← Chapters

တိုက်ပွဲ (၂)။

Vol. 117 Ch. 1628

တိုက်ပွဲ (၂)။

Vol. 117 Ch. 1628

ဆန့်ကျင်ဘက် အားဖြင့်၊ တပည့်ကြီး နှစ်ယောက်၏ လက်ထဲမှ မှန်နှင့် ကြာပွတ်မှာ ကြောက်ရွံ့ တုန်ယင် လာသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

မယုံကြည် နိုင်စွာဖြင့်၊ မျက်လုံးများ ပြူးသွားကြ၏။ လက်နက်များ အပေါ် ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံး လာသည်။

“ ငါ့ လမ်းကို ပိတ်ဝံ့တဲ့ ... လူတိုင်း သေခြင်းပဲ။ ”

လင်းယွန်က အေးစက်သော အသံဖြင့် အဆုံးမရှိ၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်အား ထုတ်ဖော်ကာ၊ ကောင်းကင်ပေါ် ပျံတက်၏။

“ ဝှီး ... ။ ”

မိုးပြာ နဂါး နေ-လ ထီးထံမှ နဂါးကြီး နှစ်ကောင် ရှေ့မှောက် ပေါ်လာသည်။ ထို့နောက် ထီးကို ပြန်ပိတ်ကာ ဖီးနစ်နှင့် လျှပ်စီး နဂါးထံ ရိုက်ချ ပစ်၏။

“ ဝေါ့ ... ။ ”

တပည့်ကြီး နှစ်ဦးမှာ သွေး အန်လျက်၊ နောက်သို့ ထပ်မံ လွင့်စဉ် သွားရသည်။ ယင်းက အဆုံး မဟုတ် သေးချေ။ ဖီးနစ် မီးလျှံ ဂိုဏ်း၏ တပည့်ကြီး နောက်သို့၊ လင်းယွန်မှ လိုက်ပါ လာသည်။

ထိုကြောင့် အမျိုးသမီး ခမျာ ထိတ်လန့် သွားပြီး၊

“ မိစ္ဆာကောင် ... မလာနဲ့၊ သွား ... ထွက်သွား ထွက်သွား။ ”

-ဟု အလော တကြီး အော်ဟစ် တော့၏။

သူမတွင် ဒဏ်ရာ အပြင်း အထန် ရရှိ ထားပြီး ဖြစ်ရာ၊ ဘုန်း သူတော်စင် လက်နက် အား မကိုင် နိုင်တော့ချေ။ ထို့ကြောင့် ထွက် ပြေးရန် ကြိုးစား မိသည်။

“ ဖျောင်း ... ။ ”

“ ဘောင်း ... ။ ”

သို့သော် လင်းယွန် အနား ရောက်လာပြီး၊ ပါးရိုက် လာလေသည်။ ထိုပါးရိုက် ချက်ကြောင့် ဖွဲ့အိတ် တစ်အိတ် ကဲ့သို့၊ ပြုတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

ကြီးမားသော အရှိန်ကြောင့် တောင်ကြီး နှစ်ခြမ်း ကွဲသွားသည်။ ထိုအချိန်၌ လရောင်များ ခြုံလျက်၊ သာလွန် ကြီးစိုးသော အသွင် မျိုးဖြင့်၊ ရန်ကောင်း တစ်ယောက် ကောင်းကင်ပေါ် ခုန်တက် လာ၏။

နောက်ဆုံးတွင် ကောင်းကင် ကျမ်း၏ နဝမမြောက် အဆင့်သို့ ရောက်ရှိလာ ခဲ့လေပြီ။

“ ငါ အောင်မြင်ပြီ၊ ကောင်းကင် လ ... ။ ”

လေထဲ ရောက်သည်နှင့်၊ ငွေလမင်းအား ခေါ်လိုက်သည်။ လရောင် အောက်၌ ငွေရောင် စင်မြင့် တစ်ခု ဖွဲ့တည် လာ၏။

ကောင်းကင်နှင့် မြေကြီးက၊ တဟုန်ထိုး မြည်ဟည်းကာ၊ တိမ်ညိုများ နေရာ၌ ငွေရောင် တိမ်များ၊ အစားဝင် လာသည်။

