← Chapters

နဂါး တံခါးနှင့် ခွန်လွန် ... ။

Vol. 118 Ch. 1641

နဂါး တံခါးနှင့် ခွန်လွန် ... ။

Vol. 118 Ch. 1641

“ ပြန်လာခဲ့ ... ။ ”

အရှိန် အဟုန်ဖြင့်၊ ပျံသန်း နေသော ပန်းသင်္ချိုင်း ဓားအား လင်းယွန်မှ လှမ်းခေါ် လိုက်၏။

ဓားက တုန်ခါသံ ထုတ်လွှတ်ပြီး၊ နောက်ဆက်တွဲ ပုံရိပ် အချို့ ချန်ရစ်ကာ၊ သူ့ ခေါ်သံကို ငြင်းဆန်လျက်၊ အရှိန်အား ပို၍ မြှင့်တင် လေသည်။

“ ဟား ဟား ဟား ... ။ ”

နဖူးကို ထိုးဖောက် တော့မည့် အချိန်၌၊ ကျန့်လင်းက လက်နှစ် ချောင်းဖြင့် ညှပ်ကာ၊ ဖမ်းယူ လိုက်၏။

“ ကောင်လေး ... ၊ မင်းရဲ့ ဓားကို ဂရုစိုက်ပါ။ ”

ထို့နောက် ဓားအား သူ့ထံ ပစ်ပေး လာသောကြောင့်၊ လင်းယွန်က ဖမ်းယူလျက် ဓားအိမ်ထဲ ထည့်သွင်း မိသည်။

“ ဒီကောင်က ဒေါသ အရမ်း ကြီးတယ်၊ သူ့နာမည် ဘယ်လို ခေါ်လဲ။ ”

“ ပန်း သင်္ချိုင်း ... ။ ”

“ ချွမ် ... ။ ”

ဓားအိမ်ထဲမှ နေ၍ သတ်ဖြတ် လိုသော ဆန္ဒ ဖြင့် တုန်ခါပြ နေ လေရာ၊ လင်းယွန်က မျက်လုံး ပြူး သွားသည်။

“ စိတ်ဝင် စားစရာပဲ။ ”

ကျန့်လင်းက ဝိုင်သောက် လျက်မှ ပြုံးလိုက်သည်။ လင်းယွန် မှာမူ စိတ်မသက် မသာ ဖြစ်လာပြီး၊

“ မင်း ရပ်လိုက်တော့ ... ၊ စီနီယာက နောက်ပြောင် နေတာ ... ၊ တကယ် ငါ့ အသက် ကို မယူ ပါဘူး။ ”

-ဟု ပြောလိုက် မှ သာလျှင်၊ ပန်းသင်္ချိုင်း ဓားက၊ ငြိမ်သက် သွားသည်။

“ မင်း မဆိုးဘူး ... ၊ ငါသာ မင်းကို သတ်ချင်ရင်၊ အခုလို စကား ပြောနေ ဦးမှာ မဟုတ်ဘူး၊ စောစောက... မင်းကို ငါ စမ်းသပ် နေတာ၊ မင်းသာ သေမှာ ကြောက်ခဲ့ရင် ... ၊ အခွင့် အရေး ရှိမှာ မဟုတ်ဘူး။ ”

ခဏမျှ ရပ်နား ပြီးနောက်၊

“ အခုတော့ ရှင်းပါတယ်၊ ငါ လူရွေး မှန်တယ်။ ”

-ဟု ပြုံးလျက် လင်းယွန်ထံ ကြည့်လိုက် လေသည်။

“ ကျေးဇူး တင်ပါတယ် စီနီယာ ... ၊ နဂါး ဘုရင် အရိုးကို၊ တခြား လူဆီ ပေးတာက၊ မဆင် မခြင် ဆိုပေမယ့်၊ အကြောင်း ပြချက်တော့ ရှိ ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ဒါက အပြစ် ပါပဲ။ ”

“ ဒီလိုလည်း မဟုတ်ဘူး ... ၊ သေချာ မှတ်ထား၊ လောကမှာ အမွေတွေ အများကြီး ရှိပေမယ့်၊ လူထက် အရေး ကြီးတာ၊ ဘာမှ မရှိဘူး၊ ...

