← Chapters

ကြယ်ကိုးပွင့် နတ်မိစ္ဆာ တံခါး စောင့် ... ။

Vol. 117 Ch. 1631

ကြယ်ကိုးပွင့် နတ်မိစ္ဆာ တံခါး စောင့် ... ။

Vol. 117 Ch. 1631

ငရဲ ကမ္ဘာ ခန်းမ၊ သဏ္ဍာန်မဲ့ နန်းတော် ခုနစ်လုံး၊ သွေးမိုးတိမ် ခန်းမ၊ နတ် ဘီလူး ဂိုဏ်း၊ ကောင်းကင်ဘုံ ကြယ်ခန်းမနှင့်၊ တစ္ဆေ တစ်ရာ တံခါး တို့၏ တပည့်ကြီး များက၊ မျက်ခုံးပင့် မိ သွားသည်။

“ အန်းလျူယွင် ... ၊ မင်း ဘာလုပ် နေတာလဲ။ ”

ငရဲ ကမ္ဘာ ခန်းမ၏ တပည့်ကြီး ချန်ယွီက မေးခွန်း ထုတ်သည်။ အန်းလျူယွင် ဟူသော အမည်ကြောင့် လူတိုင်းက ထိုအမျိုးသမီးထံ ပြန်ကြည့်ကာ အံ့သြ သွား၏။

မျက်နှာ တစ်ဝက်ကို ဖုံးအုပ် ထား သော်လည်း၊ ယင်းက အန်းလျူယွင် ဖြစ်မှန်း မြင်သာ လာသည်။

“ နင်ကရော ... ဒီမှာ ဘာလုပ် နေတာလဲ။ ”

အန်းလျူယွင်မှ ပြန်မေး၏။

“ နတ်မိစ္ဆာ တံခါး သခင်ကို ... ၊ ငါတို့ စောင့်နေတာ၊ သူနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ... ၊ မင်း မရ ဖူးလား။ ”

ချန်ယွီမှ အေးစက်စွာ ပြောလိုက်၏။ ၎င်းတို့သည် အခွင့် အလမ်းများ ရှာဖွေရန် ဤ နေရာသို့၊ ခိုးဝင် လာကြခြင်း ဖြစ်သည်။

ထို့ကြောင့် နတ်မိစ္ဆာ တံခါး မှူးမှ၊ သူတို့ အားလုံးကို ဤနေရာ၌ စုရုံး နေရန် အကြောင်း ကြား ခဲ့သည်။

သတင်း ကြားကြားချင်း မယုံကြ သော်လည်း၊ ပေါ့ပေါ့ ဆဆ မတုန့်ပြန် ရဲ သဖြင့်၊ လာရောက် စုဝေး နေခြင်း ဖြစ်၏။

“ ဒါဆို ... နင်တို့က ငါ့ကို တွေ့တာတောင် ဘာလို့ ဒူးထောက်ပြီး မနာခံ ရတာလဲ။ ”

အန်းလျူယွင်က မျက်နှာဖုံးကို ဖယ်ရှား ပြီးနောက်၊ ‘နတ်မိစ္ဆာ တံခါး’ ဟူသည့် ငွေရောင် တံဆိပ်အား ထုတ်ယူ ပြလိုက်သည်။

ထိုတံဆိပ်ပြားတွင် ကြယ်ကိုးလုံး ရှိကာ၊ သွေးရနံ့များ သင်းထုံ နေ၏။ ယင်းကြောင့် မိစ္ဆာ ဂိုဏ်း (၆) ဂိုဏ်း၏ တပည့်များ အားလုံး မျက်နှာများ ပြောင်းလဲ ကုန်သည်။

“ တံခါး သခင်ကို ... ၊ နှုတ်ဆက် ပါတယ်။ ”

“ တံခါး သခင်ကို ... ၊ နှုတ်ဆက် ပါတယ်။ ”

