ပန်းသင်္ချိုင်း ရှေ့မှာ၊ ဘယ်သူက ပြိုင်ဘက် ကင်းလို့ ပြောရဲလဲ။
Vol. 117 Ch. 1634
မြင့်မြတ် မြေမှ တပည့် (၄) ယောက်သည် ချင်းတန်ကို ထိန်းနိုင် မည်ဟု ထင်မိ ထားသော အတွေးများ၊ ပျက်ပြယ် သွားသည်။
ထို့ကြောင့် လူတိုင်း ရင်၌ ချင်းတန်အား လေးစားမှုနှင့် ကြောက်ရွံ့ မှုများ ပြည့်နှက် လာ တော့၏။
“ ရှေးဟောင်း ပျက်သုဉ်းမြေ ဆိုတာ၊ ထျန်ရွှမ်ဇီရဲ့ နယ်မြေ ပါပဲ၊ သူ့ တပည့် ချင်းတန် က၊ မြင့်မြတ် မြေရဲ့ တပည့်တွေ ကိုတောင်၊ အနိုင် ယူနိုင်တယ်။ ”
“ ဘယ်လောက် တောင် ... ၊ လွှမ်းမိုး နိုင်စွမ်းရှိ လိုက်လဲ၊ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ အုပ်စိုးရှင် ပြောင်းလဲ လာပုံ ရတယ်။ ”
လူတိုင်းက အချင်းချင်း စကား စမြည် ပြောလာ ကြ တော့သည်။ ပြီးနောက် ချင်းတန် မောင်း မထုတ်ခင် ဆက်၍၊ ထွက်ခွာ သွား ကြသည်။
ချင်းတန်နှင့် မြင့်မြတ်မြေ တပည့် တို့၏ တိုက်ပွဲကို မြင်ပြီးနောက်၊ နဂါးပြာ နန်းတော် အား၊ စိတ်ကူး ဝံ့ခြင်း မရှိ တော့ချေ။
လက်ရှိ အခြေ အနေမှာ မူမမှန် သည်ကို၊ မြင်ပြီးနောက်၊ ကူရို့ချန် မျက်နှာ ပြောင်းလဲ သွားကာ၊
“ ညီမ မူ ... ၊ အားလုံး ခေါ်ထားလိုက်၊ ချင်းရွှမ်နဲ့ ငါ ... ၊ မင်းတို့ကို အကာ အကွယ် ပေးမယ်။ ”
-ဟု အသိ ပေးလိုက်သည်။
ချင်းတန်၏ ခွန်အားသည် ကြောက်စရာ ကောင်းလွန်း သောကြောင့်၊ သူ မထိတ်လန့်ဘဲ မနေ နိုင်ချေ။
၎င်းပြိုင်ဘက် လေးယောက်သည် အတွင်း တပည့် မျှသာ ဖြစ်သော်လည်း၊ မြင့်မြတ် မြေ၏ တပည့်များ ဖြစ်နေဆဲ ဖြစ်၏။
ခွန်အား အရာ၌၊ သူတို့ ကဲ့သို့သော တပည့်ကြီး များနှင့် ယှည်နိုင် သည်။ ယင်းက ချင်းတန် တစ်ယောက် များစွာ အားကောင်း ကြောင်း၊ သတိဝင် လာ၏။
“ ဓားဂိုဏ်းက ဘယ်သူမှ ဒီနေ့ ထွက်သွားခွင့် မရှိဘူး။ ”
ချင်းတန်က အေးစက်သော အပြုံးဖြင့် ဓားဂိုဏ်းထံ လှည့်ကြည့်ကာ အမိန့်ပေး လိုက် လေသည်။
ဤအရာက ထွက်ခွာ နေသော လူတိုင်းကို ချက်ချင်း ရပ်သွား စေ၏။ လင်းယွန် လက်တွင်၊ ရန်ကောင်း သေခဲ့ သည်အား၊ ရုတ်တရက် သတိ ပြန်ရ လာကုန်သည်။
ထို့ကြောင့် အကြည့် များစွာက၊ လင်းယွန် ထံသို့၊ ကျရောက် သွား၏။ ၎င်းတို့ မျက်ဝန်း၌ စာနာ စိတ်များ ဝင်လာသည်။