... အမွေ တွေက ဘယ်လောက်ပဲ၊ တန်ဖိုး ရှိနေ ပါစေ၊ မင်းရဲ့ အပေါင်း အသင်း မိတ်ဆွေ တွေ ကိုသာ၊ အလေး ထားရမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ မိုးပြာ နဂါး ဘုရင် အရိုးက၊ တန်ဖိုး ရှိပေမယ့်၊ အဲဒါက အရာ ဝတ္ထု တစ်ခု မျှသာ ပါပဲ၊ အမွေ အများစုက၊ ငါတို့ကို ... ခွန်အား ဖြစ်စေ တာထက်၊ စိတ်ဓာတ် ...

... ပျက်စီး စေတယ်၊ ဒါကြောင့် ... ငါ ပေးခဲ့တဲ့ အရိုး မရှိလည်း ... ၊ မင်းကို ငါ့ မျိုးရိုး အဖြစ်၊ သတ်မှတ် နိုင်တယ်။ ”

“ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”

“ ငါ့ကို အစ်ကို ကျန့်လို့ ခေါ်နိုင်တယ်။ ”

“ ဟုတ်ကဲ့ အစ်ကို ကျန့် ... ။ ”

ကျန့်လင်းမှာ အတော်ပင် ပွင့်လင်း ချေသည်။ အခြားသော စီနီယာ များကဲ့သို့၊ သူ့ အနား၌ စိမ်းသက်သော လေထု မရှိချေ။

ထို့ကြောင့် စီနီယာ ဆိုသည်ထက်၊ အစ်ကိုကြီး တစ်ယောက် အဖြစ် ခံစားလာရ သည်မှာ၊ အမှန် ပေပင်။

“ ဒါက ပိုကောင်းတယ်၊ လာသောက် ... ။ ”

ကျန့်လင်းက ပြုံးလျက် လက်ကို ဝှေ့ယမ်းကာ၊ ဝိုင်ခန်းကို ပြန်ဖွင့်ပြီး၊ လင်းယွန် အတွက်၊ ဝိုင်ပုလင်း ယူပေး သည်။

“ ဒီဝိုင်ရဲ့ အမည်ကို ... မီးတောက်လ လို့၊ ခေါ်တယ်၊ နဂါး မိသားစု ဝိုင်ပဲ ... ၊ မို မိသားစုက ထောင်စုနှစ် မီးလျှံထက်၊ လုံးဝ မနိမ့် ကျဘူး၊ မြည်း ကြည့် လိုက် ... ။ ”

ထိုင်လျက် နှစ်ယောက်သား ဝိုင်သောက် လိုက်ကြသည်။ လည်ပင်း တစ်လျှောက် မီးလျှံ တစ်စ ထိုးဆင်း သွား သကဲ့သို့၊ တစ်ကိုယ်လုံး ပူလောင်သော ခံစားချက်များ ရလာ၏။

“ အစ်ကိုကြီး ... ၊ ဒါက နဂါးပြာ သူတော်စင် နန်းတော် မဟုတ်လား၊ ဒီမှာ ဘာလာ လုပ်နေ တာလဲ။ ”

“ ဘိုးဘေး နတ်ဘုရား ထွက်သွားတဲ့ အချိန်မှာ၊ နဂါး တံခါး သခင် ရာထူးကို မိုးပြာ နဂါး မိသားစုထံ လွှဲပြောင်း ပေးခဲ့တယ်၊ ...

