← Chapters

ကံကြမ္မာ ... ။

Vol. 117 Ch. 1637

ကံကြမ္မာ ... ။

Vol. 117 Ch. 1637

ထိုရွှေလူသားကို ဓား ရည်ရွယ်ချက်၊ နတ်ရူရ်နှင့် ဖွဲ့စည်း ထားရာ၊ သက်ရှိ လူသား တစ်ယောက် အလား ထင်ရ စေသည်။

လူတိုင်းက လင်းယွန်၏ ဓားဝိညာဉ်ကို ပထမဆုံး အကြိမ် မြင်တွေ့ ဖူးခြင်း ဖြစ်ချေ၏။ ထို့ကြောင့် အံ့သြ ကုန်ကြသည်။

မူရွယ်ချင်းက တန်ခိုး ကြီးသော ဓား ဝိညာဉ်ကို ကြည့်ကာ၊ စိတ်ဝင်စား သွားသည်။ သူ့ တွင်လည်း ဓားဝိညာဉ် ရှိ၏။ ယင်းက ဓား တစ်လက် ဖြစ်ပြီး၊ ၎င်းကို ဓားပင်လယ် အတွင်းမှ ထုတ်ယူ၍ မရချေ။

ဓားဝိညာဉ် ဟူသည်၊ စိတ် ဝိညာဉ် အစိတ် အပိုင်း ဖြစ်သည်။ ၎င်းကို ထုတ်ယူခြင်း ဟူသည်၊ ခန္ဓာ အစိတ် အပိုင်းကို ဖြတ်တောက်ခြင်း ဖြစ် လေသည်။

နာကျင်ရုံ သာမက ထုတ်ယူ ပြီးနောက်၊ ပြန်၍ ပေါင်းစည်းရန် ခက်ပေ၏။ ထို့ကြောင့် ဤမြင်ကွင်းမှာ မယုံနိုင် စရာ ဖြစ်နေသည်။

သို့သော် ဓားနှစ်လက် ဝိညာဉ် ဟူသော ဝေါဟာရကို ရုတ်တရက် တွေးလိုက် မိသည်။ ဘေးကို လှည့်ကြည့် လိုက်ရာ၊ လူတိုင်း သူမ ကဲ့သို့၊ တွေးမိ မိကြောင်း မြင်သာ၏။

တစ်ဖက်တွင် ဓားဝိညာဉ်ကို ကြည့်ပြီး ကူရို့ချန် တစ်ယောက် အတွေး ပွားနေ မိသည်။ ဤအရာသည် အရိယာ ကောင်းကင် ဓား ဝိညာဉ်မျိုး မဟုတ်ချေ။ လုံးဝ ကွဲပြားသော အဆင့်တွင် ရှိသည်။

ရုတ်တရက် လင်းယွန် တစ်ယောက် ချင်းတန်အား မကြောက် ရသည့် အကြောင်း အရင်းကို၊ တွေးမိ လာ၏။

ယင်းက မယုံနိုင် စရာ ကောင်းသော ဖြစ်နိုင်ခြေမျိုး ဖြစ်သောကြောင့်၊ လင်းယွန်ထံ စိတ်လှုပ်ရှားစွာ ပြန်ကြည့် မိသည်။

“ ဝေါ့ ... ။ ”

ထို့စဉ် တောင်ထိပ် ပေါ်မှ၊ နဂါး ဟိန်းသံ တစ်သံကို ခပ်သဲ့သဲ့ ကြားလာ ရပြီး၊ လင်းယွန် တစ်ယောက် သွေး တစ်လုတ် အန်ထွက် လာ၏။

ချက်ချင်း ဓားဝိညာဉ်ကို ပြန်ခေါ်သည်။ မြူအတွင်းမှ ထွက်လာသော ဓား ဝိညာဉ်၌၊ အက်ကြောင်းများ ပြည့်နှက် နေ၏။

ဒဏ်ရာ ရသွား သောကြောင့်၊ လင်းယွန်၏ ဝိညာဉ် သည်လည်း၊ အကျိုး ဆက်အား ခံလိုက် ရခြင်း ဖြစ်လေသည်။

မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ် တို့မှ သွေးများ အဆက် မပြတ် စီးကျကာ မူးဝေလာ တော့၏။

