ပန်းသင်္ချိုင်းက သဘော မတူဘူး။
Vol. 118 Ch. 1640
တံခါး အတွင်း ဝင်လိုက် သည်နှင့် ကမ္ဘာ တစ်ခုလုံး ချာချာ လည်သွားကာ၊ ကြမ်းပြင်ပေါ် ပြုတ်ကျ ကုန်တော့သည်။
အသက် ပြင်းပြင်း ရှူလျက်၊ ထိုင်ရာမှ မထဘဲ၊ လ်ငးယွန်က သူတော်စင် ဆေးလုံးကို မျိုချ လိုက်၏။
နဂါးပြာ အရိုးနှင့် နဂါး-ဖီးနစ် ဓားသုတ္တန်ကို အသက် သွင်းကာ၊ စွမ်းအင် စက်ဝန်းအား စတင် ပစ်၏။
အချိန် အတော် ကြာ ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ပြီး၊
“ အဲဒီ ကောင်က တကယ် ကြောက်စရာ ကောင်းတယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် နဲ့၊ နေ-လ တံဆိပ်ကို ဘယ်လိုများ ဖန်တီး နိုင်ခဲ့လည်း မသိဘူး။ ”
-ဟု ညည်းတွား လိုက်၏။
“ ကောင်းကင် ကျမ်းကို မြင့်မြင့် မားမား နားလည် လာရင်၊ အဆင့်နိမ့် နဂါးဝိညာဉ် ပညာ ရပ်နဲ့၊ ယှဉ်လာ နိုင်တယ်။ ”
ကူရို့ချန်မှ ရှင်းပြသည်။ နဂါး ဝိညာဉ် ပညာရပ် များသည် သူတို့ လက်လှမ်း မီသော အရာများ မဟုတ် သဖြင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွား၏။
အချို့သော လူများ သည်သာ၊ ကောင်းကင်ကို အံတု နိုင်သော အရည် အချင်း ကြောင့်၊ အဆင့်နိမ့် နဂါး ဝိညာဉ် ပညာရပ် များကို၊ လေ့ကျင့်နိုင် ကြသည်။
“ ဒါက မဖြစ် နိုင်တာ ... ၊ နဂါး သွေး လွှတ်ကြော နယ်ပယ်နဲ့ ... ၊ နဂါး ဝိညာဉ် အဆင့် ပညာ ရပ်ကို၊ ဘယ်သူက ကျင့်ကြံ နိုင်မှာလဲ၊ အဆင့်နိမ့် နဂါး ဝိညာဉ် ပညာရပ် ဖြစ်ရင် တောင်မှ၊ သေနိုင် တယ်လေ။ ”
ကုန်းစွန်းယန်မှ မယုံကြည် နိုင်စွာဖြင့်၊ ငြင်းဆန် လေသည်။ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူ များသာ၊ ထိုအဆင့် ပညာရပ်ကို၊ ကျင့်ကြံ နိုင်ကြောင်း၊ သူ သိထား၏။
မဟုတ်သော် ဂိုဏ်းတိုင်းမှ ၎င်းတို့၏ တပည့်များကို၊ ကျင့်ကြံခွင့် ပေးပေ လိမ့်မည်။ နဂါး ဝိညာဉ် ပညာရပ် များသည် ရှားပါးလှ သော်လည်း၊ ဂိုဏ်းကြီး များ၌ မရှိဟု မဆို လိုချေ။
“ အစ်ကို ကူ ပြောတာ မှန်တယ်၊ ကောင်းကင် ကျမ်းရဲ့ ... ၊ ဒသမ အဆင့်က အဆင့်နိမ့် နဂါး ဝိညာဉ် ပညာ ရပ်နဲ့၊ ညီမျှ တယ်လို့၊ အစ်ကို မု ပြောဖူးတယ်။ ”
