မရဏ ရောင်ဝါများ ... ။
Vol. 117 Ch. 1636
သဲမုန်တိုင်း အတွင်း နဂါးပြာ ကြီးကို၊ သူ မြင်ထားပြီး ဖြစ်သဖြင့်၊ အခြေ အနေကို ရိပ်စား မိသည်။
“ ဖရူး ... ။ ”
ထို့ကြောင့် ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ်လျက်၊ ဓားရောင်ဝါအား ထုတ်လွှတ်ကာ အတား အဆီး သဖွယ် ကာလိုက်သည်။
“ ဓားဂိုဏ်းရဲ့ တပည့်တွေ ... ငါ့ အနားလာ။ ”
အားနည်းသော တပည့် များမှာ အနား မရောက်ခင်၊ နဂါး ခေါင်းကြီး၏ စုပ်ယူ ခြင်းကို ခံခဲ့ ရ၏။
သို့သော် အများ စုမှာ၊ သူ့ဓားရောင်ဝါ အတွင်း လာရောက် စုစည်းနိုင် ခဲ့သည်။ နဂါးပြာ နန်းတော် အတွင်း၊ မည်သို့သော အန္တရာယ်များ ရှိနေ မည်ကို မသိနိုင် သဖြင့်၊ စုဖွဲ့ နေခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်။
တစ်ဖက်တွင် ကောင်းကင်ယံ ဂိုဏ်း၏ ထိပ်တန်း ကျွမ်းကျင်သူ (၁၀) ဦး ကိုသာ၊ ချင်းတန်မှ ကာကွယ် ပေးခဲ့သည်။
မျက်နှာ တစ်ပြင်လုံး၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ မည်းမှောင် နေတော့၏။ သူသည် ချင်းကန်နှင့် မတူချေ။
ချင်းကန်သည် မာနကြီး သော်လည်း၊ ခေါင်းဆောင် တစ်ဦး ကဲ့သို့ ကြီးမြတ်သော နှလုံးသားမျိုး ရှိသည်။
ချင်းတန် မှာမူ ဆန့်ကျင်ဘက် ဖြစ်၏။ လင်းယွန် ကြောင့်သာ မဟုတ်သော် ဤနေရာရှိ လူတိုင်းကို၊ သူ မောင်းထုတ်ပြီး ဖြစ်မည်။
“ ငါ ... မင်းကို အရင် သတ်မယ်။ ”
ထို့ကြောင့် အရာ အားလုံး လျစ်လျူရှုကာ၊ ချင်းတန်မှ ဒေါသဖြင့် လင်းယွန်ထံ ပြေးဝင်လာ လေသည်။
“ သွား ရ အောင် ... ။ ”
သို့သော် လင်းယွန်က သူ့အား ဘက်ပြိုင် တိုက်ခိုက် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိချေ။ ဓားဂိုဏ်းမှ လူစုံပြီ ဖြစ်သဖြင့်၊ စုပ်ယူမှု စွမ်းအား အတွင်း၊ အလိုက်သင့် မေျာသွား မိသည်။
စီးကြောင်းမှ တဆင့်၊ နဂါး ပါးစပ်ထဲ အရောက်တွင်၊ ဓားရောင်ဝါများ ချက်ချင်း ပြိုပျက် သွားသည်။
မြေပြင်ပေါ် ခြေချ မိ သည်နှင့်၊ တပည့် များဖြင့်၊ လူစုကွဲ နေကာ၊ အဝေးမှ နန်းတော် များစွာကို၊ မြင်လိုက် ရသည်။
“ အရင်ဆုံး ပတ်ကြည့် ရအောင်။ ”
ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော်လျက်၊ ပတ်ဝန်းကျင်ကို စေ့စပ် သေချာအောင် ကြည့်ရှု နေခဲ့သည်။
ဆယ့်ငါးမိနစ် အကြာ ပျံသန်း ပြီးနောက် ရုတ်တရက် အမှောင် လွင်ပြင်ထဲ ရောက်ရှိ လာ တော့သည်။