... ဒါကြောင့် ... မိုးပြာ နဂါး သခင် ဖြစ်လာတဲ့ အချိန်မှာ၊ ငါက နဂါး တံခါး သခင် လည်း ဖြစ်လာ ရတယ်။ ”

ကြားလိုက် ရသော စကားကြောင့် လင်းယွန်မှ မျက်လုံးပြူး သွားသည်။ ယင်းမှာ မယုံနိုင် စရာ ပေပင်။

နဂါး တံခါး ဟူသည် ခွန်လွန်၏ အဓိက မဏ္ဍိုင် ကြီး ဖြစ်၏။ ဧကရာဇ် ကိုးပါး သည်ပင်၊ ၎င်းမှ အမွေ အချို့ ရရှိ ထားသည်။

“ ဘာလို့လဲ ... ၊ အဲဒီ ရာထူးက ငါနဲ့ မလိုက် ဖူးလား။ ”

ကျန့်လင်းက ပြုံးကာ မေးလာသည်။

“ ဟုတ်တယ် ... ၊ လုံးဝ မလိုက်ဘူး။ ”

လင်းယွန်မှ ချက်ချင်း ပြန်ဖြေ မိ၏။။ သို့သော် မိုးပြာ နဂါး သခင် စိတ် မချမ်းသာ မှန်း သိသဖြင့်၊

“ ဘိုးဘေး နတ်ဘုရားက ... ၊ နဂါးပြာ မျိုးရိုးမှ ဆင်းသက် လာတယ်လို့ ကြားဖူးတယ်၊ သူမျိုးဆက် ကသာ၊ နဂါး တံခါး သခင် ဖြစ်လာ ရမှာ မဟုတ်လား။ ”

-ဟု အကြောင်း ပြချက်ကို ပြောမေး မေးလိုက်သည်။

“ ဘိုးဘေး နတ်ဘုရား ရှိရင်တော့ ... သဘာဝ အတိုင်း၊ သူက နဂါး တံခါး ဂိုဏ်းချုပ် ပါပဲ၊ အခုတော့ သူ ထွက်သွား ပြီ၊ ...

... နတ်နဂါး ခြောက်ပါး လုံးက၊ အဆင့် အတန်းခြင်း တူကြ တာမို့၊ နဂါးပြာ မိသားစုရဲ့ စကားကို ... ၊ နား မထောင်လို ကြဘူး၊ သူတို့ အားလုံးက နတ်နဂါး တွေပဲ မဟုတ်လား။ ”

ကျန့်လင်းမှ ရှင်းပြသည်။

“ နဂါး တံခါး ဆိုတာ ... ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုး မင်းနွယ် မဟုတ်ဘူး၊ ဂိုဏ်း တစ်ဂိုဏ်းပဲ၊ ဒါကြောင့် ဂိုဏ်းချုပ် ရာထူးကို မျိုးရိုး ကနေ၊ ဆက်ခံခွင့် မရှိဘူး။ ”

ယင်းက အဓိပ္ပါယ် ရှိချေ၏။

“ ဒါဆို ... ဘာလို့ မိုးပြာ နဂါးကို၊ ရွေးရ တာလဲ၊ သိချင် နေတယ် မဟုတ်လား၊ ပထမ အချက်က ဘိုးဘေး နတ်ဘုရား မသွားခင် ချန်ထား ခဲ့တဲ့၊ အမိန့် တစ်ခု ကြောင့်ပဲ၊ ...

... ဒုတိယ အချက် ကတော့၊ မိုးပြာ နဂါးတွေက နတ်နဂါး မဟုတ် ပေမယ့် လည်း၊ နတ်နဂါးခေတ် မတိုင်ခင် ထဲက၊ သဘာဝ အုပ်စိုးရှင် နက္ခတ် ဖြစ်နေ ခဲ့တယ်၊ ...