“ တံခါး သခင်ကို ... ၊ နှုတ်ဆက် ပါတယ်။ ”

လူတိုင်း ဒူးထောက် သွားကာ၊ အော်ဟစ် လိုက်ကြသည်။ ချန်ယွီက တံဆိပ်ကို မြင်သော အခါ အံ့သြ သွားပြီး၊ လက်ဝှေ့ ယမ်းကာ ချက်ချင်း ဒူးထောက် လိုက်၏။

အခြားသော တပည့် ကြီးများ မှလည်း အကြည့်ချင်း ဖလှယ်ကာ၊ သံသယ စိတ်ဖြင့် ဒူးထောက် လာကြသည်။

အန်းလျူယွင်သည် သူတို့အား အမိန့် ပေးမည့်၊ ကြယ်ကိုးပွင့် နတ်မိစ္ဆာ တံခါး သခင် အမှန် ဖြစ်နေ ချေပြီ။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်၌၊ အမှောင်ခေတ်အား အဆုံးသတ် ရာတွင်၊ နှလုံးမဲ့ နတ်မိစ္ဆာ ဧကရာဇ် သည်လည်း၊ တိုက်ပွဲသို့ ပါဝင် ခဲ့သည်။

၎င်းက သွေးလ ဂိုဏ်းမှ လွဲ၍၊ မိစ္ဆာ ဂိုဏ်းတိုင်းကို သိမ်းယူကာ၊ နတ်မိစ္ဆာ တံခါး ဟူသည့် အဖွဲ့ အစည်းကို၊ ဖွဲ့စည်း ခဲ့သည်။

ထို့ကြောင့် နတ်မိစ္ဆာ တံခါးမှူး တစ်ဦးသည်၊ ထိုဂိုဏ်းများ၏ တပည့်များ အပေါ်၌ အသက်နှင့် သေခြင်းကို ဆုံဖြတ် ပိုင်ခွင့် ရှိနေ၏။

ယင်းက မိစ္ဆာ ကျင့်ကြံသူ တိုင်း၏ အိပ်မက်အား၊ နတ်မိစ္ဆာ တံခါး သို့ ဝင်ရောက်ရန် ဖြစ်လာ လေသည်။

တံခါးစောင့် ရာထူး ဟူသည် မြင့်မားလှ သဖြင့်၊ လူတိုင်း အရည် အချင်း ပြည့်မီခြင်း မရှိ ချေ။ အဆင့် အတန်းအား ကြယ် တစ်ပွင့်မှ ကိုးပွင့် အထိ ခွဲခြား ထားသည်။

၎င်းကို ဖြတ်ကျော် ပြီးနောက်၊ နတ်မိစ္ဆာ တံခါးသည် ထိုသူအား သန့်ရှင်းသော သားတော် သမီးတော် ရာထူး အတွက်၊ ယှဉ်ပြိုင်ရန် အရည် အချင်း ပြည့်မီသူ အဖြစ်၊ သတ်မှတ် ပေးသည်။

“ မဖြစ် နိုင်တာ။ ”

ငရဲ ကမ္ဘာ ခန်းမ၏ တပည့်ကြီး ခမျာ တုန်လှုပ် သွားသည်။ နတ်မိစ္ဆာ တံခါးမှ တံခါး သခင် စေလွှတ် မည်ဟု ကြားသိ ထား သော်လည်း၊ မယုံ ခဲ့ချေ။

အရှေ့ဘက် ပျက်စီးမြေကို၊ ဓားဧကရာဇ် ယုချင်းဖန်မှ ရယူ ထားပြီး၊ နတ်နဂါး အင်ပါယာ အမိန့် အောက်၌ ထားရှိသည်။

ထို့ပြင် သူတော်စင် များကို သတ်ကာ၊ သက်တံဓား သူတော်စင် ဘွဲ့ ခံယူသည့် ဘီလူး အိုကြီး တစ်ပါးလည်း ရှိနေ သေးသည်။