မြေပြင်မှ လက်များစွာ တက်လာပြီး သူ့ ခြေထောက်ကို လိုက်စမ်း၏။
“ ဒီနေရာက အန္တရာယ် များတယ်။ ”
သက်ပြင်း ချလျက်၊ ခြေထောက်ကို ပြန်ရုန်းကာ မြင့်မြင့် ပျံသန်း လိုက်သည်။ အချိန် အနည်းငယ် ကြာပြီးနောက် ပြန်လှည့် ကြည့် လိုက်ရာ၊ နွံအိုင်ကြီး ဖြစ်နေ၏။
ဝင်ရောက် လာ သူ အချို့မှာ၊ ဤနွံအိုင် အတွင်း နစ်မြုပ် သေဆုံး သွားကြပုံ ရလေသည်။ ထိုအစွဲဖြင့် ဝင်လာ သမျှသော လူတိုင်းကို အောက်ခြေသို့ ဆွဲနေခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
များမကြာခင် ယပ်တောင် တစ်လက်ကို ကိုင်ဆောင်လျက်၊ လူရိပ် တစ်ရိပ် သစ်ပင်ကြီး အကွယ်မှ ထွက်ပေါ် လာသည်။
ယင်းမှာ အန်းလျူယွင် ဖြစ်၏။ ဤလမ်းမှ သူလာမည်ကို သိပြီး၊ စောင့်နေ သကဲ့သို့ ပေပင်။
“ ငါ့ကို စောင့်နေ တာလား။ ”
“ ဟုတ်တယ် ... ၊ သခင်လေး လင်းကို အပျောက် မခံနိုင် လို့ပဲ ... ။ ”
အန်းလျူယွင်က ပြုံးလျက် ပြန်ဖြေ၏။
“ ဘယ်တုန်းက ဒီလို လုပ်ထား တာလဲ။ ”
“ ချင်းတန်ကြောင့် ဒဏ်ရာ ရသွားတဲ့ အချိန်မှာ သခင်လေး လာပြီး ဖေးကူ ပေးတယ် မဟုတ်လား၊ အဲဒီ တုန်းက လျှို့ဝှက် အဆောင် တစ်ခု ကပ်ထည့် ခဲ့တာပါ။ ”
“ ဒါနဲ့ ... နဂါးပြာ နန်းတော် အကြောင်း ... ၊ မင်း ဘယ်လောက် သိထားလဲ။ ”
လင်းယွန်က ထိုလုပ်ရပ်ကို စိတ် မဝင်စား တော့ဘဲ၊ အရေးကြီး သည်ကို မေးသည်။
“ ဒါက အမွေခံ နန်းတော်ပဲ၊ နန်းတော် (၁၈)လုံး၊ ရေကန် (၁၈) ကန်နဲ့၊ တောင်ကုန်း (၁၈)ခု ရှိတယ်၊ တစ်ခုချင်း စီမှာ မတူညီတဲ့ အမွေတွေ ထားတယ်။ ”
အန်းလျူယွင်က သူ့ထက် ပို၍ သိနေ ပေသည်။
“ နန်းတော် (၁၈) လုံးမှာ၊ နဂါးခေါင်း နန်းတော်က ပင်မ နန်းဆောင် ... ၊ ကျန် (၁၇) ဆောင်က အစိတ် အပိုင်း မျှသာ ပါပဲ၊ ချင်းတန် က နဂါး ခေါင်းဆီ ဦးတည် နေတာ ဖြစ်မယ်။ ”
“ သိလှ ခေျလား။ ”
“ ဟုတ်တယ် ... ၊ လျူယွင်က အခုဆို နောက်ခံ တစ်ခု ရနေပြီ၊ အထက်က နဂါးပြာ မိုးပျံခြင်း ပညာရပ်ကို ရှာဖွေဖို့ အတွက်၊ မိစ္ဆာ ဂိုဏ်း တွေကို၊ ဦးစီးခွင့် ပေးထားတယ်။ ”
“ နတ်မိစ္ဆာ တံခါးထဲ ဝင်ခွင့်ရ ပြီလား။ ”
“ အင်း ... ။ ”
အန်းလျူယွင်က ခေါင်းညိတ် ပြပြီး၊
“ ဒီနန်းတော် တွေရဲ့၊ တန်ဖိုး အရှိဆုံး ရတနာက ... ၊ အုပ်စိုးရှင် အဆင့် သူတော်စင် ပစ္စည်းပဲ၊ သူ့ကို လေ နတ်ဘုရား အမိန့် လို့လည်း၊ လူသိ များတယ်၊ ...