... ပြောချင် တာက ... ငါတို့ မိုးပြာ နဂါး ဆိုတာ ... ၊ နတ်နဂါး တွေထက် သမိုင်းကြောင်း ရှည်ကြာ နေလို့ပဲ။ ”

“ ဒါဆို ... ဧကရာဇ် ကိုးပါးက၊ နဂါး တံခါး အမွေကို ရရှိခဲ့တယ် ဆိုတဲ့၊ ကောလ ဟာလတွေ အမှန်လား။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ မေးမိသည်။

“ ဧကရာဇ် ကိုးပါး ... ၊ ဧကရာဇ် ကိုးပါး ဆိုတာ ဘယ်သူ တွေလဲ၊ သူတို့ အကြောင်း ငါ့ကို ပြောပြ ပါဦး။ ”

ကျန့်လင်းမှ ဆို၏။ ထိုမေးခွန်းကြောင့် အံ့ဩစွာဖြင့်၊ ဧကရာဇ် ကိုးပါး အကြောင်းကို၊ လင်းယွန်က ပြန်ပြော ပြ မိသည်။

“ ဒါဆို အမှန် ဖြစ်နိုင်တယ်၊ ကျွမ်းကျင်သူ ကိုးပါး မွေးထုတ်ဖို့ ဆိုတာ ... ၊ ခေတ်တစ် ခေတ် အတွက် ခက်ခဲတယ်၊ ဒါပေမယ့် ... ”

ကျန့်လင်း၏ အကြည့် များက၊ ရွှင်မြူး ရိပ်များ ထင်လာပြီး၊

“ ဧကရီက နတ်နဂါး အင်ပါယာကို တည်ထောင်ခဲ့ တယ်လို့ မင်းပြော ခဲ့တာလား၊ ဒါက စိတ် ဝင်စား စရာပဲ ... ။ ”

“ အစ်ကိုကြီး ... ၊ မင်းက နဂါး တံခါး သခင်ပဲ၊ ဒါကိုတောင် မသိ ဖူးလား။ ”

“ မှန်တယ် ... ၊ ငါက နဂါး တံခါး သခင် ပေမယ့်၊ အုပ်စိုးရှင် အမွေ အနှစ် တွေကို တာဝန် ယူမှာ မဟုတ်ဘူး၊ နဂါး တံခါး ကျရှုံး သွားထဲက၊ မိုးပြာ နဂါး အမွေနဲ့ ထိုက်တန်တဲ့ လူကိုပဲ စောင့်ဆိုင်း နေခဲ့တာ။ ”

“ ဒါဆို ... နဂါး တံခါးရဲ့ အမွေ တွေကို ဘယ်သူက တာဝန်ယူ စောင့်ရှောက် ခဲ့တာလဲ။ ”

“ အိုင်ရစ် ဓားသူတော်စင် ... ။ ”

“ ဘယ်လို ... ။ ”

“ ဟုတ်တယ် သူက ... ၊ ဘိုးဘေး နတ်ဘုရားရဲ့ တပည့်မို့၊ နဂါး တံခါး အမွေကို ပေးပိုင်ခွင့် ရှိတယ်၊ ဒါက ဘိုးဘေး နတ်ဘုရား ကိုယ်တိုင် ပိုင်တဲ့ အမွေပဲ၊ ...

... ဒါကြောင့် မင်းပြောတဲ့ ဧကရာဇ် ကိုးပါး ဆိုတာ သူ့ဆီက ရသွားတာ နေမယ်၊ ဒါပေမယ့် အစစ် အမှန် အမွေတော့ မဟုတ်ဘူး၊ အပိုင်း အစ တွေပါ၊ ...

... စစ်မှန်တဲ့ အမွေက ရှုပ်ထွေးပြီး၊ တာအို ပေါင်း (၃၀၀၀) ပါရှိတယ်၊ မင်းပြောတဲ့ ဧကရာဇ် ကိုးပါးက၊ ဧကရာဇ် တာအို (၇)ပါးနဲ့၊ သိုင်း ရည်ရွယ်ချက် (၉)ပါး၊ ရသွား တာ ... ။ ”

“ နိဗ္ဗာန် တာအို။ ”

တာအိုပေါင်း (၃၀၀၀) ပါဝင်သော အမွေ ဟူသည့် ကျန့်လင်း စကား ကြောင့်၊ လင်းယွန်မှ တာအို အမည် တစ်ခုအား ချက်ချင်း သတိရ သွားသည်။