လင်းယွန်က ဝင်ပြောသည်။ ယင်းကို ထျန်ရွှမ်ဇီမှ ဖန်တီး ထားခြင်း ဖြစ်သောကြောင့်၊ သက်ပြင်း ချလိုက် မိ၏။ ချင်းတန်နှင့် တိုက် ခြင်းသည်၊ ထျန်ရွှမ်ဇီအား တိုက်နေ သကဲ့သို့၊ ဖိအားများ ခံစား ရစေသည်။
“ စိတ် မပျက် ပါနဲ့ ... ၊ ဓား ဝိညာဉ် ဒဏ်ရာရထား တာတောင် ... ၊ မင်းက သူ့ကို ဟန့်တား နိုင်ခဲ့တယ်၊ ဓားဝိညာဉ် ပြန်ကောင်း လာတဲ့ အခါ၊ ဘယ်သူ အနိုင် ရမယ် ဆိုတာ မသေချာ တော့ ပါဘူး။ ”
ကုန်းစွန်းယန်မှ ပြုံးကာ အားပေး စကား ဆို၏။
“ အဲဒီလို မဟုတ်ဘူး၊ ချင်းတန်က သူ့ ခွန်အားကို ထိန်ချန် ထားတယ်၊ သူသာ ခွန်အား အပြည့် အဝ သုံးခဲ့ရင်၊ တော်ဝင် ဓားပုံစံကို ငါ ထုတ်ချိန် ရလိုက်မှာ မဟုတ်ဘူး။ ”
လင်းယွန်မှ ပြုံးကာ ခေါင်းခါ လိုက်၏။ သူသည် မောက်မာခြင်း မရှိချေ။ စောစောက တိုက်ပွဲတွင် ကံကောင်းမှန်း နားလည်၏။
ဆက်၍ တိုက်ပွဲဝင် ရမည် ဆိုပါက၊ ဝှက်ဖဲများ အားလုံး ထုတ်ဖော် ပြီးသော်၊ အနိုင် ရရန် မသေချာ သေးချေ။
“ လင်းယွန် ... ဒီမှာ စောစောက၊ ငါ ခူးလာခဲ့တဲ့ သူတော်စင် မြက်ပင်ပဲ၊ မင်း ဒဏ်ရာ တွေ အတွက် သုံးလိုက် ... ။ ”
ကုန်းစွန်းယန်က သူတော်စင် မြက်ပင် တစ်ပင်အား ထုတ်ပေး လိုက်၏။ ဤသည်မှာ တိမ်နဂါး မြက်ပင် ဖြစ်သည်။
သလင်းကျောက် ကဲ့သို့ တောက်ပပြီး အရွက်ပေါ်၌ အနှစ် တစ်ထောင် နှင်းဦးရည် ပါရှိ ချေ၏။
“ ဒီလောက် ဖြုန်းတီးဖို့ မလို ပါဘူး၊ နှင်းဦးရည် အနည်းငယ် လောက်နဲ့ ငါ့ဓား ဝိညာဉ်ကို၊ ကုသ နိုင် ပါတယ်။ ”
လင်းယွန်က တိမ်နဂါး မြက်ပင်ကို ယူကာ၊ နှင်းဦးရည် အနည်းငယ်အား ပါးစပ်ထဲ လောင်း ထည့်လျက်၊ ထိုင်ချ လိုက်သည်။
“ ရော့ ပြန်ယူလို့ ရပြီ ... ။ ”
အန်းလျူယွင်မှ နဂါးဖြူ ဓားကို တွန့်ဆုတ် စွာဖြင့် ပြန်ပေး လိုက်လေသည်။ ဤဓားသည် သူမ၏ နဂါးဖြူ အရိုးနှင့် လိုက်ဖက်မှု ရှိ၏။
ထို့ကြောင့် ယဲ့ဇီလင် ထံမှ ဓားကို အမှန်တကယ် ဝယ်ယူ လိုသည်။ သူမ ပိုင်ဆိုင် ထားသော ရတနာ များသည်၊ သူတော်စင် တစ်ပါးထက် မနည်းသဖြင့်၊ ကြိုက်စျေး ပေးနိုင်၏။