အဆုံးတွင် ဓားဂိုဏ်း၏ ရွှေမျိုးဆက်မှာ၊ လွန်ခဲ့သော အနှစ် (၂၀) ကတည်း ကပင်၊ ဆုံးရှုံး သွားခဲ့ပြီ ဖြစ် လေသည်။
“ လင်းယွန် ... မင်း ဘာလို့ ထွက်မလာ သေးတာလဲ။ ”
လွီရှက ဓားဂိုဏ်းထံ လှည့်ကြည့်ကာ၊ အော်ငေါက် လိုက်၏။
“ ထွက်လာ ခဲ့စမ်း ... စီနီယာ အစ်ကို ရန်ကောင်းကို သတ်ဝံ့ပြီး၊ မင်း ကြောက်နေ တာလား။ ”
“ သက်တံဓား သူတော်စင် တပည့်၊ လာပြီး အသေခံ ပါ။ ”
ကောင်းကင်ယံ ဂိုဏ်းမှ လူတိုင်းက၊ လင်းယွန်အား အသက် ရှင်လျက်၊ အရေခွံ စုတ် ချင် လာတော့သည်။
“ ဟား ဟား ဟား ... ကူရို့ချန် ... ၊ မင်း သူ့ကို ကာကွယ်ဖို့ မလုံလောက် သေးဘူး၊ ဒီနေ့ သူ့ အသက်ကို ငါ ယူမယ်။ ”
ချင်းတန်မှ မြေပေါ် စောင့် နင်းလျက်၊ လေထဲပျံတက် လာလေသည်။ ထို အရှိန်ကြောင့် လူတိုင်း မျက်လုံး ပြူးကုန်၏။
“ ဟိတ် ... ။ ”
သို့သော် အနက်ဝတ် အမျိုး သမီး တစ်ဦး ပေါ်လာကာ၊ လင်းယွန် ကိုယ်စား၊ ချင်းတန်ကို ဟန့်တား တော့၏။
လက်ထဲရှိ ယပ်တောင်ကို ခတ်ထုတ် လိုက်ရာ၊ ကြက်သွေးရောင် ရေကန် တစ်ကန် နှင့်၊ လမင်း တစ်စင်း ပေါ်လာသည်။
သည့်နောက် လမင်း နှင့် ရေကန်အား ဆက်သွယ် ထားသော တံတား တစ်စင်း ဖြစ် တည် လာ၏။
“ ဝှစ် ... ။ ”
တံတား အလယ် ရပ်လျက်၊ ယပ်တောင် ပြန်ပိတ်ကာ၊ ချင်းတန် ရင်ဘတ်သို့ ချိန်ရွယ်ပြီး၊ ထိုးသွင်း လိုက်သည်။
“ ဘယ်သူလဲ ... ။ ”
ထိုမေးခွန်းကို ဓားဂိုဏ်း၏ တပည့်များ အပါအဝင် လူတိုင်း သိချင် လာသည်။ လက်ရှိ အချိန်၌ ချင်းတန်ကို ရင်ဆိုင် ဝံ့သူအား၊ သူတို့ ပုံဖော် ကြည့်၍ မရ သေးချေ။
သို့သော် လင်းယွန် မှာမူ၊ တစ်ချက် ကြည့်ရုံဖြင့် မှတ်မိသည်။ အန်းလျူယွင်မှ တပါး အခြား မရှိနိုင်။
နဂါးဖြူ အရိုးအား သန့်စင် ပြီးနောက်၊ သူမ၏ အလား အလာကို၊ သိသိ သာသာ မြှင့် တင်နိုင် ခဲ့ပုံ ရ၏။
မဟုတ်သော် သူမ လက်ထဲရှိ လမင်း သူတော်စင် ယပ်တောင် ၏၊ စွမ်းအားကို ထုတ်လွှတ် နိုင်မည် မဟုတ်ချေ။။
“ မင်း ... သေချင် နေတာပဲ။ ”
ချင်းတန်မှာ ဟစ်အော် လိုက်သည်။ သူ့အရှိန်ကို မရပ်တန့်ဘဲ လက်ဖဝါးအား နှစ်ဆ တိုးကာ၊ ရိုက်ချ လိုက်၏။
လက်ဖဝါးက ယပ်တောင်ကို ဖြတ်ကာ၊ အန်းလျူယွင် ပခုံးပေါ် ကျရောက်သွား သကဲ့သို့၊ ယပ်တောင် သည်လည်း၊ သူ့ရင်ဘတ်ထံ ထိုးမိ သွားသည်။
“ ဝူး ... ။ ”
