လူတိုင်း ထွက်သွားပါ။
Vol. 117 Ch. 1632
နဂါးပြာ နန်းတော်၏ တည်နေရာကို လူတိုင်း တဖြည်းဖြည်း အတည်ပြု လာနိုင်၏။ ထို့ကြောင့် လေထုမှာ ပြောင်းလဲ သွားတော့ သည်။
နဂါးပြာ နန်းတော်သို့ မသွားမီ အထွတ် အထိပ် ခွန်အားမျိုး ပိုင်ဆိုင်ရန် အောင်မြင်မှုများ ကိုယ်စီ ရယူ ကြကုန်၏။
သို့သော် နဂါး သွေးလွှတ်ကြော နယ်ပယ် ဟူသည် အခြားသော နယ်ပယ် များနှင့် ကွဲပြား လေသည်။
အောင်မြင်မှု တိုင်းသည်၊ ဘဝ- မရဏ ဆိုင်ရာ အတွေ့ အကြုံ တစ်ခု ဖြစ်၏။ အခြေခံ အုတ်မြစ် ခိုင်မာ သူတိုင်း အောင်မြင် မည်ဟု အဓိပ္ပါယ် သက်ရောက်ခြင်း မရှိချေ။
လူ ဆယ်ဦးတွင် ငါးဦး သေဆုံး ရ၏။ ပျက်စီးခြင်း နန်းတော် ဖွင့်လှစ်ခဲ့ သည်မှာ၊ အချိန် နှစ်လ ကြာမြင့် နေပြီ ဖြစ်သည်။
နန်းတော် ဖွင့်စဉ် အချိန်၌၊ လူ အများ စုမှာ ဒုတိယသွေး လွှတ်ကြောတွင် ဖြစ်သော်လည်း၊ ယခုမူ စတုတ္ထ သွေးလွှတ် ကြောသို့ ဖြတ်ကျော် ဝင်ရောက် နေသည်။
ဤသည်မှာ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်၏ ကျက်သရေ ပေပင်။ ယင်းကြောင့် အန္တရာယ် ရှိလင့် ကစား၊ ဂိုဏ်းတိုင်းမှ သူတို့၏ တပည့် များကို စေလွှတ် လာကြခြင်း ဖြစ်၏။
ခုနစ်ရက် အကြာ၌ နဂါးပြာ နန်းတော်၏ တည်နေရာထံ လူတိုင်း ဦးတည်လာ ကြသည်။ များမကြာမီ လူတစ်သောင်း နီးပါး စုရုံး မိ၏။
နယ်မြေ ဖွင့်ချိန်၌ တစ်သိန်းကျော် ဝင်ရောက် ခဲ့ကြ သော်လည်း၊ ငါးသောင် မျှသာ အသက် ရှင် ကျန်ရစ် လေသည်။
အချို့သည် အန္တရာယ်ကို မလိုချင် သောကြောင့်၊ အဝေးသို့ ထွက်ခွာ ကြ၏။ အချို့ မှာ နဂါးပြာ နန်းတော် ရှိသည် ကိုပင်၊ မသိနိုင် လောက် အောင်ပင်၊ နိမ့်ကျသော အင်အားစု များမှ ဖြစ်သည်။
ဆိုလို သည်မှာ ဤနေရာသို့ ရောက်ရှိလာ သူတိုင်းသည် ထိပ်တန်း အရည်အချင်း ရှိသူများ ဖြစ်သည်ဟု အဓိပ္ပါယ် ရ၏။
“ ဒါက နဂါးပြာ နန်းတော်လား၊ ဘာလို့ သဘာဝ ဖြစ်စဉ် မရှိရ တာလဲ၊ နဂါး ရောင်ဝါတောင် မရှိဘူး။ ”
“ သွားကြည့် ရအောင် ... ။ ”
လူများစွာက အဝေးမှ သဲမုန်တိုင်းကို ကြည့်ပြီး၊ အံ့သြ သွားသည်။ ထို့ကြောင့် ပျံသန်း ဝင်ရောက်ရန် ကြိုးစား မိကုန်၏။
