← Chapters

ကြယ် ကိုးပွင့် နတ်မိစ္ဆာ တံခါးစောင့် ... ။

Vol. 117 Ch. 1630

ကြယ် ကိုးပွင့် နတ်မိစ္ဆာ တံခါးစောင့် ... ။

Vol. 117 Ch. 1630

ဆိတ်သုဉ်း နေသော ဒေသတွင် လူငယ် နှစ်ယောက် လမ်းလျှောက် နေသည်။ သူတို့ ထံမှ အလွန် ကြောက်စရာ ကောင်းသော ရောင်ဝါများ ယိုစိမ့် ကျနေ၏။

နှစ်ဦးသား ရှေ့သို့ မျှော်ကြည့် လိုက်ပြီး၊

“ သူတော်စင် နန်းတော်က ရှေ့ မှာ ရှိသင့်တယ်။ ”

-ဟု ရွှေရောင်ဝတ် လူငယ်က ပြော လိုက်သည်။

သူ့ဘေးရှိ အနက်ဝတ် လူငယ်မှ၊ တုန့်ပြန်ခြင်း မရှိဘဲ၊ ထိုအရပ်သို့ စူးရှစွာ စိုက်ကြည့် သည်။

၎င်းမှာ ချင်းတန် ဖြစ်ပြီး၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ အသန်မာဆုံး ရွှေမျိုးဆက် ပါရမီရှင် ဖြစ်၏။

“ အချိန် တစ်ခုတော့ စောင့်ရမယ်၊ ကန့်သတ်ချက်တွေ ရှိနေတယ်။ ”

ချင်းတန်မှ ခေါင်းညိတ်ပြီး၊ အတည်ပြု လိုက်သည်။ ဤသည်မှာ နဂါးပြာ နန်းတော် တည်ရာ အရပ် ဖြစ်သည်။ တိတိ ပပ ဆိုရမူ၊ နဂါး တံခါး၏ အမွေ ဖြစ်၏။

ဧကရာဇ် ကိုးပါးသည် ထိုသို့သော နန်းတော်များမှ အမွေ ရရှိ ခဲ့ကြောင်း၊ ကောလ ဟာလများ၊ ထွက်ပေါ် ဖူးသည်။

ထို့ကြောင့် နဂါး တံခါးနှင့် ပတ်သတ် သမျှ၊ နတ်နဂါး အင်ပါယာ၌ တားမြစ်ချက် ဖြစ်လာခဲ့ ရခြင်း ဖြစ်၏။

အင်ပါယာကို လက်ရှိ အုပ်ချုပ်သူ ဧကရီသည်၊ ထူးခြားသော ထိုအဆင့် ပါရမီရှင် များ၊ ထမြောက် လာမည်အား၊ စိုးရိမ် ကြောင်း လူအများက ထင်ကြေးပေး လာကြသည်။

သို့သော် ယင်းသည် ကောလ ဟာလ များသာ ဖြစ်ပြီး၊ အမှန် တကယ် အကြောင်းရင်း ကိုမူ၊ ဧကရာဇ် ကိုးပါး သာလျှင် သိပေမည်။

လက်ရှိ အချိန်၌ တောင်ပိုင်း ဧကရာဇ် ကွယ်လွန် ပြီးနောက်၊ ကျန်ဧကရာဇ် များလည်း လူမြင်ကွင်းမှ ပျောက်ကွယ် ကုန်သည်။

“ နဂါးပြာ သူတော်စင် နန်းတော်မှာ၊ လေနတ်ဘုရား အမိန့်လို့ ခေါ်တဲ့ ... ၊ ရတနာ တစ်ပါး ရှိတယ်လို့၊ မင် ဘာသာ မှတ်တမ်း တွေက ဆိုထားတယ်၊ သူက ...