“ မင်း ကြည့်ရတာ ... ၊ သူနဲ့ ပတ်သက် နေပြီ ထင်တယ်။ ”

ကျန့်လင်းက ပြုံးကာ လင်းယွန် စကားကို ခေါင်းညိတ် အတည်ပြု လိုက်သည်။

“ အစ်ကိုကြီး၊ မင်း သူ့အကြောင်း သိလား။ ”

လင်းယွန် တစ်ယောက် စိတ်လှုပ်ရှားစွာ မေးမိ၏။

“ မင်း ... အိုင်းရစ်ဓား သူတော်စင်ကို မေးနေတာ မဟုတ်လား၊ သူက သူတော်စင် နယ်ပယ်နဲ့ ... နတ်ဘုရား တွေကို၊ ...

... သတ်နိုင် ခဲ့တဲ့ လူပဲ၊ ငါတို့က မျိုးဆက် တစ်ခုတည်း ကမို့၊ သူ့ကို ငါ ကောင်းကောင်း သိ ပါတယ်။ ”

ကျန့်လင်းမှ ပြန်ဖြေသည်။ သို့သော် မျက်ဝန်းများ အတွင်း အလို မကျသော အရိပ် အယောင်များ ရှိနေကြောင်း၊ လင်းယွန်က သတိ ထားမိသည်။

“ အစ်ကိုကြီး ... ကြည့်ရတာ၊ အိုင်းရစ် ဓားသူတော်စင်ကို၊ သဘော မကျဖူး ထင်တယ်။ ”

“ ဟုတ်တယ် ... ငါ သဘော မကျဘူး၊ အဲဒီတုန်းက သူ ပြန်မလာ ခဲ့လို့၊ ငါတို့ စစ်ရှုံးခဲ့ ရတယ်၊ ဒါကြောင့် ကောင်းကင် လမ်းကို၊ ငါ ဖြတ်လိုက် ရတာပဲ။ ”

ကျန့်လင်းက ဝန်ခံ၏။ ကောင်းကင် လမ်းအား ဖြတ်ခဲ့ သူမှာ အစ်ကိုကျန့် ကိုယ်တိုင်၊ ဖြစ်မှန်း သိလိုက် ရသဖြင့်၊ လင်းယွန် တစ်ယောက် အံ့ဩ သွားသည်။

“ ဒါဆို ... အဲဒီ တုန်းက ကျွန်တော်တို့ ရှုံးခဲ့ တာလား။ ”

“ ငါ စောစောက ... နည်းနည်း လွန် သွားတယ်၊ သူ ဆိုတာ ဘိုးဘေး နတ်ဘုရားရဲ့ တိုက်ရိုက် တပည့်ပဲ၊ ...

... ဒါကြောင့် သူ့ကို ငါ အပြစ် တင်ပိုင်ခွင့် မရှိဘူး၊ ဘိုးဘေး နတ်ဘုရား ကလည်း ပြန်လာ မယ် ပြောသွားပြီး မလာ ခဲ့ဘူး၊ ဘယ် သွားလဲ ဆိုတာ၊ အိုင်းရစ်ပဲ သိတယ်။ ”

ရှေးဦးခေတ် တိုက်ပွဲတွင်၊ တစ်စုံ တစ်ယောက်အား၊ သူတို့ စောင့်မျှော် ခဲ့သည်ဟု ခရမ်းငယ်မှ ပြောဖူးသည်။ ယင်းက ဘိုးဘေး နတ်ဘုရား ဖြစ်နိုင် ချေ၏။

“ အစ်ကို ကျန့် ... ၊ နဂါးပြာ ဘိုးဘေး နတ်ဘုရားက ဘယ်လို လူမျိုးလဲ။ ”

“ ဘိုးဘေး နတ်ဘုရား ဆိုတာ ... ငါတို့ ခေတ်ရဲ့ သခင်ပဲ၊ နတ်နဂါး ခေတ်နဲ့၊ နဂါး တံခါး ကို တည်ထောင် ခဲ့တယ်၊ ဒါပေမယ့် သူက ခွန်လွန်ကို အုပ်ချုပ်ဖို့ စိတ်မဝင် စားဘူး၊ ...