ဧကရာဇ် အောက်၌ မည်သူ မဆို၊ ၎င်း ဓားအား ခံယူ ဝံ့ကြသည် မဟုတ်ချေ။ နတ်မိစ္ဆာ တံခါး သည်လည်း၊ အပါ အဝင် ဖြစ်၏။

ထိုဘီလူး နှစ်ကောင်ကြောင့်၊ ကျန် ဧကရာဇ်များ သည်ပင်၊ အရှေ့ဘက် ပျက်စီးမြေ ထံသို့၊ မျက်စောင်း မထိုးဝံ့ခြင်း ဖြစ်သည်။

အတိတ် ကာလ၌ မိစ္ဆာဂိုဏ်း များ၏ ပါရမီရှင် များကို၊ အရှေ့ဘက် ပျက်စီးမြေ အတွင်း၊ ပို့ခဲ့ ဖူးသည်။

သို့သော် နိမ့်ကျသော အသွင် ကိုသာ ဆောင်ထား ရ၏။ ယင်းကြောင့် နတ်မိစ္ဆာ တံခါး မှူး တစ်ဦးကို စေလွှတ် ခြင်းသည်၊ အန္တရာယ် များသော ရင်းနှီးမှု ဖြစ်နေသည်။

သက်တံဓား သူတော်စင်သည် သေခြင်း တရားနှင့် ယှဉ်ဆိုင် နေရ သဖြင့်၊ ဤနေရာသို့ ခရီး မဆက် နိုင်ဟု ထင်နေ ကြပုံ ရသည်။

သို့သော် နတ်မိစ္ဆာ တံခါး မှူးမှာ၊ အန်းလျူယွင် ဖြစ်နေ သည့်အပေါ်၊ လက်မခံ နိုင် သေးချေ။ အဓိပ္ပါယ် မဲ့လှ၏။

“ နဂါးပြာ နန်းတော် ထဲမှာ၊ နတ်နဂါး ကောင်းကင် ဖျက်ဆီးခြင်း ပညာရပ် ဆိုတာ ရှိတယ်၊ နဂါး မျိုးရိုးရဲ့ ခန္ဓာကိုယ် သန့်စင်တဲ့ ပညာ ရပ်ပဲ၊ ဒါကို ငါတို့ ရအောင် ယူရမယ်၊ ငါ့ အမိန်ကို မနာခံတဲ့ လူတိုင်း သေခြင်းပဲ။ ”

အန်းလျူယွင်က ကြောက်မက်ဖွယ် ကောင်းသော နတ်နဂါး အငွေ့ အသက် များကို ထုတ်လွှတ်ကာ၊ ကြေငြာ လိုက်သည်။

“ တံခါး သခင်ရဲ့ အမိန့်ကို ... နာခံ ပါမယ်။ ”

လူတိုင်း ခေါင်းငုံ့ကာ ကတိပြု လိုက် ကြသည်။ နတ်မိစ္ဆာ တံခါး သခင် သည်ပင်၊ ဤ နေရာသို့ ရောက်လာ နိုင်သော်၊ အခြားသော မြင့်မြတ် မြေ၏ တပည့်များ သည်လည်း၊ ရောက်လာ နိုင်ပေ၏။

ထို့ကြောင့် ခရီးစဉ်မှာ ထင်သလောက် လွယ်ကူခြင်း မရှိ တော့ကြောင်း သူတို့ နားလည် လာမိသည်။

***

ထိုအချိန်တွင် ရီချင်းယန်နှင့် ကူရို့ချန်က သူတော်စင် နက္ခတ် တောင်ကြားသို့ ပြန်ရောက် လာလေသည်။

“ အစ်ကို ကူ ... ၊ အဆင်ပြေလား။ ”