“ ရောင်းဖို့ စိတ်ကူး မရှိဘူး။ ”
ယဲ့ဇီလင်က ဓားကို ပြန်ယူကာ ပိတ်ပြော လိုက်သည်။ ယင်းက အန်းလျူယွင်အား အဆင် မပြေ ဖြစ်လာ စေ၏။
“ စောစောက ကူညီပေး ခဲ့လို့ ... ၊ ကျေးဇူး တင်ပါတယ် မိန်းကလေး အန်း ... ။ ”
“ အစ်ကို ကူ ... ၊ ကျေးဇူးတင် စရာ မလို ပါဘူး၊ သခင်လေး လင်းက ငါ့ရဲ့ ကျေးဇူးရှင် ပါ၊ ဒါကြောင့် သူ့ရဲ့ သိုင်းညီ အစ်ကို တွေကို ကူညီ ရမယ် မဟုတ်လား။ ”
အန်းလျူယွင် ပြံးလျက် ပြန်ပြောသည်။ ထိုစကား များကြောင့် ဓားဂိုဏ်း၏ တပည့်များ ထံမှ၊ ကောင်းမွန်သော အမြင်ကို ရရှိ လာ၏။
ခဏ အကြာတွင် လင်းယွန် နိုးလာသည်။ ဒဏ်ရာများ လုံးဝ ပြန်ကောင်း လာသဖြင့်၊ ခရီး ဆက်မိ တော့၏။
များမကြာခင် ကောင်းကင်၌ အနက်ရောင် အမိုးခုံး ကြီးအား မြင်လာရသည်။ ယင်းကို မော့ ကြည့် ခြင်းဖြင့်၊ သူတို့ကိုယ် သူတို့ နိမ့်ကျလွန်း သည်ဟု၊ ခံစားမိ စေ၏။
အမိုးခုံး ပေါ်၌ ကြယ်များစွာ လင်းလက် နေသည်။ ၎င်းတို့ကို အာရုံစိုက် ကြည့် မိသော် ဘုန်း ဝိညာဉ်များ ဖြစ်ကြောင်း ပြောနိုင်၏။
“ နေဦး ... ဒါ နက္ခတ် တစ်လုံး မဟုတ်လား။ ”
ထိုဘုန်း ဝိညာဉ် များမှာ၊ အစီစဉ် တကျ စုဝေးနေ သဖြင့်၊ မူရွယ်ချင်းမှ မျက်မှောင်ကြုတ် လိုက်မိသည်။
“ ဟုတ်တယ် ... ၊ မိုးပြာ နဂါး နက္ခတ်ပဲ။ ”
လင်းယွန်က ကောင်းကင် အမိုးခုံးကို မော့ကြည့်ကာ၊ အံ့အားသင့်စွာ အတည်ပြု လိုက် မိသည်။ ကောင်းကင် လမ်း၌ မိုးပြာ နဂါး အမွေ ရရှိ ခဲ့ဖူး သောကြောင့်၊ ယင်းကို မှတ်မိ၏။
သို့သော် နဂါးပြာ နန်းတော်၌ အဘယ် ကြောင့် ရှိနေ ရသည် ကိုမူ၊ နားမလည် နိုင်ချေ။ ရုတ်တရက် ပတ်ဝန်းကျင် တိတ်ဆိတ် သွား သည်ကို၊ သတိထား မိလိုက်သည်။
ထို့ကြောင့် ပြန် လှည့်ကြည့် မိရာ၊ ကောင်းကင်ကို မော့ကြည့် လျက်ဖြင့်၊ လူတိုင်း အသက်မဲ့ နေသည်အား မြင်လိုက် ရ၏။
“ ဘာဖြစ် တာလဲ ... ဇီလင်၊ လျူယွင် ... ။ ”
အနားရှိ အမျိုးသမီး နှစ်ဦးကို လက်ဖြင့် ထိကြည့်သော အခါ၊ လဲကျ သွားသောကြောင့်၊ အမြန် ဖမ်းကာ၊ ဖေးမ လိုက်ရသည်။
