← Chapters

ငါ့ ဆရာက ပြိုင်ဘက်ကင်း သူတော်စင် ဘုရင်ပဲ။

Vol. 118 Ch. 1639

ငါ့ ဆရာက ပြိုင်ဘက်ကင်း သူတော်စင် ဘုရင်ပဲ။

Vol. 118 Ch. 1639

တစ်ဖက်လူ မလှုပ်ရှား နိုင်သေးမှန်း သိလိုက်ရ သဖြင့်၊ ချင်းတန် တစ်ယောက် ပျော်ရွှင် သွားသည်။

“ ဝှစ် ... ။ ”

သို့သော် ချက်ချင်း ပြေးတက်ရန် ပြင်စဉ်၊ လူရိပ် တစ်ရိပ် ကောင်းကင်မှ ကျဆင်း လာပြီး သူ့အား တိုက်ခိုက် တော့၏။

“ ဖပ် ... ။ ”

လက်ဝါး နှစ်ဖက်ကို တိုက်မိ သွားသော အခါ၌၊ နဂါး နှစ်ကောင် ပျံထွက် လာလေသည်။ ရွှေ နဂါးမှာ ပို၍ ကြီးစိုး နေ၏။

“ ဘယ်လိုတောင် အနှောက် အယှက် ပေးလိုက်လဲ။ ”

ချင်းတန် တစ်ယောက် ဒေါသ ထွက် လာသည်။ နဂါး မူလကို လက်ဖဝါးထဲ သွန်း လောင်းလျက်၊ အန်းလျူယွင်အား သတ်ရန် ပြင်၏။

“ ခရစ် ... ။ ”

များမကြာမီ အန်းလျူယွင်ကို ကာကွယ် ပေးနေသော နဂါးဖြူ၌ အက်ကွဲ ကြောင်းများ ပေါ်လာ တော့သည်။ နှစ်ဦးကြား ကွာဟချက် သိသာ ချေ၏။

“ ဝှစ် ... ။ ”

အန်းလျူယွင်က ချက်ချင်း နောက် ဆုတ်ကာ၊ သူတော်စင် ယပ်တောင်ကို ထုတ်ယူ ဝေှ့ယမ်း လိုက်သည်။

“ ဖပ် ... ။ ”

“ အင့် ... ။ ”

ဖြစ်စဉ်များ မထွက် ပေါ်မီ၊ ချင်းတန် လက်ဖဝါးက၊ သူမ ယပ်တောင်ကို ရိုက်ချလာ သဖြင့်၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။

သို့သော် အန်းလျူယွင် ခမျာ လှည့်စားမှု နယ်မြေကို ထုတ်ဖော်ရန်၊ အချိန်ရ သွားသည်။

ပြိုင်ဘက် မျက်ဝန်း ထဲ၌ ပန်းများ ပွင့်လာ သည်ကို မြင်သော အခါ၊ ချင်းတန် တစ်ယောက် ဒေါသ ထွက်လာ၏။

သူ့ ပါးပြင်ကို ဒဏ်ရာရ စေသော လှည်းစားမှုမျိုး ထပ်သုံး လာခြင်း ဖြစ်သည်။ ရှက်စိတ်ကြောင့် သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပေါက်ကွဲ လာ၏။

တစ်ကြိမ် ခံစား ခဲ့ရ သည်မို့၊ ဒုတိယအကြိမ် အဖြစ် မခံ နိုင်ချေ။

“ နတ်နဂါး မျက်လုံး ... ။ ”

ဘုန်း ဝိညာဉ် အသက် ဝင်လာ သဖြင့်၊ အန်းလျူယွင် နောက်မှ နဂါးဖြူ လောင်မြိုက် သွားကာ၊ လှည့်စားမှု နယ်မြေအား ဖျက်ဆီး တော့သည်။

ထိုအချိန်တွင် လင်းယွန် မျက်လုံးများ ပွင့်လာပြီး၊

“ နတ်နဂါး မျက်လုံး ... ။ ”

-ဟု အော်ဟစ် လိုက်သည်။

သူ့နဂါး မျက်လုံးတွင်၊ တံဆိပ် သုံးခုနှင့် အားဖြည့် ထား သောကြောင့်၊ ချင်းတန်၏ နတ် နဂါး အကြည့်အား၊ ဟန့်တား နိုင်ခဲ့သည်။

“ အ ... ။ ”

