← Chapters

ကံကောင်းတဲ့ ကောင်လေးပဲ။

Vol. 118 Ch. 1642

ကံကောင်းတဲ့ ကောင်လေးပဲ။

Vol. 118 Ch. 1642

မည်သည့် အရာကို၊ ရွေးချယ်ရ မည်မှန်း၊ မသိ သောကြောင့်၊ ခရမ်းငယ်အား သတိရ လာ မိသည်။

သူမသာ ဆိုက သူ့အတွက်၊ အကောင်းဆုံး အရာကို ရွေးပေး နိုင်၏။ ခဏ အကြာ ငြိမ်သက် ပြီးနောက်၊

“ အစ်ကိုကြီး ... နှစ်ခု စလုံး ရနိုင် မလား။ ”

-ဟု ပြန်မေး မိသည်။

ကျန့်လင်းက ဝိုင် တစ်လုတ်ကို သောက်ကာ ပြုံးလျက်၊

“ မင်းက တကယ် လောဘ ကြီး တာပဲ။ ”

-ဟု ပြောလာ လေ၏။

“ အခု ... ဘယ်ဟာကို ရွေးရ မယ်မှန်း မသိတော့ဘူး၊ မိုးပြာ နဂါး ခန္ဓာကို ပိုင်ဆိုင်ပြီး၊ နဂါး ရူရ် တွေနဲ့၊ မိုးပြာ နဂါးကို ဆင့်ခေါ် နိုင်နေပြီ၊ တစ်ဖက် မှာလည်း၊ ...

... နဂါးပြာ အရိုး ရှိနေတယ်၊ ဒါကြောင့် တစ်ခုကို ရွေးလိုက်ရင်၊ ကျန် တစ်ခုကို ရှုံးသွား သလို ခံစား ရတယ်။ ”

လင်းယွန်မှ ရှက်ပြုံးဖြင့်၊ ရှင်းပြ လိုက်သည်။

“ မိုးပြာ နဂါး နက္ခတ် လိုချင်လား။ ”

“ ဟင့်အင်း ... ကျွန်တော့်မှာ ... ၊ ကောင်းကင် သင်္ချိုင်းလို့ ခေါ်တဲ့ ... ၊ ကိုယ်ပိုင် အုပ်စိုးရှင် အဆင့် ကြယ်စု ရှိတယ်။ ”

လင်းယွန်က ပြန်ဖြေသည်။

“ အုပ်စိုးရှင် ကြယ်စုလား မဖြစ် နိုင်တာ။ ”

ကျန့်လင်းက မယုံချေ။ သို့သော် လင်းယွန်မှ ထပ်မပြော တော့ဘဲ သူ့ နက္ခတ်အား၊ ထုတ်ယူ ပြသည်။ ပန်းချီကား တစ်ချပ်၊ ခန္ဓာ ကိုယ်မှ ပျံထွက် လာ၏။

“ မြွေပျံ လား။ ”

မိုးပြာ နဂါး သခင်က ပြောသည်။ ဤသားရဲသည် အစွမ်းထက် လှ သော်လည်း၊ အုပ်စိုးရှင် အဆင့် မဟုတ်ချေ။

“ အသူရာ နဂါး ။ ”

ထို့စဉ် ဒုတိယ ပန်းချီကား ထွက်လာ၏။

“ ဖီးနစ် ... ။ ”

“ ခွန်ပန် ... ။ ”

“ ချွမ်ချီ ကျား ... ။ ”

ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲကြီး (၅) ကောင်၊ ဆက်တိုက် ထွက် လာသည်။ ၎င်းသည် သူ့ ကန့်သတ်ချက် ဖြစ်သဖြင့်၊ လင်းယွန် နဖူး၌ ချွေးများ ဖုံးလွှမ်း လာတော့၏။

“ ပြန် လာ ... ။ ”

ထို့ကြောင့် ပန်းချီကား အားလုံးကို ပြန်ခေါ် လိုက်ရသည်။

“ ကောင်းကင် သင်္ချိုင်းမှာ ... ၊ စုစုပေါင်း ကိုးချပ် ရှိတယ်၊ ကျွန်တော့်ရဲ့ လက်ရှိ ခွန်အားနဲ့၊ ဒီငါးချပ်ပဲ ခေါ်ယူ နိုင်တယ်။ ”

“ တကယ် မယုံနိုင် စရာ ကောင်းတယ်၊ မင်းမှာ ကိုယ်ပိုင် လမ်းရှိ နေတာပဲ ... ၊ နဂါး ပြာ အမွေကို မလိုတော့ ပါဘူး။ ”

ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ် တစ်လုံး ဖန်တီးနိုင်သူ တစ်ဦးသည်၊ နောင်တော် များ၏ လမ်းစဉ်အား၊ အဘယ့်ကြောင့် လိုက်နေရ မည်နည်း။

“ ဒါဆို ... မိုးပြာ နဂါး အမွေပဲ၊ ယူ လိုက်မယ်။ ”

လင်းယွန်မှ ပြောသည်။

“ ကောင်းပြီ ... ၊ လောလောဆယ် နဂါး ပြာရဲ့ နတ်သွေး တစ်စက်ကို အရင် ပေးမယ်။ ”

ကျန့်လင်း လက်ဖဝါးတွင် ရွှေရောင် သွေးစက် တစ်စက် ပေါ်လာ၏။ တွန်းထုတ် လိုက်သော အခါ၊ သွေးစက်က လင်းယွန် နှလုံးသားထဲ ဝင်ရောက် သွားသည်။

မီးနှင့် မြှိုက်ချ လိုက် သကဲ့သို့၊ သွေးများ ဆူပွက် လာ၏။ ချက်ချင်း အပြာရောင် အလင်း များ၊ သိုင်းခြုံ လာတော့သည်။

“ သွေးကို သန့်စင်ဖို့ ... ၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ် ငါသင် ပေးမယ်။ ”

လင်းယွန်က ခေါင်းညိတ်ပြီး၊ ထိုင်ချ လိုက်သော အခါတွင်၊ သူ့စိတ် ထဲသို့ အချက် အလက်များ စီးဝင် လာသည်။

“ သန့်စင် ဖို့ပဲ အာရုံ စိုက်ပါ ... ၊ နဂါးပြာ သွေးနဲ့၊ မိုးပြာ နဂါး ခန္ဓာကို ပေါင်းစပ်ပေး တာမို့ ၊ မင်းရဲ့ သူတော်စင် ခန္ဓာက ပြောင်းလဲ လာလိမ့်မယ်၊ ...

... အရင်က အားနည်း သေးလို့၊ ငါက ချိတ်ပိတ်ထား ခဲ့တာ၊ ဒီနေ့ အကုန် ဖွင့်ပေး လိုက်မယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

သွေးကို သန့်စင် နေစဉ်၊ ကျန့်လင်းက နဖူးအား ပုတ်ကာ ပညာ ရပ်အား တိုက်ရိုက် သွန်းလောင်း ပေး၏။

ဤအရာသည် လင်းယွန် တသက်တာ အတွက်၊ အကျိုးပြု နိုင်သည့် အမွေ ဖြစ်လေ သည်။

မည်သည့် အမွေထက် မဆို သာလွန်၏။ ဆိုလို သည်မှာ၊ သူတော်စင် တစ်ပါးနှင့် ယှဉ်နိုင် စေသည့်၊ ဉာဏ် အလင်းများ ဖြစ်သည်။

“ တခြား သူတွေ ဆိုရင်၊ နဂါး သွေးနဲ့ သူတော်စင် ခန္ဓာကိုယ်ကို ... ဒီလို နှိုးဆွ ပေးလို့ မရဘူး၊ ... မင်း မှာတော့ နတ်နဂါးနဲ့ ... ၊ နဂါး ခန္ဓာကိုယ် ရှိနေတယ်၊ ...

... ပြီးတော့ ကိုယ်ပိုင် လမ်းစဉ် ရှိနေတဲ့ မင်းအတွက် ဘာ အမွေမှ မရှိဘူး၊ ဒါကြောင့် အလွန် အကျွံ ဘာကိုမှ မလုပ်နဲ့။ ”

ကျန့်လင်း အသံ၌ စိတ် မကောင်းသော အငွေ့ အသက်များ ပါရှိ နေသည်။ လေးနာရီ ကြာ ပြီးနောက် လင်းယွန် မျက်လုံးများ ပွင့် လာ၏။

သူ့ ခန္ဒာ ကိုယ်ရှိ နဂါး ရူရ်များ၌၊ ဝိညာဉ် အငွေ့ အသက်များ ပိုမို အားကောင်း လာသည်။ ရူရ် တစ်လုံး စီတွင် ကြက်သွေးရောင် မျဉ်းများ ပါရှိ နေ၏။

“ ဘယ်လို ခံစား ရလဲ။ ”

