← Chapters

အန္တရာယ် ... ။

Vol. 117 Ch. 1638

အန္တရာယ် ... ။

Vol. 117 Ch. 1638

လက်ရှိ အချိန် အထိ၊ သူတွေ့ကြုံ ခဲ့ရ သမျှကို၊ ခြုံငုံ သုံးသပ် ရသော်၊ ဤလောက၌ လူဖြစ် လာရသည့် အကြောင်း ရင်းမှာ၊ နဂါး တံခါးနှင့် ဆက်စပ် နေကြောင်း မြင်သာ စေသည်။

အိုင်းရစ်ဓား သူတော်စင် အမွေသည် နဂါး တံခါးနှင့် သူ့အား ချိတ်ဆက် ပေးသော အခြေခံ ပေါင်းကူး ဖြစ်၏။

“ ဒီလိုသာ ဆိုရင်၊ နဂါးပြာ နန်းတော်ရဲ့ လေနတ်ဘုရား အမိန့်က၊ ဒီတောင် ပေါ်မှာ ရှိနိုင် မယ်ပေါ့။ ”

ကုန်းစွန်းယန်က စိတ်လှုပ်ရှားစွာ တောင်ကြီးကို မော့ကြည့်သည်။ အခြား သူများ သည်လည်း ရင်ခုန် လာ၏။

“ ငါတို့ရော ဝင်လို့ ရလား၊ အမွေ မရရင် တောင်မှ ... ၊ သူတော်စင် အရင်း အမြစ်တေွ ရရင် အဆင် ပြေပါတယ်။ ”

ကူရို့ချန်မှ မေးသည်။ ဤတောင် ပေါ်ရှိ၊ သူတော်စင် အသီး အနှံ များမှာ၊ အလွန် ရှားပါး ပြီး၊ တန်ဖိုး ရှိချေ၏။ သစ်သီး တစ်လုံး ရရုံဖြင့်၊ လ အနည်း ငယ်ကြာ သန့်စင်ရန်၊ လုံလောက် ပေမည်။

“ နဂါး ဝိညာဉ်နဲ့ ဆက်သွယ်ပြီး ... ၊ ကျွန်တော် စုံစမ်း ပေးမယ်၊ တောင်ပေါ် တက်ခွင့် ရရင်၊ အကျိုး ရှိမှာ သေချာတယ်။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။ နဂါးပြာ အရိုးသည် ဤနေရာသို့ ခေါ်ဆောင် လာသည့် အတွက်၊ ဆက်သွယ် နိုင်မည်ဟု ယုံကြည်၏။

ထို့ကြောင့် နဂါးပြာ အရိုးအား လှည့်ပတ်ကာ၊ နဂါး အငွေ့ အသက်ကို ထုတ်လွှတ် လိုက်သည်။

မျက်စိ မှိတ်ပြီး တောင်ပေါ် လွှတ် နေစဉ်၊ လူတိုင်းက သူ့ကို စိတ်အား ထက်သန်စွာ စောင့်မျှော် နေကြသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာ၏။ တောင်ကြီးကို ကာကွယ် နေသည့် နဂါး ဝိညာဉ် အား၊ တဖြည်းဖြည်း အာရုံ ခံစားလာ မိသည်။

နှစ်ဦး နှစ်ဖက် ရင်းနှီးသော အငွေ့ အသက် များကို ခံစား မိ၏။ နဂါး ဝိညာဉ်အား တိုက်ရိုက် စကားဆို နိုင်ခြင်း မရှိ သော်လည်း၊ ဖော်ရွေစွာ ကြိုဆို နေကြောင်း၊ ခံစား နိုင်သည်။

“ ကြည့်စမ်း၊ မြူခိုးတွေ တဖြည်းဖြည်း ပျောက်ကွယ် နေပြီ ... ။ ”

ကုန်းစွန်းယန်မှ ရုတ်တရက် ထအော်၏။ မြူခိုးများ ပါးလျလျက်၊ နဂါးကြီး တစ်ကောင် ပေါ်လာသည်။ နဂါးကြီးက တောင်ထိပ် ပေါ်မှ နေ၍၊ လင်းယွန်ထံ ငုံ့ကြည့် နေသည်။

“ အားလုံး တောင်ပေါ် တက်လို့ ရပြီ၊ တောင်ပေါ်မှာ တံခါးတွေ ... ပန်းချီကားတွေ တွေ့အောင် ရှာကြ။ ”

“ သွားရအောင် ... ။ ”

“ လာ ငါတို့ တူတူ သွားမယ်။ ”

