အတူတူ သွား ရအောင်။
Vol. 117 Ch. 1633
မြေပြင် ပေါ်တွင် ဦးခေါင်း မရှိသော အလောင်းကို ကြည့်ပြီး၊ လူတိုင်း ထိတ်လန့် သွားသည်။
ဤနေရာရှိ ကျင့်ကြံ သူတိုင်းမှာ ရှေးဟောင်း ပျက်သုဉ်း မြေ၏ အထက်တန်းစား များ ဖြစ်၏။ လူတိုင်း သည်နေရာသို့ ရောက်နိုင် ကြသည် မဟုတ်ချေ။
ရှောင်ခွန်အား ချင်းကန်မှ ပြန်ကြည့်သည်။ ထိုအကြည့်တွင် သူ့အား ရှောင်ခွန်၊ မင်းလည်း ပါတယ် ဟု ပြောနေ၏။
ထို့ကြောင့် ရှောင်ခွန်၏ ညာလက် တုန်လာလေရာ၊ အံကြိတ်ပြီး ထိန်းလိုက် ရလေ သည်။
“ ကဲ ... မင်းတို့နဲ့ ... စလိုက် ရအောင်၊ ရေှာင်ခွန် မင်းလူတွေ ခေါ်ပြီး၊ အခု ထွက်သွား နိုင်ပြီ။ ”
“ ဘာ လဲ ဟ ... ။ ”
“ အဓိပ္ပါယ် မရှိတာ။ ”
“ အစ်ကိုကြီး ... ၊ သူတို့ကို တိုက်ကြ ရအောင်။ ”
ကောင်းကင် ဓားမော့ ခန်းမ၏ တပည့်များက ဒေါသ ထွက်လာသည်။
“ ဘာလဲ ... ငါ့နာမည် ချင်းတန်၊ ဒါနဲ့ မလုံလောက် ဖူးလား။ ”
ချင်းတန်က လေထဲ ပျံဝဲပြီး၊ ရေှာင်ခွန်အား လှမ်းကြည့်သည်။ ထို့ကြောင့် ဓားဆွဲ နေသော ရှောင်ခွန် တစ်ယောက်၊ မဆွဲ နိုင်တော့ဘဲ၊ လေပေါ် ကြွတက် လာ၏။
မမြင် ရသော လက် တစ်စုံမှ၊ သူ့ လည်ပင်းကို ဆုပ်ကိုင်ကာ၊ ဖြည်းညှင်းစွာ မြှောက်တင် နေခြင်း နှင့် တူသည်။
“ ချ လွမ် ... ။ ”
လက်ထဲရှိ ဓားပင် မြေပြင်ပေါ် ပြုတ်ကျ သွား၏။ နာကျင်မှုကြောင့် မျက်နှာရှုံ့တွ လာပြီး၊
“ ငါတို့ ထွက်သွားမယ်။ ”
-ဟု ပြောလိုက် တော့သည်။
ဓားဂိုဏ်းမှ လူတိုင်း ကျောရိုးများ အေးစက်သွား၏။ ရှောင်ခွန် ထံမှ စကားကြား သည်နှင့်၊ ချင်းတန်က မြေပြင်ပေါ် လွတ်ချ လိုက်သည်။
ယင်းက ကောင်းကင် ဓားမော့ ခန်းမ အတွက်၊ နာကျင်ဖွယ် သမိုင်း တစ်ခု ဖြစ်လာ ပေ တော့မည်။
“ စိတ်ဝင် စားစရာပဲ။ ”
ဤအရာသည် နဂါး ထွက်သက်နှင့် တူပြီး၊ အစောပိုင်း အကြည့်သည် နဂါးမျက်ဝန်း ဖြစ်ချေ ၏။ ချင်းတန်မှာ နဂါး မိသားစု ပညာရပ် များကို လေ့ကျင့် ထားမှန်း၊ လင်းယွန် နားလည် လိုက်သည်။
“ မယုံကြည် သေးတဲ့ ... သူတွေ ရှိလား။ ”
ချင်းတန်က လူအုပ်ထံ လှည့်ပတ် ကြည့်သည်။ ဤနယ်မြေ၌ မည်သည့် စည်းမျဉ်း မျှ မရှိ သဖြင့်၊ သတ်ဖြတ်ခြင်း အတွက် ဂရု စိုက်စရာ မလိုချေ။
