မင်းကို ငါသတ်ချင် နေတာ ကြာပြီ။
Vol. 117 Ch. 1625
မိုင် ရာဂဏန်း အကွာတွင် ငွေရောင် လမင်းကြီး တစ်စင်း အလား၊ လရောင်များ ခြုံလျက်၊ ရန်ကောင်း ပေါ်လာသည်။
“ စီနီယာ အစ်ကို ရန် ... ။ ”
ရန်ကောင်း၏ အသွင် အပြင်ကြောင့်၊ တိုက်ပွဲဝင် နေသည့်၊ လူအုပ် ကြီးမှာ ရုတ်ချည်း တုန်လှုပ် သွားလေသည်။
ဤနယ်မြေ အတွင်း ဝင်ရောက် လာသည့်၊ မည်သူ မဆို ကောင်းကင်ယံ ဂိုဏ်း၏ ထိပ်သီး သုံးဦးကို သိချေသည်။
၎င်းတို့သည် ထျန်ရွှမ်ဇီမှ ကိုယ်တိုင် သင်ကြား ပေးခဲ့သော ရွှေမျိုးဆက် ပါရမီရှင်များ ဖြစ်၏။
“ ရေှးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတောင်စင် ဘုရင်။ ”
“ ရေှးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတောင်စင်ဘုရင်။ ”
“ ရေှးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတောင်စင် ဘုရင်။ ”
ရန်ကောင်းကို မြင်သည်နှင့် ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များက အော်ဟစ် ကြွေးကြော် တော့သည်။
“ ငါ ... ရန်ကောင်း ဒီမှာ ရှိတယ်၊ သက်တံဓား သူတော်စင် တပည့် လာပြီး အသေ ခံပါ။ ”
ရန်ကောင်းက သူ့လက်ကို ဝှေ့ယမ်းပြီး၊ ဓားဂိုဏ်းမှ တပည့် တစ်ဦး၏ လည်ပင်းထံ ဆုပ် ကိုင် လိုက်သည်။
“ ဟား ဟား ဟား ... ၊ လင်းယွန် မင်းက မာန ကြီးတယ် မဟုတ်လား၊ တောင်း ပန် ရင် ငါ သူ့ကို လွှတ် ပေး မယ်။ ”
ထိုစကားကြောင့် အဖမ်းခံ ရသော တပည့်က၊
“ ငါတို့ ဓားဂိုဏ်းရဲ့ ... ၊ တပည့် တွေက သေရမှာ ဘယ်သူမှ မကြောက်ဘူး၊ ငါ့ အသက် ကို သုံးပြီး၊ မင်း ခြိမ်းခြောက်ဖို့ လုံးဝ မစဉ်း စားနဲ့။ ”
-ဟု အော်ဟစ်လျက်၊ နဂါး မူလကို ဖြန့်ကျက်ပြီး၊ သူ့ကိုယ်သူ လောင်ကျွမ်း ပစ် လိုက်သည်။
“ အစ်ကိုလင်း၊ ငါ့ အတွက် လက်စား ချေပေးပါ။ ”
“ ဖောင်း ... ။ ”
လောင်ကျွမ်း နေလျက်မှ လင်းယွန်အား မှာကြား ပြီးနောက်၊ ပေါက်ကွဲ ပျောက်ကွယ် သွား လေသည်။
ယင်းက မီးရှူး မီးပန်း ကဲ့သို့၊ အချိန် အနည်းမျှသာ လင်းထိန် သွားပြီး၊ ချက်ချင်း ပျောက်ကွယ် သွားသည်။
“ ဟား ဟား ဟား ... ဓားဂိုဏ်းရဲ့ တပည့် တွေက တကယ့်ကို ခေါင်းမာ တာပဲ။ ”
ရန်ကောင်းက ရယ်မောလျက် ကြည့်နေ ခဲ့သည်။