... သူနဲ့ ခေတ်ပြိုင်မှာ၊ နောက်ထပ် နတ်ဘုရား တွေလည်း ရှိတယ် ... ၊ ဘိုးဘေး မီး နတ်ဘုရား၊ ဘိုးဘေး ဓား နတ်ဘုရား၊ ဘိုးဘေး ပင်လယ် နတ်ဘုရားနဲ့၊ ဘိုးဘေး ငရဲ ဘုရင်ပဲ၊ အဲဒီ အချိန်က အံ့သြဖွယ် ကောင်းတဲ့ ...

... ကာလ တွေပါ၊ သူတို့ ... အားလုံး ခွန်လွန်ရဲ့ ဘုရင် တွေ ... ၊ ဘိုးဘေး နတ်ဘုရား က၊ သူတို့ အားလုံးကို ဟန့်တား နိုင်ပေမယ့်၊ မလုပ် ခဲ့ဘူး၊ ...

... အထူး သဖြင့် လူတိုင်း၊ အိပ်မက်တွေ နောက်ကို မလိုက်ဘဲ၊ အသက်ရှည် ဖို့သာ အာရုံ စိုက်ခဲ့ ကြတယ်။ ”

“ ဘိုးဘေးက ဘာလို့ ခွန်လွန် ကနေ ထွက်သွား ရတာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ငါ ... မသိဘူး၊ အိုင်းရစ်ပဲ သိလိမ့်မယ်၊ သူကပဲ ဧကရာဇ် ကိုးပါးကို ဖန်တီး ခဲ့တာလေ၊ ကြည့်ရတာ ဘိုးဘေး နတ်ဘုရားက၊ သူ့ကို အရေး ကြီးတဲ့ တာဝန် တစ်ခု ပေးခဲ့တာ ဖြစ်နိုင်တယ်၊ ...

... ဘာပဲ ဖြစ်ဖြစ် ... ၊ အမှောင် ခေတ်ကို လုံးလုံး လျားလျား အဆုံး မသတ်နိုင် သေးပေမဲ့၊ လက်ရှိ အခြေ အနေ ကလည်း၊ မဆိုး ဖူးလို့ ပြောလို့ ရပါတယ်၊ ...

... အဲဒီ တုန်းက ငါတို့ စစ်ရှုံး ခဲ့လို့၊ ကောင်းကင် လမ်းကို ဖြတ်ဖို့က လွဲပြီး၊ တခြား ရွေးချယ်စရာ မရှိ လိုက်ဘူး၊ ဒါပေမယ့် မကြာခင် ဒီကောင်တွေ ထပ်လာလိမ့် ဦးမယ်။ ”

“ ကောင်းကင် လမ်းက ဘယ်ကို ဦးတည် နေတာလဲ။ ”

လင်းယွန်မှ ရုတ်တရက် ဖြတ်မေး၏။ သို့သော် ကျန့်လင်းက မဖြေချေ။

“ ငါ့ အမွေကို ... လက်ခံ စဉ်က၊ မင်း ဘယ်လို တာဝန်မျိုး ယူရမှာ လဲလို့၊ မေးဖူးတယ် မှတ်မိလား။ ”

“ ဟုတ်ကဲ့ ... ၊ ခွန်လွန်ကို ကာကွယ် ရမယ်လို့၊ အစ်ကိုကြီး ပြောခဲ့ ပါတယ်။ ”

“ ဟုတ်တယ် ... ၊ ဒါ့အပြင် ငါ ဖြတ်ခဲ့တဲ့ ကောင်းကင် လမ်း (၉)လမ်း ကိုလည်း တစ်နေ့ ပြန်ချိတ် ပေးရမယ်၊ အဲဒီ ... အချိန် ကျရင် ကောင်းကင် လမ်းက၊ ဘယ်ကို ဦးတည်လဲ၊ မင်းသိပါ လိမ့်မယ်။ ”

