ငါ့ကို အချိန်နည်းနည်း ပေးပါ။
Vol. 117 Ch. 1626
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”
တပည့်ကြီးများ တုန်လှုပ် သွား ကြသည်။
“ ဒီနေ့ မင်းတို့ ... အားလုံး သေရ မယ်လို့ ငါပြော ထားတယ် မဟုတ်လား။ ”
လင်းယွန်က လေထဲ ပျံဝဲကာ၊ ပြော လိုက်သည်။ ရန်ကောင်း တစ်ယောက် လန့်ပြီး၊ နဂါး လက်သည်းအား ရှောင်ရှား လျက်မှ၊
“ မင်းတို့ ဘာကို စောင့်နေ တာလဲ၊ သူ့ကို သတ် ... ။ ”
-ဟု အော်ဟစ် လိုက်သည်။
တပည့်ကြီး ခုနစ် ယောက်မှ အသိစိတ် ဝင်လာပြီး၊ ၎င်းတို့၏ နက္ခတ် များကို ချက်ချင်း ဆင့်ခေါ် တော့၏။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
ကောင်းကင်တွင် အမျိုး မျိုးသော ဖြစ်စဉ် များ ထွက်ပေါ် လာကာ၊ လင်းယွန်ရှေ့ ရောက်ရှိ လာ ကုန်သည်။
“ ဘယ်သူ လာလာ ... ၊ ရလာဒ် မပြောင်း နိုင်ပါဘူး။ ”
ခန္ဓာ ကိုယ်မှ နဂါး ရူရ် (၂၀၀၀၀) ပျံထွက်လာပြီး၊ မိုးပြာ နဂါး ရောင်ဝါဖြင့် ပေါင်းစပ် သွားသည်။
သည့်နောက် နဂါး ချပ်ဝတ် ဖန်တီးရန် အတွက်၊ အပြာရောင် နဂါး အရိုးထံမှ လက်ကျန် နဂါး ရူရ် (၂၀၀၀၀)ကို၊ ထုတ်ယူ လိုက်သည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် စေပြီး၊ မျက်လုံး ကြွေကျ လုနီးပါး ပြူးကျယ် လာ စေ၏။
နဂါး ရူရ်များ အားလုံး နဂါး ရောင်ဝါဖြင့်၊ ပေါင်းစပ်ပြီး သော်မှ၊ ထပ်မံ ထုတ်ယူ နိုင်သည် မှာ၊ အဓိပ္ပါယ် မရှိချေ။
ထို့ကြောင့် လင်းယွန်၏ ရင်ဘတ်ထံ သံဿယနှင့် ကြည့်လိုက် မိရာ၊ အပြာရောင် အလင်း အချို့ တောက်ပ နေသည်အား၊ မြင်လိုက် ရသည်။
“ နဂါးပြာ အရိုး ... ။ ”
“ နတ်နဂါး အရိုး၊ သေချာတယ် ဒါ နတ်နဂါး အရိုးပဲ၊ ချင်းကန် မှာလည်း ဟိုတုန်းက နတ်နဂါး အရိုး ရှိခဲ့ ဖူးတယ်။ ”
“ မဖြစ် နိုင်တာ ... ၊ နတ်နဂါး အရိုးကို သူ ဘယ်လိုလုပ် ရယူ နိုင်မှာလဲ။ ”
မယုံကြည် နိုင်စွာဖြင့်၊ လင်းယွန် ရင်ဘတ်အား ကြည့်မိ ပြန်သည်။ လင်းယွန်၏ နဂါး အရိုးသည်၊ ချင်းကန် နဂါး အရိုးထက် ပို၍ သန်မာ ချေ၏။
ထို့ကြောင့် လူတိုင်း တုန်လှုပ် လာမိ သည်မှာ သဘာဝ ပေပင်။
“ မဖြစ် နိုင်ဘူး။ ”
ရန်ကောင်း တစ်ယောက် တုန်လှုပ် လာတော့၏။ မိုးပြာ နဂါး အသံကြောင့် တိမ်များ ရွေ့လျား သွားသည်။
သတ်ဖြတ် လိုစိတ် ပြင်းထန်လာ သဖြင့်၊ နဂါးပြာ အရိုးကို ဖုံးကွယ်ရန် လင်းယွန်မှ သတိ မရ တော့ချေ။
“ ထန် ... ။ ”
“ ခရစ် ... ။ ”
