဖော်ကာ၊ အစုလိုက် အပြုံလိုက် သတ်ပွဲ စတင် မိသည်။

ထိုငရဲ စွမ်းအင်နှင့်၊ ဓား ရည်ရွယ်ချက် ကြောင့်၊ သူ့နဂါး ရူရ် များမှာ၊ ကြက်သွေးရောင် အဆင်းသို့၊ ပြောင်းလဲ လာသည်။

နှင်းမုန်တိုင်း အတွင်း နဂါး ဟောက်သံများ ပဲ့တင် ထပ်လာစဉ်၊ အမျိုး မျိုးသော တိုက်ခိုက်မှု များက၊ သူ့အနား မချဉ်းကပ် နိုင်ဘဲ၊ ဖျက်ဆီး ခံလိုက် ရသည်။

ထိုကြောင့် သူ့ တိုက်ခိုက်မှု များသည် အာကာပြင်ကို ဖြတ်လျက်၊ ရန်သူများ အပေါ် အတား အဆီး မဲ့စွာ ကျရောက် ကုန်သည်။

ဆက်တိုက် ပေါက်ကွဲ သံများ နှင့်အတူ လူရိပ်များ ကောင်းကင်မှ တဖုတ်ဖုတ် ပြုတ်ကျ လာ၏။

“ ရွှပ် ... ။ ”

လူ တစ်ဝက်ခန့် သတ်ဖြတ် ပြီးနောက် အဝေးမှ ရန်သူများကို ဓား ရောင်ခြည် များဖြင့် တောက်ကာ၊ ပစ်ခတ် လေသည်။

“ အား ... ။ ”

အနက်ရောင် ဓားရောင်ခြည် များက၊ ရင်ဘတ် အတွင်း ထိုးဖောက် ဝင်ရောက် သွားကြသည်။

ယင်းက ထိမှန် သူများကို မြေပြင်သို့ ဆွဲချကာ၊ သပ် တစ်ချောင်း ကဲ့သို့ ထိုးစိုက် ပစ်သည်။

“ အား ... မလာနဲ့ ။ ”

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”

ဓားရောင်ခြည် ထိမှန် ခံရ သူများမှာ၊ နဂါး မူလနှင့် သွေးသား စွမ်းအင်များ ပျောက်ကွယ် ကုန် သဖြင့်၊ ထိတ်လန့် တုန်လှုပ်ကာ၊ အော်ဟစ် လိုက် ကြသည်။

များမကြာခင် သွေ့ခြောက် နေသော အလောင်းများ အဖြစ်သို့ ပြောင်းလဲ ကုန်၏။ နဂါး ရောင်ဝါကို စီးနင်းလျက် လင်းယွန်မှ ကောင်းကင်တွင် ပျံဝဲ နေသည်။

သူ့ မျက်ဝန်း များ၌၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပြည့်နှက် နေပြီး၊ သေခြင်း နတ်ဘုရား ကဲ့သို့၊ ဖြစ်လာ တော့၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားကာ၊ နှင်းမုန်တိုင်း တိုက်ခတ် နေသံ ကိုသာ ကြားလာ ရသည်။

“ မြန်မြန် ပြေး ... ။ ”

“ ဒီကောင် ရူးနေပြီ။ ”

“ သွား ... စီနီယာ အစ်ကို ရန်ကို သတင်း ပို့ပါ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး၊ အသက်ရှင် ကျန်နေ သေးသော လူအချို့က၊ ထွက်ပြေးရန် ပြင်တော့သည်။

သားသတ် သမား များကို မြင်ဖူး သော်လည်း၊ ဤမျှ ရက်စက်သည့် လူမျိုး မမြင် ဖူးချေ။ မိစ္ဆာ တစ်ပါး လိုပင်။

“ သက်တံဓား သူတော်စင် တပည့် ...၊ ငါလင်းယွန် ရောက်ပြီ၊ ဘယ်သူ ငါနဲ့ တိုက်ရဲ လဲ။ ”

ရှေ့လှမ်း တက်ပြီး၊ နီးစပ်ရာ လူ တစ်ဦးကို ဖမ်းယူ သတ်ဖြတ်ကာ၊ လင်းယွန်က အော်ဟစ် စိန်ခေါ် လိုက်၏။

“ သက်တံဓား သူတော်စင် တပည့် ... ၊ ငါလင်းယွန် ရောက်ပြီ ... ၊ ဘယ်သူ ငါနဲ့ တိုက်ရဲ လဲ။ ”

ဖီးနစ် မီးလျှံ ဂိုဏ်းမှ အမျိုးသမီး၏ ရင်ဘတ်ကို ဓား ရောင်ခြည်ဖြင့် ပစ်ခတ်ပြီး၊ ထပ်မံ အော်ဟစ် လိုက်ပြန်သည်။

“ ဝှစ် ... ။ ”

တောင်ကြား အတွင်း လျှင်မြန်စွာ ပြေးဝင်လျက် မြင်မြင် သမျှ သတ် တော့၏။ လူ တစ်ယောက် သတ်ပြီးတိုင်း၊ သတ်ဖြတ် လိုသည့် ရည်ရွယ်ချက်မှာ၊ ပို၍ မြင့်တက် လာသည်။

“ သက်တံဓား သူတော်စင် တပည့် ...၊ ငါလင်းယွန် ရောက်ပြီ၊ ဘယ်သူ ငါနဲ့ တိုက်ရဲ လဲ။ ”