... နတ်ဘုရား လက်ရာနဲ့ ယှဉ်နိုင်တဲ့၊ အုပ်စိုးရှင် အဆင့် သူတော်စင် လက်ရာ တစ်ပါး ပဲ၊ ကောင်းကင် က ကြယ်တာရာတွေ ကိုတောင် ချိုးဖျက်နိုင် လိမ့်မယ်။ ”

ရွှေဝတ်ရုံနှင့် လူငယ်မှ ခပ်တိုးတိုး ဆို လေသည်။ သူသည် ပင်မ နတ်ဘုရား နယ်ပယ် ချန်ပီယံ ဟွမ်ရွှမ်ရီနှင့် တစ်ဂိုဏ်းထဲ ဖြစ်၏။

ချင်းတန်မှ ခေါင်းခါ သည်။

“ ဒါတွေက ကောလ ဟာလ တွေပါ ... ၊ အဲဒီလို ရတနာတွေ ရှိခဲ့မယ် ဆိုရင်၊ ဟိုး အရင် တည်းက အခြား လူတွေ ယူသွားတာ ခံရပြီး ပြီပေါ့၊ ဘာပဲ ဖြစ်ဖြစ် အုပ်စိုးရှင် အဆင့် သူတော်စင် ရတနာ မရှိတောင်၊ ...

... ကျန်တဲ့ အမွေတွေ ရှိမှာပါ ... ၊ အရေးကြီးဆုံးက စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တွေပဲ ... ၊ ပြည့်စုံတဲ့ တစ္ဆေ ဝိညာဉ် အဆင့် နည်းစနစ်တွေ ရရင်၊ ပို ကောင်းမယ်။ ”

သူ့ စကားကို ရွှေရောင်ဝတ် လူငယ်မှ၊ အပြုံးဖြင့်သာ တုန့်ပြန် လေသည်။ သူ့ စိတ်ထဲ၌ ရှေးဟောင်း ပျက်သုဉ်း မြေရှိ မည်သူမျှ၊ နဂါးပြာ နန်းတော်နှင့် ထိုက်တန်သည်ဟု မထင်ချေ။

နဂါးပြာ နန်းတော် ဟူသည် မဟာ သူတော်စင် များကိုပင် ငြင်းဆန်ကြောင်း၊ မြင့်မြတ်မြေ များသာ သိသည်။

ယင်းကြောင့် အုပ်စိုးရှင် သူတော်စင် လက်ရာသာ ရှိနေပါက၊ တစ်စုံ တစ်ဦးမှ ယူသွား နိုင်သည် ဟူသော ချင်းကန်၏ အဆိုကို၊ သဘော မတူခြင်း ဖြစ်သည်။

သို့သော် ထျန်ရွှမ်ဇီမှာ ထူးခြားသော လူ ဖြစ်ပြီး၊ ၎င်းတပည့် ချင်းတန်မှ သူ့အား ဖိအား အနည်းငယ် ပေးလေသည်။

ထို့ပြင် ဆရာ သခင်မှ ကောင်းကင်ယံ ဂိုဏ်းဖြင့်၊ အဘယ့်ကြောင့် ပူးပေါင်း စေချင် သည်ကို၊ သူ သိ၏။

“ ကြည့်ရတာ ... ငါတို့ပဲ ဒီမှာ ရှိနေတာ မဟုတ်ဖူးဘဲ။ ”

ချင်းကန်မှ ရယ်မောလျက် ပြောသည်။ အမှောင် ထဲတွင် ရောင်ဝါ အချို့ကို သိမ်းထား ကြသော လူ အချို့အား ခံစား မိသည်။

ရုတ်တရက် ချင်းတန် မျက်နှာ ပြောင်းလဲ သွားပြီး၊ အေးစက်သော အငွေ့ အသက် များက အတား အဆီး မဲ့စွာ ထွက်လာ၏။

ယင်းကြောင့် ရွှေရောင်ဝတ် လူငယ်က ပြန်လှည့် ကြည့်ကာ၊ ‘ညီအစ်ကို ချင်း ဘာဖြစ် လို့လဲ၊’ -ဟု မေးမိသည်။

“ သေပြီ ... ။ ”

“ ဘယ်သူ သေတာလဲ။ ”

“ ငါ့ ဂျူနီယာ ရန်ကောင်း ... ။ ”

“ အိုး ... ဘယ်သူ လုပ်ဝံ့ တာလဲ၊ နေဦး ... မင်းက သူ့ကို လင်းယွန် သတ်ပစ်ဖို့၊ တာဝန်ပေး ခဲ့တာ မဟုတ်လား၊ ငါ့ဂျူနီယာ အတွက် မင်း လက်စားချေ ပေးမယ်လို့ ပြောခဲ့တယ်။ ”