အန်းလျူယွင် ခန္ဓာမှ၊ အဖြူရောင် နဂါး တစ်ကောင် ထွက်လာပြီး၊ သူ့ထံ မှလည်း၊ ရွှေ နဂါး တစ်ကောင် ထွက်လာ၏။
“ နတ်နဂါး အရိုး ... ။ ”
“ နတ်နဂါး အရိုး ... ။ ”
နှစ်ဦးသား တပြိုင် နက်တည်း ရေရွတ် လိုက်မိသည်။ စက္ကန့် အနည်းငယ် တစ်ဦးကို တစ်ဦး ကြည့် ပြီးနောက်၊ ဆုတ်ခွာ လိုက် ကြသည်။
အန်းလျူယွင် နှုတ်ခမ်းမှ သွေးများ စီးကျ နေသော်လည်း၊ ချင်းတန်မှာ မည်သည့် ဒဏ်ရာ မှ မရ ခဲ့ချေ။
“ ဟမ့် ... နတ်မိစ္ဆာ တံခါးက မိစ္ဆာ မလား၊ မင်းသေချင် နေတာပဲ။ ”
ရွှေနဂါး အငွေ့ အသက်များ နှင့်အတူ၊ ကြက်သွေးရောင် လမင်းကို မွေးဖွား ပေးသော ရေကန် ထဲသို့၊ ချင်းတန်မှ တိုးဝင် လာ၏။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
မျက်စိ တမှိတ် အတွင်း၊ ပြင်းထန်သော ထိပ်တိုက် တွေ့ဆုံမှုများ၊ အကြိမ်ကြိမ် ဖြစ်ပွား ပြီးနောက်၊ အန်းလျူယွင်၏ အနက်ရောင် ၀တ်ရုံမှာ၊ အပိုင်းပိုင်း ကွဲသွားသည်။
ဖောင်းကား နေသော၊ ခန္ဓာကိုယ် အစိတ် အပိုင်း အသွယ် သွယ်က၊ သူတော်စင် ချပ်ဝတ် အောက်မှ နေ၍၊ ရုန်းကြွ လာ၏။
သူမ မျက်ဝန်း၌ ပန်းများ ပွင့်လာပြီး၊ ချင်းတန်အား ပုံရိပ်ယောင် နယ်မြေထဲ ဆွဲသွင်း တော့သည်။
ထို့နောက် သူမ၏ ဆွဲဆောင်မှု ရှိသော အသွင် အပြင်က၊ ချင်းတန် အပါအဝင် လူတိုင်း ကို၊ မိန်းမော သွားစေ၏။
“ ရွှပ် ... ။ ”
ချင်းတန်က အသိ စိတ်ကို ထိန်းလျက်၊ ကခုန်နေသော အန်းလျူယွင်အား ရှောင်းတိမ်း လိုက် သော်လည်း၊ ပါးပြင်ပေါ် ယပ်တောင်ဖြင့်၊ ပွတ်ဆွဲ ခံလိုက် ရသည်။
“ ထွက် သွား စမ်း ... ။ ”
သွေးစ များကို သုတ်ကာ၊ ဒေါသနှင့် အော်ဟစ် လိုက်သည်။ လက်ဖဝါး လှိုင်း များကို အကြိမ်ကြိမ် တွန်းထုတ်လျက်၊ ညှို့ငင်အား စက်ကွင်းအား ဖျက်ဆီး ပစ်လိုက်သည်။
“ ဆိုတော့ ... သက်တံဓား သူတော်စင် တပည့် ဆိုတာ၊ မိန်းမ တစ်ယောက် နောက်မှာ၊ ပုန်းအောင်း နေတတ်တဲ့ လူမျိုးကိုး။ ”
ချင်းတန်မှ လှောင်ပြောင် တော့၏။
“ ဘာလို့ ထွက်လာ တာလဲ။ ”
လင်းယွန်က ရှေ့လှမ်း တက်ကာ၊ အန်းလျူယွင်ကို ဖေးမ လိုက်ပြီး၊ မေးသည်။ ချင်းတန်အား တစ်ချက်ပင် မကြည့်ချေ။
“ သခင်လေး လင်းကို သတ်တာ ... ၊ ငါ မကြည့် နိုင်ဘူး ... ၊ ဒါကြောင့် သူ့ရဲ့ ခွန်အားကို သခင်လေး တွက်ဆ နိုင်အောင်လို့ စုံစမ်း ...