“ ရန်ကောင်း ... ၊ မင်း သေချင် နေတဲ့ အတွက်၊ မင်းရဲ့ ဆန္ဒကို ... ၊ ငါ ဖြည့်ဆည်း ပေးမယ်။ ”
လင်းယွန် မျက်လုံးများ အေးစက်စွာ တောက်ပ လာသည်။ ပြီးနောက် လက်ဝှေ့ယမ်း လျက်၊ ရန်ကောင်းထံ အားယူ တော့၏။
ဤမြင်ကွင်းက ကုန်းစွန်းယန်နှင့် ကြယ်နှစ်ဖော်ကို မျက်နှာ ပြောင်းလဲ သွားစေ သည်။
ထိုအရပ်သည် သူတော်စင် နက္ခတ် နှင်း တောင်ကြား၏ အတွင်းပိုင်း ဖြစ်ပြီး၊ လင်းယွန် အတွက် အန္တရာယ်များ ချေ၏။
“ ဟား ဟား ဟား ... ။ ”
ရယ်မော သံနှင့် အတူ ရန်ကောင်းမှ၊ ရိပ်ခနဲ ပျောက်ကွယ် သွားသည်။ လင်းယွန် သည်လည်း နှောက်နှေးခြင်း မရှိဘဲ၊ မြေပြင်ပေါ် ဆင်းသက် လိုက်၏။
မြေပြင်တွင် ဆီးနှင်းများ ဖုံးလွှမ်း နေပြီး အလောင်းများ ပျံ့ကျဲ နေ၏။ ထိုအလောင်းများ ထဲတွင် ဓားဂိုဏ်းနှင့် ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ အပါ အဝင်၊ အင်အားကြီး ဂိုဏ်း ရှစ်ဂိုဏ်း၏ တပည့်များ ပါဝင်သည်။
ရန်ကောင်းက လင်းယွန်နှင့် နီးသော တောင်ကုန်း တစ်ခုပေါ် ဆင်းသက် လာကာ၊ အေးစက်စွာ စိုက်ကြည့် လာသည်။
“ ဝှစ် ... ။ ”
ရုတ်တရက် ဆိုသလို ရန်ကောင်း ဘေးနားသို့၊ နောက်ထပ် လူရိပ် (၇) ရိပ် ဆင်းသက် လာသည်။
၎င်းတို့သည် ဂိုဏ်း ပေါင်းစုံမှ တပည့် ကြီးများ ဖြစ်ကြပြီး၊ ရွှေမျိုးဆက် ထူးချွန် သူများ ဖြစ်လေသည်။
အရှေ့ဘက် ပျက်စီးခြင်း နန်းတော် နယ်မြေ၌ အထက် တန်းစားများ အဖြစ်၊ သတ်မှတ်၍ ရပေသည်။
၎င်းတို့၌ ထိပ်တန်း အဆင့်၊ သူတော်စင် လက်ရာများ ပိုင်ဆိုင် ထားသည့် အပြင်၊ ဘုန်း သူတော်စင် လက်ရာ များပင် ရှိကြသည်။
“ ဟား ဟား ဟား ... ၊ မင်း တကယ် လာဝံ့တာပဲ၊ ဒီနယ်မြေကို မဝင်ခင် ထဲက မင်းကို ပါးရိုက်ပြီး၊ သတ်ချင် နေတာ။ ”
“ ညီအစ်ကို ရန်၊ မင်းက အရမ်း ယဉ်ကျေး လွန်းတယ်၊ သက်တံဓား သူတော်စင်က သေလူ တစ်ယောက် မို့၊ သူ့ တပည့်ကို ဘယ်သူက ဂရုစိုက် နေမှာလဲ။ ”
“ လက်ရှိ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ အုပ်စိုးရှင်က၊ ကောင်းကင်ဘုံ သူတော်စင် သခင် ဆိုတာ၊ ဘယ်သူ မဆို သိပါတယ်။ ”