ချင်းတန် တစ်ယောက် ညည်းတွားလျက် ခြေလှမ်း ဆယ်လှမ်း၊ ချက်ချင်း ပြန်ဆုတ် သွား လေသည်။

တံဆိပ် များသည် ချင်းတန် မဆိုနှင့်၊ နဂါး မိသားစုမှ အထက် တန်းစား များပင်၊ နားလည် နိုင်သော အရာ မဟုတ်ချေ။

“ နဂါး မျက်ဝန်းလား ... ၊ မဖြစ် နိုင်တာ ... ၊ ဒါက နဂါး မိသားစုရဲ့ ... ၊ လျှို့ဝှက် နည်းစနစ်ပဲ၊ မင်း ဘယ်လိုလုပ် သိနေ ရတာလဲ။ ”

“ မင်း ... သိစရာ မလို ပါဘူး။ ”

လင်းယွန်က အန်းလျူယွင်အား ထွေးပွေ့လျက်၊ ယဲ့ဇီလင် ဘေးသို့ လျင်မြန်စွာ ဆုတ်ခွာ လိုက်သည်။

တောင်ကို စောင့်ကြပ် နေသော နဂါး ဝိညာဉ်ကြီး ပျောက်ကွယ် သွားသဖြင့်၊ တက် ရာတွင် မည်သည့် အန္တရာယ်မှ မရှိ တော့ကြောင်း၊ အဓိပ္ပါယ် ရသည်။

“ ဟမ့် ... ငါမှာ မင်းကို ပြောအောင် လုပ်နိုင်တဲ့၊ နည်းလမ်းတွေ အများကြီး ရှိတယ်။ ”

လနှင့် နေက၊ သူ့နောက်၌ လှည့်ပတ် လာစဉ်၊ လေဟာနယ် အက်ကွဲလာ တော့သည်။ ယင်းက ကောင်းကင် ကျမ်း၏ နေ-လ စက်ဝန်း ဖြစ်သောကြောင့်၊ မဆိုင်း မတွဘဲ၊ ပန်းသင်္ချိုင်း ဓားကို လင်းယွန်မှ ထုတ်ယူ လိုက်ရ၏။

“ ရွှပ် ... ။ ”

သည့်နောက် ဓားကို ခုတ်ပိုင်းချ လိုက်ရာ၊ ရွှေနဂါး လက်သည်း အဖြစ် ထင်ရှား လာသော ချင်းတန်၏ လက်ဖဝါးထံ ပြေးဝင် သွားသည်။

“ ထန် ထန် ... ။ ”

ဓားနှင့် ခြေသည်း တိုက်မိပြီး၊ မီးပွားများ ပွင့်လာကာ၊ စွမ်းအင် လှိုင်းများ ဂယက် ထသွား တော့၏။

ယင်းက ချင်းတန်ကို အံ့အားသင့် စေ ခဲ့သည်။ ဤတိုက်ခိုက်မှုကို နေ-လ စက်ဝန်းဟု ခေါ်ကာ၊ ခြေရာဖျောက် ရွေ့လျား နိုင်သော နည်းစနစ် ဖြစ်သည်။

သတ်ဖြတ် လိုသော ရည်ရွယ်ချက် ကိုပင်၊ ထိုနေ-လ စက်ဝန်း အောက်၌ ဖျောက်ထားနိုင် သဖြင့်၊ သူ့အား မည်သည့် သိုင်းရည်ရွယ်ချက် ကမှ အာရုံ မခံ နိုင်ချေ။

အလစ် အငိုက် ဖမ်း တိုက်ရာ၌ များစွာ အသုံးဝင်သည်။ ပြိုင်ဘက် များမှ၊ သတိ ထားမိ ချိန်တွင်၊ သူ့ တိုက်ခိုက်မှုမှာ ကျရောက်ပြီး ဖြစ် လေသည်။

ထို့ကြောင့် သတ္တမမြောက် သွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များစွာကို ဤနည်းဖြင့် ရိုက်နှက် နိုင် ခဲ့သည်။

“ ဝှစ် ... ။ ”

အတွေးများ ရပ်ကာ ဘယ် လက်ဖြင့် လင်းယွန်၏ လည်ပင်းအား၊ ချက်ချင်း ဆုပ်ကိုင် လိုက်သည်။

“ သတိ ထား ... ။ ”

“ သတိ ထား ... ။ ”