... ပေးတာပါ၊ ဒါပေမယ့် ... သူမှာ ပဉ္စမမြောက် သွေးလွှတ် ကြောနဲ့၊ ရွှေနဂါး အရိုး ရှိတယ် လို့ပဲ၊ ငါ အတည်ပြု နိုင်ခဲ့တယ်။ ”
အန်းလျုယွင်က ဖျော့တော့သော အသွင်ဖြင့်၊ ပြုံးကာ ဖြေသည်။ သူမ စကားကြောင့် လူတိုင်း ချင်းတန်ကို ပြန်ကြည့် မိ၏။
အသက် (၃၀) မတိုင်မီ၊ ပဉ္စမ သွေး လွှတ်ကြော ဟူသည် အနည်းငယ် ကြောက်စရာ ကောင်း နေချေပြီ။ မြင့်မြတ်မြေ များကို ဂရု မစိုက် သည်မှာ၊ လွန်အံ့ မဆို နိုင်ချေ။
“ မင်း ... ဒဏ်ရာကို အရင် ကုပါ။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူပြီး၊ အန်းလျူယွင်အား ဓားဂိုဏ်း အဖွဲ့ရှိ ရာသို့ တွန်းပို့ ပေး လိုက်သည်။
“ ဟား ဟား ဟား မဆိုးဘူး ... ၊ မင်းကိုယ်မင်း ယောက်ျား တစ်ယောက် ဆိုတာ သိလာပြီ၊ ငါ့ ညီရဲ့ နဂါး အရိုးကို သွေ့ရော် ကျွန်းမှာ မင်း ယူခဲ့တာ မှတ်မိလား။ ”
“ ကောင်းကင်ယံ ဂိုဏ်းမှာ၊ ငါ့ အတွက် ရွှေနဂါး အရိုးတွေ၊ လုံလုံ လောက်လောက် မရှိ မှာကို စိုးမိတယ်။ ”
လင်းယွန်မှ ပြန်ပြော သည်။
“ မင်း ... ၊ ဘယ်လို သတ္တိ ရှိလဲ။ ”
ချင်းတန် တစ်ယောက် အော်ငေါက် လိုက်ပြီး၊ လင်းယွန်ထံ လက်ဖဝါး မြှောက်ကာ ဖိနှိပ်ရန် ကြိုးစား လေသည်။
ယင်းကို မြင်ချိန်၌၊ အရိယာ ဓားသုတ္တန် ဖြန့်ကျက်ပြီး၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးအား၊ ဆင့်ခေါ် လိုက်သည်။
ညာလက်မောင်း အတွင်းသို့၊ နဂါး ရူရ် လေးသောင်း ရောက်လာ သည်နှင့်၊ ချင်းတန် လက်ဝါးကို၊ ထိပ်တိုက် ရင်ဆိုင် ပစ်၏။
“ ဝုန်း ... ။ ”
နဂါး နှစ်ကောင် တိုက်မိ သကဲ့သို့၊ လေထု ပေါက်ကွဲ သွားပြီး၊ နှစ်ဦးသား နောက်ပြန် ဆုတ် လိုက်ရသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန် တစ်ယောက် ခြေ ဆယ်လှမ်း ပြန်ဆုတ် လိုက်ရ သော်လည်း၊ ချင်းတန်သည် ခြေ တစ်လှမ်း မျှသာ ဆုတ်ခွာ ရသည်။
“ အရိယာ ဓားသုတ္တန်။ ”
သူ၏ နဂါး မူလ စွမ်းအင်ကို၊ ပယ်ဖျက် ခံလိုက် ရသောကြောင့်၊ ချင်းတန် ခမျာ အံ့သြ သွား၏။
အရိယာ ဓားသုတ္တန်ကို၊ မည်သူမျှ လေ့ကျင့် နိုင်ခြင်း မရှိဟု ကောလ ဟာလများ ထွက်ပေါ်ခဲ့ ဖူးသည်။
ထိုစက္ကန့်ပိုင်း အတွင်း၊ ရန်ကောင်း တစ်ယောက် အသတ် ခံရ ပုံကို ပြန်၍ မှန်းဆ ပုံဖော် လိုက်မိ၏။
“ အရိယာ ဓားသုတ္တန် ပျောက်နေတာ ကြာပါပြီ၊ ဒါကြောင့် မင်း ဒီအဆင့် ရောက်နိုင် ခဲ့တာ အံ့သြ စရာပဲ၊ ဒါပေမယ့် ...