“ ဟုတ်တယ် ... ကောင်းကင်ယံ ဂိုဏ်းက ရှေးဟောင်း ပျက်သုဉ်း မြေကို၊ မကြာခင် စိုးမိုး နိုင်လိမ့်မယ်၊ ဓားဂိုဏ်းက မြင့်မြတ်မြေ ပြန် ဖြစ်ချင် လို့လား၊ အိပ်မက် မက် မနေနဲ့။ ”
“ ငါ့ဘဝ တစ်လျှောက်၊ ဒီလောက် မိုက်တဲ့ လူမျိုး မတွေ့ ဖူး သေးဘူး၊ လာပြီး အသေခံ နေမှ တော့ ... ၊ ငါတို့က သူ့ ခေါင်းကို ယူလိုက် ရုံပါပဲ။ ”
တပည့်ကြီး (၇) ဦးမှ ဝိုင်းအော် လာ ကြသည်။ သူတို့ အားလုံးသည်၊ ကောင်းကင် ယံ ဂိုဏ်းထံ၊ လက်နက်ချ ထားသည်။
“ ဘယ်လိုတောင် များလိုက်တဲ့ ဖွဲ့စည်းမှု ကြီးလဲ။ ”
လင်းယွန်က ပြုံးကာ ကြည့်လိုက်၏။
“ ဘာလို့လဲ ... ၊ မင်း နောင်တ ရနေ တာလား၊ ဟား ဟား ဟား ... ဒါဆို တောင်းပန် လိုက်ပါ၊ ငါတို့ စဉ်းစား ပေးမယ်။ ”
“ တောင်းပန် ရမယ် ... ဟုတ်လား၊ စိတ် မကောင်း ပါဘူး၊ ငါ ဒီကို လူသတ်မို့ လာတာ၊ တောင်းပန်ဖို့ မဟုတ်ဘူး၊ ဒီနေ့ မင်းတို့ ထဲက ဘယ်သူမှ လွတ်မယ် မထင်နဲ့။ ”
လင်းယွန်မှ တည်ငြိမ်စွာ ပြန်ပြော သည်။
“ ဟား ဟား ဟား ... ။ ”
ထိုစကားကြောင့် လူတိုင်း အနည်ငယ်မျှ အံ့အားသင့် သွားပြီးနောက် ဝါးလုံးကွဲ ရယ်မော လာကြသည်။
“ ဟား ဟား ဟား အစ်ကို ရန်၊ ငါတို့ ထဲက ဘယ်သူမှ မလွတ်မြောက် နိုင်ဖူးလို့၊ သူ ပြောနေ တာပဲ။ ”
“ ဟား ဟား ဟား ... ။ ”
“ အခုချိန် တောင်ကြား ထဲမှာ ... ၊ ပိတ်မိနေတဲ့ မင်းရဲ့ ဂိုဏ်းသားတွေ အတွက်၊ စိုးရိမ် သင့်တယ်၊ မူရွယ်ချင်းက သဘော ကောင်းပြီး၊ ကျန့်ကျင်းရှန် သမီးက အရမ်း လှတယ်လို့ ငါ ကြားတယ်။ ”
ရန်ကောင်းမှ လှောင်ပြောင် လိုက်သည်။ ထိုစကားများက လင်းယွန်ကို ပို၍ အေးစက်လာ စေသည်။ ရန်ကောင်းမှ သူ့ဘေးရှိ လူများကို ဝေ့ကြည့်ပြီး၊
“ မင်းတို့ ... ဘယ်သူမှ ဝင် မပါနဲ့၊ ဒီနေ့ သူ့ကို ငါကိုယ်တိုင် နှိမ်နှင်းမယ်။ ”
-ဟု အသိပေး လိုက်သည်။
ကောင်းကင်ရှိ တိမ်တိုက်များ ကွဲအက် သွားပြီး၊ လရောင် များက သူ့ အပေါ်သို့ ဖြာကျ လာသည်။
များမကြာခင် လမင်း ကောက်ကြောင်း သူ့နောက်၌ ပေါ်လာ၏။ လင်းယွန်ကို တစ်ဦး တည်း ခွန်အားဖြင့်၊ ကိုင်တွယ် ဖြေရှင်းနိုင် မည်ဟု ယုံကြည်သည်။
သက်တံဓား သူတော်စင်၏ တပည့် ဖြစ် သော်မှ၊ ယနေ့ သတ်ရန် ရည်မှန်း ထားပြီး ဖြစ် ၏။ မည်သူမျှ သူ့ကို မကယ်တင် နိုင်ချေ။