“ ဟား ဟား ဟား ... ၊ သက်တံဓား သူတော်စင် တပည့် လင်းယွန်၊ လာပြီး အသေခံ စမ်း။ ”

ရန်ကောင်း၏ ရယ်မော သံက၊ သူတော်စင် နက္ခတ် တောင်ကြား တစ်ခု လုံးကို၊ တုန်ဟည်း သွားစေသည်။

မူရွယ်ချင်းနှင့် ဓားဂိုဏ်း တပည့် များမှာ၊ ထိုအသံကြောင့် ကောင်းကင်ပေါ် မော့ကြည့် လိုက် မိသည် ။

“ လင်းယွန် ရောက်လာ တာလား။ ”

“ စီနီယာ အစ်ကို လင်းက ... ၊ လူယုတ်မာ ရန်ကောင်းနဲ့၊ တိုက်နေ တာလား၊ စီနီယာ အစ်မ မူ၊ ငါတို့ သေတဲ့ အထိ၊ တိုက်ကြ ရအောင်။ ”

ဓားဂိုဏ်း၏ တပည့် များက၊ ခေတ္တမျှ ထိတ်လန့် သွားသော်လည်း၊ လင်းယွန် အတွက် ချက်ချင်း စိတ်ပူလာ ကြသည်။

မူရွယ်ချင်းပင် မျက်နှာ ပြောင်းလဲ သွား ပြီးနောက်၊ မသေချာ မရေရာ မှုများ ဖြစ်ပေါ် လာ၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ဝိညာဉ်ရေး အစီအရင် အတွင်းသို့၊ လူရိပ်များ ဆင်းသက် လာသည်။ ယင်းမှာ ကုန်းစွန်းယန်နှင့် ကြယ်နှစ်ဖော် ဖြစ်ချေ၏။

“ အစ်ကို ကျင်းနဲ့ ... ၊ အစ်ကို ကျန့် ... ၊ မင်းတို့ကို ဖမ်းမိသွားတာ မဟုတ်လား၊ ဘယ်လို လွတ်လာ တာလဲ။ ”

ဓားဂိုဏ်း၏ တပည့် များက၊ ၎င်းတို့ သုံးဦးအား၊ အံအားသင့်စွာ မော့ကြည့်လျက်၊ မေးခွန်း ထုတ်လာ ကုန်သည်။

ကုန်းစွန်းယန် မှ၊

“ အစ်မ မူကို ... သတင်း လာပို့ တာပါ၊ လင်းယွန်က လူတိုင်းကို သတ်ပြီး၊ ဓားဂိုဏ်း အတွက် လက်စားချေ နေပါတယ်။ ”

“ ဟုတ်ပါတယ် ... ၊ ကျွန်တော်တို့ နှစ်ယောက် ကိုလည်း ... ၊ ဂျူနီယာ လင်းပဲ ကယ်ခဲ့ တာပါ။ ”

ကြယ် နှစ်ဖော်က ဝင်၍ ပြောလာသည်။ ကျန် တပည့်များ မှလည်း ထိုစကားကြောင့်၊ ပို၍ စိတ်အား တတ်ကြွ လာ၏။

“ ငါတို့ ... သေသင့် ပါတယ် ... ၊ အစ်ကို လင်းရဲ့ အသံကို ကြားရဲ့ သားနဲ့၊ မမှတ်မိ လိုက် ဘူး။ ”

“ ဟုတ်တယ် ... သူက အရမ်း သန်မာတယ်၊ ဒါကြောင့် လည်း သိုင်းဦးလေးရဲ့ တပည့် ဖြစ်နေ တာပေါ့၊ ဓားဂိုဏ်း အသရေကို ဓားတစ်လက်နဲ့၊ အပြည့် အဝ ပြသ နေတယ်။ ”

ဓားဂိုဏ်း တပည့်များ သွေး ပွက်ပွက်ဆူ လာကာ၊ မျက်ရည်များ ဝဲလျက် ပျော်ရွှင် ကုန် ကြသည်။

မူရွယ်ချင်းက နှုတ်ခမ်းကို ကိုက်ပြီး နှလုံးသား ထဲရှိ၊ ပီတိကို ခံစား နေမိ လေသည် ။ ဓားအစီရင်ကို ဖြိုခွဲ ခံရရန်၊ ခြေ တစ်လှမ်း မျှသာ လိုချိန်၌၊ လင်းယွန် ရောက်ရှိ လာခြင်း ဖြစ်၏။