... သူနဲ့ အတူ အခြား ရတနာ တွေလည်း ရှိတယ်၊ ဒါကြောင့် ... လေ နတ်ဘုရား အမိန့်ရဲ့ တည်နေရာကို သေချာပေါက် ငါတို့ ရှာဖွေ ရမယ်။ ”
ရုတ်တရက် လင်းယွန် ရင်ဘတ် နေရာရှိ နဂါးပြာ အရိုးမှ အနည်းငယ် ပူလာပြီး၊ မှိန်ဖျော့ သော အလင်းများ တောက်ပ လာသည်။
“ အိုး ... နဂါးပြာ အရိုးနဲ့ ... ၊ ဒီက နန်းတော် တွေက၊ ဆက်စပ် နေတာလား။ ”
အန်းလျူယွင်က အံသြစွာ ဆိုသည်။ လင်းယွန် ရင်ဘတ်မှ အပြာရောင် အလင်း များ လှိုင်းသဖွယ် ဖြည်းညှင်းစွာ ပျံ့ကား သွား သည်ကို မြင်လိုက် ရ၏။
“ ဒါက သတင်း ကောင်းပဲ ... ၊ ငါတို့ အခြား လူတွေကို အရင် ရှာရအောင်။ ”
နဂါးပြာ အရိုးကြောင့်၊ နန်းတော်များ ရှာဖေွရာတွင်၊ အားသာချက် ရှိလာပြီ ဖြစ်သည်။ များမကြာမီ ယဲ့ဇီလင်၊ မူရွယ်ချင်း၊ ကူရို့ချန်၊ ရီချင်းရွှမ်၊ ကျောက်ယန်နှင့် ကျန်သူ များကို တွေ့ရှိ ခဲ့၏။
လူတိုင်း ဒဏ်ရာ ကင်းနေ သဖြင့်၊ စိတ် သက်သာရာ ရမိသည်။
“ ညီလေး လင်း၊ မင်းကို ကျေးဇူးတင် ပါတယ်။ ”
ဓားဂိုဏ်း၏ တပည့် များကို ရှာဖွေ ရာ၌ အကြိမ်ပေါင်း များစွာ အန္တရာယ် ကျရောက် ခဲ့ရ သည်။ အရေး အကြီး ဆုံးမှာ၊ အချိန်လင့် သွားခြင်း ဖြစ်၏။
“ ကိစ္စမရှိ ပါဘူး ... ၊ ကျွန်တော် တို့က ဓား ဂိုဏ်းရဲ့ တပည့် တွေပဲ ... ၊ ဒါကြောင့် သဘာဝ အတိုင်း အမွေ တွေကို၊ အတူတူ ရှာဖွေ ရမှာ ပေါ့။ ”
လင်းယွန်က ပြုံးကာ ပြန်ပြောသည်။
“ မဟုတ်ဘူး ... ၊ ဒီလို လုပ်လို့ မရဘူး၊ ငါနဲ့ ကြယ်နှစ်ဖော်ပဲ ဒီတာဝန်ကို ယူပေးမယ်၊ မင်းက အမွေတွေကို သိမ်းပိုက်ဖို့ ကြိုးစားပါ။ ”
ရီချင်းရွှမ်က လေးနက်သော အသွင်ဖြင့် ကျန်သူများကို ဆက်ရှာရန် တာဝန်ကို ခွဲဝေယူ လိုက်သည်။
လင်းယွန်နှင့် အတူ သွားခြင်းသည် ကံကောင်း စေမည်ကို လူတိုင်း သိထား သဖြင့် သူ့ ဆုံးဖြတ်ချက် အပေါ်၊ လေးစား လာမိ၏။
“ လင်းယွန် စိတ်မပူနဲ့ ... ၊ ငါတို့ အားလုံး ကံကောင်းမှု ကိုယ်စီ၊ လုံလုံ လောက်လောက် ရ ထား ပြီးပြီ၊ ဒါကြောင့် အသက် ရှင်လျက်၊ ...