လင်းယွန်က မျက်လုံး မဖွင့်ဘဲ ပြောကြား လိုက်သည်။ ထို့ကြောင့် လူတိုင်း တောင်ပေါ် ပြေးတက် သွားကြ၏။

“ အားလုံးပဲ တံခါး တွေကို ... ၊ အရင် ရှာဖို့ သတိ ရပါ။ ”

ကူရို့ချန်မှ လင်းယွန် စကား အတိုင်း၊ အမြန် သတိ ထပ်ပေး သည်။

“ ဟုတ်ကဲ့ ... နားလည် ပါပြီ ... ။ ”

လူတိုင်း စိတ်လှုပ်ရှား စွာဖြင့် ပြန်ဖြေ သွား၏။

“ မသွား ဖူးလား။ ”

မူရွယ်ချင်းက ယဲ့ဇီလင်ကို လှည့်ကြည့်ကာ မေးသည်။

“ ဟင့် အင်း ... ။ ”

ယဲ့ဇီလင်က နဂါးဖြူဓားကို အသင့် အနေ အထားဖြင့် ထုတ်ကိုင်ပြီး၊ ခေါင်းယမ်း ပြသည်။ တစ်ဆက် တည်းမှာပင် သူမက အန်းလျူယွင် ထံ လှည့်ကြည့်၏။

အန်းလျူယွင်မှ တုတ်တုတ်မျှ မလှုပ် သောကြောင့်၊ သူမ ကဲ့သို့ ဆုံးဖြတ် ထားမှန်း နားလည် လိုက်သည်။

ထို့ကြောင့် နှစ်ဦးသား လင်းယွန် နောက်နားတွင် ရပ်လျက်၊ တိတ်ဆိတ်စွာ ကျန်ရစ် ခဲ့တော့သည်။

“ အိုး ... ဂါနိုဒါးမား မှိုပဲ။ ”

( ကြက်သွေးနီ အရောင် အဆင်း ရှိသော မှိုမျိုးစိတ် ဖြစ်ပြီး၊ သမပိုင်း ဒေသ၌ ပေါက်သည်။ လင်ဇီး ဟုလည်း၊ ခေါ်၏။ ကင်ဆာ အတွက် ဆေးဘက် ဝင်သည်။ )

“ တိမ်နဂါး ဆေးဘက်ဝင် အပင်။ ”

အမျိုး မျိုးသော သဘာဝ သူတော်စင် ဆေးဘက်ဝင် အပင် များကို မြင်ပြီးနောက်၊ လူတိုင်း ဝမ်းမြောက် လာ၏။

သက်တမ်း ရင့်သော သူတော်စင် အဆင့် အရင်း အမြစ် များသည်၊ ဗီဇ ဖြစ်တည် လာကာ၊ ခူးရန် ကြိုးစား သူများကို၊ ပြန်၍ တိုက်ခိုက် တော့သည်။

ကူရို့ချန်က သူတော်စင် အရင်း အမြစ်များကို စိတ်မဝင် စားဘဲ၊ တောင်ကြီး အနှံ့ တံခါး ပေါက်အား ရှာဖွေ တော့သည်။

တောင်ခါးပန်း တစ်နေရာ၌ တံတိုင်း တစ်ခုအား တွေ့လိုက် ရ၏။ တံတိုင်းမှာ ပြိုကျ နေပြီး၊ ၎င်းပေါ်၌ သစ်ပင် ပေါင်းပင်များ ပေါက်ရောက် နေသည်။

လက်ဝေှ့ ယမ်းကာ အပင် များကို ဖယ်ရှား ပြီးနောက်၊ ဖုန်မှုန့်များ ပေကျံ နေသော ပန်းချီ ကား များစွာအား မြင်လာ ရသည်။

“ ဒီမှာပဲ ... ။ ”

နံရံ တစ်လျှောက်ရှိ၊ ပန်းချီကား များကို ချက်ချင်း သန့်ရှင်းရေး လုပ်လိုက် တော့သည်။ ပန်းချီကား အားလုံးသည်၊ ဦးတည်ရာ တစ်ရပ် ထံ၊ ညွှန်ပြ နေကြောင်း သတိပြု မိ၏။

ထိုနေရာကို လက်ဖြင့်၊ ပုတ်လိုက်သော အခါတွင်၊ နံရံ တစ်ခုလုံး တုန်ခါ သွားတော့ သည်။

“ ညီလေး လင်း ... ဝင်ပေါက် တွေ့ပြီ။ ”