လင်းယွန်က ဆက်မေးရန်၊ ပြင်လိုက် သော်လည်း၊ မေးခွန်းအား စဉ်းစား မရချေ။ သူ သည် ကောင်းကင် လမ်းမှ လာသဖြင့်၊ ပြန်၍ ချိတ်ဆက်ရန်၊ မည်မျှ ခက်ခဲ မည်ကို၊ သိ၏။

“ ဖြစ်နိုင်ပါ့ မလား ... ။ ”

“ ဘာလို့ မဖြစ်ရ မှာလဲ ... ၊ ငါ့ လက်နဲ့ ဖြတ်ထားတဲ့ အတွက်၊ ငါ့ မျိုးရိုးက တစ်ယောက် ယောက်က၊ ပြန်ချိတ် ပေးရ မှာပေါ့။ ”

ကျန့်လင်းက ပြုံးကာ ပြော လေသည်။

“ ဒါဆို ... ဘယ်သူ လုပ်ပေး မှာလဲ။ ”

“ မင်း ... လေ၊ ဒီတာဝန် အတွက် မင်းကို ငါစောင့်နေတာ။ ”

ကျန့်လင်းမှ ချက်ချင်း ပြန်ဖြေ လာ၏။ လူများစွာကို စမ်းသပ်ခဲ့ သော်လည်း၊ အကြိုက် မတွေ့ချေ။ ယင်းကြောင့် ယခု အချိန်ထိ သူ့ ဝိညာဉ် ရှိနေ ရခြင်း ဖြစ်သည်။

“ မင်း ... မလုပ်နိုင် ရင်တောင်၊ တစ်စုံ တစ်ယောက် လုပ်လိမ့်မယ်၊ သေချာ တာတော့၊ ငါ့ မျိုးရိုး အမွေကို၊ ဆက်ခံ သူ ဆိုတာပဲ။ ”

“ ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်။ ”

ကျန့်လင်း တစ်ယောက်၊ အဆင် မပြေ ဖြစ်နေမှန်း၊ လင်းယွန် သိ၏။ အပေါင်း အသင်း မိတ်ဆွေများ သေဆုံးသည့် အပြင်၊ ကောင်းကင် လမ်းလည်း၊ ဖြတ်ပစ် ခဲ့ရသည်။

ထို့အတွက် သူ့ကိုယ်သူ အပြစ် ရှိနေ သကဲ့သို့၊ ခံစား လာရာကာ၊ နှစ်ပေါင်း များစွာ အစွဲကပ် နေခဲ့သည်။

“ အပြင်မှာ ရှိတဲ့၊ ကောင်လေးက မင်းကို ဒီအထိ ဖိအား ပေးနိုင်တာ၊ မလွယ် တာတော့ အမှန်ပဲ။ ”

“ ကျွန်တော် ... သူ့ကို မကြောက်ဘူး။ ”

လင်းယွန်မှ ပြန်ပြော၏ ။

“ အဲဒါကို ... ဂရု မစိုက်ဘူး၊ သူ မင်းကို သတ်နေ ရင်တောင်၊ ငါ့ အလုပ် မဟုတ်ဘူး၊ အခု မင်းမှာ ရွေးချယ် စရာ နှစ်ခု ရှိတယ်၊ မိုးပြာ နဂါး အမွေနဲ့၊ နဂါးပြာ အမွေ၊ ဘယ်ဟာ ယူမလဲ။ ”

ကျန့်လင်းက စကား လမ်းကြောင်း ပြောင်းလဲ လိုက်တော့၏။ မျိုးဆက်တူ အတွင်း၊ ဖိနှိမ် ခံရ ပါက၊ ခွန်လွန် အတွက်၊ အသုံး မဝင် သော လူ တစ်ယောက် ဖြစ်ချေပြီ။

***

All Chapters