သို့သော် သဲမုန်တိုင်းက လူတိုင်းအား တွန်းထုတ် ခဲ့သည်။ သူတော်စင် လက်ရာ များ ကို ထုတ်ပြီး၊ ထပ်မံ ကြိုးစားမိ သော်လည်း၊ သေခြင်းသာ အဆုံး ဖြစ်လာ၏။
ဤသည်မှာ ကြောက်မက်ဖွယ် ကောင်း သဖြင့်၊ သဲမုန်တိုင်း အတွင်း ဝင်ရောက် ခြင်းကို ရပ်နားကာ၊ စကား စမြည် ပြောလာ မိကြသည်။
လင်းယွန်က နဂါး မျက်လုံးကို ဖွင့်ကာ၊ သဲမုန်တိုင်းထံ ကြည့် လိုက်သည်။ သဲမုန်တိုင်း အလယ်၌ မြေကွက်လပ် တစ်ခု ရှိနေ၏။
သို့သော် မျက်ဝန်း တစ်စုံ ရုတ်တရက် ပေါ်လာပြီး၊ သူ့ထဲ စိုက်ကြည့်လာ သောကြောင့်၊ ချက်ချင်း ပြန်ရုတ် လိုက်ရသည်။
နန်းတော်ကို ရစ်ခွေ နေသော နဂါးကြီး ပေါ်လာသည်။ ယင်းက သူ့အား အတွေး ပွား မိစေ၏။
ဤနေရာ၌ မိုးပြာ နဂါး နန်းတော် သည်လည်း ရှိသင့် ပေသည်။ မိုးပြာ နဂါး သခင် ဟူသည်၊ နတ်နဂါး ခုနှစ်ပါးထက် အား မနည်း လှချေ။
သူသည် မိုးပြာ နဂါး ခန္ဓာကိုယ် နည်းစနစ်ကို၊ ကျင့်ကြံ ထားပြီး၊ နဂါးပြာ အရိုး အား၊ သန့်စင် ခဲ့၏။
ထို့ကြောင့် မိုးပြာ နဂါး အမွေကို ရယူ လိုသည်။ ၎င်းမှာ အုပ်စိုးရှင် သဘာဝ နက္ခတ် လေးပါး အတွင်း ပါဝင်သည်။
အလား အလာ အရ၊ နဂါးပြာ များထက် လုံးဝ နိမ့်ကျခြင်း မရှိခေျ။ သာလွန် နိုင်ချေပင် ရှိသည်။
“ ဘာတွေ တွေးနေ တာလဲ။ ”
ယဲ့ဇီလင်က လင်းယွန် အနား၊ လှမ်း တက်ကာ မေးသည်။ လင်းယွန်မှ သူ့ အတွေးကို ထုတ်ပြော လာချိန်၌ ယဲ့ဇီလင် တစ်ယောက်၊ အနည်းငယ် ငြိမ်သက် သွား၏။ ပြီး ... ၊
“ အရင်က ... အုပ်စိုးရှင် နက္ခတ် လေးပါး ထဲမှာ၊ နဂါးပြာ၊ မီးငှက်၊ လိပ်နက်နဲ့ ကျားဖြူ ပါ တယ်၊ ဒါပေမယ့် ဒီဘက်ခေတ် မှာတော့ နဂါး ပြာ အစား၊ မိုးပြာ နဂါးကို၊ ...
... အစားထိုး လာကြတယ်၊ သူက အလွန် ဆန်းကြယ်တဲ့ နဂါး မျိုးစိတ်ပဲ၊ ခွန်လွန်ရဲ့ ပဲ့ကိုင် ရှင်တွေ ထဲမှာ၊ မိုးပြာ နဂါး သခင်လည်း ပါတယ်။ ”
-ဟု ရှင်းပြ လာသည်။
“ ဂျူနီယာ ညီမလေး ပြောတာ မှန်တယ်၊ မိုးပြာ နဂါး တွေက ထူးခြား လွန်းတယ်၊ သူမှာ နဂါးပြာနဲ့ ရင်းနှီးတဲ့ ဆက်ဆံ ရေးမျိုး ရှိတယ်၊ မိုးပြာ နဂါး သခင်က၊ ...