သူ့ အကြည့် အောက်တွင်၊ ကောင်းကင် မှတ်စုဂိုဏ်း၊ နက်ရှိုင်း တောင်ကြားနှင့် မိုးကြိုး ဂိုဏ်း တို့မှာ၊ တရေွ့ရွေ့ ဆုတ်ခွာ ကုန်သည်။
“ ထျန်ရွှမ်ဇီရဲ့ တပည့်၊ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”
ရုတ်တရက် လူအုပ် ထဲမှ အသံ ထွက်လာသည်။
“ ဘယ်သူလဲ ထွက်လာစမ်း ... ။ ”
လွီရှမှ အော်ငေါက် လိုက် သည်နှင့် ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များသည်၊ ထိုအသံ ရှင်အား ရှာဖွေရန်၊ ချက်ချင်း လူ ဖြန့်ကျက် လိုက်ကြသည်။
“ ငါ ... ဒီမှာ ရှိတယ်၊ ရှာ မနေနဲ့။ ”
လူငယ် တစ်ယောက်က လှောင်ပြောင် လိုသော အပြုံးဖြင့်၊ ရှေ့လှမ်းထွက် လာသည်။
“ ကောင်းကင် မီးတောက် ဂိုဏ်းရဲ့ ဝမ်တ ... ။ ”
လင်းယွန်နှင့် ကူရို့ချန်တို့၊ အကြည့်ချင်း ဖလှယ် လိုက်မိ၏။ မြင့်မြတ် မြေ၏ တပည့်မှာ၊ ချင်းတန်အား ရင်ဆိုင်ရန် ဆုံးဖြတ် လိုက်ပုံ ရသည်။
“ ဒီကောင်က ဘယ်သူလဲ ... ။ ”
ကောင်းကင် ဓားမော့ ခန်းမ၊ ကောင်းကင် မှတ်စုဂိုဏ်း၊ နက်ရှိုင်း တောင်ကြားနှင့် မိုးကြိုး ဂိုဏ်း သည်ပင် ရပ်တန့်ကာ လှည့်ကြည့် ကြ၏။
ကျန်းယွမ်က ချင်းတန် အနား တိုးကပ် သွားကာ၊ ဝမ်တ၏ မူလကို တိုးတိုးလေး ပြောပြ သည်။ ထို့ကြောင့် ချင်းတန်မှ ဝမ်တကို ပြန် မေးသည်။
“ မင်းက ကောင်းကင် မီးတောက် ဂိုဏ်းရဲ့ တပည့်လား။ ”
“ ဟုတ်တယ်၊ ကောင်းကင် မီးတောင် ဂိုဏ်းရဲ့၊ အတွင်း တပည့် ဝမ်တပဲ၊ သူတို့ တွေက မင်းကို ကြောက်ပေမယ့် ငါ မပါဘူး၊ မင်း အမိန့် ပေးဖို့ မကြိုး စားနဲ့။ ”
ဝမ်တမှ ချင်းတန်အား အထင် အမြင် သေးစွာဖြင့် ကြည့်လိုက်သည်။
“ ကောင်းကင် မီးတောက် ဂိုဏ်း၊ ဒါ မြင့်မြတ် မြေ မဟုတ် ဖူးလား၊ သက်တံဓား သူတော်စင် တောင် မသေ သေးဖူး၊ သူတို့ က ထွက်လာ ရဲတာလား။ ”
“ အဲဒါ ကောင်း တာပေါ့ ... ၊ သူသာ ချင်းတန်ကို ဆက်ဆံ နိုင်ရင်၊ ငါတို့ နဂါးပြာ နန်းတော် ထဲကို ဝင်ခွင့် ရမယ် မဟုတ်လား။ ”
မျှော်လင့်ချက် ဆုံးရှုံးသွား သူတိုင်းက၊ မျှော်လင့် ချက်များ ပြန်၍ တောက်လောင် လာ ကြသည်။