တပည့်ကြီး တစ်ဦး၏ ဓားက လင်းယွန် ခန္ဓာကိုယ်ပေါ် ကျလာရာ၊ မီးပွားများ ပွင့်လျက်၊ မိုးပြာ နဂါးကြီး ကွဲအက် သွားသည်။
၎င်း ဓားချက်သည် ကြောက်မက်ဖွယ် ကောင်းပြီး၊ နဂါး ရူရ် (၃၀၀) ကို ချက်ချင်း ပျက်စီး စေ၏။
“ ဟား ဟား ဟား ... ၊ ဒါက နတ်နဂါး အရိုးလား ... ၊ သိပ်လည်း အထင်ကြီး စရာ မကောင်း ပါဘူး။ ”
ရလာဒ်ကို ကြည့်ပြီး၊ ထိုတပည့် ကြီးက ပြုံးကာ နှာခေါင်းရှုံ့ လိုက်သည်။ သို့သော် နဂါး ရူရ် (၃၀၀၀) နေရာ၌ (၅၀၀) ပြန်ဖြစ်ပေါ် လာ သဖြင့်၊ မျက်လုံးပြူး သွား၏။
တစ်ဖက်တွင် ထိုဓားသည် အားပါပြီး လင်းယွန်၏ နံရိုးများကို ဒဏ်ရာ ရရှိ စေသည်။ အတွင်း အင်္ဂါ များပင် ထိခိုက် သွားပုံ ရသည်။
“ ဖေျာင်း ... ။ ”
နာကျင်မှုကြောင့် ဒေါသ ထွက်လာပြီး၊ ထိုတပည့် ကြီးအား ပါးရိုက်ကာ သတ်ပစ် လိုက် သည်။
“ ဝှစ် ... ။ ”
ထို့နောက် ကျန်သူများ၏ တိုက်ခိုက်မှု များစွာကို ရှောင်ရှားပြီး၊ သွေးရောင် သွေးကမ္ဘာ ၏ တပည့်ကြီး ရှေ့မှောက်သို့၊ ရွေ့ပြောင်း သွားသည်။
“ ဟိတ် ... ။ ”
“ ရပ်စမ်း ... ။ ”
ဤအရာက ကျန်တပည့် ကြီးများကို ထိတ်လန့် စေကာ၊ ၎င်းတို့၏ လက်နက် များနှင့် ဝိုင်းအုံ တိုက်ခိုက် စေတော့၏။
“ ထန် ... ၊ ထန် ... ။ ”
ထို့ကြောင့် နဂါး ရူရ် များမှာ၊ နှင်းပွင့်များ သဖွယ် ကွဲအက် ကုန်ပြီး၊ သွေးများ စိမ့်ကျ လာ သည်။
“ လာ ခဲ့ ... ။ ”
ယင်းကို ဂရု မစိုက် အားဘဲ၊ လင်းယွန်က ငွေရောင် သွေးကမ္ဘာမှ တပည့်ကြီး လည်ပင်းကို လှမ်းကိုင် လိုက် သည်။
ပစ်မှတ် ထားခံ ရသော တပည့် ကြီးက ရုန်းကန်ရန်၊ သူ၏ နဂါး မူလများ အားလုံးကို စုစည်း လိုက်၏။ သို့တိုင် တစ်ချက် တည်းဖြင့် ဦးခေါင်း ဖြုတ်ယူ ခံလိုက် ရသည်။
“ မင်း ... ၊ မိစ္ဆာ ကောင်။ ”
အဆိုပါ မြင်ကွင်း ကြောင့်၊ ကျန် သူများ အမျက်ထွက် လာပြီး၊ ၎င်းတို့ အနက်မှ သုံးဦးက၊ အရှိန် မြှင့်ကာ ပြေးဝင် မိ၏။
“ ထန် ... ထန် ... ထန် ... ။ ”
သူတော်စင် လက်နက် သုံးခု၊ လင်းယွန် ခန္ဓာပေါ်၊ ပြုတ်ကျ လာသည်။ နဂါး ရူရ် များက ငါးအကြေးခွံ ကဲ့သို့၊ ကြွေကျ ကုန်၏။
သူတော်စင် လက်ရာ သုံးပါး ပေါင်းသော်၊ နဂါး ရူရ် (၃၀၀၀၀)မျှ ရှိပြီး၊ အကြွင်း အကျန် သားရဲ ဝိညာဉ် များပင်၊ ပါရှိ လေသည်။
၎င်းတို့မှာ မိစ္ဆာ နဂါး၊ ကြိုးကြာ တစ္ဆေ တစ်ကောင်နှင့် ငန်းဖြူ တစ်ကောင် ဖြစ်သည်။ သားရဲ သုံးကောင် ပေါ်လာ သောအခါ လင်းယွန်အား ရန်ပြု တော့၏။