“ သခင်လေး လင်း ... ။ ”

အန်းလျူယွင်က အားလုံးထက် ဦးစွာ လင်းယွန် ကျောပြင်ပေါ် လက်ဖဝါး တင် လိုက် သည်။

ယဲ့ဇီလင်နှင့် မူရွယ်ချင်းမှ စိုးရိမ် စိတ်နှင့် လှမ်းတက်မိ သော်လည်း၊ သူမထက် နောက်ကျ သွားသည်။

“ ခွင့်ပြုပါ ... ၊ ငါ့မှာ နတ်နဂါး ဓားခန္ဓာ ကိုယ်နဲ့ ... ၊ မျှော်လင့်ခြင်း နှင်း သူတော်စင် သွေးသား ရှိတယ်၊ သူတို့က စိတ် ဝိညာဉ် အတွက်၊ အသုံး ဝင်တယ်။ ”

ယဲ့ဇီလင်က အန်းလျူယွင်အား အတင်း အကြပ် တွန်းဖယ်ကာ၊ လင်းယွန်၏ ဒဏ်ရာ များကို ကုသရန် ပြင်သည်။

ထိုင်ချလိုက် သည်နှင့် သူမ နောက်၌ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင် ပေါ်လာ၏။ မျက်ဝန်းများ အတွင်း၌ နှင်းပွင့်များ ပွင့်လာပြီး၊ နဂါး မူလ စွမ်းအင် များက၊ လက်ဖဝါးမှ စိမ့်ထွက် သည်။

အန်းလျူယွင်နှင့် ယှဉ်သော် ယဲ့ဇီလင် အပေါ်သာ၊ ဓားဂိုဏ်း၏ တပည့် များက ပို၍ ယုံကြည် ကြ၏။

ရုတ်တရက် တွန်းထုတ် ခံလိုက် ရသဖြင့်၊ အန်းလျူယွင်မှာ ဒေါသ ထွက်လာပြီး၊ လက်သီး ဆုပ်လိုက်သည်။

သို့သော် ယဲ့ဇီလင်သည် ခွန်လွန် ရောက် သည်နှင့်၊ လင်းယွန်၏ ပထမဆုံးသော မိတ်ဆွေ ဖြစ်သည်။

တစ်ဖက်တွင် သူမ ဟူသည် မိစ္ဆာ တစ်ပါး မျှသာ ဖြစ်၏။ ထိုအသိ ဝင်လာ သည်နှင့် အပြုံး တစ်ပွင့် ညစ်ထုတ်ကာ၊ အရာ အားလုံးကို လျစ်လျူရှူ လိုက်ရသည်။

လင်းယွန်သည် မိုးပြာ နဂါး ခန္ဓာနှင့် နဂါးပြာ အရိုးကို ပိုင်ဆိုင်ထား သောကြောင့်၊ ကောင်းမွန် သင့်၏။

အစော ပိုင်း၌ နဂါးပြာ အရိုးကို၊ လှုံ့ဆော်ပေးရန်၊ သူမ၏ နဂါးဖြူ အရိုးအား အသက်သွင်း လိုခဲ့သည်။

“ မိန်းကလေး အန်း၊ မင်း အဆင်ပြေ ရဲ့လား ... ။ ”

လင်းယွန်နှင့် ယဲ့ဇီလင်ထံ လူတိုင်း အာရုံ စိုက်နေ ချိန်၌၊ ကူရို့ချန်မှ သူမအား သတိ တရ နှစ်သိမ့် ပေး လာသည်။

“ အင်း ... ပြေ ပါတယ်။ ”

လင်းယွန်ကို စိုက်ကြည့် နေဆဲမှ အန်းလျူယွင်က ပြန်ဖြေသည်။ သို့သော် သူမ၏ မျိုးရိုး အမည်ကို ခေါ်လိုက်မှန်း သတိ ဝင်လာ ပြီး၊ ကူရို့ချန်အား ပြန်လှည့် ကြည့်မိ၏။

“ ငါ့ကို သိနေ တာလား ... ။ ”