“ ဓားဂိုဏ်းက သူ့ကို သတ်လိုက်တာ ဖြစ်မယ်။ ”

ချင်းတန်မှ ပြန်ပြောသည်။ အခြားသော ဂိုဏ်းများ အနေဖြင့်၊ ရန်ကောင်းအား သတ်ဝံ့ မည် မဟုတ်ကြောင်း သူ သိသည်။

သို့သော် ရန်ကောင်းသည် ဂိုဏ်းကြီး ရှစ်ဂိုဏ်းနှင့် အတူ သွားခြင်း ဖြစ်သဖြင့်၊ မယုံ နိုင်ဖွယ် ရလာဒ် ဖြစ်နေဆဲ ပေပင်။

“ ညီအစ်ကို ကျန်းကို ... ၊ ဘယ်လို မျက်နှာပြရ မလဲတောင် မသိ တော့ဘူး။ ”

လင်းယွန် ဦးခေါင်းနှင့် ရန်ကောင်း ပြန်ရောက် လာလိမ့် မည်ဟု၊ ပြောခဲ့ ဖူးလေရာ၊ ချင်းတန် တစ်ယောက် ရှက်ရွံ့ လာ၏။

“ လွီရှလည်း ... သတင်း မပို့ဘူး၊ သူ အောင်မြင်မှု တစ်ခု ရယူ နေတာ ဖြစ်မယ်။ ”

“ ထားလိုက်ပါ၊ တကယ်သာ လင်းယွန် ဖြစ်လို့ ကတော့၊ မင်း လူတွေက သူ့အသက်ကို မယူ နိုင်ရင်လည်း၊ ငါ သူ့ကို သတ်လိုက်မယ်။ ”

ရွှေရောင်ဝတ် လူငယ်မှ ပြန်ပြော လိုက်သည်။ သူ့ အမည်မှာ ကျန်းယွမ် ဖြစ်ပြီး၊ မင် ဘာသာရေး ဂိုဏ်းမှ ပါရမီရှင် ဖြစ်၏။

သူ့ စကားကြောင့် ချင်းတန် မျက်နှာ မည်းမှောင် သွားသည်။ သူ စိတ်ချ လက်ချ မနေ နိုင်တော့ချေ။

သူတို့ သုံးဦး ပူးပေါင်း တိုက်ခိုက် ခြင်းဖြင့်၊ သတ္တမမြောက် သွေးလွှတ်ကြောမှ ကျွမ်းကျင်သူ များကိုပင်၊ သတ်ပစ် နိုင်၏။

ထို့ကြောင့် သူတော်စင် နန်းတော် ပေါ်လာသော်၊ သူတို့ သုံးယောက် အင်အားဖြင့် အားလုံးကို မောင်းထုတ်ရန် ရည်ရွယ် ထားသည်။

ယင်းကို ကျန်းယွမ်မှ ရုတ်တရက် သတိ ရလာပြီး၊

“ ဒါနဲ့ ... မင်းတို့ သုံးယောက်က ပေါင်းရင်၊ လူတိုင်းကို အနိုင်ယူ နိုင်တယ် မဟုတ်လား၊ အခု ရန်ကောင်း သေသွားတော့ ... နည်းနည်း ခက်ခဲ လာနိုင် မလား။ ”

-ဟု ပြုံးကာ မေးလိုက် လေသည်။

“ မင်း ... ငါ့ခွန်အားကို သံသယ ဝင်နေ တာလား။ ”

ချင်းတန်မှ အေးစက်စွာ စိုက်ကြည့် လာသည်။ ထိုအကြည့်ကြောင့် ဖိအားများ ခံစား လိုက်ရပြီး၊ ကျန်းယွမ် တစ်ယောက် ဦးရေပြား ယားယံ လာတော့၏။

“ မဝံ့ ပါဘူး ။ ”