“ စီနီယာ အစ်မ မူ၊ ငါတို့ သွား သတ်ရအောင်။ ”

“ ဟုတ်တယ် ... အစ်မ မူ၊ ကောင်းကင်ယံ ဂိုဏ်းက အဲဒီ လူယုတ်မာ တေွကို တိုက်ထုတ် ကြစို့ ... ။ ”

သူတို့ ဒေါသကို ဖောက်ခွဲချင် လာပြီ ဖြစ်သည်။ မူရွယ်ချင်းမှ အလေး အနက် စဉ်းစား ပြီးနောက်၊ ဆုံးဖြတ်ချက် ချ လိုက်သည်။

“ တစ်ဝက် လောက်က၊ ဒီမှာ နေပြီး ညီမယဲ့ကို စောင့်ရှောက်ပါ၊ သူ အောင်မြင်ရင် ငါတို့က ရှေးဟောင်း သူတော်စင်ရဲ့၊ ...

... အမွေကို ရလိမ့်မယ် ... ၊ သူ့ကို စိတ် အနှောင့် အယှက် မဖြစ် စေနဲ့၊ ကျန်တဲ့ လူတွေ ငါ့နောက် လိုက်ခဲ့ကြ ... ။ ”

“ ဟုတ်ကဲ့ ... ၊ နားလည် ပါပြီ။ ”

ဓားဂိုဏ်း တပည့် များက ချက်ချင်း တာဝန်များ ခွဲဝေ တော့သည်။

“ ကဲ ... ငါနဲ့ လိုက် ခဲ့ကြ ... ၊ ဂျူနီယာ လင်းကို ကူရအောင်။ ”

“ လမင်း တည်သရွေ့ ... ၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

“ လမင်း တည်သရွေ့ ... ၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

“ လမင်း တည်သရွေ့ ... ၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”

ကြွေးကြော် သံများ ညံလာ တော့သည်။ ထို့နောက် လူတိုင်း အရိပ် သဖွယ်၊ ပြေးထွက် လိုက်ကြ၏။

ဓား အစီရင်မှ ထွက်ပြီး မကြာမီ၊ မြင်လိုက်ရသည့် တိုက်ပွဲ အချင်း အရာကြောင့်၊ ချက်ချင်း ထိတ်လန့် ကုန်သည်။

“ သက်တံဓား သူတော်စင် တပည့် လင်းယွန် ... ၊ မင်း ငါ့ကို တိုက်ဝံ့ သလား။ ”

ရန်ကောင်းက လင်းယွန်အား မေးနေခြင်း ဖြစ်သည်။ သူ့ ရောင်ဝါမှာ သိပ်သည်းလှ သဖြင့် လမင်း အလား ထင်ရှား နေ၏။

“ ဝှစ် ... ။ ”

လင်းယွန်က ပါးစပ်ဖြင့် မဖြေ တော့ဘဲ၊ မိုးပြာ နဂါး နေ-လ ထီးအား ပိတ်ပြီး၊ မိုးကြိုး ဂိုဏ်း၏ တပည့်ကြီး ရင်ဘတ်ကို လှမ်းထိုး လိုက်သည်။

‘ဖောက်ခနဲ’ နှလုံးသား ပေါက်ကွဲကာ၊ မြေပြင်ပေါ် ပြုတ်ကျပြီး၊ ချက်ချင်း သေဆုံး သွား တော့သည်။

အော်သံ မျှပင် ထွက်ချိန် မရ လိုက်ချေ။ ထို့နောက် ဆံနွယ်များ လေထဲ လွင့်ဝဲ သွားပြီး၊ ရန်ကောင်းထံ လှမ်းကြည့် လိုက်သည်။

“ မင်း တိုက်ချင် နေတာလား၊ ငါ တိုက်ပေးမယ်။ ”

လက်ဝှေ့ ယမ်းလျက်၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်သည်။ သက်တံဓား သူတော်စင် တပည့် တစ်ယောက် အနေဖြင့် စိန်ခေါ် သူများ ရှိပါက၊ တွန့်ဆုတ် နေမည် မဟုတ်ချေ။

***

All Chapters