မူရွယ်ချင်းမှ မေးသည်။ ကူရို့ချန်မှ ခေါင်းညိတ် ပြပြီး၊

“ နည်းနည်းတော့ ဒုက္ခရောက် ခဲ့တယ်၊ ဒါပေမယ့် တစ်ခု ခုတော့ ရနိုင်မှာ ... ၊ နဂါးပြာ နန်းတော် တည်နေရာကို တွေ့ပြီ၊ မကြာခင် သူ ပေါ်လာ လိမ့်မယ်။ ”

“ နဂါးပြာ နန်းတော်ကို ရှာနေ တာလား။ ”

လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာသည်။ ကူရို့ချန်က ပြုံးလျက် သူ့အနား လျှောက်လာကာ၊

“ လမ်းမှာ ... မင်း နာမည်ကို လူတိုင်း ပြောနေ ကြတယ်၊ ဓားဂိုဏ်းရဲ့ ကျက်သရေကို တကယ် ဆောင်နိုင် ပါပေတယ်၊ ဟုတ်တယ်၊ ငါတို့ နဂါးပြာ နန်းတော်ကို ရှာနေတာ။ ”

“ သူက ... ဘယ်လို မျိုးလဲ။ ”

လင်းယွန်က စိတ်ဝင်တစား မေးသည်။ သူနှင့် အတူ ကျန်တပည့် များမှလည်း၊ စိတ် ဝင်စား လာ၏။

“ သူက ခွန်လွန်ရဲ့ အရှေ့ဘက် ပျက်စီး နယ်မြေကို ကာကွယ်ဖို့၊ ဆောက်ထားတဲ့ ခံတပ် နန်းတော်ပဲ၊ သူ့မှာ နဂါး တံခါးရဲ့ အမွေ ရှိတယ်၊ နန်းတော် ကိုယ်တိုင်က၊ ...

... နတ်ဘုရား လက်ရာ တစ်ပါးပဲ ... ၊ မိုမိသားစုက ဆောက်လုပ် ပေးထား တာမို့၊ တိုက်ပွဲ အတွင်း၊ လုံးဝ မပျက်စီး ခဲ့ဘူး၊ အရင် တုန်းက နဂါးဖြူ နန်းတော် ...

... ပေါ်ခဲ့ ဖူးတယ်၊ ဒါကြောင့် ဒီတစ်ကြိမ် နဂါးပြာ နန်းတော် ဖြစ်မယ်လို့၊ ခန့်မှန်း ထားကြ တယ်၊ ပြီးတော့ ဒီနယ်မြေမှာ သူတော်စင် နန်းတော် အပြင်၊ ...

... နတ်နန်းတော် တွေလည်း ရှိသေး တယ်လို့၊ မှတ်တမ်း တွေမှာ ဖော်ပြ ထားခဲ့ တယ်။ ”

ကူရို့ချန် စကားကြောင့်၊ မိုးပြာ နေ-လ ထီးကို၊ လင်းယွန်မှ သတိ ရလာသည်။ ၎င်းအား နဂါးဖြူ နန်းတော်မှ ရလာခြင်း ဖြစ်၏။

“ ဧကရာဇ် ကိုးပါးက ... ၊ အဲဒီ နတ် နန်းတော်တွေ ကနေ၊ အမွေတွေ ရရှိခဲ့ တယ်လို့ လည်း၊ ဆိုကြတယ်။ ”

မူရွယ်ချင်းမှ ဝင်ပြောသည်။

“ ဒါဆို မသွားကြ သေးဖူးလား။ ”

လင်းယွန်မှ မေးသည်။

“ သွားရ မှာပေါ့ ... ။ ”

ကူရို့ချန်က ပြန်ဖြေ၏။ ပြီး ယဲ့ဇီလင်အား ကြည့်ကာ၊

“ ငါတို့ ကောင်းကင်ယံ ဂိုဏ်းကို ရင်ဆိုင်ရ လိမ့်မယ်။ ”

-ဟု ဆက်ပြော လာသည်။

“ ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရ ပါဘူး။ ”