လင်းယွန်သာ ကြိုတင် မှာကြား ခဲ့ခြင်း မရှိပါက၊ ဤတံခါးကို သူ ရှာတွေ့မည် မဟုတ် ချေ။

တောင်ခြေရင်းတွင် နဂါးဝိညာဉ်နှင့် ဆက်သွယ်နေသော လင်းယွန်မှာ ကူရို့ချန်၏ အသံကြောင့် ဝမ်းသာ သွားသည်။

သို့သော် မျက်လုံး မဖွင့်နိုင် သေးချေ။ တောင်ကို စောင့်ကြပ် နေသော နဂါး ဝိညာဉ် သည်၊ ဉာဏ်ရည် ဉာဏ်သွေး ပါးလျ နေပြီ ဖြစ်သည်။

ထို့ကြောင့် အလိုက်သင့် ခင်မင် ရင်းနှီးမှု ရရှိရန်၊ တဖြည်းဖြည်း ကြိုးစား ဆက်သွယ် နေ ရသည်။

ဆက်သွယ် မှုကို ရပ်လိုက် ပါက၊ တောင်ပေါ်ရှိ လူတိုင်းအား နဂါး ဝိညာဉ်မှ သတ်ပစ် ပေလိမ့်မည်။

“ ဟား ဟား ဟား၊ ဓားဂိုဏ်းက နဂါး ဦးခေါင်း နန်းတော်ကို၊ ဘာကြောင့် မလာ လဲလို့ တွေးနေ မိတာ၊ ဒီမှာ ရှိနေကြ တာကိုး။ ”

ရုတ်တရက် ချင်းတန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ သူ့နောက်၌ များပြား လှသော လူအုပ်ကြီး လိုက်ပါ လာသည်။

“ မကောင်း တော့ဘူး။ ”

ကူရို့ချန်က အခြား သူများကို ခေါ်ကာ၊ တောင်ပေါ်မှ အမြန် ပြန်ပြေး ဆင်းလာ ခဲ့သည်။ လင်းယွန်အား စောင့်ကြပ် နေသော ယဲ့ဇီလင်က နဂါး တစ်ကောင် အလား ကောင်းကင်ပေါ်၊ ပျံတက် သွား၏။

“ ရွှပ် ... ။ ”

ထို့နောက် နဂါးဖြူ ဓားကို ဆွဲလျက်၊ စကား တစ်ခွန်းမျှ မဆိုဘဲ၊ နှင်းနဂါး ဓား(၁၈) ကွက်ကို ထုတ်ကာ၊ ချင်းတန်ထံ ခုတ်ပိုင်း လိုက်သည်။

နှင်းနဂါး များမှာ၊ ဆယ်ပေ အရွယ် ရှိပြီး၊ မျက်ဝန်း များ၌ လျှပ်စီးနှင့် ဓား ရောင်ခြည်များ လင်းလက် နေသည်။

“ ထွက် သွား စမ်း ... ။ ”

ချင်းတန်မှ အော်ဟစ်လျက်၊ ရွှေနဂါး လက်ဖဝါး လှိုင်းများကို ထုတ်လွှတ် လိုက်၏။ ယင်းကြောင့် နှင်းနဂါးများ ချက်ချင်း ကြေမွ ကုန်လေသည်။

“ ဝေါ့ ... ။ ”

ပြီးနောက် လက်ဖဝါး တစ်ချက်ကို ယဲ့ဇီလင်ထံ တွန်းထုတ် လိုက်ရာ လွင့်စဉ် သွား တော့သည်။

“ ဝှစ် ... ။ ”

ထိုအချိန်၌ အန်းလျူယွင်က ချင်းတန် ဆက်လိုက် လာခြင်း မရှိ စေရန်၊ တိုက်ခိုက်မှု များစွာ စေလွှတ်ပြီး၊ ယဲ့ဇီလင်အား အပြေး ဖမ်းယူ လိုက်သည်။

သို့သော် ချင်းတန်မှာ၊ သူမ တို့ကို စိတ် မ၀င်စားချေ။ မျက်စိမှိတ် ထားသည့် လင်းယွန် နှင့်၊ တောင်ပေါ်မှ ပြေးဆင်း လာသော ဓားဂိုဏ်း တပည့် များထံ ကြည့်ကာ၊ အခြေ အနေ အရပ် ရပ်ကို၊ သုံးသပ် နေခဲ့သည်။

“ ဟား ဟား ဟား ... လင်းယွန်၊ ကောင်းကင်ဘုံ ကတောင် ... မင်းကို သေစေချင် နေပုံပဲ။ ”

ထက်မြက်သူ တစ်ဦး ဖြစ်သဖြင့်၊ လင်းယွန်မှာ မလှုပ်ရှား နိုင်သေးကြောင်း၊ ချက်ချင်း နားလည် သွားတော့သည်။

***

All Chapters