“ ငါ ဘယ်သူလဲ ... မင်း သိပြီ ဆိုတော့၊ နဂါးပြာ နန်းတော် အတွက်၊ ငါ ဝင်ဖို့ အရည် အချင်း ပြည့်မီ ပြီ မဟုတ်လား။ ”
ဝမ်တက သူ့ ရည်ရွယ်ချက်ကို ဖုံးကွယ် ထားခြင်း မရှိချေ။ တန်ခိုးကြီး ဂိုဏ်းမှ တပည့် တစ်ယောက်သည် သူ့အား တားချင်နေ သည်လော။
“ တတိယ အကြိမ် ထပ် မပြောဘူး။ ”
ချင်းတန်မှ လျစ်လျူရှုကာ ပြန်ဖြေ၏။
“ ဒါဆို ... မင်းက ဘယ်လောက် အရည်အချင်း ရှိလဲ ဆိုတာ ... ငါ ကြည့်ပါ ရစေ။ ”
ဝမ်တ တစ်ယောက် ပျံသန်း လာပြီး ဆိုသည်။ မကြာမီ ကြီးမားသော တိုက်ပွဲ တစ်ခု ဖြစ်ပွား လာတော့သည်။
ချင်းတန်ထံ မရောက်မီ လွီရှမှ ဝင်ရောက် ဟန့်တား လာခြင်း ဖြစ်သည်။
“ မင်းက ... ၊ ငါ့ အစ်ကိုကို တိုက်ဖို့ ... ၊ အရည် အချင်း မပြည့်သေး ပါဘူး။ ”
လွီရှမှ ပြော လာသည်။
“ မင်း ... သေချင် နေတာပဲ။ ”
ဝမ်တမှ ထပ်မံ တိုက်ခိုက် သည်။ သူတို့ နှစ်ဦးက လေထု အလယ်တွင်၊ တိုက်ခိုက် နေခဲ့ ကြပြီး၊ မျက်စိ တစ်မှိတ် အတွင်း လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်သွားသည်။
လွီရှ နောက်၌ ငွေရောင် ပလ္လင် တစ်ခု ပေါ်လာ၏၊ ဝမ်တ နောက်တွင် ကျားဖြူကြီး တစ်ကောင် ပေါ်လာသည်။
ငွေပလ္လင် ပေါ်တွင်မူ၊ မီးလျှံများ တောက်လောင် နေသော၊ နေမင်း တစ်စင်း ထွက်လာသည်။
သူတို့ တိုက်ပွဲမှ တုန်ခါ လှိုင်းများက လူများစွာကို ရုတ်ခတ်ကာ၊ သွေးများ အန်လျက် မေ့လဲ သွားစေ၏။
“ ထွက်သွား ... ။ ”
ဝမ်တ အသွင်မှာ၊ ရုတ်တရက် ပြောင်းလဲ သွားလေသည်။ ကြက်သွေးရောင် အလင်းများ ဖြာလျက်၊ ကျားဖြူ၌ မီးတောက် လောင် လာ၏။
ချက်ချင်းပင် ရောင်ဝါ ဆယ်ဆ တိုးကာ၊ လွီရှနောက်ရှိ ပလ္လင်နှင့် နေမင်းအား ကုပ်ကွဲ ပစ် လိုက်သည်။
နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ မီတာ တစ်ထောင် အကွာသို့၊ လွင့်စဉ် ပြုတ်ကျသွား တော့၏။
“ ငါ့ နာမည် ဝမ်တ၊ မြင့်မြတ် မြေက လာတယ်၊ နဂါးပြာ နန်းတော်ထဲ ... ဝင်မယ်၊ ဘယ်သူ ငါ့ကို တားမှာလဲ၊ ဟား ဟား ဟား။ ”
လွီရှ ဒဏ်ရာ ရပြီးနောက် ဝမ်တက ပို၍ မောက်မာ လာသည်။ ရောင်ဝါအား ဖြန့်ကျက် လျက်၊ ရယ်မော တော့၏။