“ သိပ်ပြီး မသိ သာဘူး။ ”

ရူရ်များ တိုးလာ သည်မှ တပါး မထူးခြားချေ။

“ မင်း လက်ကို ဖြန့်လိုက်။ ”

ပြောသည့် အတိုင်း၊ လင်းယွန်က လက် ဖြန့်လိုက်သော အခါ၊ ကျန်လင်းမှ သွေးထွက် လာအောင်၊ ပွတ်ဆွဲ လိုက်သည်။

ပွတ်ဆွဲမှု မပြီးခင်၊ လက်ဖဝါး ပေါ်ရှိ ပြတ်ရှ ရာမှာ၊ ပျောက်ကင်း သွားချေ၏။ မယုံ နိုင်စရာ ပေပင်။

“ နဂါးပြာ စွမ်းအင်မှာ၊ အသက်ဓါတ်လို့ ခေါ်တဲ့ သစ်သား ဂုဏ်သတ္တိ ရှိတယ်၊ ဒါလေးက အနည်း အကျဉ်း လောက်ပဲ၊ လက် တစ်ဖက် လုံးတောင်၊ ပြန်ပေါက် လာနိုင်တယ်။ ”

“ ဗျစ် ... ။ ”

“ အား ... ။ ”

စကား ဆုံး သည်နှင့် လင်းယွန် လက်မောင်းအား၊ ရုတ်တရက် ဆွဲဖြုတ် ပစ် လိုက် တော့သည်။

နာကျင် လွန်းသော ဝေဒနာက အသိစိတ် လွတ်သွား စေ၏။ သို့သော် လက်အား ပြန်တပ် လိုက်သော အခါ၊ လုံးဝ ပြန်ဆက် သွားသည်။

အကောင်း ပကတိ အတိုင်း ပေပင်။

“ ဒါ ... ဒါက ... ။ ”

လင်းယွန် တစ်ယောက် တုန်လှုပ် သွားသည်။

“ နဂါးပြာ သွေးက နက်နဲတယ်၊ သိပ်ပြီး အံ့ဩ မနေနဲ့၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့ ဆင်းရဲ ဒုက္ခ တိုင်းက၊ မင်း အတွက် အန္တရာယ် တွေပဲ၊ ...

... မင်း သန်မာ တာနဲ့ အမျှ၊ သေဆုံးဖို့ အခွင့်အရေး ပိုများတယ်၊ အခုတော့ နတ်သွေးရဲ့ ပြန်လည် ရှင်သန် နိုင်စွမ်းနဲ့၊ မင်းရဲ့ အနာဂတ် ဒုက္ခ တွေမှာ၊ ပိုလွယ် လာပြီ။ ”

ထိုစကား များကြောင့် လင်းယွန် တစ်ယောက် ပျော်ရွှင် လာသည်။ ယခင် ဒုက္ခ များ မည်မျှ အန္တရာယ် များကြောင်း၊ သူ သာလျှင် အသိဆုံး ဖြစ်၏။

လုံလောက်သော အခြေခံ အုတ်မြစ်ကို ရရှိထားပြီး ဖြစ်သဖြင့်၊ အလို ရှိသည့် အချိန်၌၊ စတုတ္ထ သွေးလွှတ် ကြောသို့ တက်နိုင်သည့် အနေ အထားတွင်၊ ရှိသည်။

“ မိုးပြာ နဂါး ခန္ဓာကို ... ၊ အသက် သွင်းလိုက်။ ”

ကျန့်လင်း ပြောသည့် အတိုင်း၊ အသက် သွင်းရာ၊ နဂါး ရူရ်များ ထပ်ပေါ် လာပြီးနောက်၊ မိုးကြိုး မုန်တိုင်း များက၊ ခန္ဓာကိုယ် အနှံ့ ဖုံးလွှမ်း လာ တော့သည်။

လက်သီး ဆုပ်လိုက် ချိန်၌၊ ဤလောက ကြီးရှိ၊ မိုးကြိုး မုန်တိုင်း များကို ဆုပ်ကိုင် ထား သကဲ့သို့၊ ခံစား လာရ စေ၏။

“ မိုးကြိုး မုန်တိုင်း ... ။ ”

လက်သီးအား ဖြေလိုက် သည်နှင့်၊ မိုးကြိုး မုန်တိုင်းများ ပျောက်ကွယ် ကုန်သည်။

“ မင်းရဲ့ ... မိုးပြာ နဂါး ခန္ဓာ ကိုယ်က နိုးထလာပြီ၊ နဂါးပြာ ကောင်းကင် ဖျက်ဆီးခြင်း ပညာ ရပ်ကို၊ ကျွမ်းကျင် လာရင်၊ သူတော်စင် နဂါး ခန္ဓာ ကနေ၊ နတ်နဂါး ခန္ဓာ အဖြစ် ပြောင်းလဲ သွားလိမ့်မယ်၊ ...