... နဂါး တံခါးရဲ့ တံခါးမှူး တစ်ဦးပဲ၊ ဒါကြောင့် နဂါးပြာ နန်းတော်မှာ သူ့ အမွေကို ထားခဲ့ နိုင်ပါတယ်။
ကူရို့ချန်မှ ဝင်ပြောသည်။ လင်းယွန်သည် မိုးပြာ နဂါး ခန္ဓာ ကိုယ်အား သန့်စင် ထားမှန်း သူ သိသည်။
သို့သော် ၎င်းလို ချင်သည့် မိုးပြာ နဂါး အမွေမှာ၊ ဤနဂါးပြာ နန်းတော် အတွင်း၌ ရှိ-မရှိ၊ တပ်အပ် မပြော နိုင်ချေ။
အချိန် ကြာလာ သည်နှင့် အမျှ၊ လူအုပ် အတွင်း၊ သန်မာသာ ရောင်ဝါများ ရောနှော လာသည်။
“ အဲ့ဒီ လူတွေက မြင့်မြတ်မြေ တွေက လာတာ မဟုတ်လား။ ”
လင်းယွန်က ကူရို့ချန်အား မေးသည်။ ၎င်းတို့သည် မည်သည့် ရောင်ဝါ ကိုမျှ ထုတ်ဖော် ထားခြင်း မရှိ သော်လည်း၊ လင်းယွန်တို့ ကဲ့သို့ သော လူများ အမြင်အား မလှည့်စား နိုင်ချေ။
“ ဟုတ် တယ် ... ။ ”
ကူရို့ချန်မှ ခေါင်းညိတ်သည်။ သူသည် မကြာခဏ ဆိုသလို၊ ခရီးထွက် ဖူးသောကြောင့် မြင့်မြတ် မြေမှ လူ များနှင့်၊ ဆက်ဆံရေး အချို့ ရှိသည်။
“ အနောက်မြောက် အရပ်က၊ လူကို တွေ့လား၊ သူက ကောင်းကင် မီးတောက် ဂိုဏ်း ရဲ့၊ အတွင်း တပည့် ဝမ်တပဲ၊ မြင့်မြတ် မြေမှာ၊ ...
.... အတွင်း တပည့် ရာထူးက၊ ... ငါတို့ တန်ခိုးကြီး ဂိုဏ်း တေွရဲ့၊ တပည့်ကြီး တေွကို ပခုံးချင်း ယှဉ်နိုင်တယ်။ ”
လင်းယွန်က ညွှန်ပြသည့် လမ်းကြောင်း အတိုင်း ကြည့်မိ လိုက်ရာ၊ အပြာဝတ် လူငယ် တစ်ဦးကို တွေ့လိုက် ရသည်။
ထိုသူသည် ရောင်ဝါကို သိမ်းလျက်၊ သဲမုန်တိုင်း အတွင်း ငြိမ်သက်စွာ ကြည့်နေ၏။ သတိထား ကြည့်ပါက ၎င်းသည် မောက်မာပြီး၊ သူ့အနား မည်သူမျှ ချည်းကပ် ဝံ့ခြင်း မရှိ ကြောင်း၊ မြင်သာသည်။
“ ဒီဘက်က မီးခိုးရောင် ဝတ် လူငယ် နှစ်ယောက်ကို တွေ့လား၊ ပြီးတော့ ဟိုဘက်က တစ်ယောက်၊ သူတို့ သုံးယောက်လုံး မြင့်မြတ် မြေရဲ့ တပည့် တွေပဲ၊ ဒါပေမယ့် သူတို့ နာမည် ငါ မသိဘူး။ ”
တစ်နာရီ အကြာတွင်၊ တန်ခိုး ကြီးသော ဂိုဏ်းများ စုံသလောက် ဖြစ်လာသည်။ သို့သော် ကောင်းကင်ယံ ဂိုဏ်း၊ မိုးကြိုး ကျောင်းတိုက်နှင့် မြကျောက်စိမ်း စံအိမ် တို့မှာ၊ မရောက် လာသေးချေ။
“ မိုးကြိုး ကျောင်းတိုက်နဲ့၊ မြကျောက်စိမ်း စံအိမ် မရောက် သေး ပါလား၊ ကောလ ဟာလ တွေက၊ အမှန် ဖြစ်နေပုံ ရတယ်။ ”
“ ဘာတွေလဲ ... ။ ”
“ မင်း ... မသိ ဖူးလား၊ တရားခံက ဟိုဘက်မှာ၊ ရွှမ်းဖိန်နဲ့ ချန်းတောင်ကို သတ်ပစ် ခဲ့တဲ့ သူ။ ”
လင်းယွန်ကို တစ်စုံ တစ်ဦးမှ လက်ညှိုး ထိုးပြ လာသည်။
“ လင်းယွန်လား ... တကယ် ပြောနေ တာလား၊ ဒါဆို ... သူက ရန်ကောင်း အပြင်၊ နောက်ထပ် တပည့်ကြီး နှစ်ယောက်ကို၊ သတ်ပစ် ခဲ့တာပေါ့။ ”
“ ဟုတ်တယ် ... ၊ အုပ်စိုးရှင် သူတော်စင် လက်ရာ အတွက်လို့ ပြောကြတယ်၊ သုံးယောက် တစ်ယောက် တိုက်ပြီး၊ ရှောင်ခွန်တောင် ...