“ မြင့်မြတ် မြေက ... ငါ ချန်ယွီ ကလည်း၊ ညီအစ်ကို ချင်းတန်ရဲ့ အရည် အချင်းကို မြင်လို ပါတယ်။ ”
လူအုပ် ထဲရှိ ကျန်မြင့်မြတ်မြေ များမှ ပါရမီရှင် သုံးဦး သည်လည်း ရယ်မောလျက် ပျံတက် လာ ကြသည်။
“ မြင့်မြတ် မြေက ... ၊ ငါ ပိုင်ဖုန်းလည်း သိချင် ပါတယ်။ ”
“ ငါ ချောင်ချင်း လည်း သိချင် ပါတယ်။ ”
သုံးယောက်သား ကောင်းကင် ပျံတက် လာကြပြီး၊ ကြောက်မက်ဖွယ် ရောင်ဝါအား၊ ထုတ်ဖော်လျက် စိန်ခေါ်လာ ကြသည်။
ဤသို့ ရုတ်တရက် ပြောင်းလဲ လာသော ဖြစ်ရပ် များကြောင့်၊ လူတိုင်း အံ့ဩ ဝမ်းသာ ကုန်၏။
မြင့်မြတ် မြေ၏ တပည့်များ အနေဖြင့် ဤသည်မှာ ပထမဆုံး အကြိမ် မောက်မာစွာ ပြုမူ လာခြင်း ဖြစ်သည်။
ယခင် အကြိမ် များ၌ ခိုးဝင် လာဖူး သော်လည်း၊ ပေါ်ပေါ် ထင်ထင် ဝံ့ကြွားခြင်း မရှိ ကြချေ။
ထို့ကြောင့် လူတိုင်းက၊ ချင်းတန် မည်သို့ တုံ့ပြန် မည်အား သိလို လာ၏။ ၎င်း သည်သာ နောက်ပြန် ဆုတ်သော်၊ ကောင်းကင် ယံဂိုဏ်း အမည်မှာ ဟာသ ဖြစ်ပေ တော့မည်။
“ ဟား ဟား ဟား ... မင်းတို့ကို၊ ငါ မမြင်ခဲ့ဖူးများ ထင်နေလား၊ ကောင်းတယ် အခုဆို တစ်ယောက်စီ လိုက်ရှာ နေစရာ မလိုတော့ ဖူးပေါ့၊ ငါ့ ဆရာက ...
.... ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ အုပ်စိုးရှင် ဖြစ်လာ တော့မှာမို့၊ မင်းတို့ကို ငါ တရား စီရင်မယ်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များမှာ၊ ချင်းတန် စကားကြောင့်၊ စိတ်ဓာတ် တက်ကြွ လာပြီး၊ အော်ဟစ် ကြွေးကြော် ကုန်၏။
“ အချိန် မဖြုန်းနဲ့ ... ၊ မင်းတို့ အတူတူ လာလို့ ရတယ်။ ”
ယင်းက မာန ကြီးလွန်းသည့် စကား ဖြစ်လေရာ၊ မြင့်မြတ်မြေ တပည့်များ အားလုံး၊ ဒေါသထွက် လာကြသည်။
“ ဘာလဲ ... ၊ မင်းတို့ မလာ ဖူးလား၊ ငါလာပြီ ဟား ဟား ဟား ... ။ ”
ချင်းတန်က ရယ်ပြီး၊ ဝမ်တထံ ပြေးဝင် လာသည်။ အနား မရောက်ခင် သူ့လက်ကို ဆန့် ထုတ်ရာ၊ ကြက်သွေးရောင် အစင်းများ ပေါ်လာ တော့၏။
သတ်ဖြတ် လိုသော ရောင်ဝါက၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ရွှေနဂါးကြီး အသွင် ပေါ်လာသည်။