အနီးကပ် တိုက်ပွဲ အတွင်း လျင်မြန်မှုနှင့်၊ မျက်ကွယ် အရပ်ကို ရှာဖွေကာ တိုက်ခိုက် နိုင် ခြင်းသည်၊ ကြောက်စရာ အကောင်းဆုံး ဖြစ်၏။

ထို့ကြောင့် အမျိုးသမီး နှစ်ယောက်က တပြိုက်နက်တည်း အော်ဟစ် သတိပေး မိခြင်း ဖြစ်သည်။

လင်းယွန်မှ ထိုတိုက်ခိုက် မှုကို ခန့်မှန်းထားပြီး ဖြစ်ရာ၊ ခေါင်း အနည်းငယ် စောင်းလျက်၊ ရေှာင် သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ချင်းတန်၏ လက်သည်း ကုပ်ချက်သည်၊ သူ့ဆံပင် အနည်းငယ် ကိုသာ ဖြတ်တောက် နိုင်ခဲ့သည်။

ရှောင်ပြီး သည်နှင့် နောက် တစ်လှမ်း ဆုတ်ကာ၊ ညာလက်ကို ပြင်ယူလျက် လင်းယွန် က ပန်းသင်္ချိုင်း ဓားနှင့် လှမ်းထိုး လိုက်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

နဂါးပြာ အရိုးကို အသက်သွင်း ထား သောကြောင့်၊ ချင်းတန် တစ်ယောက် ထိတ်လန့် သွားကာ၊ ဓားအား ဖမ်းလျက် နောက်ဆုတ် လေသည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်ဆွဲ ယူခြင်း မရှိဘဲ၊ လက်ကို ဖြေလျှော့ပေး လိုက်ရာ၊ ချင်းတန် လက်ထဲ ပါသွားသည်။

ဓားအား လွတ်ပြီးနောက်၊ နေနတ် ဘုရား ဖမ်းဆီးခြင်း ပညာ ရပ်ကို ထုတ်ဖော်ကာ၊ အရပ် ခြောက် မျက်နှာမှ နေ၍၊ ချင်းတန်နောက် ပြေးလိုက် သွားသည်။

ချင်းယန် အမြင်၌ လင်းယွန်သည် ဓား ရောင်ဝါဖြင့်၊ သူ့ကိုယ်သူ ခြောက်ပိုင်း ခွဲထုတ် နေခြင်း ဖြစ်လေသည်။

“ မင်းရဲ့ ဓားမပါဘဲ ငါ့ကို ဘာလုပ် နိုင်မလဲ ကြည့်ရအောင်။ ”

လှောင်ပြောင်ပြီး၊ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို မချိုးအား တော့ဘဲ၊ လွှင့်ပစ် လိုက်သည်။ ထို့နောက် လင်းယွန် ခြောက်ယောက်ထံ မျက်နှာ ချင်းဆိုင် ပျံသန်း သွားမိ၏။

တစ်ဖက် လူ၏ ကျင့်ကြံမှုသည်၊ အဆင့် နှစ်ဆင့် နိမ့်သောကြောင့်၊ ကိုယ်ပွား များဖြင့် သူ့ အပေါ် ဒဏ်ရာ ရအောင်၊ လုပ်နိုင်မည် မဟုတ် ဟု၊ ယုံကြည် လေသည်။

သို့သော် လင်းယွန် ခြောက်ယောက်မှာ ချက်ချင်း ပြန်၍ ပေါင်းစည်း သွား ပြီးနောက်၊

“ လာ ခဲ့ ... ။ ”

-ဟု အော်သံပြု တော့၏။

ပန်းသင်္ချိုင်း ဓားသည် အမြီးကို ခုတ်ထစ်ခံ လိုက် ရသော နဂါး တစ်ကောင် ကဲ့သို့ ချက်ချင်း ထပျံ လာသည်။

ယင်းကြောင့် ချင်းတန် ခမျာ အံ့အားသင့် သွားပြီး၊ လက်ဖဝါး ပြန် ရုတ်လျက်၊ ချက်ချင်း ရှောင်တိမ်း မိသည်။ သို့တိုင် ပါးပြင်၌ ပြတ်ရှ ဒဏ်ရာ တစ်ခု ကျန်ရစ် ခဲ့၏။

“ အစ်ကိုကြီး ... ၊ ငါတို့ မင်းကို ကူညီ မယ်။ ”

အဆုံးတွင် လွီရှနှင့် ကျန်းယွမ် တို့မှာ ရပ်ကြည့် မနေနိုင် တော့ချေ။ တိုက်ပွဲ အတွင်း ပြေးဝင် လာ၏။