ကျန်းယွမ်မှ ပြုံးကာ ဖြေသည်။

“ ငါတို့ ပူးပေါင်း တိုက်ခိုက်ရင်၊ အစွမ်း ထက်တာ မှန်တယ်၊ ဒါပေမယ့် ငါ တစ်ယောက် တည်းနဲ့၊ လူတိုင်းကို အနိုင်ယူ နိုင်တယ်၊ ငါ ချင်းတန် ဆိုတာ ပြိုင်ဘက်ကင်းပဲ။ ”

တိုက်ပွဲဝင် ဆန္ဒများ ထုတ်ဖော်လျက် ချင်းတန်မှ ကြေငြာ လိုက်သည်။

“ အခု ဘာလုပ်ဖို့ စီစဉ် ထားလဲ။ ”

ယင်းကို ကျန်းယွမ်က လျစ်လျူရှုလျက် ခေါင်းစဉ် ပြောင်းမေးသည်။

“ နည်းလမ်း ရှိပါတယ်၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ အုပ်စိုးရှင်၊ ပြောင်းသွား ခဲ့တာ ကြာနေပြီ၊ ဒါကို ဓားဂိုဏ်းက လက်ခံဖို့ ငြင်းဆန် နေတာ ... ။ ”

ချင်းတန်မှ ပြန်ဖြေသည်။ တစ်ချိန်တည်း မှာပင်၊ အစွမ်း ထက်သော မိစ္ဆာ ကျင့်ကြံ သူများ သည်၊ တောင်ကြီး တစ်နေရာ၌၊ စုရုံး နေကြ၏။

လင်းယွန်သာ ဤနေရာ၌ ရှိနေ ပါက၊ ၎င်းတို့အား မှတ်မိ ပေလိမ့်မည်။ ၎င်းတို့မှာ နဂါး အကြွင်း အကျန် ကြယ်နယ် မြေသို့၊ ဝင်ရောက် ခဲ့သူများ ဖြစ်၏။

ငရဲ ကမ္ဘာ ခန်းမ၊ သဏ္ဍာန်မဲ့ နန်းတော် ခုနစ်လုံး၊ သွေးမိုးတိမ် ခန်းမ၊ နတ် ဘီလူး ဂိုဏ်း၊ ကောင်းကင်ဘုံ ကြယ်ခန်းမနှင့်၊ တစ္ဆေ တစ်ရာ တံခါး တို့ ဖြစ်သည်။

သို့သော် လူစုံ တတ်စုံ မဟုတ် ကြချေ။ ဤနယ်မြေသည် ဓားဧကရာဇ်နှင့် သက်တံဓား သူတော်စင် ပိုင်ရာ၊ အရှေ့ဘက် ပျက်စီးမြေ ဖြစ်၏။

ထို့ကြောင့် မြင့်မြတ် မြေများ ကဲ့သို့ပင်၊ ၎င်းတို့ သည်လည်း၊ ပေါ်ပေါ် ထင်ထင် မလာ ဝံ့ ခြင်း ဖြစ်သည်။

မိစ္ဆာ ဂိုဏ်းသားများ ပီပီ မာန ကြီးပြီး၊ ကျိုးကြောင်း ညီညွှတ်မှု မရှိကြချေ။ သို့သော် လက်ရှိ အချိန်၌၊ တစ်စုံ တစ်ရာကို စောင့်ဆိုင်း နေဟန်ဖြင့်၊ အားလုံး ငြိမ်သက် နေသည်။

များမကြာခင် ၎င်းတို့ စောင့်မျှော်နေ သူသည်၊ တောင်ကုန်း တစ်ခုတွင် ပေါ်လာ ပြီး၊ လူတိုင်းအား ငုံ့ကြည့်၏။

အဆိုပါ ပုဂ္ဂိုလ်သည် အနက်ဝတ် အမျိုး သမီးငယ် တစ်ဦး ဖြစ်ပြီး၊ သူမ မျက်နှာအား မျက်နှာ ဖုံးနှင့်၊ ကွယ် ထားသည်။

စိတ်နေ စိတ်ထားမှာ မောက်မာ အေးစက် နေသည်။ လက်ထဲ၌ သူတော်စင် ယပ်တောင်ကို ကိုင်ထားပြီး၊ အမျိုးသား အသွင် ခံယူ ထားသော အမျိုးသမီး တစ်ဦး ဖြစ်လေသည်။

***

All Chapters