“ စိတ်မပူနဲ့ ... ၊ သူတို့ ဝိညာဉ်ကို မိုးပြာ နဂါး နက္ခတ်က ထုတ်ယူ သွားတာ၊ ပြန်လာ တဲ့ အခါ ကျရင်၊ ကြီးမားတဲ့ အကျိုး ကျေးဇူးတွေ ရလာ လိမ့်မယ်။ ”
ရွှင်မြူး နေသော အသံ တစ်သံ ပဲ့တင် ထပ်လာ၏။
“ ဘယ်သူ လဲ ... ။ ”
လင်းယွန်က သတိ အနေ အထားဖြင့်၊ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့် လိုက်သည်။
“ ငါ့ အသံ ကိုတောင်၊ မမှတ်မိ တော့ဖူးလား။ ”
လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ကောင်းကင် အမိုးခုံးကို ဖြတ်ကာ ဆင်းလာ လေသည်။
“ စီနီယာ ... ၊ ဘယ်လိုလုပ် ... ။ ”
ယင်းမှာ မိုးပြာ နဂါး သခင်၊ ကျန့်လင်း ဖြစ်သဖြင့်၊ လင်းယွန်မှ အံ့ဩသွား လေသည်။ တစ်ချိန်တည်း မှာပင် ပျော်ရွှင်မှု များလည်း၊ ဝင်ရောက် လာ၏။
ကျန့်လင်းသာ လမ်းညွှန်မှု မရှိသော်၊ နဝမမြောက် ကောင်းကင် လမ်း၌ သူ သေဆုံး သွားပြီး၊ ဖြစ်ပေ လိမ့်မည်။
“ စီနီယာ ... ဒါက နဂါးပြာ နန်းတော် မဟုတ်လား၊ ကျွန်တော့် သိုင်း မောင်နှမတွေ ဘာဖြစ် သွားတာလဲ၊ စီနီယာ ကရော အသက်ရှင် နေသေး တာလား။ ”
“ အရင်ဆုံး စိတ်အေးအေး ထား ... မင်း မေးခွန်း တေွက များတော့ ... ဘယ်ကနေ စဖြေ ရမှာလဲ။ ”
ကျန့်လင်း စကားကြောင့် လင်းယွန်က ခေါင်းကုတ်ကာ ပြုံးမိ၏။ ကျန့်လင်းအား ပြန် တွေ့ရ သဖြင့်၊ ခံစားချက်များ ပြည့်လျှံ လာခြင်း ဖြစ်သည်။
၎င်းသည် စီနီယာ တစ်ဦး အဖြစ်သာ မက၊ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကို ကဲ့သို့ ခံစားရ စေ၏။
“ ကောင်းကင် လမ်းမှာ တုန်းက ... ၊ ငါပြောခဲ့ တာကို မင်း မှတ်မိ သေးလား။ ”
“ စီနီယာနဲ့ ... စကားတွေ အများကြီး ပြောခဲ့ပဲ၊ ဘယ် အကြောင်း အရာကို မေးချင် တာလဲ။ ”
ကျန့်လင်းက ပြုံးပြီး ချက်ချင်း မဖြေချေ။ သူ့လက်ကို ဝှေ့ယမ်းလျက်၊ လျှို့ဝှက်ခန်း တစ်ခု အား ဖွင့်လိုက်သည်။
အထဲ၌ ဝိုင် အမျိုးမျိုး ရှိနေ၏။ ၎င်းတို့ အနက် ပုလင်း တစ်လုံး ထုတ်ယူပြီး၊
“ သေချာ စဉ်းစားပါ ... ၊ မမှတ် မိရင် မင်းရဲ့ မေးခွန်း တွေကို၊ ငါ ဖြေမှာ မဟုတ်ဘူး။ ”
“ ဒါ ... ။ ”