... ကံကောင်း လို့တဲ့၊ အရမ်း ရက်စက်တဲ့ ကောင်၊ သက်တံဓား သူတော်စင် တပည့် ပီသ ပါပေတယ်။ ”
လူတိုင်း၏ အာရုံသည် ဓားဂိုဏ်းထံ ကျရောက် လာသည်။ ရှောင်ခွန် တို့နှင့် တိုက်ပွဲ ကို၊ လူအနည်း စုသာ မြင်ခဲ့ ရ၏။
ထိုကြောင့် အများ စုက မသိခြင်း ဖြစ်သည်။ ရန်ကောင်းကို သတ်ပစ် လိုက်သည့် တိုက်ပွဲသာ သူတို့ သိကြသည်။
ထိုစဉ်က အရူး တစ်ယောက် ကဲ့သို့ လင်းယွန်မှ မြင်မြင် သမျှ သတ်ပစ် နေခဲ့သည်။ အင်အားကြီး ဂိုဏ်းများမှာ ကြက်ကလေး ငှက်ကလေးများ သဖွယ် ပေပင်။
“ ကောင်းကင်ယံ ဂိုဏ်း လာပြီ။ ”
ချင်းတန် ဦးဆောင်သော လူတစ်စု ကောင်းကင်မှ ဆင်းသက် လာ၏။ သူ့ဘေးတွင် ကျန်းယွမ်နှင့် လွီရှ ကပ်လျက် ပါသည်။
မြေပြင်ပေါ် ခြေချ လိုက်မိ သည်နှင့်၊ ချင်းတန် ထံမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ် လိုခြင်း၊ ရည်ရွယ်ချက်များ ထွက်လာသည်။
နဂါးပြာ နန်းတော် မဖွင့်မီ၊ မည်သူ့ကို သတ်ချင် နေ သည်အား၊ လူတိုင်း သိချင် လာ တော့၏။
“ မင်းတို့ အားလုံး အခု ထွက်သွားပါ။ ”
ရုတ်တရက် ချင်းတန်မှ လူတိုင်းကို မောင်းထုတ် လေသည်။ ဤသို့ မောင်းထုတ် လိမ့် မည်ဟု၊ မထင်ထား သဖြင့်၊ မှင်တတ် ကုန်ကြ၏။
“ နဂါးပြာ နန်းတော်က ... ၊ ငါ့ ကောင်းကင်ယံ ဂိုဏ်းနဲ့ပဲ ... သက်ဆိုင်တယ်၊ ကျူးကျော် ဝံ့တဲ့ လူတိုင်း သေခြင်းပဲ၊ မင်းတို့ ထွက်ခွာဖို့ အတွက်၊ အမွေးတိုင် လောင်ကျွမ်း ချိန် တစ်ဝက်၊ အချိန် ရမယ်။ ”
“ အဓိပ္ပါယ် မရှိ လိုက်တာ၊ နဂါးပြာ နန်းတော်က နဂါး တံခါးရဲ့ အမွေပါ၊ လူတိုင်းမှာ ကြိုးစား ပိုင်ခွင့် ရှိတယ်။ ”
တစ်စုံ တစ်ဦးက သဘာဝ အတိုင်း မပျော်မရွှင် ဖြစ်လာပြီး၊ ချက်ချင်း တုန့်ပြန် တော့သည်။
“ ဖောင်း ... ။ ”
သို့သော် စကားဆုံး သည်နှင့် ထိုသူ၏ ဦးခေါင်း ကွဲထွက် သွားသည်။ ဆယ်မိုင် အကွာ အဝေးမှ တစ်ချက် လှမ်းကြည့်ကာ၊ ချင်းတန်မှ သတ်လိုက်မှန်း နားလည် လာ၏။
ဤမြင်ကွင်းက တန်ခိုးကြီး ဂိုဏ်းမှ တပည့်ကြီးများ ကိုပင်၊ မျက်နှာ ပြောင်းလဲ သွား စေသည်။
ရှောင်ခွန်က ချင်းတန်ကို လှမ်းကြည့် လိုက်ရာ၊ အမှန်တကယ် အလေး အနက် ပြော နေမှန်း သိလိုက်ပြီး၊ ကျောရိုး တစ်လျှောက် အေးစက် လာသည်။
ကောင်းကင်ယံ ဂိုဏ်းသည်၊ နဂါးပြာ နန်းတော် တစ်ခုလုံးအား လက်ဝါးကြီး အုပ်ရန် မူလ ကတည်း ကပင်၊ စီစဉ်ထား ပုံရ ပေ၏။
***