“ လင်းယွန် ... မင်းကို ငါ သတ်ချင် နေတာ ကြာပြီ။ ”
ရန်ကောင်း အနား၌ ကြယ်ရောင်များ စုရုံးလာ သည်နှင့် အမျှ၊ ငွေလမင်းမှာ ထင်ရှား လာသည်။
၎င်းသည် ပြဒါးဖြင့် ဖန်တီး ထားသော လ တစ်စင်း အလား၊ ထင်မှား စေသည့် သူ့ နက္ခတ် ဖြစ်၏။
သက်တံဓား သူတော်စင် တပည့်ကို နှိမ်နှင်းရာ၌၊ ဤနက္ခတ်အား အသုံး ပြုရန် ထိုက်တန် ပေသည်။
“ ဟိတ် ... ။ ”
လက်ဖဝါးကို တွန်းထုတ် လိုက်သော အခါတွင်၊ ငွေလမင်း နောက်မှ တိမ်ဖြူများ လွင့်ထွက် သွားပြီး၊ ဓား ရည်ရွယ်ချက်ကို ကန့်လန့်ကာ တစ်ခုလို ပိတ်ချ လိုက်၏။
“ ဒူး ထောက် ... ။ ”
ပြီးနောက် ရန်ကောင်းက လင်းယွန် ခေါင်းကို လှမ်းဆွဲ လိုက်သည်။ နောက် အခိုက် အတန့်တွင်၊ မြေပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါ လာတော့၏။
“ အရမ်း အားနည်းတယ် ... ။ ”
“ ရန်ကောင်းက ကောင်းကင် ကျမ်းကို အဆုံးထိ ထုတ်မထား တာတောင်၊ လင်းယွန်ရဲ့ ဓား ရည်ရွယ် ချက်က၊ ဖိနှိမ် ခံနေရပြီ။ ”
“ မှန်တယ် ... လင်းယွန်ရဲ့ ခွန်အားက တကယ့် ပါရမီရှင် တစ်ယောက် ရှေ့မှာ ဆို၊ ဘာမှ မဟုတ် ပါဘူး၊ ခုပဲ ကြည့် ... အရိယာ ကောင်းကင်ဓား ပြိုကျ နေပြီ။ ”
လင်းယွန်၏ ဓားရောင်ဝါ ဖိနှိပ်ခံ နေရ သည်ကို တွေ့မြင်သော အခါတွင်၊ လူတိုင်းက ခေါင်းယမ်းလျက် ဆိုလာ ကြသည်။
သို့သော် လင်းယွန်က ခေါင်းမော့လျက်၊ လက်ဖဝါးဖြင့် ပြန်၍ တွန်းထုတ် လိုက်သဖြင့်၊ အားလုံး အံသြ ကုန်သည်။
“ ဒူး ထောက် ... ။ ”
ထိုမြင်ကွင်းကြောင့် ရန်ကောင်းမှ ဒေါသ ထွက်လာပြီး၊ ချက်ချင်း ငေွတောင်ပံ တစ်စုံအား ဆင့်ခေါ်ကာ၊ အားထပ် ဖြည့်လိုက်၏။
ငွေတောင်ပံ ထွက်ပေါ် လာ သည်နှင့်၊ မီးလျှံများ တောက်လောင် လာသည်။ ရှားပါး ရေခဲ-မီး ရည်ရွယ်ချက် ဖြစ်ချေ၏။
“ ဖရူး ... ။ ”
လင်းယွန် သည်လည်း ရွှေကျီးကန်း တောင်ပံ တစ်စုံကို ဖြန့်ထုတ် လိုက်၏။ ယင်းက လေထု အလယ် ပျံဝဲ နေသော နေမင်း အလား၊ သူ့ကို ခွန်အား ပေးသည်။
“ ဝုန်း ... ။ ”
ရွှေကျီးကန်း တောင်ပံမှ၊ မြင့်မြတ်သော မီးတောက်များ လွင့်ထွက် လာပြီး၊ မီးတောက် နှစ်ခု တိုက်မိ သွား၏။