... ပြန်သွား နိုင်ဖို့က၊ အရေး အကြီး ဆုံးပဲ၊ ချင်းရွှမ် ... ကောင်းကင်ယံ ဂိုဏ်းကို ရှောင်ကွင်း ပြီး၊ တပည့် တွေရဲ့ လုံခြုံရေး ဦးစား ပေးပါ။ ”
ကူရို့ချန်က လင်းယွန်အား နှစ်သိမ့်ပေးပြီး ရီချင်းရွှမ်ကို သတိပေး လိုက်သည်။
“ နားလည် ပါပြီ၊ အသက်ရှင် ဖို့သာ ပထမပါ။ ”
ရီချင်းရွှမ်တို့ ထွက်ခွာ သွားပြီးနောက်၊ မူရွယ်ချင်းက အန်းလျူယွင်အား သတိ ထားမိ လာသည်။
“ ဂျူနီယာ လင်း သူက ဘယ်သူလဲ။ ”
ထိုမေးခွန်းကြောင့် လူတိုင်း အန်းလျူယွင် အပေါ်၊ စူးစမ်းချင် စိတ်ဖြင့် ကြည့်လာ ကြကုန် ၏။ ဤအမျိုး သမီးကို မသိ သော်မှ၊ ရိုးသားသူ တစ်ဦး ဖြစ်ကြောင်း ခံစား မိသည်။
အထူး သဖြင့် ယဲ့ဇီလင် ဖြစ်သည်။ အန်းလျူယွင် အပေါ်၊ ကောင်း မွန်သော ခံစား ချက်မျိုး မရှိချေ။
နတ်မိစ္ဆာ တံခါး ဟူသည် ရှေးဟောင်း ပျက်သုဉ်း မြေရှိ ဂိုဏ်းများနှင့် မသင့် မြတ်သော သမိုင်း ကြောင်းမျိုး ရှိလေသည်။
ထို့ပြင် ဆုဇီယာ မရှိ ချိန်၌ လင်းယွန် အနား ရောက်လာသည့်၊ ဤအမျိုး သမီးအပေါ်၊ စုံစမ်းရ မည်မှာ၊ သူမ တာဝန် ပေပင်။
“ သူငယ်ချင်း ပါ ... ။ ”
လင်းယွန်က ထိုမျှသာ ပြန်ဖြေသည်။ ယင်းကြောင့် လူတိုင်း ထပ်၍ စူးစမ်းခြင်း မရှိ တော့ချေ။
လင်းယွန်က နဂါးပြာ အရိုး၏ တုန့်ပြန်မှု အကြောင်း ထုတ်ပြောကာ၊ လူတိုင်း၏ အာရုံကို ပြန်ယူ လိုက်သည်။
“ ဒါဆို ... လေ နတ်ဘုရား အမိန့်ကို ရအောင် ရှာ နိုင်ရင် ... ၊ ငါတို့ရဲ့ ရိတ်သိမ်းမှု ကြီးမား မယ်လို့ ဆိုလို တာပေါ့။ ”
“ ဟုတ်တယ် ... သွားကြ ရအောင်။ ”
လင်းယွန်က နဂါးပြာ အရိုးကို အသက် သွင်းလျက် တုန့်ပြန်မှု လမ်းကြောင်း အတိုင်း အာရုံခံကာ၊ ခရီးစဉ် စတင် လိုက်သည်။
ဤနယ်မြေ၌ အန္တရာယ် များချေ၏။ ထောင်ချောက်များ၊ အခင်း အကျင်း များနှင့် ပုံရိပ်ယောင် နယ်မြေများ ရှိသည်။
ပုံရိပ်ယောင် နယ်မြေကို၊ အန်းလျူယွင်မှ ဖြေရှင်းပြီး၊ ကျန်သည့် အခက် အခဲ များအား လင်းယွန်က ကိုင်တွယ် ပေးသည်။