... မင်းရဲ့ အရိယာ ဓားသုတ္တန်က ဒသမ အဆင့် ကောင်းကင် ကျမ်းကို ခံနိုင်ရည် ရှိမလား ဆိုတာ၊ ငါ သိချင်တယ်။ ”
ချင်းတန်မှ ရပ်ခြေ ငြိမ်သည်နှင့်၊ ထပ်မံ ပြေးဝင် လာသည်။ သူ့ နောက်တွင် နေနှင့် လ ရောင်ဝါများ ထွက်ပေါ် လာ၏။
“ ဘုန်း နေ-လ။ ”
ချင်းတန်က လက်ဖဝါးကို ရိုက်ချ လိုက်သည်။ နေနှင့် လတို့ လည်ပတ် သွားပြီး၊ နဂါး ဟောက်သံများ ညံလာ၏။
၎င်းမှ လာသော ရောင်ဝါသည် နတ်နဂါး များ၏ ဘုရင် ကဲ့သို့၊ ကြောက်မက်ဖွယ် ဖြစ်လာ တော့သည်။
သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိခဲ့ဘဲ၊ တံဆိပ် များအား ဖန်တီး လိုက်သည်။ တံဆိပ် တစ်ခု ဖြစ်ပေါ် လာ သည်နှင့်၊ သူ့ ရောင်ဝါ နှစ်ဆ တိုးလာ၏။
စက္ကန့်ပိုင်း အတွင်း (၃၉)ဆ ရောက်ရှိ လာပြီးနောက်၊ ချင်းတန်အား ပြန်၍ တွန်းထုတ် လိုက်သဖြင့်၊ ဝင်လာသော ၎င်း၏ အရှိန်မှာ တုန့်နှေး သွားသည်။
ယင်းသည် အဆုံးသတ် မဟုတ် ချေ။ အုပ်စိုးရှင် တံဆိပ် ဖြစ်ပေါ် ချိန်၌၊ လက်သီးဖြင့် လှမ်းထိုး လိုက်သည်။
“ ဝုန်း ... ။ ”
လေထု အလယ် တိုက်မိ သွားပြီး၊ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးများ ပေါ်လာ၏။
ကောင်းကင်နှင့် မြေကြီး တုန်ခါ သွားကာ၊ နှစ်ယောက် သား ဆုတ်ခွာ လျက်၊ မျက်နှာ ချင်း ဆိုင် ရပ်လိုက်သည်။
“ ဟား ... ဟား ... ဟား ... ။ ”
ချင်းတန်မှ ရယ်သည်။
“ မျိုးဆက်တူ အတွင်းမှာ ဆိုရင်၊ ငါက ပြိုင်ဘက် ကင်းပဲ၊ ရှေးဟောင်း ပျက်သုဉ်းမြေက ဘယ်သူ မဆို ... ၊ ငါ့ဆီက တိုက်ခိုက်မှု နှစ်ကြိမ်ကို တိုက်ရိုက် မခံယူ ဝံ့ဘူး။ ”
“ ပြိုင်ဘက် ကင်းလား ... ၊ မင်းညီ ရန်ကောင်း လည်း၊ မသေခင် ဒီလို ပြောခဲ့ဖူး ပါတယ်၊ ဒီနေ့တော့ ... ပန်းသင်္ချိုင်း ရှေ့မှာ ဘယ်သူက ပြိုင်ဘက် ကင်းလို့ ပြောရဲလဲ ဆိုတာ၊ ငါ သိချင် သား။ ”
ပန်းသင်္ချိုင်း ဟူသည် သူ့နှင့် သူ့ဓားကို ရည်ညွှန်း ချေ၏။ မျက်ဝန်း၌ တိုက်ပွဲဝင် ဆန္ဒ များ တောက်လောင် လာကာ၊ လင်းယွန်က ပြောကြား လိုက်သည်။
ဤသည်မှာ သက်တံဓား သူတော်စင်နှင့်၊ ထျန်ရွှမ်ဇီကြား မည်သူ ဘုရင် ဖြစ်မည်ကို၊ သွယ် ဝိုက်သော အဆုံး အဖြတ် ဖြစ်သည်။ များစွာ အဓိပ္ပာယ် ရှိချေ၏။
***