... လွန်ခဲ့တဲ့ နှစ်တစ်ရာ ကျော် လောက် ကတည်းက၊ လူတော်တော် များများကို ငါ့မှာ ရှိရှိ သမျှ၊ အကုန် နီးပါး ပေးခဲ့တယ်၊ အခုတော့ ဒီနဂါးပြာ သွေး တစ်စက်ပဲ ကျန်တယ်။ ”

ကျန့်လင်းက သက်ပြင်းချ လိုက်သည်။

“ ဒါဆို ... နဂါးပြာနဲ့ မိုးပြာ နဂါးရဲ့ အမွေ တွေကို၊ ကျွန်တော် ရခဲ့ တယ်လို့၊ ယူဆလို့ ရနိုင် ပြီလား။ ”

လင်းယွန်မှ မေးသည်။ ကျန်းလင်းက ခေါင်းညိတ်ပြီး၊ နူးညံ့သော အပြုံးဖြင့်၊

“ မင်းပဲ နှစ်ခု စလုံးကို၊ လိုချင် တယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ နဂါးပြာ ကောင်းကင် ဖျက်ဆီး ခြင်းက ရှုပ်ထွေးတယ်၊ ဒါကို ...

... ကောင်းကောင်း ကြေညပ် လာအောင် လုပ်ပါ၊ ပညာရပ် တစ်ခု လုံးကို၊ ငါ ပို့ပေးခဲ့ ပြီးပြီ၊ အပ်စိုက်မှတ် တွေလည်း၊ ရှင်းပေး ထားတယ်၊ ...

... ဒါနဲ့ မင်းဆီမှာ မိုးပြာ နဂါး မိသားစုရဲ့၊ ရတနာ တစ်ခု ရှိနေ တယ်လို့၊ ငါ ခံစား မိတယ်၊ ပြပါဦး ငါ ... ကြည့်ပါ ရစေ။ ”

လင်းယွန်က ခေါင်းညိတ်ပြီး၊ မိုးပြာ နဂါး နေ-လ ထီးအား ထုတ်ယူ လိုက်၏။ ထိုအဆင့် လက်နက် တစ်ခု ဖြစ်လိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ ကျန့်လင်း ခမျာ မှင်တတ် သွားသည်။

“ ဒါ ... ငါ့ မျိုးရိုးရဲ့ ... အုပ်စိုးရှင် သူတော်စင် လက်ရာပဲ၊ မင်းဘယ်က ရလာ တာလဲ၊ ငါ နေရာ အနှံ့ လိုက်ရှာ ဖူးတယ်၊ မတေွ့ ခဲ့ဘူး။ ”

ထို့နောက် နဂါး အကြွင်း အကျန် ကြယ်နယ်မြေ အကြောင်း၊ လင်းယွန်မှ ပြန်ပြော ပြ လိုက်သည်။

“ ဟား ဟား ဟား ... ဒါက နဂါးဖြူ နန်းတော်မှာ ရောက်နေ တာကိုး၊ ဘာပဲ ဖြစ်ဖြစ် ကံတရားပဲ၊ ဒီထီးမှာ ကန့်သတ်ချက် နှစ်ခုရှိ သေးတယ်၊ မင်း အတွက်၊ ငါ ပြင်ပေးမယ်။ ”

ကျန့်လင်းက မိုးပြာ နဂါး နေ-လ ထီးကို ယူကာ၊ ဝမ်းသာ အားရ စကား ဆိုလိုက် လေ လေသည်။

“ ကံကောင်း လိုက်တဲ့ ကောင်လေးပဲ၊ မိုးပြာ နဂါး နက္ခတ်ကို ခေါ်ဖို့၊ ပင်ပင် ပန်းပန်း လေ့ကျင့် နေစရာ မလို တော့ဘူး၊ အရမ်း လွယ်သွားပြီ။ ”

ကျန့်လင်းက မိုးပြာ နဂါး နေလ ထီးကို တယု တယ ကိုင်ကာ၊ လှည့်ပတ် ကြည့်နေမိ တော့သည်၊

***

All Chapters