ထို့ကြောင့် ထူးခြားသော တောင်ကုန်း တစ်ခုထံသို့၊ လျင်မြန်စွာ ရောက်ရှိ လာသည်။
“ ဒီ နေရာပဲ ... ။ ”
လင်းယွန်က ရပ်ပြီး၊ ထိုတောင် ကုန်းထံ လှမ်းကြည့်သည်။ တောင်ကုန်း အနှံ့ မရဏ အငေွ့ အသက်များ ဖုံးလွှမ်း နေ၏။
မည့်သည့် နန်းတော်မျှ မရှိချေ။ ဆိတ်သုဉ်း နေသော တောင်ကြီး ဖြစ်သည်။ တောင်ခါးပန်း ၌ မြူများ ပိန်းပိတ်အောင် ရစ်သိုင်း နေ၏။
“ ဒါ ... သူတော်စင် တောင်ပဲ။ ”
ကုန်းစွန်းယန်မှ စိတ်လှုပ်ရှား လာသည်။
“ အိုး ... ကြောက်စရာ ကောင်းလိုက်တဲ့ မရဏ အငွေ့ အသက်ပဲ၊ အလောင်း ကောင် တွေများ ရှိနေ တာလား။ ”
ကျန် လူများ ကလည်း တုန်လှုပ် သွားကြသည်။ ဤတောင်ကုန်းမှ လာသော အငွေ့ အသက် များသည်၊ စိတ်မသက် မသာ ဖြစ်စေ၏။
“ နောက်ဆုတ် ... ။ ”
အန်းလျူယွင်မှ အေးစက်စွာ သတိ ပေးလိုက်သည်။ ထို့စဉ် တောင်ပေါ်မှ မြူခိုးများ ပြိုကျ လာကာ၊ သူတို့ မြင်ကွင်းကို ချက်ချင်း ပိတ်ဆို့ သွား တော့၏။
“ ဒီနေရာက သံသယ ဖြစ်စရာပဲ။ ”
မူရွယ်ချင်းက လေထုကို ရှူရှိုက် နေလျက်မှ ပြောသည်။ ကူရို့ချန်မှ သည်လည်း မျက်မှောင် ကြုတ် မိ၏။ မြူများ အတွင်း မကောင်းသော အငွေ့ အသက်များ ရှိနေသည်။
“ ညီလေး တစ်ခုခု မှားသွား တာလား။ ”
ကူရို့ချန် မေးခွန်းကြောင့် အားလုံးက လင်းယွန်ထံ ပြန်ကြည့်သည်။ မြူခိုးများ အတွင်း ထူးခြားသော အလောင်း ကောင်များ ရှိနေ မည်ကို စိုးရွံ့ လာကြသည်။
“ ကျွန်တော် ကြည့်လိုက် ဦးမယ်။ ”
“ မလုပ်နဲ့ ... ။ ”
လင်းယွန် စကားကြောင့် လူတိုင်းက အော်ဟစ် ဟန့်တား လာကြသည်။ သို့သော် လင်းယွန်မှ မြူခိုး အတွင်း မသွား ခဲ့ဘဲ၊ နေရာ ၌ပင် ထိုင်ချ လိုက် သဖြင့်၊ သူတို့ အထင် မှား သွားကြောင်း သိလိုက်သည်။
“ စိတ်မပူ ပါနဲ့ ... ၊ အထဲကို မဝင် ပါဘူး။ ”
ပြုံးလျက် မျက်ဝန်းများ မှိတ်ကာ၊ ရွှေ လူသားကို ခေါ်ထုတ် မိသည်။ ထိုရွှေ လူသားက ထက်ရှသော အသွင် မျိုးဖြင့်၊ မြူခိုးများ အတွင်း တစ်ချက် ကြည့်ကာ၊ ပျံသန်း သွား တော့၏။
***