ယင်းက လင်းယွန်အား အကြပ်တွေ့ လာစေသည်။ ထိုစဉ်က စကား များစွာ ပြောခဲ့ဖူး သဖြင့်၊ မည်သည့် အရာကို ဆိုလို ချင်မှန်း၊ သူ တကယ် မသိ တော့ချေ။
“ ဟား ဟား ဟား ... ၊ ငါ မင်းကို နောက်နေတာပါ၊ ငါ ထွက်သွား တုန်းက ကံ ပါရင် ... ၊ ပြန်ဆုံ ကြမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ”
“ ဟုတ်ကဲ့ ... ပြောခဲ့ ပါတယ်။ ”
“ မင်း သူငယ်ချင်းတွေ ... အဆင်ပြေ ပါတယ်၊ ငါ မသေ ဖူးလား ဆိုတော့ ... ငါက သေပြီး သွားပြီ။ ”
“ ဟုတ် ကဲ့ ... ။ ”
“ ဒါနဲ့ ... မင်းကို ပေးထားတဲ့၊ မိုးပြာ နဂါး အရိုး ဘယ်မှာလဲ။ ”
ထိုမေးခွန်းကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး၊
“ သူငယ်ချင်း တစ်ယောက်ကို ပေးလိုက်ပါတယ်၊ သူ့ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းဖို့၊ လိုအပ် နေလို့ ပါ။ ”
“ ဟမ့် ... ဒါ စစ်မှန်သော နဂါး အရိုးပဲ၊ မင်းအတွက် ငါ ပေးခဲ့တာ၊ ဒါကို မင်းက စွန့် ပစ်လိုက် တယ်ပေါ့ ... ။ ”
“ တောင်းပန်ပါတယ် စီနီယာ သူ တကယ် လိုအပ် နေလို့ပါ။ ”
“ ခွန်လွန်ဘုံက အနာဂတ်မှာ၊ ကြီးမားတဲ့ ကပ်ဘေးတွေ ရင်ဆိုင် ရမယ်လို့ အဲဒီ တုန်းက ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်းကို ...
... ပေးခဲ့တဲ့ အမွေက ... အဲဒီ ကံကြမ္မာ အတွက် ပေးတာပဲ၊ ဒါပေမယ့် မင်းက ရှောင်လွှဲ ချင်နေ တာကိုး၊ ...
... မင်းပေး ခဲ့တဲ့ လူက၊ ခွန်လွန်ကို ကပ်ဘေးတွေ ဆောင်ယူ လာမဲ့သူ ဆိုရင်၊ ငါ့ရဲ့ မိုးပြာ နဂါး မိသားစုက၊ အပြစ် ပေးခံ ရမှာ၊ ဒါကို မင်း သိလား။ ”
“ စီနီယာ ... သူက အဲဒီလို လူမျိုး မဟုတ် ပါဘူး။ ”
လင်းယွန်က ထိတ်လန့်စွာ အမြန် ရှင်းပြ မိသည်။
“ ငါ ပေးလိုက်လို့ ... ၊ မင်း ပိုင်တယ်များ ထင်နေလား ... ဒါက မိုးပြာ နဂါး ဘုရင်ရဲ့ အရိုး ဖြစ်လို့၊ ဒီကမ္ဘာ ပေါ်မှာ တစ်ခုပဲ ရှိတယ်၊ အချိန် မရွေး ... ဒါကို ငါ ပြန်ယူ နိုင်တယ်။ ”
“ စီနီယာ ... တောင်းပန် ပါတယ်၊ ဒီလို မလုပ်ပါနဲ့၊ သူက ကျွန်တော့် အတွက် ... အရေး ပါတဲ့ လူ တစ်ယောက်ပါ၊ ဒါကြောင့် ...