ထို့နောက် ရွှေနဂါးက လက်သည်းဖြင့် ကုပ်ဆွဲလေသည်။ ဝမ်တနှင့် မလှမ်း မကမ်းတွင် ရှိေနသော ကျန် သုံးဦးမှာ၊ ကူညီရန် ချက်ချင်း ပြေးဝင် လာ၏။
“ ထွက် သွား ... ။ ”
သို့သော် ချင်းတန်မှ ဘယ်လက်ကို ဝှေ့ယမ်းပြီး၊ နဂါး အမြီး ကဲ့သို့ ၎င်းတို့ သုံးဦး အား ရိုက်ထုတ် ပစ်၏။
“ အွတ် ... ။ ”
သုံးယောက်သား ဖွဲအိတ်များ ကဲ့သို့၊ မြေပြင်ပေါ် ပြုတ်ကျ သွားသည်။ ဝမ်တ၏ ကျားဖြူ အတွက်မူ၊ အပိုင် အစများ အဖြစ် ကွဲထွက် သွားတော့၏။
ဤအရာက ဝမ်တကို မျက်လုံးပြူး သွားစေသည်။ သူသည် မြင့်မြတ် မြေမှ အတွင်း တပည့် ဖြစ် သော်လည်း၊ ချင်းတန်၏ တိုက်ခိုက် ခြင်းကို တစ်ချက်ပင် ခံနိုင်ရည် မရှိ ခဲ့ချေ။
“ ခွပ် ... ။ ”
“ အ ... ။ ”
ထို့ကြောင့် ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက် ချိန်၌၊ ချင်းတန်မှ လှောင်ပြုံးဖြင့် သူ့ ဒူးဆစ် များကို ကန်ခွဲကာ၊ ဒူးထောက် စေခဲ့သည်။
“ မင်းလို ... အတွင်း တပည့်လေး တစ်ယောက်က၊ ငါ့ရှေ့မှာ ... ဒီလို မောက်မာ ရဲ တယ်လား၊ တကယ် သေချင် နေတာဘဲ။ ”
ဝမ်တကို ဒူးထောက် ခိုင်း ပြီးနောက်၊ ချင်းတန်မှ ပါးရိုက်ချ လိုက်သည်။
“ ငါ့ရဲ့ ကောင်းကင်ယံ ဂိုဏ်းက ... ၊ ရှေးဟောင်း ပျက်သုဉ်းမြေကို နောက်ပိုင်းမှာ အုပ်စိုး လိမ့်မယ်၊ အဲဒီ အချိန်ဆို ငါတို့က မြင့်မြတ်မြေ ဖြစ်လာပြီ၊ ...
... ဒီတော့ အတွင်း တပည့် ဆိုတဲ့ ရာထူး လောက်နဲ့၊ မင်းကိုယ်မင်း ဟုတ်လှပြီ ထင် မနေ နဲ့၊ ဒီထက် လွန်လာရင်၊ ငါ မင်းကို သတ်ဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။ ”
သတ်ဖြတ် လိုသော ရည်ရွယ်ချက် အား၊ ထုတ်ဖော်ကာ ချင်းတန်မှ မြင့်မြတ်မြေမှ တပည့် လေးယောက်ကို နောက်ဆုတ် စေလိုက်သည်။
ဤအခိုက်တွင် လူတိုင်းက ပြိုင်ဘက်ကင်း ဟူသော ဝေါဟာရကို ချင်တန်နှင့် တွဲဖက် မိလာ ကြတော့၏။
“ ငါတို့ စီနီယာ အစ်ကို ချင်းက၊ ပြိုင်ဘက် ကင်းပဲ၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက် ကင်း၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက၊ စိတ်လှုပ်ရှား စွာနှင့်၊ ဟော်ဟစ် ကြွေးကြော်လာ ကြတော့၏။
***