လင်းယွန်က အရိယာ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်ပြီး၊ ၎င်း စွမ်းအင်အား ပြန့်လွင့် စေခဲ့သည်။
အနက်ရောင် စွမ်းအင်သည်၊ ပြိုင်ဘက် သူတော်စင် လက်နက်များ အပေါ် သက်ဆင်း လျက်၊ လျင်မြန်စွာ ဖျက်ဆီး လေသည်။
နဂါးပြာ အရိုးကို ကန့်သတ်ချက် အထိ၊ တွန်းပို့ ပစ်ရာ၊ ပျက်စီး ကုန်သော ရူရ်များ နေရာ ၌၊ အသစ်-အသစ်များ အစား ဝင် လာ၏။
“ ဘောင်း ... ။ ”
သည့်နောက် ရောင်ဝါ မြင့်တက် လာပြီး၊ နတ်နဂါး မျက်လုံး များအား အသက်သွင်း ပစ် သည်။ ရိုင်းစိုင်းသော သားရဲ သုံးကောင် ခမျာ အပိုင်း အစများ အဖြစ် ပေါက်ကွဲ သွား၏။
ထို့နောက် လက် နှစ်ချောင်းကို ဓား ရည်ရွယ်ချက်နှင့် ပြည့်စေပြီး၊ ၎င်းတို့ သုံးဦး၏ လည်ပင်းအား လှီးပစ် လိုက်သည်။
“ မလုပ်နဲ့ ... မဟုတ်ဘူး ... မဟုတ်ဘူး။ ”
သုံးယောက် သား ကောင်းကင်မှ ပြုတ်ကျ သွားပြီး၊ ကြောက်လန့် တကြား လည်ပင်းကို၊ အုပ်ကိုင် လိုက်၏။
လက်ဖဝါး ကြားမှ သွေးများ စီးကျလျက်၊ ငြိမ်သက် သွားတော့ သည်။ တပည့် ကြီး (၇)ဦး အနက်၊ (၂) ဦးသာ ကျန်ရစ် တော့၏။
ဖီးနစ် မီးလျှံနှင့်၊ မိုးကြိုး ဂိုဏ်း၏ တပည့် ကြီးများ ဖြစ်သည်။ သူတို့က မိုးပြာ နဂါး နှင့် တိုက်ခိုက် နေ၏။
လင်းယွန်သည် မာနကြီး သော်လည်း မိုက်မဲသူ မဟုတ်ချေ။ ၎င်းတို့အား နဂါး ရောင်ဝါ ဖြင့် ထိန်းလျက်၊ တတ်နိုင် သမျှ မြန်မြန် သတ်နိုင်ရန်၊ ကြိုးစား ခဲ့သည်။
ထိုအတွေးသည် အန္တရာယ်များ လှပြီး၊ နဂါးပြာ အရိုး သည်သာ သူတော်စင် လက်ရာ သုံးပါး၏၊ တိုက်ခိုက်မှုကို မခံ နိုင်သော်၊ ပြီးဆုံး သွားမည် ဖြစ်သည်။
“ ဘာ လဲ ... ။ ”
မိုးပြာ နဂါးနှင့် တိုက်ခိုက် နေသော တပည့်ကြီး နှစ်ဦးက၊ တိုက်ပွဲဝင် အသံများ အသံများ တိတ်သွား သောကြောင့် လှည့် ကြည့်ပြီး၊ အံသြ သွားလေသည်။
အရာ အားလုံး မြန်ဆန် လွန်း ချေ၏။ လင်းယွန် ရှေ့၌ ရွှေမျိုးဆက် ပါရမီရှင် များမှာ၊ ဘာကောင်မျှ မဟုတ် ခဲ့ချေ။
“ ဖျပ် ... ၊ ဖျပ် ... ။ ”
ဤမြင်ကွင်းကို မမျှော်လင့် ထားသဖြင့်၊ နှစ်ယောက်သား ရန်ကောင်း အနားသို့ ဆုတ်ခွာ လိုက်မိသည်။
“ အစ်ကို ရန် ... အခု ဘာလုပ် ကြမလဲ။ ”
ဖီးနစ် မီးလျှံ ဂိုဏ်း၏ တပည့် ကြီးမှ မေးသည်။ သူမ နောက်တွင် ဖီးနစ် အော်သံများ ညံနေသော မီးပင်လယ်ကြီး ရှိချေ၏။
စိတ်လှုပ်ရှား နေပြီး၊ မောက်မာမှုနှင့် အထင်အမြင် သေးမှုများ မရှိ တော့ချေ။ ယင်း အစား စိတ်မသက် မသာ ဖြစ်နေသည်။