ကူရို့ချန်မှ ခေါင်းညိတ် ပြသည်။ အန်းလျူယွင် မျက်နှာ ပြောင်းသွား သည်ကို မြင်လိုက် ရချိန်၌၊ ချက်ချင်း ပြုံးပြပြီး။

“ အဆင် ပြေပါတယ် ... ၊ ညီလေး လင်း အပေါ်၊ မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိ ဖူး ဆိုတာ၊ ငါ သိနေတာပဲ။ ”

-ဟု ထပ်ပြော လိုက်၏။

ဤသည်မှာ အမျိုးသမီးများ ကြား၊ ပြဿနာများ ဖြစ်သဖြင့် ရှုပ်ထွေး ချေ၏။ သူ ဖြေရှင်း နိုင်သော အရာ မဟုတ်ချေ။

ထိုအချိန်တွင် လင်းယွန် မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာ သော်လည်း၊ ဓားဝိညာဉ် အတွက် အချိန် အနည်းငယ် လိုအပ် နေသေးသည်။

“ အဆင် ပြေပြီ ... ။ ”

လင်းယွန်က မတ်တပ် ထရပ် လိုက်သည်။

“ စောစောက ဘာဖြစ် သွားတာလဲ၊ ငါတို့ အားလုံး စိတ်ပူ နေတာ။ ”

ယဲ့ဇီလင် မှလည်း ထရပ်ကာ မေးသည်။

“ ဒီတောင်ပေါ်မှာ အလောင်းတွေ ရှိလား။ ”

“ ရတနာ တွေရော တွေ့လား။ ”

ကုန်းစွန်းယန်နှင့် ကျန်သူများက ဝိုင်းမေး လာသည်။

“ ဘာမှ မရှိဘူး ... ၊ တောင်ကို ကာကွယ် နေတဲ့ နဂါး ဝိညာဉ်ကြောင့် ... ဒဏ်ရာ ရခဲ့တာ၊ ဒီတောင်ကြီး ... ။”

လင်းယွန်က ခြေလှမ်း နှစ်လှမ်း လှမ်းတက်ပြီး၊ တောင်ကြီးကို ကြည့်ကာ ပြုံးလိုက် လေသည်။

“ ဘာလဲ ... ဘာဖြစ် လို့လဲ။ ”

မူရွယ်ချင်းမှ မေး၏။ လင်းယွန်က ချက်ချင်း ပြန်မဖြေ သေးဘဲ၊ မြူများကို ဖြတ်ပြီး ကြည့်ရန် နတ်နဂါး မျက်လုံးအား အသက်သွင်း မိသည်။

“ ဒီတောင်က သင်္ချိုင်းပဲ၊ တောင်ပေါ်မှာ နဂါးတံခါး အဖွဲ့ ဝင်တွေ၊ ဒါမှ မဟုတ် နတ်နဂါး တွေကို မြှပ်နှံ ထားတယ်။ ”

“ ဒါ ... သင်္ချိုင်းလား ... ဘယ်လို ပုဂ္ဂိုလ် တွေများ မြှပ်နှံ ထားလဲ။ ”

“ မသိဘူး၊ ဒါ နဂါးပြာ အရိုးနဲ့ ဆက်နွယ် နေတဲ့ သင်္ချိုင်း ဆိုတာက လွဲပြီးပေါ့၊ တစ်ချိန်က ကောင်းကင် လမ်းမှာ၊ မိုးပြာ နဂါး ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို၊ ...

... ဒီလို သင်္ချိုင်း ကနေ ရခဲ့တာ ... ၊ နဂါး အကြွင်း အကျန် ကြယ် နယ်မြေတုန်း ကလည်း၊ အတူတူပဲ၊ သင်္ချိုင်း ကနေပဲ၊ နဂါးပြာ အရိုးကို ရခဲ့တယ်၊ ဒါကြောင့် ဒီတောင် ကြီးက ကျွန်တော့် ကံကြမ္မာ ဖြစ်နိုင်တယ် ... ။ ”

သူ့တွင် အိုင်းရစ် ဓားသူတော်စင်၏ အမွေ၊ ဖြစ်သော နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့်၊ ဆန်းကြယ်သော ဓား တစ်လက် ရရှိ ခဲ့သည် ကိုမူ၊ ထုတ် မပြော တော့ချေ။

***

All Chapters