ကောင်းကင်သို့ ပျံတက် လာသော၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်က တိမ်ညို များကို၊ ဖောက်ထွင်း ဝင်ရောက် သွားသည်။

ဤမြင်ကွင်းက ကြယ် နှစ်ဖော်နှင့်၊ ကုန်းစွန်းယန်ကို၊ ကျောရိုးများ အေးစက် သွား စေ၏။ စကား တစ်ခွန်းမျှ မပြော နိုင်ချေ။

လင်းယွန်မှ လူတိုင်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ထား ပုံရသည်။ ယင်းက သူတို့ သိသော လင်းယွန်နှင့် လုံးဝ ကွဲပြား နေ၏။

လင်းယွန် ဟူသည် ပြတ်သား မောက်မာ သော်လည်း၊ အပြစ်မဲ့ သူများကို သတ်ဖြတ်သူ မဟုတ်ချေ။

“ ဂျူနီယာ လင်းတော့ သွားပြီ ... ။ ”

ကျင်းရွှမ်ရီမှ နာကျင် စွာဖြင့် ညည်းတွား မိ၏။ သို့သော် သူ့စကားကို ကုန်းစွန်းယန်မှ ခေါင်းယမ်း ပြီး၊

“ မဟုတ်ဘူး ... တောင်ကြား ထဲက၊ လူတိုင်းကို ဆွဲဆောင်ဖို့၊ သူ ကြိုးစား နေတာ၊ သူ ဖန်တီးတဲ့ ရုန်းရင်း ဆန်ခတ်မှု ပိုကြီးလေ၊ ယဲ့ဇီလင်နဲ့ တခြား သူတွေ၊ ပို လုံခြုံ လေပဲ။ ”

-ဟု ရှင်းပြ သည်။

“ ဒါပေမယ့် ... ၊ ဒီလို လုပ်ရပ်က ... သူ့ အတွက် ကြီးမားတဲ့၊ ဝန်ထုပ် ဝန်ပိုး ဖြစ်စေမယ် မဟုတ်လား။ ”

ဤတစ်ကြိမ်၌ ကုန်းစွန်းယန်မှ ပြန် မဖြေတော့ချေ။ လင်းယွန် ဟူသည် သက်တံဓား သူတော်စင် တပည့် ဖြစ်၏။

ထို့ကြောင့် ဓားဂိုဏ်းအား သူ သည်သာ တာဝန် မယူက၊ မည်သူမျှ တာဝန် ယူနိုင်မည် မဟုတ်ချေ။

“ သွားရအောင် ... ငါတို့ အထဲ မြန်မြန် ဝင်ပြီး၊ ကယ်ဆယ်ရေး လုပ်ရမယ်၊ လင်းယွန်ရဲ့ ကြိုးစား အားထုတ်မှုကို အလဟသ မဖြစ် စေနဲ့။ ”

ကုန်းစွန်းယန်မှ အရေး ကြီးသော အရာကို သတိရ သွားပြီး၊ ဦးဆောင် လိုက်သည်။ တစ်ဦး တစ်ယောက်မျှ ကယ်တင် နိုင်ရုံနှင့်၊ အချည်းနှီး မဖြစ် နိုင်ချေ။

“ သက်တံဓား သူတော်စင် တပည့် ...၊ ငါလင်းယွန် ရောက်ပြီ၊ ဘယ်သူ ငါနဲ့ တိုက်ရဲ လဲ။ ”

နောက်ဆုံးတွင် လင်းယွန်က စိတ်မရှည် တော့ဘဲ၊ မြင့်မြင့်သို့ ပျံတက်ကာ တောင်ကြား အလယ်သို့၊ စိုက်ကြည့်ကာ စိန်ခေါ် လိုက်၏။

တိမ်တိုက်များ အတွင်း မြင့်မားသော သစ်ပင်ကြီး တစ်ပင်၏ အဖျားအား၊ မြင်နေ ရသည်။

ထိုသစ်ပင်ကြီး အလယ်တွင် မြူများ ဆိုင်းလျက်၊ နဂါးဖြူ တစ်ကောင် ပျံသန်းနေ သည်အား၊ ဖျပ်ခနဲ မြင်၏။

ဤသည်မှာ အစ်ကို ကျန့်၏ သမီး၊ သူ့ သူငယ်ချင်း ဖြစ်သည်။ လက်နက်ချင်း တိုက်မိ သံကြောင့်၊ အံ့ကြိတ် လိုက်မိ၏။

ထိုအချိန်တွင် မိုင် တစ်ထောင် အကွာ နှင်းမုန်တိုင်း အတွင်းမှ နေ၍၊ ရောင်ဝါ တစ်ခု ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ဓား သူတော်စင် တပည့် ရောက်နေ တာလား၊ ဘယ် မှာ လဲ ... ၊ ငါ ဘာလို့ သူ့ကို မမြင်ရ တာလဲ၊ ဟား ဟား ဟား ...

... သက်တံဓား သူတော်စင် တပည့် ... ငါရန်ကောင်း ဒီမှာ ရှိနေတယ်၊ လာပြီး အသေ ခံစမ်း။ ”

နောက်ဆုံးတွင် ဤဖြစ်ရပ် များ၏ နောက်ကွယ်မှ လက်သည် ဖြစ်သော ချင်းတန် ၏ ညာလက်ရုံး၊ ရန်ကောင်း ထွက်ပေါ် လာ တော့သည်။

***

All Chapters