... ပြန် မယူ ပါနဲ့၊ တာဝန် ကနေလည်း ရှောင်လွှဲဖို့ ... စိတ်ကူး မရှိ ပါဘူး၊ ဒီ အတွက် ကျွန်တော် တာဝန်ယူ ပါ့မယ်။ ”
လင်းယွန်မှ ဒူးထောက်ချ လိုက်၏။
“ မင်း အသက်နဲ့ အစား ပြန်ပေးပါ ... ၊ ငါ့အမွေကို မလိုချင်တဲ့ အတွက် ... ၊ အခုလည်း တခြား လိုချင်တဲ့၊ လူ တေွကို ငါပေးမယ်၊ ...
... မင်းရဲ့ မောင်နှစ်မ တွေက၊ မင်းကို မယှဉ်နိုင် ပေမယ့်၊ အနည်းဆုံး လူ သုံးယောက် ငါ့ အမွေနဲ့ ထိုက်တန်တယ်။ ”
“ ဟုတ်ကဲ့ ကျွန်တော့် အသက်ကို ယူလိုက်ပါ ... ၊ စီနီယာရဲ့ မိုးပြာ နဂါး အရိုး သာ မရှိ ခဲ့ရင်၊ ကျွန်တော် ဆိုတဲ့ လူငယ် လေးက၊ ကောင်းကင် လမ်းမှာ သေသွား ပါပြီ။ ”
လင်းယွန်က တည်ငြိမ် စွာဖြင့် ပြန်ပြော လိုက်သည်။ ယနေ့ လင်းယွန်သည် ကျန့်လင်း ကြောင့် ဖြစ်တည် နေရခြင်း ဖြစ်၏။
၎င်းအမွေသာ မရ ခဲ့သော်၊ ပယင်း ကမ္ဘာမှ လာသော ဓားသမား လူငယ် တစ်ယောက်သည်၊ နဝမမြောက် ကောင်းကင် လမ်းအား၊ အဆုံးထိ သွားနိုင် စရာ အကြောင်း မရှိချေ။ သေသွားပြီး ဖြစ်ချေပြီ။ ယင်းအား ငြင်းစရာ မရှိချေ။
ထို့အပြင် သူ့အစား ယဲ့ဇီလင်နှင့်၊ တစ်ဦး ဦးကိုသာ၊ အမွေ ပေးရန် ရွေးချယ်သော်၊ မည်သူ မဆို ချင်းတန်အား၊ ရင်ဆိုင် နိုင်ပေမည်။
သူ့ အတွက် ဓားဂိုဏ်းနှင့် ပတ်သတ်ပြီး၊ နောက်ဆံ တင်းစရာ မည်သည့် အရာမျှ မရှိ တော့ချေ။
မဟုတ် ပါက ကျန့်လင်းမှ၊ မိုးပြာ နဂါး အရိုးအား ပြန်ခေါ်လို ခဲ့သော်၊ ခရမ်းငယ် ခမျာ သေဆုံး သွားနိုင်သည်။
“ ချွမ် ... ။ ”
ထို့စဉ် ပန်းသင်္ချိုင်း ဓားက ရုတ်တရက် ပျံထွက်ပြီး၊ ဆူညံစွာ တုန်ခါလျက် ကျန့်လင်း၏ နဖူးအား၊ ချိန်ရွယ် တော့သည်။
“ ဝှစ် ... ။ ”
တိုက်ပွဲဝင် ဆန္ဒ များ၊ ဓားဖျား၌ စုစည်း လာကာ၊ ရန်လိုသော အသွင်ဖြင့် ကျန့်လင်းထံ၊ ပျံသန်း သွား၏။
လင်းယွန်၏ အသက်ကို ယူခြင်းအား လင်းယွန်မှ ခွင့်ပြု သော်လည်း၊ သူ ခွင့်ပြုခြင်း မရှိဟု၊ ကျန့်လင်းထံ ပြောနေ သလို ပေပင်။
***