“ အိပ်မက် မက် မနေနဲ့ ... ။ ”

အန်းလျူယွင် မျက်နှာ ပြောင်းလဲ သွားပြီး၊ သူတို့ နှစ်ယောက်ကို တားရန် အမြန် ပြေးတက် လာလေသည်။

သို့သော် နှစ်ယောက်၊ တစ်ယောက် ဖြစ်နေ သဖြင့်၊ ဆိုးရွားသော အနေ အထားသို့ ချက်ချင်း ရောက်ရှိ သွား၏။

“ ငါ့ကို ရေှ့ထားပြီး၊ မင်း အာရုံ လွင့်ဝံ့ သလား။ ”

အန်းလျူယွင်ထံ စိုးရိမ်စွာ လှည့်ကြည့် နေသည့် လင်းယွန်ကြောင့် ချင်းတန်က ဒေါသ ထွက်လာပြီး၊ လက်ဝါး နှစ်ချက် ရိုက်ထုတ် လိုက်သည်။

ထိုအချိန်တွင် ဒဏ်ရာများ ကုသရန် ထိုင်နေသည့်၊ ယဲ့ဇီလင်က လက်အား ဝှေ့ယမ်း ကာ၊ နဂါး ဖြူဓားကို ပျံသန်း စေခဲ့သည်။

“ ဘုန်း သူတော်စင် ဓား။ ”

ဓားကို ဖမ်းယူလျက်၊ အန်းလျူယွင်မှ အံ့သြ ဝမ်းမြောက် သွားသည်။ သည့်နောက် ပြန်လှည့် ကြည့်ကာ၊

“ ကျေးဇူး တင်ပါတယ် ... ။ ”

-ဟု ဆိုတော့၏။

နဂါးဖြူ ဓားမှာ သူမ လက်တွင်၊ ယဲ့ဇီလင် ကိုင်စဉ် ကထက်၊ ပို၍ ပေါက်ကွဲ အား ပြင်းထန် နေခဲ့သည်။

“ ညီလေး လင်း ... ၊ ငါတို့ မင်းကို ကူညီမယ်။ ”

“ တိုက် ... ။ ”

ကူရို့ချန်နှင့် ဓားဂိုဏ်း၏ တပည့်များ ရောက်ရှိ လာကာ၊ ကောင်းကင်ယံ ဂိုဏ်းအား တိုက်ခိုက် တော့၏။

အချိန် အနည်းငယ် ကြာပြီးနောက်၊

“ ပြန်ဆုတ် ... ။ ”

လင်းယွန်မှ အော်ဟစ်လျက်၊ ကူရို့ချန် တွေ့ရှိသော ကျောက် တံခါးပေါက်ကြီး ထံသို့၊ ဦးတည် ဆုတ်ခွာ လိုက်သည်။

ကောင်းကင်ယံ ဂိုဏ်း လူ အင်အားသည် ဓားဂိုဏ်းထက် သာလွန်၏။ အန်းလျူယွင်နှင့်၊ နဂါးဖြူ ဓား ကြောင့်သာ မဟုတ်သော်၊ သူတို့ ရှုံးနိမ့် သွားနိုင်သည်။

အထူး သဖြင့် မင် ဘာသာရေး ဂိုဏ်း မှ ဆင်းသက် လာသော ကျန်းယွမ်သည် လွီရှထက် သန်မာ လေသည်။

“ ဟား ဟား ဟား ... ၊ လင်းယွန် မင်း လွတ်နိုင်မယ် ထင်နေလား၊ အခု ... ငါ့ရဲ့ ခွန်အား (၆၀%)ပဲ၊ သုံးရ သေးတယ်၊ မင်းရဲ့ နဂါးပြာ အရိုးက၊ လမ်းပြပေး နိုင်လို့သာ၊ မဟုတ်ရင် မင်း အသက်ကို ငါ ယူပြီးတာ ကြာပြီ။ ”

နေနှင့် လသည် ချင်းတန် နောက်၌၊ ဖြစ်ပေါ်လာ တော့၏။ ကျန်းယွမ်နှင့် လွီရှက၊ နံရံ ပေါ်ရှိ ပန်းချီကား များကို၊ သတိ ထားမိ သွားသည်။