မိုင် တစ်ရာ ပတ်လည်အား၊ မီး ပင်လယ် အဖြစ် ပြောင်းလဲ သွားစေသည်။ ကြောက်စရာ ကောင်းသော ရောင်ဝါများ ထွက်ပေါ် လာ၏။
ပဉ္စမတန်း ရေခဲ-မီး ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားသည့်၊ စတုတ္ထ သွေး လွှတ်ကြော နယ်ပယ်မှ ရန်ကောင်းသည်၊ လင်းယွန်အား အနိုင် မယူ နိုင်ခဲ့ချေ။ မယုံ နိုင်စရာ ပေပင်။
လင်းယွန်မှ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို ဆင့်ခေါ် လိုက်၏။ ၎င်းမှ လာသော အဖျက် စွမ်းအားများ၊ သူ့ ခန္ဓာကိုယ် အတွင်း စီးဆင်း လာသည်။
ရောင်ဝါ ကန့်သတ်ချက်ကို ချက်ချင်း ဖြတ်ကျော်ပြီး၊ ပဉ္စမမြောက် သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်ရှိ သွား၏။
“ မင်း ... ဘယ်လို သတ္တိ ရှိတာလဲ ။ ”
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
ရန်ကောင်း တစ်ယောက် နောက်ပြန် ဆုတ်လျက်၊ လေထဲ လက်ဖဝါး များ ဆက်တိုက် ရိုက်နှက်ကာ၊ လင်းယွန်ကို ဟန့်တား လေသည်။
“ ကောင်းကင်မှာ သာတဲ့ လ။ ”
လက်ဖဝါးထဲ၊ လ ရောင်ခြည်များ စုရုံး စေလျက်၊ လင်းယွန်၏ ရွှေကျီးကန်း တောင်ပံ များထံ၊ အားကုန် ရိုက်ချ လိုက်သည်။
“ ဖပ် ... ။ ”
သို့သော် ရွှေကျီးကန်း နတ်ရူရ် အသက် ဝင်လာ သဖြင့်၊ သူ၏ လက်ဖဝါးသည် တောင်ကို ထိမိသွား သကဲ့သို့၊ ခံစား လာ ရ၏။
ထိုအချိန်၌ ခေါက်ချိုး ကာထားသော၊ ရွှေကျီးကန်း အတောင်ပံ များကို ဖွင့်လျက်၊ လင်းယွန်မှ သူ့အား အဝေးသို့၊ ရိုက်ထုတ် လာသည်။
“ ဝေါ့ ... ။ ”
ရှောင်တိမ်းရန် ပြင်လိုက် သော်လည်း၊ နောက်ကျ သွားသည်။ ‘ဘုန်း’ခနဲ ရိုက်မိပြီး၊ သွေးအန်လျက် လွင့်စဉ် တော့၏။
“ နဂါး ထွက်သက်။ ”
“ ခရစ် ... ။ ”
ယင်းက အဆုံး မဟုတ် သေးချေ။ တိမ်တိုက်များ ကြားမှ နဂါး လက်သည်းကြီး ထွက်ပေါ် လာပြန်၏။
ထို့ကြောင့် ငွေတောင်ပံများ ခေါက်လျက်၊ လုံအောင် ကာမိသည်။ သို့သော် ရွှေကျီးကန်း တောင်ပံ များက၊ သူ့ ငေွတောင်ပံ များကို ဓား နှစ်လက် အလား၊ လှီးဖြတ် ပစ်၏။
“ အား ... ။ ”
နာကျင်လှ သဖြင့်၊ အသံကုန် ခြစ်အော် မိသည်။ ငွေတောင်ပံ ပြတ်ထွက်ကာ သွေးများ စီးကျ နေစဉ်၊ နဂါး လက်သည်း ကြီးက အတား အဆီး မဲ့စွာ ကျဆင်း လာတော့၏။
***