မိုးကြိုးဂိုဏ်းမှ တပည့်ကြီး သည်လည်း၊ သူမနှင့် အလားတူ ပေပင်။
“ ဆယ့်ငါး မိနစ်လောက် အချိန် ဆွဲပေး ထားပါ။ ”
ရန်ကောင်းမှ သူတော်စင် ဆေးလုံး များအား မျိုချလျက်၊
“ ငါ ကောင်းကင် ကျမ်းရဲ့၊ နဝမမြောက် အဆင့်ကို ချိုးဖြတ် လိုက်မယ်၊ အောင်မြင်ရင် လ စွမ်းအား အပြည့် ထုတ်နိုင်ပြီ၊ သူ့ကို အလွယ် တကူ နှိမ်နှင်း နိုင် လိမ့်မယ်။ ”
-ဟု ပြောလိုက် တော့သည်။
ထိုစကား များသည် တပည့်ကြီး နှစ်ယောက်၏ မျက်လုံး များကို တောက်ပ လာစေ ခဲ့သည်။
ကောင်းကင်ယံ ဂိုဏ်း၏၊ ကောင်းကင် ကျမ်းမှာ ကျော်ကြား လှပြီး၊ ကောင်းကင် လ အစွမ်းကို၊ သူတို့ သိမြင် ထားဖူးသည်။
သို့သော် လင်းယွန်နှင့် ရင်ဆိုင်ရန် ကြောက်ရွံ့နေ သဖြင့်၊ တွန့်ဆုတ် သွားသည်။
“ ဟမ့် ... ဒီကောင်က သန်မာတယ် ဆိုရင်တောင်၊ ငါ့အစ်ကို ချင်းနဲ့ ယှဉ်နိုင် မယ်လို့ မင်းတို့ ထင်နေလား၊ ဒါပေမယ့် ... အစ်ကို ချင်း မလို ပါဘူး၊ ငါ့ကို ယုံပါ၊ ဆယ့်ငါး မိနစ်ပဲ ထိန်းထားပေး။ ”
တပည့်ကြီး နှစ်ယောက် အကြည့်ချင်း ဖလှယ်ကာ၊ အံကြိတ်လိုက် ကြ၏။ သူတို့ နှစ်ဦး စလုံးတွင်၊ ဘုန်း သူတော်စင် လက်ရာများ ရှိရာ၊ (၁၅) မိနစ်မျှ ထိန်းထားရန်၊ ပြဿနာ မရှိ သင့်ချေ။
“ သက်တံဓား သူတော်စင် တပည့် ... ငါလင်းယွန် ရောက်လာပြီ ... ၊ ဘယ်သူ ငါ့ကို တိုက်မှာလဲ။ ”
လင်းယွန်က လေထဲ ပျံဝဲလျက် ဆံပင်များ၊ တဖျပ်ဖျပ် ခတ်ကာ၊ အော်ဟစ် စိန်ခေါ် လိုက် လေ သည်။
သူ့ခန္ဓာ ကိုယ်သည် မိုးပြာ နဂါးနှင့် ကောင်းစွာ ပေါင်းစပ် နေပြီး၊ ကြောက်မက်ဖွယ် ကောင်းသော၊ နဂါး ဓား ရောင်ဝါအား ထုတ်လွှတ် ထားသည်။
“ ဒီကောင်က အရမ်း မောက်မာတယ်။ ”
တပည့်ကြီး နှစ်ဦး၏ အကြည့်များ အေးစက် သွားသည်။
“ လာ အတူတူ သွား ရအောင် ... ၊ ဆယ့်ငါးမိနစ် နေရင်၊ သူ ဒီလို မောက်မာနိုင် ဦးမလား ငါတို့ သိရမယ်။ ”
ဖီးနစ် မီးလျှံ ဂိုဏ်း၏ တပည့် ကြီးက မှန်တစ်ချပ်ကို ထုတ်ယူရာ၊ ဖီးနစ် တစ်ကောင် ပျံထွက် လာသည်။
“ ကျီး ... ။ ”
“ ဝှစ် ... ။ ”
မိုးကြိုး ဂိုဏ်း၏ တပည့်ကြီး မှလည်း၊ အရိုးကိုးဆစ်ပါ ဧကရာဇ် ကြာပွတ်ကို ထုတ်ယူ တော့၏။
“ ဝူး ... ။ ”
ပြီးနောက် ကြာပွတ်အား လေထဲ လွှဲ ရိုက်ပစ်ရာ၊ ခရမ်းရောင် နဂါး တစ်ကောင် ထွက် ပေါ်လာသည်။
“ မင်းကို ... နောက်ထပ် ဆယ့်ငါး မိနစ်လောက်၊ အသက် ရှင်ခွင့် ပေးထားမယ်။ ”
ထိုမြင်ကွင်းကြောင့် ရန်ကောင်းက လင်းယွန်ကို ကြည့်ပြီး၊ အံကြိတ်လျက် ကြိမ်းဝါး လိုက် တော့သည်။
***