မျက်လုံးများ တောက်ပလျက်၊

“ ချင်းတန်၊ လေနတ်ဘုရား အမိန့်က အထဲမှာ ရှိရမယ်၊ ကြည့်ရတာ ဒီတောင် ကသာ စစ်မှန်တဲ့ အမွေခံ မြေပဲ၊ နဂါး ဦးခေါင်းက ဟန်ပြ သက်သက် ... ။”

“ ဒီတစ်ခေါက် ငါတို့ အရမ်း ကံကောင်းတယ်။ ”

ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ စိတ်လှုပ်ရှား လာကြသည်။ အတိတ် ကာလတွင် မပြည့်စုံသော စာအုပ်များ၊ သူတော်စင် လက်ရာ ပစ္စည်းများ၊ ပန်းချီကား များနှင့် လျှို့ဝှက် ရတနာများ ကိုသာ ရရှိ ခဲ့ဖူးသည်။

၎င်းတို့သည် အဖိုးတန် သော်လည်း၊ စစ်မှန်သော အမွေနှင့် ယှဉ်နိုင်စရာ အကြောင်း မရှိချေ။

“ ဟား ဟား ဟား ... ၊ မင်းတို့ အားလုံး သေရ လိမ့်မယ်၊ နေ-လ စက်ဝန်း ... ။ ”

ချင်းတန်၏ နေ-လ စက်ဝန်း ဖိအား အောက်တွင် ဓားဂိုဏ်း တပည့်များ နာကျင်ခြင်း များဖြင့်၊ ပုံပျက် ပန်းပျက် ဖြစ်လာကာ၊ ဒူး တစ်ဖက် ထောက်ကျ သွားသည်။

“ သွား ... ။ ”

ထိုအချိန်တွင် နေနှင့် လမှာ သူတို့ထံ ပျံသန်း လာတော့သည်။

“ တော်ဝင် ဓား ... ။ ”

လင်းယွန်က ဓားကိုးချက်အား ချက်ချင်း ထုတ်ဖော် လိုက်သည်။ ဓားရောင်ခြည် ကိုးစင်း ရောယှက်ပြီး၊ တော်ဝင် ဟူသော စကားလုံး အဖြစ်၊ ထွက်ပေါ် လာ၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှုကြောင့် ပါးစပ်မှ သွေးများ စီးကျကာ၊ လင်းယွန် တစ်ယောက် နံရံပေါ် လွင့်စင် သွားသည်။

သို့သော် တစ်ဖက် လူ၏ နေ-လ စက်ဝန်းကြီးကို ပြန်လည် တွန်းထုတ် နိုင်လိုက် လေသည်။

“ ဘာလဲ ဟ ... ။ ”

ဤမြင်ကွင်းကို ကြည့်ပြီး မျက်လုံးပြူး သွားသည်။ ချင်းကန် နောက်ရှိ ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ မှာ၊ ထိတ်လန့် စွာဖြင့် လှည့်ပြေး ကြတော့သည်။

“ ဝှစ် ... ။ ”

ချင်းတန် အတွက်မူ အချိန် မရှိ သဖြင့်၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ နေ-လ စက်ဝန်း ကို ခွဲထုတ်ရန် တံဆိပ် တစ်ခုအား အမြန် ထုတ်ဖော် လိုက်ရသည်။

“ ဝှစ် ... ။ ”

ရွှေနဂါးအား သူ့ခန္ဓာ အပေါ် ရစ်သိုင်း ကာကွယ် ပေးစေပြီး၊ နေ-လ စက်ဝန်းကို ဖမ်းယူ လိုက် လေသည်။

ထိုအချိန်တွင် လင်းယွန်က နဂါးပြာ အရိုးအား အသက် သွင်းကာ၊ နံရံရှိ ပန်းချီကား များကို ပုတ် လိုက်သည်။

ရူရ်များ အသက် ဝင်လာပြီး၊ အိုဟောင်း နေသော ကျောက်တံခါးကြီး တစ်ချပ် ပေါ်လာ လေသည်။

“ မြန်မြန် ဝင်ကြ ... ။ ”

တံခါးအား တွန်းဖွင့်ကာ၊ အော်ဟစ် လိုက်၏။

“ မင်း ... ။ ”

ချင်းကန်က နေ-လ စက်ဝန်းကို လက် နှစ်ဖက်ဖြင့် ထိန်းလျက်မှ၊ လင်းယွန်ထံ ပြန်ပစ် ထုတ်ပြီး၊ ကောင်းကင်ပေါ် မြင့်မြင့် ပျံတက် လိုက်သည်။