လင်းယွန်မှ ဝင်ပြောသည်။

“ မှန်တယ် ... ၊ ငါတို့ နဂါးပြာ နန်းတော်ကို မသွားရင် တောင်မှ ... ကောင်းကင်ယံ ဂိုဏ်းက လိုက်လာ ဦးမှာပဲ။ ”

ကူရို့ချန်က ခေါင်းညိတ်ကာ ဆို၏။

“ ဒီတစ်ကြိမ် ... သူတို့ ကံမကောင်း တော့ ပါဘူး၊ ရန်ကောင်း သေပြီ ဆိုတော့ ချင်းတန်နဲ့ လွီရှပဲ ကျန်တော့တယ်၊ အခု စီနီယာ အစ်ကို တို့လည်း ပြန်ရောက် လာပြီ၊ သူတို့ကို ကြောက်နေစရာ မလိုဘူး။ ”

ကုန်းစွန်းယန်မှ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလျက် စကား ဆိုသည်။ ထိုစကား ကြောင့်၊ ဓားဂိုဏ်း၏ တပည့် များစွာမှာ၊ စိတ်အား တတ်ကြွ လာတော့သည်။

အထူး သဖြင့် သူတို့ အားလုံး လင်းယွန် ခွန်အားကို တွေ့မြင် ခဲ့ပြီး ဖြစ်သည်။ သို့သော် ကူရို့ချန်မှ ခေါင်းခါ လိုက်ပြီး၊

“ ရန်ကောင်းကို ... ချင်းတန်နဲ့ ယှဉ်လို့ မရဘူး၊ သူ့ကို အနိုင် ယူဖို့ (၅၀%) ယုံကြည်ချက် ရှိတယ်၊ ဒါပေမယ့် ချင်းတန် ဆိုရင်တော့ ...

... (၂၀%) တောင် မျှော်လင့်လို့ မရဘူး၊ သူဘယ်လောက် သန်မာလဲ ဆိုတာ အတိ အကျ သိဖို့တောင် ခက်တယ်။ ”

ထိုစကားကြောင့် လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားသည်။ အပြင်ပိုင်း ခွန်အား အရ ဆိုသော်၊ သူသည် ချင်းတန်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော် ဝှက်ဖဲ များပါ ထည့်သွင်း နှိုင်းယှဉ် ရမည် ဆိုက၊ ဆန့်ကျင်ဘက် ဖြစ်သည်။

“ နဂါးပြာ နန်းတော်ကို ရှာဖွေ တုန်းက၊ မြင့်မြတ်မြေရဲ့ တပည့်တွေ ကိုတောင်၊ ငါတို့ တွေ့ခဲ့ သေးတယ်။ ”

“ မြင့်မြတ်မြေ ... ဟုတ်လား၊ သူတို့ တကယ် ဝင်ရဲလား။ ”

ကုန်းစွန်းယန်မှ အံ့သြ တုန်လှုပ်စွာ မေးလိုက်သည်။

“ ဟုတ်တယ် ... ၊ အခုက အရင်လို ကာလမျိုး မဟုတ် တော့ဘူး၊ သိုင်း ဦးလေးရဲ့ သက်တမ်း၊ (၅)နှစ်တောင် မကျန် တော့တဲ့ အတွက်၊ မြင့်မြတ်မြေ တွေက နည်းနည်း အကဲစမ်း လာကြတယ်။ ”

ကူရို့ချန်မှ သက်ပြင်း ချကာ ပြန်ဖြေ၏။

“ ဒါက လုံးဝ မကောင်း တာတော့ မဟုတ်ဘူး၊ သူတို့ ရောက်လာတာ၊ ချင်းတန်ကို နည်းနည်းတော့ အခက် ဖြစ်စေ နိုင်ပါတယ်။ ”

ရီချင်းရွှမ်မှ ပြုံးကာ ဝင်ပြော လာလေသည်။

***

All Chapters