“ ဝုန်း ... ။ ”

သို့သော် နေ-လ စက်ဝန်း ကြီးမှာ ကျောက်တံခါး ဖြင့်သာ ကျေနပ် လိုက်ရ၏။ ပေါက်ကွဲမှု လှိုင်းများ ချက်ချင်း ပျံ့ကား လာတော့သည်။

“ ဝေါ့ ... ။ ”

ထိုလှိုင်းက အားနည်းသော တပည့် အချို့အား၊ ချက်ချင်း သတ်ပစ် ခဲ့သည်။ အသက် သာဆုံး တပည့်များ သည်ပင်၊ သွေးအန် ကုန်၏။

“ ဝှစ် ... ။ ”

လှိုင်းနှင့် ဖုန်မှုန့်များ ငြိမ်သက် သွားသော အခါ၊ ချင်းတန်က နံရံဆီသို့ ချက်ချင်း ခုန်ဆင်း လိုက်သည်။ သို့သော် ပန်းချီကား များနှင့် တံခါးအား မတေွ့ရ တော့ချေ။

“ တိရစ္ဆာန် မသား။ ”

“ ဘုန်း ... ။ ”

“ ဘုန်း ... ။ ”

ချင်းတန် တစ်ယောက် ဝုန်းဒိုင်းကြဲ မိတော့၏။ မည်မျှ ထိုးကြိတ် ကန်ကျောက် စေ ကာမူ၊ နံရံမှာ ထူးခြားခြင်း မရှိဘဲ၊ သူ့အား ပြန်၍ တွန်းထုတ် လေသည်။

“ အခု ... ငါတို့ ဘာလုပ် သင့်လဲ၊ နဂါးပြာ အရိုး မရှိရင် ... ၊ ဝင်နိုင်မှာ မဟုတ်ဘူး။ ”

ကျန်းယွမ်မှာ တည်ငြိမ် နေဆဲ ဖြစ်သည်။ လင်းယွန်အား နောက်ယောင်ခံ လိုက်ရန် သူ အကြံ ပေးခဲ့ခြင်း ဖြစ်၏။

လေ နတ်ဘုရား အမိန့် အကြောင်း၊ မဟာ အကြီး အကဲ ထံမှ ကြား ပြီးနောက်၊ လက်လွတ် မခံချင် သည်မှာ သဘာဝ ပေပင်။

“ ဝင် မရလဲ ... ဘာ အရေးလဲ၊ သူတို့ တစ်သက်လုံး အထဲမှာ နေလို့ မရ ပါဘူး၊ အပြင် ထွက်ချင်ရင်၊ ယဇ်ပလ္လင် ဆီကို ပြန်လာ ရ လိမ့်မယ်၊ နဂါးခေါင်း နန်းတော် ကနေ စောင့်ရအောင်။ ”

ချင်းတန်မှ ချက်ချင်း ပြန်ဖြေသည်။ အမွေရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ၊ နဂါး ခေါင်း နန်းတော်ရှိ၊ ယဇ်ပလ္လင်ထံ ဖြတ်ကာ၊ ပြင်ပသို့ ထွက်ရ ပေမည်။

“ ဒါပေမယ့် ... သူရဲ့ အစွမ်း အစ အရ၊ အမွေရလာ ပြီးရင် ... ၊ မလွယ်တော့ မှာကို ငါ ကြောက်မိတယ်။ ”

ကျန်းယွန်မှ တစ်ကိုယ်တည်း ညည်းတွား သလိုဖြင့်၊ ပြောကြား လိုက်သည်။ ယင်းကြောင့် ချင်းတန်က အေးစက်စွာ ကြည့် လာ၏။

“ သူက ဘယ်သူ မို့လဲ ... ၊ နေနဲ့ လကို နောက်တစ်ဆင့် ပေါင်းစပ် နိုင်ရင် ... ၊ အမွေ ရခဲ့ တောင်၊ ငါ သူ့ကို ဖိနှိပ် နိုင်တယ်၊ ချင်းတန် ဆိုတဲ့ ငါက ...

... ဒီရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ပြိုင်ဘက်ကင်းပဲ၊ ငါ့ ဆရာက ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ဆိုတာ ... ၊ မင်း မမေ့နဲ့၊ သက်တံဓား သူတော်စင်ရဲ့ ခေတ် မရှိ တော့ဘူး။ ”

***

All Chapters